“ကူးစက္မႈ 70% ပိုျမန္တဲ့ကိုဗစ္သေႏၶကြဲပိုးအသစ္ကUK ႏိုင္ငံမွတစ္ဆင့္ေနာက္ထပ္ (၃) ႏိုင္ငံသို႔ ထပ္ျပန႔္”

Zawgyi

“ကူးစက္မႈ 70% ပိုျမန္တဲ့ ကိုဗစ္သေႏၶကြဲပိုးအသစ္က UK ႏိုင္ငံမွတစ္ဆင့္ ေနာက္ထပ္ (၃) ႏိုင္ငံသို႔ ထပ္ျပန႔္”

စတင္ေတြ႕ရွိတာက ယူေကႏိုင္ငံဆိုေပမယ့္ အခုႏိုင္ငံသုံးႏိုင္ငံကိုထပ္ျပန႔္သြားပါတယ္။🇩🇰 ဒန္းမတ္၊ 🇳🇱 နယ္သာလန္နဲ႔ 🇦🇺 ဩစေတးလ်ႏိုင္ငံေတြဆီေရာက္လာတာပါ။

ျပင္သစ္၊ ဂ်ာမနီ၊ အီတလီစတဲ့ ဥေရာပႏိုင္ငံအခ်ိဳ႕က ယူေကႏိုင္ငံက ေလေၾကာင္းနဲ႔ဝင္ေရာက္မႈကို ပိတ္ပင္ထားပါတယ္။ကေနဒါ၊ အီရန္၊ ေဆာ္ဒီ၊ အိႏၵိယ၊ ေဟာင္ေကာင္တို႔ကလည္း ယူေကႏိုင္ငံက ခရီးသြားအဝင္ကိုလက္မခံပါဘူး။

ဘာလို႔ႏိုင္ငံေတြကထိတ္လန႔္ေနသလဲ အခုဗိုင္းရပ္စ္သေႏၶကြဲအသစ္က ၇၀ ရာႏႈန္းအထိ ပိုမိုကူးစက္ဖို႔လြယ္ကူႏိုင္တယ္လို႔ဆိုပါတယ္။၇၀ ရာႏႈန္းပိုကူးႏိုင္တယ္ဆိုတာက အရင္ကလူ ၁၀၀ ကိုကူးစက္ခ်ိန္မွာ အခုဗိုင္းရပ္စ္သေႏၶကြဲအသစ္က လူ ၁၇၀ အထိကူးစက္ႏိုင္တယ္လို႔ ျမင္ပါတယ္။

သေဘာကျမန္မာႏိုင္ငံသာေရာက္လာရင္ အခုကူးစက္ႏႈန္းထက္လူမ်ားမ်ားကိုျမန္ျမန္ပိုကူးစက္ႏိုင္တယ္။တစ္ရက္ ၁၀၀၀ ေတြ႕ရင္ အဲ့ဒီဗိုင္းရပ္စ္သေႏၶကြဲအသစ္ေရာက္လာရင္ တစ္ေန႔ ၁၇၀၀ အထိတက္ကူးသြားႏိုင္တယ္။

ေနာက္ရက္ကို အဆမ်ားစြာတက္လာၿပီ။ဗိုင္းရပ္စ္ကသစၥာရွိစြာနဲ႔ တစ္ေန႔ငါဒီေလာက္ပဲကူးၿပီးရင္ ငါတာဝန္ေက်ၿပီလို႔ မလုပ္မရႈပ္မျပဳတ္လုပ္မယ့္အမ်ိဳးမဟုတ္ဘူး။

အရင္ကလည္း ဗိုင္းရပ္စ္သေႏၶကြဲအသစ္ေတြေပၚဖူးတယ္မလား ေပၚဖူးေပမယ့္ အခုဗိုင္းရပ္စ္သေႏၶကြဲအသစ္ေလာက္ျမန္ျမန္နဲ႔မ်ားမ်ားမကူးစက္ဖူးဘူး။

ျမန္ျမန္ကူးရင္ လူေသႏႈန္းလည္းတက္လာႏိုင္တယ္။ဒါေၾကာင့္ေၾကာက္ၾကတာ။အခုေတာင္မွ ျမန္မာႏိုင္ငံကအလူးအလဲခံေနရတယ္။မေန႔ကေတာင္က်ေနာ့္အသိထဲက မိသားစုလိုက္ ခေလးေသးေသးေလးပါ positive ျဖစ္သြားတယ္။

