“သင့္ခႏၶာကိုယ္ေပၚမွာ အညိဳကြက္ အမဲကြက္ေတြေပၚလာရတဲ့ အေၾကာင္းအရင္း

Zawgyi

“သင့္ခႏၶာကိုယ္ေပၚမွာ အညိဳကြက္ အမဲကြက္ေတြေပၚလာရတဲ့ အေၾကာင္းအရင္း(စုန္းစုပ္တာ မဟုတ္ပါ)”

ခႏၶာကိုယ္ေပၚမွာ အညိဳကြက္ အမဲကြက္ေတြေပၚလာရင္ ေတာ္ေတာ္မ်ားမ်ားက စုန္းစုပ္တယ္လို႔ေျပာၾကလို႔ ဒီပိုစ့္ေလးနဲ႔အသိေပးအပ္ပါတယ္ေနာ္…..။

“အေရျပားေပၚမွာ အညိဳအမည္းကြက္ေတြေပၚရတဲ့ အေၾကာင္းအရင္းမ်ား”

တခါတေလ ဘာမွတိုက္မိခိုက္မိတာမရွိဘဲနဲ႔ အေရျပားေပၚမွာ အညိဳအမည္းကြက္ေတြေပၚလာရင္ ဘာေၾကာင့္လဲ၊ ဘယ္လိုေပ်ာက္ေအာင္လုပ္ရမလဲ စဥ္းစားရခက္ေနတာမ်ိဳးျဖစ္ရပါတယ္။

ဒီလို အညိဳကြက္ေတြျဖစ္ရတာ အေၾကာင္းရင္းတခ်ိဳ႕ေၾကာင့္ျဖစ္ႏိုင္ၿပီး သင့္ရဲ႕က်န္းမာေရးအေျခအေနနဲ႔လည္း တိုက္႐ိုက္ပတ္သက္ေနပါတယ္။

ဒီေတာ့ အေရျပားေပၚမွာ အညိဳအမည္းကြက္ေတြေပၚရတဲ့ အေၾကာင္းရင္းနဲ႔ သင့္ရဲ႕က်န္းမာေရးအေျခအေနကိုသိရဖို႔ ဖတ္ၾကည့္လိုက္ပါဦးေနာ္။

(၁) အေလးခ်ိန္မ်ားတဲ့ပစၥည္းေတြမျခင္းေၾကာင့္

တခါတရံ အရမ္းေလးတဲ့ပစၥည္းေတြ မ,လိုက္တဲ့အခါမ်ိဳးမွာ ခႏၶာကိုယ္ထဲက ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြ ျပတ္သြားၿပီး အေရျပားေပၚမွာ အညိဳအမည္းကြက္ေတြျဖစ္လာရျခင္းျဖစ္ပါတယ္။

သင့္ခႏၶာကိုယ္က ခံႏိုင္တာထက္ပိုတဲ့ အလုပ္ေတြလုပ္မိသြားၿပီဆိုတဲ့ အဓိပၸါယ္ျဖစ္တာေၾကာင့္ ေနာက္ဆို ဒီလို ေလးပင္တာေတြမ,တဲ့အခါ ဆင္ျခင္လိုက္ပါ။

(၂) ေဆးတစ္မ်ိဳးမ်ိဳးေသာက္ျခင္းေၾကာင့္

သံဓာတ္အားျဖည့္ေဆး၊ အေရာင္ေလ်ာ့ေဆးနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြေသာက္ထားတာေၾကာင့္လည္း ဒီလို အညိဳကြက္ေတြျဖစ္တတ္ပါတယ္။ သင့္အေနနဲ႔ ေဆးေသာက္ထားတဲ့ေန႔ေတြမွာ အဲ့ဒီလို အညိဳအမည္းကြက္ေတြျဖစ္လာတယ္လို႔

သတိထားမိတယ္ဆိုရင္ေတာ့ ခႏၶာကိုယ္အတြင္းပိုင္းေသြးေၾကာေတြမွာ ေသြးယိုစီးမႈေတြျဖစ္ေနႏိုင္တာေၾကာင့္ ဆရာ၀န္နဲ႔ေသခ်ာျပသၿပီး စစ္ေဆးသင့္ပါတယ္။

