ကိုဗစ္ဝင္ၿပီလို႔သံသယရွိရင္အသက္ေအာင့္ၾကည့္တဲ့နည္းႏွင့္ေဆး႐ုံသြားစရာ လို/မလို

Zawgyi

ကိုဗစ္ဝင္ၿပီလို႔ သံသယရွိရင္ အသက္ေအာင့္ၾကည့္တဲ့နည္း ႏွင့္ ေဆး႐ုံသြားစရာ လို/မလို

အခုျမင္ေန ၾကားေနရတာကို ၾကည့္ရင္..မဖ်ားဘဲ အနံ႔ေပ်ာက္သြားတဲ့သူေတြဟာ ေရာဂါေပ်ာ့တတ္တယ္၊ ဖ်ားရင္ေတာင္ ေပ်ာ့ေပ်ာ့နဲ႔ ၿပီးသြားတတ္တယ္.. ဖ်ားနာၿပီးမွ အနံ႔ေပ်ာက္တဲ့သူေတြဟာ ေရာဂါပိုဆိုးတတ္တယ္

ဖ်ား႐ုံဖ်ားၿပီး အနံ႔မေပ်ာက္တဲ့သူေတြလဲ ေရာဂါဆိုးႏိုင္တယ္(old strain လို႔ယူဆရတယ္ ဘယ္သူမွေသခ်ာမသိ)ဒီအတိုင္း Absolute ျဖစ္ကိုမျဖစ္ရမယ္လို႔ မဆိုလိုပါ၊ အနံ႔အရင္ေပ်ာက္ၿပီး မဖ်ားဘဲဆိုးသြားတဲ့သူေတြလဲရွိမွာပါ.. ကိုယ့္အေျခအေနကိုယ္သိဖို႔ပါ။

ေနာက္တစ္ခ်က္က သူငယ္ခ်င္း Dr. Myo Han အႀကံျပဳထားတာ အေတာ္ေလးေကာင္းပါတယ္.. လက္ရွိေခတ္စားေနတာ Pulse Oximeter ေပါ့။ တကယ္လဲ အသုံးဝင္ပါတယ္။ Oxygen level 95% ေအာက္ေရာက္ရင္ ေအာက္ဆီဂ်င္ရႉဖို႔လိုမယ္ဆိုေတာ့ တိုင္းႏိုင္ရင္ ေကာင္းတာေပ့ါ

Pulse Oximeter မတိုင္းႏိုင္ဘူး မဝယ္ႏိုင္ဘူးဆို ဘာလုပ္မလဲ။ ဟုတ္ကဲ့ အသက္ေအာင့္ၾကည့္ပါ။ပုံမွန္ခ်ိန္မွာ ဘယ္ေလာက္ၾကာၾကာ ေအာင့္ႏိုင္လဲ Standard ယူထားပါ။ ၁၀ စကၠန႔္လား ၅ စကၠန႔္လား။

တစ္ေယာက္နဲ႔ တစ္ေယာက္မတူတဲ့အတြက္ ကိုယ့္ခံႏိုင္ရည္ ကိုယ္စစ္ရမွာပါ။အသက္ၾကာၾကာေအာင့္ႏိုင္တဲ့သူဟာ ကိုဗစ္မွာ ပိုၿပီးခံႏိုင္ရည္ရွိမယ္လို႔ အၾကမ္းဖ်င္းယူဆရတယ္။

အဆုတ္အားေကာင္းၿပီး oxygen deprivation ကို ခံႏိုင္ရည္ရွိေနေအာင္ ေလ့က်င့္ထားတဲ့သူေတြပါ။ ေရကူးတာမ်ိဳး ေရငုတ္တာမ်ိဳးလုပ္တတ္တဲ့သူေတြဆို ခံႏိုင္ရည္ေကာင္းတတ္ပါတယ္။

ကိုဗစ္ဝင္ၿပီလို႔ သံသယရွိရင္ တစ္ေန႔ကို ၃ ခါေလာက္ အသက္ေအာင့္ေအာင့္ၾကည့္ပါ။ ပုံမွန္ standard နဲ႔ ယွဥ္ၿပီး ပုံမွန္ၾကာခ်ိန္ေလာက္ မေအာင့္ႏိုင္ဘဲ ေမာေမာလာၿပီဆို ေသြးထဲ ေအာက္ဆီဂ်င္က်ေနၿပီလို႔ ယူဆလို႔ရပါတယ္။