ကိုဗစ္ကိုခပ္ေပါ့ေပါ့လို႔ သေဘာထားၿပီး စားလိုက္သြားလိုက္ Mask အတုေလးပါးပါးေလးနဲ႔ တာဝန္ေက်တပ္ၿပီး လမ္းသလားၿပီးေတာ့မွ အခုမွေၾကာက္ေနေလရဲ႕။

ကိုဗစ္ေနာက္ဆက္တြဲထီေပါက္ရင္ မသက္သာပါ။ ကိုဗစ္က လူ႔ကိုယ္ခႏၶာကို ခပ္ၾကမ္းၾကမ္းဖ်က္ဆီးတတ္ပါတယ္။လက္ရွိကာကြယ္ေဆးနဲ႔တားဆီးႏိုင္မလား လက္ရွိကာကြယ္ေဆးနဲ႔ တားဆီးကာကြယ္ႏိုင္မယ္လို႔ သိပၸံပညာရွင္ေတြက ယူဆထားပါတယ္။

အခုကိုဗစ္ဗိုင္းရပ္စ္သေႏၶကြဲအသစ္စေတြ႕တာက ယူေကႏိုင္ငံမွာ ကာကြယ္ေဆးကမာၻမွာက်ယ္က်ယ္ျပန႔္ျပန႔္စထိုးတာလည္း ယူေကႏိုင္ငံမွာ။

အဲ့ဒီေတာ့ Pfizer ရဲ႕ mRNA ကာကြယ္ေဆးက ကိုဗစ္ဗိုင္းရပ္စ္သေႏၶကြဲအသစ္ကို ကာကြယ္ႏိုင္မလားဆိုတာ မၾကာခင္သိရမွာပါ။ဘာလို႔လက္ရွိကာကြယ္ေဆးကအခုဗိုင္းရပ္စ္သေႏၶကြဲအသစ္ကို ကာကြယ္ႏိုင္မယ္ထင္တာလဲ

ကာကြယ္ေဆးက လူ႔ကိုယ္ခႏၶာကေန antibodies ပဋိပစၥည္းေတြထြက္ေစပါတယ္။အဲ့ဒီပဋိပစၥည္းေတြက ကိုဗစ္ဗိုင္းရပ္စ္ရဲ႕ spike protein ရဲ႕ေနရာမ်ားစြာကို ကာကြယ္တားဆီးေပးမွာပါ။

သေႏၶကြဲျဖစ္ေစတဲ့ ေနရာေလးတစ္ခုက ပ႐ိုတိန္းအေျပာင္းေလး (single change) ဟာ ေနရာမ်ားစြာကိုကာကြယ္ေပးေနမႈကို ျပႆနာမရွိႏိုင္ဘူးလို႔ ယူဆရပါတယ္။

သိပၸံပညာရွင္ေတြဘာလုပ္ေနၾကသလဲ ဓာတ္ခြဲခန္းထဲမွာ အခုဗိုင္းရပ္စ္မ်ိဳးကြဲအသစ္ကိုေမြးၾကည့္ၿပီး သူ႔ရဲ႕တုန႔္ျပန္မႈကိုေလ့လာေနတယ္။antibodies response တူမလား ကာကြယ္ေဆးကကာကြယ္မႈေပးႏိုင္မလား ဆိုတာေတြစမ္းသပ္ေနတယ္။

အခုလိုစမ္းသပ္မႈ process ၿပီးေျမာက္ဖို႔ ႏွစ္ပတ္အထိၾကာႏိုင္တယ္။တဖက္ကလည္း အခုလိုဗိုင္းရပ္စ္သေႏၶကြဲျခင္းဟာ ကိုဗစ္ေရာဂါကပ္ႀကီးရဲ႕ အေျခအေနကို ေစာင့္ၾကည့္ရာမွာအသုံးဝင္တဲ့ အဆင့္အေျခအေနမွတ္ရာ barcode လိုမ်ိဳးအသုံးဝင္လာႏိုင္ပါတယ္။

က်ေနာ္တို႔ဘာလုပ္ရမလဲ ကိုယ့္ႏိုင္ငံထဲမေရာက္လာဖို႔ အားလုံးေလဆိပ္ကသန႔္ရွင္းေရးဝန္ထမ္းေလးကအစ တာဝန္သိစြာနဲ႔ဝိုင္းဝန္းကာကြယ္တားဆီးၾကေပါ့။

