ဝလြန္းလို႔ ခ်စ္ေရးဆိုတာ အျငင္းပယ္ခံခဲ့ရတဲ့ ေကာင္ေလးရဲ႕ လွပတဲ့ကလဲ့စား

Zawgyi

ဝလြန္းလို႔ ခ်စ္ေရးဆိုတာ အျငင္းပယ္ခံခဲ့ရတဲ့ ေကာင္ေလးရဲ႕ လွပတဲ့ကလဲ့စား

လူတစ္ေယာက္ကို ခ်စ္မိသြားဖို႔ဆိုတာလြယ္ပါတယ္။ ဒါေပမယ့္ ကိုယ္ခ်စ္တဲ့လူရဲ႕ ျငင္းပယ္တာခံရၿပီဆိုရင္ေတာ့ အလြန္ခက္ခဲၿပီး ဝမ္းနည္းစရာေကာင္းတဲ့ ကိစၥပါ။ ထိုင္းႏိုင္ငံက Mos Sataporn အမည္ရွိ ေကာင္ေလးတစ္ေယာက္ဟာ

သူႀကိဳက္တဲ့ ေကာင္မေလးရဲ႕ ျငင္းပယ္တာခံခဲ့ရၿပီး သူ႔ရဲ႕ လက္စားျပန္ေခ်ခဲ့ပုံကေတာ့ လူအမ်ားအတြက္ အားတက္စရာတစ္ခု ျဖစ္ခဲ့ပါတယ္။Mos ဟာ သာမန္ေယာက်္ားေလးတစ္ေယာက္မဟုတ္ပါဘူး။

၁၅၅ ကီလိုဂရမ္ (ေပါင္ ၃၄၀) ရွိၿပီး အဝလြန္ေနတဲ့ ေကာင္ေလးတစ္ေယာက္ပါ။ ျပည့္ေဖာင္းေနတဲ့ ခႏၶာကိုယ္နဲ႔ မ်က္ႏွာတို႔ေၾကာင့္ သူငယ္ခ်င္းျဖစ္သူေတြရဲ႕ စတာ အၿမဲခံရေပမယ့္ အရပ္က (၆)ေပေက်ာ္တာေၾကာင့္ BMI စံႏႈန္းရဲ႕ အဝလြန္စာရင္းထဲမွာေတာ့ မပါဝင္ခဲ့ပါဘူး။

သူခ်စ္တဲ့ ေကာင္မေလးရဲ႕ ျငင္းတာခံလိုက္ရခ်ိန္မွာေတာ့ သူ႔ကိုယ္အေလးခ်ိန္နဲ႔ ပတ္သက္ၿပီး တစ္ခုခုလုပ္မွ ျဖစ္ေတာ့မယ္ဆိုတဲ့ စိတ္ဝင္လာခဲ့ပါတယ္။ အစပိုင္းမွာေတာ့ ခက္ခဲခဲ့ေပမယ့္ ကယ္လိုရီနည္းတဲ့ အစားအေသာက္ေတြကို ေ႐ြးခ်ယ္စားေသာက္ခဲ့ၿပီး

ႂကြက္သားေတြ တက္လာေစဖို႔ အားကစားေလ့က်င့္ေရး႐ုံမွာပါ သြားေရာက္ေလ့က်င့္ခဲ့ပါတယ္။နံနက္ပိုင္းမွာ အားကစားလုပ္ၿပီး ထမင္းအနပ္တိုင္းကို သင့္တင့္မွ်တစြာစားခဲ့ၿပီးေနာက္ (၁)လ အၾကာမွာ ၅ ကီလို (၁၁ ေပါင္) စက်ခဲ့ပါတယ္။

တစ္ႏွစ္ၾကာၿပီးေနာက္ ယေန႔မွာေတာ့ Mos ဟာ ေပါင္ (၁၆၀) ေက်ာ္ ခ်ႏိုင္ခဲ့ၿပီး (၁၇၆) ေပါင္ခန္႔သာ ရွိပါေတာ့တယ္။Mos ရဲ႕ အရပ္ရွည္ၿပီး သြယ္လ်ေတာင့္တင္းတဲ့ ခႏၶာကိုယ္ေၾကာင့္ အခုဆိုရင္ မိန္းကေလးေတြက သူ႔ကို ဝိုင္းေႂကြေနၾကၿပီျဖစ္ၿပီး

