ကပ္ေရာဂါ နဲ႔ ေခြးအူျခင္း နိမိတ္ ယခုတေလာ ညတိုင္းနီးပါး ေခြးေတြ အူေနၾက တဲ့ အေၾကာင္း နိမိတ္ေကာက္အေဟာ

Zawgyi

ကပ္ေရာဂါ နဲ႔ ေခြးအူျခင္း နိမိတ္ ယခုတေလာ ညတိုင္းနီးပါး ေခြးေတြ အူေနၾက တဲ့ အေၾကာင္း နိမိတ္ေကာက္အေဟာ

အ-မဂၤလာမို႔ မေရးခဲ့တာ ပါ။ မိတ္ေဆြ ေလးငါးဦးထံေတာ့ ဖုံးဆက္ ေျပာျဖစ္ခဲ့ပါေသး၏။ ၁၁ ရက္ေန႔ ည ၁ ခြဲ ၂ ေလာက္ ေခြးေတြ ေတာ္ေတာ္အူပါသည္။ လမ္းမႀကီးေပၚေတြကအူတာပါ။

ဒါေပမဲ့ ေခြးအူသံ ရွည္/ၾကာ/စြဲ၍ မအူပါ။ အူတာေတာ့ လမ္းမႀကီးေတြဘက္ကဟုသာ ၾကားမိပါသည္။ ႐ုတ္တရက္အူၿပီး သိပ္မၾကာလိုက္ ရပ္သြားပါသည္။ ဂ႐ုတစိုက္နားေထာင္ၾကည့္ပါသည္။

အသံ…မရွည္ပါ။ မၾကာပါ။ စြဲ၍မအူပါ။ ထို႔ေၾကာင့္ ပဲ့စင္ေႂကြသြားတာေတြ ျဖစ္လာေသာ္လည္း အူသံစြဲရွည္မၾကာ၍ ပဲ့စင္ေႂကြလြင့္ျခင္းတို႔ ဒီထက္သိပ္မမ်ားေလာက္ဟု ဆိုခ်င္ပါသည္။

မွတ္ခ်က္(၁) လမ္းသြယ္ လမ္းၾကားေတြမွာအူပါက ယခုထက္ အစမ်ားစြာဆိုးတတ္ပါသည္။ မွတ္ခ်က္(၂) ေခြးအူျခင္းသည္ ညည့္၏ ပထမယံေက်ာ္ ည၁၀ ေက်ာ္မွ ညည့္၏ဒုတိယယံ ည ၁၂ ေက်ာ္တြင္း သန္းေခါင္ဝန္းက်င္ မ်ား၌အူပါကပို၍က်က္သေရယုတ္၏ဟုအဆိုရွိ၏။

မွတ္ခ်က္(၃) ေခြးတို႔သည္ အရပ္ ၈ မ်က္ႏွာ ဗရမ္းပတာလွည့္အူပါက ပို၍ ပို၍ဆိုးေစဟုအဆိုရွိ၏။ မွတ္ခ်က္(၄) ေခြးတို႔သည္ အရပ္မ်က္ႏွာ တစ္မ်က္ႏွာတည္းသို႔ ဦးတည္အူပါက အဆိုးအညံ့တို႔ မ်ားစြာသက္သာ၏ဟု အဆိုရွိ၏။

ယခုသည္ ညမထြက္ရအမိန႔္ရွိေန၍ ထြက္မၾကည့္လိုက္သျဖင့္ အဘယ္အရပ္မ်က္ႏွာမ်ိဳးသို႔အူေန ၾကသည္ကိုမသိ မျမင္လိုက္ပါ။လြန္ခဲ့ေသာ ၃ လခန႔္က ဘရာဇီးႏိုင္ငံမွာ လမ္းမႀကီးေတြေပၚေခြးအူတာ လူအေယာက္မ်ားစြာက ေလာက္ေလးဂြျဖင့္

ပစ္ၾကတာေတာင္ ေခြးအုပ္စုက အအူမပ်က္ ထူးထူးဆန္းဆန္း အူၾကပါသတဲ့ ေသနတ္မိုးေပၚေထာင္ေဖါက္သည္အထိ သြားေရာက္တားျမစ္ေသာ္လည္း ေသနတ္ေဖါက္ခ်ိန္ စကၠန႔္ပိုင္းမွ်သာ ရပ္သြားၿပီး ဆက္လက္၍ အူေနၾကပါသတဲ့