အိႏၵိယမွာေရာဂါအႀကီးအက်ယ္ျဖစ္ေနမွန္းသိသိနဲ႔ NGO ကလို႔ဆိုလိုက္တာနဲ႔ Q လုံးဝမဝင္ခိုင္းပဲလႊတ္ေပးခဲ့တဲ့ ျဖစ္ရပ္မ်ိဳးထပ္မျဖစ္ေစနဲ႔ေပါ့။

​အေရးအႀကီးဆုံးက ကိုဗစ္နဲ႔ပတ္သက္လာရင္ လက္ျမန္ေျချမန္နဲ႔ လက္ဦးမႈယူၿပီး ျပတ္သားတဲ့ဆုံးျဖတ္ခ်က္ကိုခ်ကိုခ်ရပါမယ္။ျပည္သူေတြဘက္ကဒီ့ထက္အမ်ားႀကီး ပိုစည္းကမ္းရွိဖို႔လိုေနပါၿပီ။

ေလာ္လီကားအျပည့္ လူတင္ၿပီး mask တပ္တဲ့သူက သုံး ေလး ေယာက္ေလာက္ပဲပါတာ ျမင္ရတာအလြန္စိတ္ပ်က္ပါတယ္။ဓာတ္ေလွခါးထဲမွာ mask လုံးဝမတပ္ပဲအတက္အဆင္းလုပ္ေနသူေတြကို ယေန႔မနက္အထိေတြ႕ေနရပါတယ္။

ရန္မျဖစ္မိေအာင္အေတာ္သတိထားေနရပါတယ္။လုံးဝစည္းပ်က္ကမ္းပ်က္ေနေနၾကသလိုအေရးယူတဲ့သူလည္းမရွိၾကပါ။အေရးယူမႈမရွိရင္ဘယ္သူမွစည္းကမ္းလိုက္နာမွာမဟုတ္ဘူး။

ျပန္ေျပာပါမယ္။အေရးယူမႈမရွိရင္ဘယ္သူမွစည္းကမ္းလိုက္နာမွာမဟုတ္ဘူး။ဒီၾကားထဲမွာ ကိုဗစ္အတြက္အေရးတႀကီးလိုေနတဲ့ပစၥည္းလႉရာမွာ အလႉလက္ခံရရွိေရးတာဝန္ရွိသူေတြက

မလုပ္မရႈပ္မျပဳတ္နဲ႔ ေဘာ္လီေဘာပုတ္ေနတာကို က်ေနာ္အေတာ့္ကို သည္းခံေနရပါတယ္။အဲ့ဒီေတာ့ – ဒီလိုႏိုင္ငံကို ၇၀ ရာႏႈန္းအထိပိုကူးႏိုင္တဲ့ ဗိုင္းရပ္စ္သေႏၶကြဲအသစ္ေရာက္လာရင္မလြယ္ပါ။က်ေနာ္ပါးစပ္ပိတ္ထားတာအမ်ားႀကီးပါ။

Richard Myo Thant

Unicode

“ကူးစက်မှု 70% ပိုမြန်တဲ့ ကိုဗစ်သန္ဓေကွဲပိုးအသစ်က UK နိုင်ငံမှတစ်ဆင့် နောက်ထပ် (၃) နိုင်ငံသို့ ထပ်ပြန့်”

စတင်တွေ့ရှိတာက ယူကေနိုင်ငံဆိုပေမယ့် အခုနိုင်ငံသုံးနိုင်ငံကိုထပ်ပြန့်သွားပါတယ်။🇩🇰 ဒန်းမတ်၊ 🇳🇱 နယ်သာလန်နဲ့ 🇦🇺 ဩစတေးလျနိုင်ငံတွေဆီရောက်လာတာပါ။

ပြင်သစ်၊ ဂျာမနီ၊ အီတလီစတဲ့ ဥရောပနိုင်ငံအချို့က ယူကေနိုင်ငံက လေကြောင်းနဲ့ဝင်ရောက်မှုကို ပိတ်ပင်ထားပါတယ်။ကနေဒါ၊ အီရန်၊ ဆော်ဒီ၊ အိန္ဒိယ၊ ဟောင်ကောင်တို့ကလည်း ယူကေနိုင်ငံက ခရီးသွားအဝင်ကိုလက်မခံပါဘူး။