(၃) ေသြးေရာဂါတစ္ခုခုေၾကာင့္

အေရျပားေပၚက အညိဳအမည္းကြက္ေတြဟာ ေသြးေရာဂါတစ္ခုခုေၾကာင့္ျဖစ္တယ္ဆိုရင္ အဲ့ဒီအညိဳအမည္းကြက္ေတြေပၚလာတဲ့အခ်ိန္မွာ ေျခေထာက္ေရာင္ရမ္းနာက်င္တာ၊ သြားဖုံးေသြးယိုတာ ၊ ႏွာေခါင္းေသြးထြက္တာနဲ႔

အေရျပားအေပၚလႊာမွာ ေသြးေၾကာျပတ္ရာေလးေတြေတြ႕ေနရၿပီဆိုရင္ေတာ့ ေသြးကင္ဆာလိုေရာဂါမ်ိဳးေၾကာင့္ ျဖစ္ေနႏိုင္တာမို႔ ခ်က္ခ်င္းေဆးစစ္ဖို႔လိုပါတယ္။

(၄) အာဟာရဓာတ္လိုအပ္ေနျခင္းေၾကာင့္

ခႏၶာကိုယ္ထဲမွာ ဗီတာမင္ဓာတ္တစ္မ်ိဳးမ်ိဳး ခ်ိဳ႕တဲ့ေနတဲ့အခ်ိန္မွာလည္း အေရျပားေပၚမွာ အညိဳအမည္းကြက္ေတြျဖစ္လာတတ္ပါတယ္။ ဗီတာမင္၊ အာဟာရဓာတ္ခ်ိဳ႕တဲ့မႈေၾကာင့္ ျဖစ္လာတဲ့

အညိဳအမည္းကြက္ေတြကေတာ့ ထိလိုက္ရင္ နာက်င္မႈမရွိပါဘူး။ ဒီအေျခအေနဆိုရင္ေတာ့ သင့္ခႏၶာကိုယ္ထဲမွာ ဗီတာမင္ B12 ၊ ဗီတာမင္ ေက နဲ႔ ဗီတာမင္ စီ အဓိကလိုအပ္ေနတာပါ။

(၅) ေဟာ္မုန္းမညီမွ်မႈေၾကာင့္

ခႏၶာကိုယ္ထဲမွာ ေဟာ္မုန္းပမာဏ မညီမွ်ျခင္းေၾကာင့္လည္း အေရျပားေပၚမွာ အညိဳကြက္ေတြျဖစ္ႏိုင္ပါတယ္။ အထူးသျဖင့္ အမ်ိဳးသမီးေတြမွာ အီစထ႐ိုဂ်င္ေဟာ္မုန္း နည္းေနမယ္ဆိုရင္ ဆံခ်ည္မွ်င္ေသြးေၾကာေလးေတြကို အားနည္းေစၿပီး ျပတ္ထြက္တဲ့အထိျဖစ္ေစႏိုင္ပါတယ္။

(၆) အေရျပားတစ္သွ်ဴးေတြအားနည္းျခင္းေၾကာင့္

အသက္ႀကီးလာတဲ့အခ်ိန္မွာ အေရျပားတစ္သွ်ဴးေတြက အားနည္းလာၿပီး က်ဳံ႕ဆန္႔ႏိုင္စြမ္းလည္း နည္းလာပါတယ္။ အဲ့ဒီအခါ အေရျပားေအာက္မွာရွိတဲ့ ေသြးေၾကာေလးေတြလည္း အားနည္းလာၿပီး ျပတ္လြယ္လာတာေၾကာင့္ အဲ့ဒီေနရာေတြမွာ အညိဳကြက္ေတြျဖစ္လာပါတယ္။

(၇) ဆီးခ်ိဳေရာဂါေၾကာင့္

အေရျပားေပၚက အညိဳအမည္းကြက္ေတြဟာ ဆီးခ်ိဳေရာဂါရဲ႕ေရွ႕ေျပးလကၡဏာျဖစ္ေနႏိုင္ပါတယ္။ ေသြးထဲမွာ သၾကားဓာတ္မ်ားေနတဲ့အခါ ေသြးလွည့္ပတ္မႈကို ကေမာက္ကမျဖစ္ေစႏိုင္ၿပီး အေရျပားေပၚမွာ အညိဳအမည္းကြက္ေတြလြယ္လြယ္ျဖစ္ေစႏိုင္ပါတယ္။