ေယာက်္ားေလးေတြကလည္း အားက်ေနၾကၿပီျဖစ္ပါတယ္။ “သင္ဝိတ္က်ခ်င္တယ္ဆိုရင္ ပထမဆုံးလုပ္ရမွာက ကိုယ့္စိတ္ကိုယ္ ႏိုင္ဖို႔ပါပဲ။ သူမ်ားေတြေတာင္ လုပ္ႏိုင္တာ သင္ဘာလို႔ မလုပ္ႏိုင္ရမွာလဲ” ဆိုၿပီး Mos က ဝိတ္ခ်ဖို႔ ႀကိဳးစားေနသူေတြကို အားေပးခဲ့ပါတယ္။

အခုလိုအခ်ိန္ေပးၿပီးဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္းသာယာေပ်ာ္႐ႊင္ေသာေန႔ေလးကိုပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Ref: Viral4Real

Unicode

ဝလွန်းလို့ ချစ်ရေးဆိုတာ အငြင်းပယ်ခံခဲ့ရတဲ့ ကောင်လေးရဲ့ လှပတဲ့ကလဲ့စား

လူတစ်ယောက်ကို ချစ်မိသွားဖို့ဆိုတာလွယ်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်တဲ့လူရဲ့ ငြင်းပယ်တာခံရပြီဆိုရင်တော့ အလွန်ခက်ခဲပြီး ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စပါ။ ထိုင်းနိုင်ငံက Mos Sataporn အမည်ရှိ ကောင်လေးတစ်ယောက်ဟာ

သူကြိုက်တဲ့ ကောင်မလေးရဲ့ ငြင်းပယ်တာခံခဲ့ရပြီး သူ့ရဲ့ လက်စားပြန်ချေခဲ့ပုံကတော့ လူအများအတွက် အားတက်စရာတစ်ခု ဖြစ်ခဲ့ပါတယ်။Mos ဟာ သာမန်ယောကျ်ားလေးတစ်ယောက်မဟုတ်ပါဘူး။

၁၅၅ ကီလိုဂရမ် (ပေါင် ၃၄၀) ရှိပြီး အဝလွန်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ ပြည့်ဖောင်းနေတဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာတို့ကြောင့် သူငယ်ချင်းဖြစ်သူတွေရဲ့ စတာ အမြဲခံရပေမယ့် အရပ်က (၆)ပေကျော်တာကြောင့် BMI စံနှုန်းရဲ့ အဝလွန်စာရင်းထဲမှာတော့ မပါဝင်ခဲ့ပါဘူး။

သူချစ်တဲ့ ကောင်မလေးရဲ့ ငြင်းတာခံလိုက်ရချိန်မှာတော့ သူ့ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး တစ်ခုခုလုပ်မှ ဖြစ်တော့မယ်ဆိုတဲ့ စိတ်ဝင်လာခဲ့ပါတယ်။ အစပိုင်းမှာတော့ ခက်ခဲခဲ့ပေမယ့် ကယ်လိုရီနည်းတဲ့ အစားအသောက်တွေကို ရွေးချယ်စားသောက်ခဲ့ပြီး

ကြွက်သားတွေ တက်လာစေဖို့ အားကစားလေ့ကျင့်ရေးရုံမှာပါ သွားရောက်လေ့ကျင့်ခဲ့ပါတယ်။နံနက်ပိုင်းမှာ အားကစားလုပ်ပြီး ထမင်းအနပ်တိုင်းကို သင့်တင့်မျှတစွာစားခဲ့ပြီးနောက် (၁)လ အကြာမှာ ၅ ကီလို (၁၁ ပေါင်) စကျခဲ့ပါတယ်။

တစ်နှစ်ကြာပြီးနောက် ယနေ့မှာတော့ Mos ဟာ ပေါင် (၁၆၀) ကျော် ချနိုင်ခဲ့ပြီး (၁၇၆) ပေါင်ခန့်သာ ရှိပါတော့တယ်။Mos ရဲ့ အရပ်ရှည်ပြီး သွယ်လျတောင့်တင်းတဲ့ ခန္ဓာကိုယ်ကြောင့် အခုဆိုရင် မိန်းကလေးတွေက သူ့ကို ဝိုင်းကြွေနေကြပြီဖြစ်ပြီး

ယောကျ်ားလေးတွေကလည်း အားကျနေကြပြီဖြစ်ပါတယ်။ “သင်ဝိတ်ကျချင်တယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ကိုယ့်စိတ်ကိုယ် နိုင်ဖို့ပါပဲ။ သူများတွေတောင် လုပ်နိုင်တာ သင်ဘာလို့ မလုပ်နိုင်ရမှာလဲ” ဆိုပြီး Mos က ဝိတ်ချဖို့ ကြိုးစားနေသူတွေကို အားပေးခဲ့ပါတယ်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Ref: Viral4Real