ဘာလို့နိုင်ငံတွေကထိတ်လန့်နေသလဲ အခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်က ၇၀ ရာနှုန်းအထိ ပိုမိုကူးစက်ဖို့လွယ်ကူနိုင်တယ်လို့ဆိုပါတယ်။၇၀ ရာနှုန်းပိုကူးနိုင်တယ်ဆိုတာက အရင်ကလူ ၁၀၀ ကိုကူးစက်ချိန်မှာ အခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်က လူ ၁၇၀ အထိကူးစက်နိုင်တယ်လို့ မြင်ပါတယ်။

သဘောကမြန်မာနိုင်ငံသာရောက်လာရင် အခုကူးစက်နှုန်းထက်လူများများကိုမြန်မြန်ပိုကူးစက်နိုင်တယ်။တစ်ရက် ၁၀၀၀ တွေ့ရင် အဲ့ဒီဗိုင်းရပ်စ်သန္ဓေကွဲအသစ်ရောက်လာရင် တစ်နေ့ ၁၇၀၀ အထိတက်ကူးသွားနိုင်တယ်။

နောက်ရက်ကို အဆများစွာတက်လာပြီ။ဗိုင်းရပ်စ်ကသစ္စာရှိစွာနဲ့ တစ်နေ့ငါဒီလောက်ပဲကူးပြီးရင် ငါတာဝန်ကျေပြီလို့ မလုပ်မရှုပ်မပြုတ်လုပ်မယ့်အမျိုးမဟုတ်ဘူး။

အရင်ကလည်း ဗိုင်းရပ်စ်သန္ဓေကွဲအသစ်တွေပေါ်ဖူးတယ်မလား ပေါ်ဖူးပေမယ့် အခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်လောက်မြန်မြန်နဲ့များများမကူးစက်ဖူးဘူး။

မြန်မြန်ကူးရင် လူသေနှုန်းလည်းတက်လာနိုင်တယ်။ဒါကြောင့်ကြောက်ကြတာ။အခုတောင်မှ မြန်မာနိုင်ငံကအလူးအလဲခံနေရတယ်။မနေ့ကတောင်ကျနော့်အသိထဲက မိသားစုလိုက် ခလေးသေးသေးလေးပါ positive ဖြစ်သွားတယ်။

ကိုဗစ်ကိုခပ်ပေါ့ပေါ့လို့ သဘောထားပြီး စားလိုက်သွားလိုက် Mask အတုလေးပါးပါးလေးနဲ့ တာဝန်ကျေတပ်ပြီး လမ်းသလားပြီးတော့မှ အခုမှကြောက်နေလေရဲ့။

ကိုဗစ်နောက်ဆက်တွဲထီပေါက်ရင် မသက်သာပါ။ ကိုဗစ်က လူ့ကိုယ်ခန္ဓာကို ခပ်ကြမ်းကြမ်းဖျက်ဆီးတတ်ပါတယ်။လက်ရှိကာကွယ်ဆေးနဲ့တားဆီးနိုင်မလား လက်ရှိကာကွယ်ဆေးနဲ့ တားဆီးကာကွယ်နိုင်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားပါတယ်။

အခုကိုဗစ်ဗိုင်းရပ်စ်သန္ဓေကွဲအသစ်စတွေ့တာက ယူကေနိုင်ငံမှာ ကာကွယ်ဆေးကမ္ဘာမှာကျယ်ကျယ်ပြန့်ပြန့်စထိုးတာလည်း ယူကေနိုင်ငံမှာ။

အဲ့ဒီတော့ Pfizer ရဲ့ mRNA ကာကွယ်ဆေးက ကိုဗစ်ဗိုင်းရပ်စ်သန္ဓေကွဲအသစ်ကို ကာကွယ်နိုင်မလားဆိုတာ မကြာခင်သိရမှာပါ။ဘာလို့လက်ရှိကာကွယ်ဆေးကအခုဗိုင်းရပ်စ်သန္ဓေကွဲအသစ်ကို ကာကွယ်နိုင်မယ်ထင်တာလဲ

ကာကွယ်ဆေးက လူ့ကိုယ်ခန္ဓာကနေ antibodies ပဋိပစ္စည်းတွေထွက်စေပါတယ်။အဲ့ဒီပဋိပစ္စည်းတွေက ကိုဗစ်ဗိုင်းရပ်စ်ရဲ့ spike protein ရဲ့နေရာများစွာကို ကာကွယ်တားဆီးပေးမှာပါ။

