ဒီဇင္ဘာခရစၥမတ္ ႏွင့္ ႏွစ္သစ္ကူး႐ုံးပိတ္ရက္မ်ားတြင္ အင္းယားကန္ေဘာင္လုံးဝမဖြင့္ဟု ဦးၿဖိဳးမင္းသိန္းေျပာ

Zawgyi

ဒီဇင္ဘာ ခရစၥမတ္ ႏွင့္ ႏွစ္သစ္ကူး ႐ုံးပိတ္ရက္ မ်ားတြင္ အင္းယားကန္ေဘာင္ လုံးဝမဖြင့္ဟု ဦးၿဖိဳးမင္းသိန္းေျပာ

ခရစၥမတ္ႏွင့္ ႏွစ္သစ္ကူးကာလ Stay at Home စည္းကမ္းမ်ားကို တင္းတင္း ၾကပ္ၾကပ္ ကိုင္တြယ္သြားမည္ ျဖစ္ၿပီး အင္းယားကန္ေဘာင္ကိုလည္း ပိတ္ထားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ကေျပာပါတယ္။

“ခရစၥမတ္ႏွင့္ ႏွစ္သစ္ကူးကာလေတြမွာ Stay at Home ကို တင္းတင္းၾကပ္ၾကပ္ ေဆာင္႐ြက္မွာပါ။ ႏွစ္သစ္ကို က်န္းမာစြာျဖင့္ျဖတ္သန္းႏိုင္ဖို႔ေဆာင္႐ြက္မွာပါ” ဟု ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း က ၎၏ လူမႈကြန္ရက္မွတဆင့္ အသိေပး ေျပာၾကားလိုက္ပါတယ္။

ဒီဇင္ဘာ ၃၁ ရက္ ႏွစ္သစ္ကူးည အင္းယားကန္ေဘာင္ဖြင့္လွစ္ထားမႈ ရွိ မရွိ ႏွင့္ပတ္သက္၍ ေမးျမန္းမႈကိုလည္း “မဖြင့္ပါဘူး၊ တင္းၾကပ္မွာပါ”ဟု ျပန္လည္ေျဖၾကားထားပါတယ္။ အင္းယားကန္ေဘာင္တြင္ အမ်ားျပည္သူ အပန္းေျဖႏိုင္မည့္ေနရာ သုံးေနရာရွိၿပီး

ျပည္လမ္းဘက္ျခမ္းတြင္ တေနရာ၊ ကမာၻေအးလမ္းဘက္ျခမ္းတြင္ ႏွစ္ေနရာအျဖစ္ ရွိေနပါတယ္။ ႏွစ္သစ္ကူးည အင္းယားကန္ေဘာင္တြင္ လုံၿခဳံေရးေဆာင္႐ြက္ ထားရွိႏိုင္ေရး ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ထံ တင္ျပထားေၾကာင္း ရန္ကုန္စည္ပင္၊ ပန္းဥယ်ာဥ္ႏွင့္ အားကစားကြင္းမ်ားဌာန၊ ဌာနမႉးဦးကိုကိုလင္းက ေျပာပါတယ္။

“စည္ပင္က ဒီဘက္ကို အင္အား ၅၀ ၊ ဟိုဘက္ကိုလည္း အင္အား ၅၀ တိုးတယ္။ လုံစည္း ကလည္း ၁၀ ေယာက္စီ ထပ္တိုးတယ္။ ကြၽန္ေတာ္တို႔ တိုင္းေဒသႀကီးကို တင္ျပထားတာကေတာ့ ေထြအုပ္ရယ္၊ နယ္ေျမခံရဲရယ္၊ မီးသတ္တပ္ဖြဲ႕ေရာ ပူးေပါင္းေဆာင္႐ြက္ေပးဖို႔ တင္ျပထားတယ္။ အဲဒီမွာ ၾကပ္မတ္မယ္။

