အသက္အႏၲရာယ္ေပးမည့္ဗိုင္းရပ္စ္မ်ိဳးသစ္မ်ားထပ္လာဦးမည္ဟုအီဘိုလာဗိုင္းရပ္စ္ရွာေတြ႕ခဲ့သူဆရာဝန္က သတိေပး
Zawgyi
အသက္အႏၲရာယ္ေပးမည့္ ဗိုင္းရပ္စ္မ်ိဳးသစ္မ်ား ထပ္လာဦးမည္ဟု အီဘိုလာဗိုင္းရပ္စ္ ရွာေတြ႕ခဲ့သူ ဆရာဝန္က သတိေပး
အသက္အႏၲရာယ္ေပးမဲ့ ဗိုင္းရပ္စ္မ်ိဳးသစ္ေတြ ထပ္လာဦးမယ္လို႔ အာဖရိကတိုက္မွာ အီဘိုလာဗိုင္းရပ္စ္ကို ရွာေဖြေတြ႕ရွိခဲ့တဲ့ ဆရာဝန္ပညာရွင္က သတိေပးေျပာၾကားပါတယ္။
အာဖရိကတိုက္ မိုးသစ္ေတာေတြထဲကေန အႏၲရာယ္ရွိတဲ့ ဗိုင္းရပ္စ္အသစ္ေတြ ေပၚထြက္လာမဲ့ အလားအလာျမင္ေတြ႕ေနရေၾကာင္း ပါေမာကၡ Jean-Jacques Muyembe Tamfum က ေျပာပါတယ္။
အီဘိုလာဗိုင္းရပ္စ္ကို ၁၉၇၆ တုန္းက ရွာေဖြေတြ႕ရွိရာမွာ သူလဲ ပါဝင္ခဲ့ၿပီး ေရာဂါပိုးသစ္ေတြကို ဆက္လက္ေလ့လာ ရွာေဖြေနသူပါ။ကြန္ဂိုႏိုင္ငံမွာ အီဘိုလာနဲ႔ ဆင္တူတဲ့ ေရာဂါလကၡဏာျပသူ လူနာတဦးကို စစ္ေဆးအၿပီးမွာ
အီဘိုလာလဲ မဟုတ္သလို ရွိႏွင့္ၿပီး တျခားေရာဂါေတြနဲ႔လဲ မကိုက္ညီဘူးလို႔ ဆိုပါတယ္။ေရာဂါပိုးနမူနာကို ေတြ႕ရွိရာေနရာမွာေရာ ၿမိဳ႕ေတာ္ ကင္ရွာဆာက ဇီဝေဆးဝါးသုေတသနဌာန National Institute of Biomedical Research (INRB) မွာပါ အဆင့္ဆင့္ စစ္ေဆးၿပီးေနာက္ အေျဖရွာမရဘဲ ပေဟဠိျဖစ္ေနဆဲပါ။
တိရစာၦန္ကေန လူကိုကူးစက္တဲ့ ေရာဂါေတြ လာဦးမယ္လို႔လဲ Muyembe က သတိေပးၿပီး ေနာင္လာမဲ့ ဗိုင္းရပ္စ္ေတြဟာ ကိုဗစ္-၁၉ ထက္ ပိုၿပီး ဆိုး႐ြားျပင္းထန္ႏိုင္တယ္လို႔ ယူဆေၾကာင္း ေျပာၾကားပါတယ္။
Source : CNN
One News Myanmar
Unicode
အသက်အန္တရာယ်ပေးမည့် ဗိုင်းရပ်စ်မျိုးသစ်များ ထပ်လာဦးမည်ဟု အီဘိုလာဗိုင်းရပ်စ် ရှာတွေ့ခဲ့သူ ဆရာဝန်က သတိပေး
အသက်အန္တရာယ်ပေးမဲ့ ဗိုင်းရပ်စ်မျိုးသစ်တွေ ထပ်လာဦးမယ်လို့ အာဖရိကတိုက်မှာ အီဘိုလာဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ ဆရာဝန်ပညာရှင်က သတိပေးပြောကြားပါတယ်။
အာဖရိကတိုက် မိုးသစ်တောတွေထဲကနေ အန္တရာယ်ရှိတဲ့ ဗိုင်းရပ်စ်အသစ်တွေ ပေါ်ထွက်လာမဲ့ အလားအလာမြင်တွေ့နေရကြောင်း ပါမောက္ခ Jean-Jacques Muyembe Tamfum က ပြောပါတယ်။
အီဘိုလာဗိုင်းရပ်စ်ကို ၁၉၇၆ တုန်းက ရှာဖွေတွေ့ရှိရာမှာ သူလဲ ပါဝင်ခဲ့ပြီး ရောဂါပိုးသစ်တွေကို ဆက်လက်လေ့လာ ရှာဖွေနေသူပါ။ကွန်ဂိုနိုင်ငံမှာ အီဘိုလာနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာပြသူ လူနာတဦးကို စစ်ဆေးအပြီးမှာ
အီဘိုလာလဲ မဟုတ်သလို ရှိနှင့်ပြီး တခြားရောဂါတွေနဲ့လဲ မကိုက်ညီဘူးလို့ ဆိုပါတယ်။ရောဂါပိုးနမူနာကို တွေ့ရှိရာနေရာမှာရော မြို့တော် ကင်ရှာဆာက ဇီဝဆေးဝါးသုတေသနဌာန National Institute of Biomedical Research (INRB) မှာပါ အဆင့်ဆင့် စစ်ဆေးပြီးနောက် အဖြေရှာမရဘဲ ပဟေဠိဖြစ်နေဆဲပါ။
တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ ရောဂါတွေ လာဦးမယ်လို့လဲ Muyembe က သတိပေးပြီး နောင်လာမဲ့ ဗိုင်းရပ်စ်တွေဟာ ကိုဗစ်-၁၉ ထက် ပိုပြီး ဆိုးရွားပြင်းထန်နိုင်တယ်လို့ ယူဆကြောင်း ပြောကြားပါတယ်။
Source : CNN
One News Myanmar