Zawgyi
CreditNyein Chan Zu
Unicode
ပိုက်ဆံချေးပြီး ဆုံးမလိုဖြစ်နေလျှင် ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်သောက ရောက်နေလျှင်
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ပိုက်ဆံချေးပြီး ဆုံးမလိုဖြစ်နေလျှင် ၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် စိတ်သောက ရောက်နေလျှင် ၊
ရစရာရှိသူ ငွေချေးထားသည့် ငွေရှင်သည် တနင်္ဂနွေသားသမီး ဖြစ်ပါကေ မွးနေ့ နေ့လည် (၁၂)နာရီ မှ (၁)ခွဲအတွင်း အိမ်ဘုရား၌ ကံကော် ၂ ညွန့် ၊အမွေးတိုင် (၃) တိုင် ဖယောင်းတိုင် (၃) တိုင် လှူ ပါ။
ထိုနောက် လက်ဝါးတွင် ငွေချေးသူ၏အမည်ကိုရေးပါ။ နှမ်းဆီ တစ်စက်လက်ဖဝါးတွင်ပွတ်ပါ။
ငွေ တစ်ထောင်တန် တစ်ရွက် လက်ဝါးထဲထည့်လက်နှစ်ဖက်နှင့်ရိုက်ပြီး“(နေ့သမီး…..မ …….) ငါ့ငွေ ငါ့ထံလာပေးစေ” ပြောရမည် ။
ပြီးလျှင် လက်ဝါးနှစ်ဘက်ကို မီးပူဇော်ထားသည့် ဖယောင်းတိုင်မီးနှင့် နွေးနွေးကင်ပြီးလက်ခုပ် (၆)ချပ်တီး လိုရာဆန္ဒများအသေအချာတောင်းပါ။
ထွန်းထားသည့် အမွေးတိုင်တိုင် ဒုတ်ချောင်းတစ်ချောင်းကို ဘယ်လက်ညိုးနှင့်တိုင်း တစ်ဆစ်ချိုး ဘယ်ဘက်မှကိုင် အကြွေးသွားတောင်းခါနီးတွင် ညာလက်ညိုးနှင့်တိုင်း တစ်ဆစ်ချိုး ညာဘက်မှကိုင်ပြီး သွားတောင်းပါ ။တစ်ပတ်အတွင်း သိသာပါသည်။
တနင်္လာသားသမီး ဖြစ်လျှင်မွေးနေ့ ညနေ (၃)နာရီ မှ (၄)ခွဲ အတွင်း အိမ်ဘုရား၌ ရွက်လှ (၄)ညွန့် လှူရမည် ။
အဂ်ါသားသမီး ဖြစ်လျှင်မွေးနေ့မနက် (၉)နာရီ မှ (၁၀) ခွဲ အတွင်း အိမ်ဘုရား၌ ရွက်လှ (၄)ညွန့် လှူရမည်
ဗုဒ္ဓဟူးသားသမီး ဖြစ်လျှင်မွေးနေ့မနက် (၇)မှ (၉)ခွဲ အတွင်း အိမ်ဘုရား၌ မေမြို့ (၅)ညွန့်လှူရမည်
ကြာသပတေးသားသမီး ဖြစ်လျှင်ေ မွးနေ့ မနက် (၉)နာရီ မှ (၁၀)ခွဲ အတွင်း အိမ်ဘုရား၌ သီဟိုဋ် (၆)ညွန့် လှူရမည်
သောကြာသားသမီး ဖြစ်လျှင်မွေးနေ့နေ့လည် (၁)နာရီ မှ (၃)နာရီခွဲ အတွင်း အိမ်ဘုရား၌ အုန်း(၆)ညွန် လှူရမည်
စနေသားသမီး ဖြစ်လျှင်မွေးနေ့ နေ့လည် (၁)နာရီ ခွဲမှ (၃)နာရီ အတွင်း အိမ်ဘုရား၌ အုန်း (၆)ညွန့် လှူရမည်
တစ်ခါ လှူပြီး သိန်းရာချီပြန်ရချင်လို့တော့ မဖြစ်ပါ မကြာခဏ လှူပေးပါ
CreditNyein Chan Zu