Zawgyi
Unicode
“မသေခင် တခေါက်လောက်တော့ကျွန်တော့်ဆီလာတွေ့ပေးကြပါ ဆိုတဲ့ အသက်(၈၇) နှစ်အရွယ် လူရွှင်တော်ကြီး ဦးစိန်ရိုး”
တစ်ခေတ်တစ်ခါတုန်းက နာမည်ကျော်ကြားခဲ့သော ဝါရင့်လူရွှင်တော်ကြီးဖြစ်တဲ့ ဦးစိန်ရိုးကိုတော့ ပရိသတ်တော်တော်များများမှတ်မိကြမှာပါနော်။
တချိန်တုန်းကတော့အငြိမ့်စင်ထက်မှာ ပရိသတ်တွေကို ရယ်စရာမောစရာတွေနဲ့ဘဲ ဟာဒရရွှင်ဆေးတိုက်ကျွေးခဲ့ဖူးတဲ့ ဦးစိန်ရိုးဟာ ယခုမှာ လောကဓံရဲ့ ရိုက်ခပ်မှုကို စတင်ခံစားနေရပါပြီ။
ဦးစိန်ရိုးကတော့အနုပညာသက်တမ်းရှည် လူရွှင်တော်တစ်ယောက် ဖြစ်ခဲ့ပေမယ့်လည်း ယခုချိန်မှာတော့ လူတွေရဲ့ မျက်ကွယ်ကို ရောက်ရှိနေပါပြီနော်။ဦးစိန်ရိုးဟာ ယခုမှာ အသက်အားဖြင့် (၈၇) နှစ်အရွယ်ရောက်နေပါပြီနော်။
ပရိတ်သတ်တွေကိုအမြဲဟာဒရရွှင်ဆေးတိုက်ကျွေးခဲ့တဲ့ ဘဘဦးစိန်ရိုးဟာ မသေခင်လာတွေ့ကြပါဦးလို့ ပြောလာခဲ့ပါနော်။ ဘဘဦးစိန်ရိုးကတော့ မသေခင် တခေါက်လောက်တော့ကျွန်တော့်ဆီလာတွေ့ပေးကြပါဆိုပြီး ပြောလာခဲ့တာပါ။
ဘဘဦးစိန်ရိုးဟာ ကျန်းမာရေးမကောင်းတော့ပဲ အိပ်ယာထဲလဲနေပြီးတော့ ထမင်းမစားနိုင်ပဲ အဟာရဓာတ်စာတွေနဲ့ အသက်ဆက်နေရတာပါ။
ဘဘဦးစိန်ရိုးဟာ မီဒီယာတွေနဲ့ ပြန်တွေ့ချိန်မှာ ပျော်လို့နေတာပါ။ချယ်ရီဦးမှလဲ နှစ်သစ်ကူးအလှူအဖြစ် ဘဘဦးစိန်ရိုးကို အလှူငွေငါးသိန်း လှူဒါန်းခဲ့တာပါနော်။credit