Zawgyi
Unicode
၁၅ရက်တာအတွင်း လိုတရယတြာ
(15-11-2020 မှ 30-11-2020) အတွင်း ၇ရက်သားသမီးများ စီးပွားရေး ကျန်းမာရေး လူမှုရေးအခက်အအခဲများ အဆင်ပြေ စေခြင်းငှာ အောက်ပါယတြာကို ဒါနပြုပါရစေ။
အောင်အိုးတလုံးထဲတွင် ရေတဝက်ကျော်ထည့်ပါ။
ရေမွှေးအနည်းငယ် ထိုရေထဲပက်ဖျန်းပေးပါ။
ဒန်းညွန့် (သို့) ပိတောက်ညွန့် ၉ညွန့် ထိုးလှူပါ။
အောင်အိုးကိုကိုင်၍ ” မိမိမိသားစုအတွင်းအခက်အခဲ များ အထိုက်အလျောက်အဆင်ပြေရပါလို့၏” ဟု ဆုတောင်းပြီး ဘုရားကျောင်းဆောင်ပေါ်တွင် တင်ထားပါ။
တနင်္လာနေ့ မနက် ၇ နာရီခွဲမှ ၉နာရီအတွင်းပြု လုပ်ပါ။ နောက်နေ့မနက်ပိုင်းတွင် ထိုအိုးထဲမှရေကို မိမိအိမ်ခြံအတွင်း ပက်ဖျန်းပေးပါ။
(အောင်အိုးနှင့်အညွန့်များကို နီးစပ်ရာညောင်ပင် သို့ မြစ်ချောင်းအနီးစွန့်ပစ်ပါ။)
ဗေဒင်နှင့်လက္ခဏာပညာရှင်
ဆရာကျော် M.Sc (bot) 09978031461 09764251903