တခါတေလ ထိခိုက္မႈက မျပင္းထန္ေပမယ့္ အညိဳကြက္က အႀကီးႀကီးေပၚေနတာမ်ိဳး၊ အနာမက်က္လြယ္တာမ်ိဳး၊ အေရျပားေပၚမွာ အျဖဴေရာင္အကြက္ေလးေတြျဖစ္တာမ်ိဳးနဲ႔ မ်က္စိမႈန္တာေတြ တၿပိဳင္တည္းျဖစ္ေနရင္ေတာ့ ဆီးခ်ိဳေရာဂါျဖစ္ႏိုင္ေခ်မ်ားေနတာေၾကာင့္ ဆရာ၀န္နဲ႔ျပသင့္ပါၿပီ။

Htet Aung

Unicode

“သင့်ခန္ဓာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်တွေပေါ်လာရတဲ့ အကြောင်းအရင်း(စုန်းစုပ်တာ မဟုတ်ပါ)”

ခန္ဓာကိုယ်ပေါ်မှာ အညိုကွက် အမဲကွက်တွေပေါ်လာရင် တော်တော်များများက စုန်းစုပ်တယ်လို့ပြောကြလို့ ဒီပိုစ့်လေးနဲ့အသိပေးအပ်ပါတယ်နော်…..။

“အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းအရင်းများ”

တခါတလေ ဘာမှတိုက်မိခိုက်မိတာမရှိဘဲနဲ့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်လာရင် ဘာကြောင့်လဲ၊ ဘယ်လိုပျောက်အောင်လုပ်ရမလဲ စဉ်းစားရခက်နေတာမျိုးဖြစ်ရပါတယ်။

ဒီလို အညိုကွက်တွေဖြစ်ရတာ အကြောင်းရင်းတချို့ကြောင့်ဖြစ်နိုင်ပြီး သင့်ရဲ့ကျန်းမာရေးအခြေအနေနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။

ဒီတော့ အရေပြားပေါ်မှာ အညိုအမည်းကွက်တွေပေါ်ရတဲ့ အကြောင်းရင်းနဲ့ သင့်ရဲ့ကျန်းမာရေးအခြေအနေကိုသိရဖို့ ဖတ်ကြည့်လိုက်ပါဦးနော်။

(၁) အလေးချိန်များတဲ့ပစ္စည်းတွေမခြင်းကြောင့်

တခါတရံ အရမ်းလေးတဲ့ပစ္စည်းတွေ မ,လိုက်တဲ့အခါမျိုးမှာ ခန္ဓာကိုယ်ထဲက ဆံချည်မျှင်သွေးကြောလေးတွေ ပြတ်သွားပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာရခြင်းဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်က ခံနိုင်တာထက်ပိုတဲ့ အလုပ်တွေလုပ်မိသွားပြီဆိုတဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် နောက်ဆို ဒီလို လေးပင်တာတွေမ,တဲ့အခါ ဆင်ခြင်လိုက်ပါ။

(၂) ဆေးတစ်မျိုးမျိုးသောက်ခြင်းကြောင့်

သံဓာတ်အားဖြည့်ဆေး၊ အရောင်လျော့ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေသောက်ထားတာကြောင့်လည်း ဒီလို အညိုကွက်တွေဖြစ်တတ်ပါတယ်။ သင့်အနေနဲ့ ဆေးသောက်ထားတဲ့နေ့တွေမှာ အဲ့ဒီလို အညိုအမည်းကွက်တွေဖြစ်လာတယ်လို့

သတိထားမိတယ်ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းပိုင်းသွေးကြောတွေမှာ သွေးယိုစီးမှုတွေဖြစ်နေနိုင်တာကြောင့် ဆရာ၀န်နဲ့သေချာပြသပြီး စစ်ဆေးသင့်ပါတယ်။

