အလြန္အက်ိဴးထူးေစေသာ ဂုဏ္ေတာ္ကိုးပါး ပုတီး (10)ပတ္ရေအာင္ စိပ္နည္း
Zawgyi
အလြန္အက်ိဴးထူးေစေသာ ဂုဏ္ေတာ္ကိုးပါး ပုတီး (10)ပတ္ရေအာင္ စိပ္နည္းေလးပါ
အလြန္အက်ိဴးထူးေစေသာ ဂုဏ္ေတာ္ကိုးပါး ပုတီး (10)ပတ္ရေအာင္ စိပ္နည္းေလးပါ။ ဂုဏ္ေတာ္ကိုးပါးကို ပုတီး (10)ပတ္ ရေအာင္ခြဲ၍ စိပ္နည္း ျဖစ္ပါတယ္။ မည္သည့္ေန႔ သားသမီးမဆို တနဂၤေႏြည ကိုးနာရီမွည ဆယ္ႏွစ္နာရီအတြင္း အဆင္ေျပသည့္အခ်ိန္တြင္ စိပ္ပါ။
ေနာက္တစ္ပတ္ တနဂၤေႏြေန႔ထိ ညရွစ္နာရီတိတိ ညစဥ္စိပ္ပါ။ ေန႔စဥ္ (10) ပတ္ စိပ္ရမွာျဖစ္ပါတယ္။ စိပ္ရမယ့္ အခ်ိန္ အတူတူပါဘဲ။ဘုရားရွင္အား ေသာက္ေတာ္ေရခ်မ္းမ်ား ဖေယာင္းတိုင္ အေမႊးတိုင္မ်ားပူေဇာ္၍ စိပ္ပါ။
သတိျပဳရန္မွာ ပုတီးစိပ္ေနေသာ ရွစ္ရက္အတြင္း မိမိအလိုခ်င္ဆုံး အျဖစ္ခ်င္ဆုံး ဆုတစ္ခုသာ ေတာင္းရန္ျဖစ္သည္။ဤပုတီးစိပ္နည္းကို အလုပ္ရွာေနေသာ ညီမငယ္တစ္ဦးအား စိပ္ေစရာ တစ္လအတြင္း ခန႔္မွန္းထားသည္ထက္ လစာပိုေကာင္းေသာ အလုပ္ရသြားသည္ကို ေတြ႕ရပါသည္။
အိမ္ေထာင္ေရး အဆင္မေျပ၍မိဘအိမ္ျပန္ေနသူ ညီမငယ္တစ္ဦးက ပုတီးစိပ္ၿပီး ရက္ ႏွစ္ဆယ္အၾကာတြင္ ခင္ပြန္းျဖစ္သူမွ မိဘမ်ားအားေတာင္းပန္၍ လိုက္လံေခၚေဆာင္ေၾကာင္း သိရပါသည္။
လူမႈေရး စီးပြားေရး ပညာေရး က်န္းမာေရး အခ်စ္ေရးအိမ္ေထာင္ေရး မည္သည့္ကိစၥရပ္မဆို အဆင္ေျပရန္ စိပ္ႏိုင္ပါသည္။ (108)လုံး ပုတီးျဖင့္သာ စိပ္ပါ။ မွတ္ခ်က္။ ။ ဂုဏ္ေတာ္ ဆယ္ပါး မဟုတ္ပါ။ ဂုဏ္ေတာ္ ကိုးပါးကို ပုတီး ဆယ္ပတ္ရေအာင္ စိပ္ျခင္းျဖစ္ပါသည္။ ခရက္ဒစ္
Unicode
အလွန်အကျိူးထူးစေသော ဂုဏ်တော်ကိုးပါး ပုတီး (10)ပတ်ရအောင် စိပ်နည်းလေးပါ
အလွန်အကျိူးထူးစေသော ဂုဏ်တော်ကိုးပါး ပုတီး (10)ပတ်ရအောင် စိပ်နည်းလေးပါ။ ဂုဏ်တော်ကိုးပါးကို ပုတီး (10)ပတ် ရအောင်ခွဲ၍ စိပ်နည်း ဖြစ်ပါတယ်။ မည်သည့်နေ့ သားသမီးမဆို တနင်္ဂနွေည ကိုးနာရီမှည ဆယ်နှစ်နာရီအတွင်း အဆင်ပြေသည့်အချိန်တွင် စိပ်ပါ။
နောက်တစ်ပတ် တနင်္ဂနွေနေ့ထိ ညရှစ်နာရီတိတိ ညစဉ်စိပ်ပါ။ နေ့စဉ် (10) ပတ် စိပ်ရမှာဖြစ်ပါတယ်။ စိပ်ရမယ့် အချိန် အတူတူပါဘဲ။ဘုရားရှင်အား သောက်တော်ရေချမ်းများ ဖယောင်းတိုင် အမွှေးတိုင်များပူဇော်၍ စိပ်ပါ။
သတိပြုရန်မှာ ပုတီးစိပ်နေသော ရှစ်ရက်အတွင်း မိမိအလိုချင်ဆုံး အဖြစ်ချင်ဆုံး ဆုတစ်ခုသာ တောင်းရန်ဖြစ်သည်။ဤပုတီးစိပ်နည်းကို အလုပ်ရှာနေသော ညီမငယ်တစ်ဦးအား စိပ်စေရာ တစ်လအတွင်း ခန့်မှန်းထားသည်ထက် လစာပိုကောင်းသော အလုပ်ရသွားသည်ကို တွေ့ရပါသည်။
အိမ်ထောင်ရေး အဆင်မပြေ၍မိဘအိမ်ပြန်နေသူ ညီမငယ်တစ်ဦးက ပုတီးစိပ်ပြီး ရက် နှစ်ဆယ်အကြာတွင် ခင်ပွန်းဖြစ်သူမှ မိဘများအားတောင်းပန်၍ လိုက်လံခေါ်ဆောင်ကြောင်း သိရပါသည်။
လူမှုရေး စီးပွားရေး ပညာရေး ကျန်းမာရေး အချစ်ရေးအိမ်ထောင်ရေး မည်သည့်ကိစ္စရပ်မဆို အဆင်ပြေရန် စိပ်နိုင်ပါသည်။ (108)လုံး ပုတီးဖြင့်သာ စိပ်ပါ။ မှတ်ချက်။ ။ ဂုဏ်တော် ဆယ်ပါး မဟုတ်ပါ။ ဂုဏ်တော် ကိုးပါးကို ပုတီး ဆယ်ပတ်ရအောင် စိပ်ခြင်းဖြစ်ပါသည်။ ခရက်ဒစ်