သန္ဓေကွဲဖြစ်စေတဲ့ နေရာလေးတစ်ခုက ပရိုတိန်းအပြောင်းလေး (single change) ဟာ နေရာများစွာကိုကာကွယ်ပေးနေမှုကို ပြဿနာမရှိနိုင်ဘူးလို့ ယူဆရပါတယ်။

သိပ္ပံပညာရှင်တွေဘာလုပ်နေကြသလဲ ဓာတ်ခွဲခန်းထဲမှာ အခုဗိုင်းရပ်စ်မျိုးကွဲအသစ်ကိုမွေးကြည့်ပြီး သူ့ရဲ့တုန့်ပြန်မှုကိုလေ့လာနေတယ်။antibodies response တူမလား ကာကွယ်ဆေးကကာကွယ်မှုပေးနိုင်မလား ဆိုတာတွေစမ်းသပ်နေတယ်။

အခုလိုစမ်းသပ်မှု process ပြီးမြောက်ဖို့ နှစ်ပတ်အထိကြာနိုင်တယ်။တဖက်ကလည်း အခုလိုဗိုင်းရပ်စ်သန္ဓေကွဲခြင်းဟာ ကိုဗစ်ရောဂါကပ်ကြီးရဲ့ အခြေအနေကို စောင့်ကြည့်ရာမှာအသုံးဝင်တဲ့ အဆင့်အခြေအနေမှတ်ရာ barcode လိုမျိုးအသုံးဝင်လာနိုင်ပါတယ်။

ကျနော်တို့ဘာလုပ်ရမလဲ ကိုယ့်နိုင်ငံထဲမရောက်လာဖို့ အားလုံးလေဆိပ်ကသန့်ရှင်းရေးဝန်ထမ်းလေးကအစ တာဝန်သိစွာနဲ့ဝိုင်းဝန်းကာကွယ်တားဆီးကြပေါ့။

အိန္ဒိယမှာရောဂါအကြီးအကျယ်ဖြစ်နေမှန်းသိသိနဲ့ NGO ကလို့ဆိုလိုက်တာနဲ့ Q လုံးဝမဝင်ခိုင်းပဲလွှတ်ပေးခဲ့တဲ့ ဖြစ်ရပ်မျိုးထပ်မဖြစ်စေနဲ့ပေါ့။

အရေးအကြီးဆုံးက ကိုဗစ်နဲ့ပတ်သက်လာရင် လက်မြန်ခြေမြန်နဲ့ လက်ဦးမှုယူပြီး ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုချကိုချရပါမယ်။ပြည်သူတွေဘက်ကဒီ့ထက်အများကြီး ပိုစည်းကမ်းရှိဖို့လိုနေပါပြီ။

လော်လီကားအပြည့် လူတင်ပြီး mask တပ်တဲ့သူက သုံး လေး ယောက်လောက်ပဲပါတာ မြင်ရတာအလွန်စိတ်ပျက်ပါတယ်။ဓာတ်လှေခါးထဲမှာ mask လုံးဝမတပ်ပဲအတက်အဆင်းလုပ်နေသူတွေကို ယနေ့မနက်အထိတွေ့နေရပါတယ်။

ရန်မဖြစ်မိအောင်အတော်သတိထားနေရပါတယ်။လုံးဝစည်းပျက်ကမ်းပျက်နေနေကြသလိုအရေးယူတဲ့သူလည်းမရှိကြပါ။အရေးယူမှုမရှိရင်ဘယ်သူမှစည်းကမ်းလိုက်နာမှာမဟုတ်ဘူး။

ပြန်ပြောပါမယ်။အရေးယူမှုမရှိရင်ဘယ်သူမှစည်းကမ်းလိုက်နာမှာမဟုတ်ဘူး။ဒီကြားထဲမှာ ကိုဗစ်အတွက်အရေးတကြီးလိုနေတဲ့ပစ္စည်းလှူရာမှာ အလှူလက်ခံရရှိရေးတာဝန်ရှိသူတွေက

မလုပ်မရှုပ်မပြုတ်နဲ့ ဘော်လီဘောပုတ်နေတာကို ကျနော်အတော့်ကို သည်းခံနေရပါတယ်။အဲ့ဒီတော့ – ဒီလိုနိုင်ငံကို ၇၀ ရာနှုန်းအထိပိုကူးနိုင်တဲ့ ဗိုင်းရပ်စ်သန္ဓေကွဲအသစ်ရောက်လာရင်မလွယ်ပါ။ကျနော်ပါးစပ်ပိတ်ထားတာအများကြီးပါ။

Richard Myo Thant