၅ ရက္အတြင္း ေသာင္းခ်ီေသေၾကပ်က္စီးပါသတဲ့ . . .အခုေတာ့ ရန္ကုန္ၿမိဳ႕တြင္းသို႔ သံဃာေတာ္အရွင္သူျမတ္မ်ားက အစိုးရ၏အစီအစဥ္ျဖင့္ ပရိတ္ေတာ္မ်ား လွည့္လည္႐ြတ္ဖတ္ေနၾကပါသည္။

ေစတနာေမတၱာျဖင့္ Dr.Myint Win(Ph.D)

Unicode

ကပ်ရောဂါ နဲ့ ခွေးအူခြင်း နိမိတ် ယခုတလော ညတိုင်းနီးပါး ခွေးတွေ အူနေကြ တဲ့ အကြောင်း နိမိတ်ကောက်အဟော

အ-မင်္ဂလာမို့ မရေးခဲ့တာ ပါ။ မိတ်ဆွေ လေးငါးဦးထံတော့ ဖုံးဆက် ပြောဖြစ်ခဲ့ပါသေး၏။ ၁၁ ရက်နေ့ ည ၁ ခွဲ ၂ လောက် ခွေးတွေ တော်တော်အူပါသည်။ လမ်းမကြီးပေါ်တွေကအူတာပါ။

ဒါပေမဲ့ ခွေးအူသံ ရှည်/ကြာ/စွဲ၍ မအူပါ။ အူတာတော့ လမ်းမကြီးတွေဘက်ကဟုသာ ကြားမိပါသည်။ ရုတ်တရက်အူပြီး သိပ်မကြာလိုက် ရပ်သွားပါသည်။ ဂရုတစိုက်နားထောင်ကြည့်ပါသည်။

အသံ…မရှည်ပါ။ မကြာပါ။ စွဲ၍မအူပါ။ ထို့ကြောင့် ပဲ့စင်ကြွေသွားတာတွေ ဖြစ်လာသော်လည်း အူသံစွဲရှည်မကြာ၍ ပဲ့စင်ကြွေလွင့်ခြင်းတို့ ဒီထက်သိပ်မများလောက်ဟု ဆိုချင်ပါသည်။

မှတ်ချက်(၁) လမ်းသွယ် လမ်းကြားတွေမှာအူပါက ယခုထက် အစများစွာဆိုးတတ်ပါသည်။ မှတ်ချက်(၂) ခွေးအူခြင်းသည် ညည့်၏ ပထမယံကျော် ည၁၀ ကျော်မှ ညည့်၏ဒုတိယယံ ည ၁၂ ကျော်တွင်း သန်းခေါင်ဝန်းကျင် များ၌အူပါကပို၍ကျက်သရေယုတ်၏ဟုအဆိုရှိ၏။

မှတ်ချက်(၃) ခွေးတို့သည် အရပ် ၈ မျက်နှာ ဗရမ်းပတာလှည့်အူပါက ပို၍ ပို၍ဆိုးစေဟုအဆိုရှိ၏။ မှတ်ချက်(၄) ခွေးတို့သည် အရပ်မျက်နှာ တစ်မျက်နှာတည်းသို့ ဦးတည်အူပါက အဆိုးအညံ့တို့ များစွာသက်သာ၏ဟု အဆိုရှိ၏။

ယခုသည် ညမထွက်ရအမိန့်ရှိနေ၍ ထွက်မကြည့်လိုက်သဖြင့် အဘယ်အရပ်မျက်နှာမျိုးသို့အူနေ ကြသည်ကိုမသိ မမြင်လိုက်ပါ။လွန်ခဲ့သော ၃ လခန့်က ဘရာဇီးနိုင်ငံမှာ လမ်းမကြီးတွေပေါ်ခွေးအူတာ လူအယောက်များစွာက လောက်လေးဂွဖြင့်

ပစ်ကြတာတောင် ခွေးအုပ်စုက အအူမပျက် ထူးထူးဆန်းဆန်း အူကြပါသတဲ့ သေနတ်မိုးပေါ်ထောင်ဖေါက်သည်အထိ သွားရောက်တားမြစ်သော်လည်း သေနတ်ဖေါက်ချိန် စက္ကန့်ပိုင်းမျှသာ ရပ်သွားပြီး ဆက်လက်၍ အူနေကြပါသတဲ့

၅ ရက်အတွင်း သောင်းချီသေကြေပျက်စီးပါသတဲ့ . . .အခုတော့ ရန်ကုန်မြို့တွင်းသို့ သံဃာတော်အရှင်သူမြတ်များက အစိုးရ၏အစီအစဉ်ဖြင့် ပရိတ်တော်များ လှည့်လည်ရွတ်ဖတ်နေကြပါသည်။

စေတနာမေတ္တာဖြင့် Dr.Myint Win(Ph.D)