(၃) သွေးရောဂါတစ်ခုခုကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ သွေးရောဂါတစ်ခုခုကြောင့်ဖြစ်တယ်ဆိုရင် အဲ့ဒီအညိုအမည်းကွက်တွေပေါ်လာတဲ့အချိန်မှာ ခြေထောက်ရောင်ရမ်းနာကျင်တာ၊ သွားဖုံးသွေးယိုတာ ၊ နှာခေါင်းသွေးထွက်တာနဲ့

အရေပြားအပေါ်လွှာမှာ သွေးကြောပြတ်ရာလေးတွေတွေ့နေရပြီဆိုရင်တော့ သွေးကင်ဆာလိုရောဂါမျိုးကြောင့် ဖြစ်နေနိုင်တာမို့ ချက်ချင်းဆေးစစ်ဖို့လိုပါတယ်။

(၄) အာဟာရဓာတ်လိုအပ်နေခြင်းကြောင့်

ခန္ဓာကိုယ်ထဲမှာ ဗီတာမင်ဓာတ်တစ်မျိုးမျိုး ချို့တဲ့နေတဲ့အချိန်မှာလည်း အရေပြားပေါ်မှာ အညိုအမည်းကွက်တွေဖြစ်လာတတ်ပါတယ်။ ဗီတာမင်၊ အာဟာရဓာတ်ချို့တဲ့မှုကြောင့် ဖြစ်လာတဲ့

အညိုအမည်းကွက်တွေကတော့ ထိလိုက်ရင် နာကျင်မှုမရှိပါဘူး။ ဒီအခြေအနေဆိုရင်တော့ သင့်ခန္ဓာကိုယ်ထဲမှာ ဗီတာမင် B12 ၊ ဗီတာမင် ကေ နဲ့ ဗီတာမင် စီ အဓိကလိုအပ်နေတာပါ။

(၅) ဟော်မုန်းမညီမျှမှုကြောင့်

ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းပမာဏ မညီမျှခြင်းကြောင့်လည်း အရေပြားပေါ်မှာ အညိုကွက်တွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်း နည်းနေမယ်ဆိုရင် ဆံချည်မျှင်သွေးကြောလေးတွေကို အားနည်းစေပြီး ပြတ်ထွက်တဲ့အထိဖြစ်စေနိုင်ပါတယ်။

(၆) အရေပြားတစ်သျှူးတွေအားနည်းခြင်းကြောင့်

အသက်ကြီးလာတဲ့အချိန်မှာ အရေပြားတစ်သျှူးတွေက အားနည်းလာပြီး ကျုံ့ဆန့်နိုင်စွမ်းလည်း နည်းလာပါတယ်။ အဲ့ဒီအခါ အရေပြားအောက်မှာရှိတဲ့ သွေးကြောလေးတွေလည်း အားနည်းလာပြီး ပြတ်လွယ်လာတာကြောင့် အဲ့ဒီနေရာတွေမှာ အညိုကွက်တွေဖြစ်လာပါတယ်။

(၇) ဆီးချိုရောဂါကြောင့်

အရေပြားပေါ်က အညိုအမည်းကွက်တွေဟာ ဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာဖြစ်နေနိုင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်များနေတဲ့အခါ သွေးလှည့်ပတ်မှုကို ကမောက်ကမဖြစ်စေနိုင်ပြီး အရေပြားပေါ်မှာ အညိုအမည်းကွက်တွေလွယ်လွယ်ဖြစ်စေနိုင်ပါတယ်။

တခါတလေ ထိခိုက်မှုက မပြင်းထန်ပေမယ့် အညိုကွက်က အကြီးကြီးပေါ်နေတာမျိုး၊ အနာမကျက်လွယ်တာမျိုး၊ အရေပြားပေါ်မှာ အဖြူရောင်အကွက်လေးတွေဖြစ်တာမျိုးနဲ့ မျက်စိမှုန်တာတွေ တပြိုင်တည်းဖြစ်နေရင်တော့ ဆီးချိုရောဂါဖြစ်နိုင်ချေများနေတာကြောင့် ဆရာ၀န်နဲ့ပြသင့်ပါပြီ။

Htet Aung