စည္းကမ္းထိန္းသိမ္းမယ္။ မလိုလားအပ္တဲ့ ျပႆနာမျဖစ္ေအာင္ ကိုဗစ္နဲ႔ ပတ္သက္ၿပီးေတာ့ သတိျပဳႏိုင္ေအာင္ ႏႈိးေဆာ္သြားဖို႔ ေဆာင္႐ြက္ထားပါတယ္” ဟု ၎က ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕ ျပည္လမ္းရွိ အင္းယားကန္ ေဘာင္တြင္ ႏွစ္သစ္ကူးႀကိဳဆိုရန္ လာေရာက္လည္ပတ္သူ ႏွစ္စဥ္ မ်ားျပားေလ့ ရွိပါတယ္။

Unicode

ဒီဇင်ဘာ ခရစ္စမတ် နှင့် နှစ်သစ်ကူး ရုံးပိတ်ရက် များတွင် အင်းယားကန်ဘောင် လုံးဝမဖွင့်ဟု ဦးဖြိုးမင်းသိန်းပြော

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ Stay at Home စည်းကမ်းများကို တင်းတင်း ကြပ်ကြပ် ကိုင်တွယ်သွားမည် ဖြစ်ပြီး အင်းယားကန်ဘောင်ကိုလည်း ပိတ်ထားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကပြောပါတယ်။

“ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွေမှာ Stay at Home ကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်မှာပါ။ နှစ်သစ်ကို ကျန်းမာစွာဖြင့်ဖြတ်သန်းနိုင်ဖို့ဆောင်ရွက်မှာပါ” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ၎င်း၏ လူမှုကွန်ရက်မှတဆင့် အသိပေး ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးည အင်းယားကန်ဘောင်ဖွင့်လှစ်ထားမှု ရှိ မရှိ နှင့်ပတ်သက်၍ မေးမြန်းမှုကိုလည်း “မဖွင့်ပါဘူး၊ တင်းကြပ်မှာပါ”ဟု ပြန်လည်ဖြေကြားထားပါတယ်။ အင်းယားကန်ဘောင်တွင် အများပြည်သူ အပန်းဖြေနိုင်မည့်နေရာ သုံးနေရာရှိပြီး

ပြည်လမ်းဘက်ခြမ်းတွင် တနေရာ၊ ကမ္ဘာအေးလမ်းဘက်ခြမ်းတွင် နှစ်နေရာအဖြစ် ရှိနေပါတယ်။ နှစ်သစ်ကူးည အင်းယားကန်ဘောင်တွင် လုံခြုံရေးဆောင်ရွက် ထားရှိနိုင်ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြထားကြောင်း ရန်ကုန်စည်ပင်၊ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဌာနမှူးဦးကိုကိုလင်းက ပြောပါတယ်။

“စည်ပင်က ဒီဘက်ကို အင်အား ၅၀ ၊ ဟိုဘက်ကိုလည်း အင်အား ၅၀ တိုးတယ်။ လုံစည်း ကလည်း ၁၀ ယောက်စီ ထပ်တိုးတယ်။ ကျွန်တော်တို့ တိုင်းဒေသကြီးကို တင်ပြထားတာကတော့ ထွေအုပ်ရယ်၊ နယ်မြေခံရဲရယ်၊ မီးသတ်တပ်ဖွဲ့ရော ပူးပေါင်းဆောင်ရွက်ပေးဖို့ တင်ပြထားတယ်။ အဲဒီမှာ ကြပ်မတ်မယ်။

စည်းကမ်းထိန်းသိမ်းမယ်။ မလိုလားအပ်တဲ့ ပြဿနာမဖြစ်အောင် ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ သတိပြုနိုင်အောင် နှိုးဆော်သွားဖို့ ဆောင်ရွက်ထားပါတယ်” ဟု ၎င်းက ပြောပါတယ်။ ရန်ကုန်မြို့ ပြည်လမ်းရှိ အင်းယားကန် ဘောင်တွင် နှစ်သစ်ကူးကြိုဆိုရန် လာရောက်လည်ပတ်သူ နှစ်စဉ် များပြားလေ့ ရှိပါတယ်။