အဲ့အခ်ိန္ဆို ေအာက္ဆီဂ်င္ရႉမလား ေဆး႐ုံသြားမလား စဥ္းစားပါ။မျဖစ္မေန ေဆး႐ုံသြားရမယ္မရွိပါဘူး။ေဆး႐ုံသြားရင္ ေဆး႐ုံက်မွ ကူးၿပီးေသမွာေၾကာက္ေနၾကၿပီဆိုတာ ေကာင္းေကာင္းနားလည္ပါတယ္.. ကိုယ့္ရဲ႕ Risk နဲ႔ ကိုယ္ ေသခ်ာခ်ိန္ထိုးစဥ္းစားပါ။

စဥ္းစားလို႔ရေအာင္လဲ အခ်က္အလက္ေတြေပးထားပါတယ္။ ကိုယ္တိုင္ဆုံးျဖတ္ၿပီး ျဖစ္လာတာကိုယ့္ဟာကိုယ္လက္ခံဖို႔က အေရးအႀကီးဆုံးပါ။

ေသမယ့္သူက အိမ္မွာေနလို႔ ၁၀၀% ေသမယ္ဆို ေဆး႐ုံေရာက္သြားရင္ ၉၀% ေလာက္ေတာ့ေသႏိုင္ပါတယ္။ ေဆး႐ုံမွာ ကုသေပးတယ္ဆိုတာ ၁၀% ေလာက္ကယ္ႏိုင္ေအာင္ ေအာက္ဆီဂ်င္ေပးတာမ်ိဳးနဲ႔ ႀကိဳးစားတာမ်ိဳးပါ။

ဗိုင္းရပ္စ္မွာ အဓိကကေတာ့ လူခႏၶာကိုယ္ကပဲ တိုက္ထုတ္ရမွာျဖစ္ပါတယ္။ဒီေတာ့ ေဆး႐ုံသြားမသြားနဲ႔ ေဆး႐ုံသြားဖို႔ လိုအပ္မယ့္အေျခအေနေတြကို ကိုယ္တိုင္ခ်ိန္ထိုးဖို႔နဲ႔ ဆုံးျဖတ္ဖို႔ပဲ ေျပာခ်င္တာပါ..Risk မ်ားတဲ့အဖြဲ႕ ခြဲျခားပုံထပ္ေရးေပးလိုက္ပါတယ္

Risk အႏၲရာယ္မ်ားေသာအုပ္စု သတ္မွတ္ခ်က္ – အသက္ ၆၀ အထက္ ဆီးခ်ိဳ ေသြးတိုး ႏွလုံး ကင္ဆာ အသည္း ေက်ာက္ကပ္ေရာဂါ အဆုတ္ႏွင့္ရင္ၾကပ္ေရာဂါ ႏွင့္ ေသြးေလးဖက္နာ၊ Autoimmune ေရာဂါကဲ့သို႔ ေရာဂါႀကီး ေနာက္ခံရွိသူမ်ား၊

အဝလြန္သူမ်ား (BMI over 35) ေဆးလိပ္အလြန္အကြၽံေသာက္သူ..Risk အႏၲရာယ္နည္းေသာအုပ္စု သတ္မွတ္ခ်က္ – အသက္ ၆၀ ေအာက္ ေနာက္ခံေရာဂါမရွိသူ ပုံမွန္ကိုယ္အေလးခ်ိန္ရွိသူ..ေနာက္ဆုံးေျပာခ်င္တာ ကိုဗစ္ဝင္ၿပီဆိုၿပီး သံသယရွိရင္

ဟိုေဆးေသာက္ ဒီေဆးေသာက္ဆိုတာေတြပါ..ေဆးဆိုတာမ်ိဳးက ေဘးထြက္ဆိုးက်ိဳးမ်ားပါတယ္။ ဆရာဝန္ေတြက လူနာကိုေပးရင္ လူနာအေျခအေနကို အၿမဲေစာင့္ၾကည့္ေနရၿပီး လိုတိုး ပိုေလ်ာ့လုပ္ရတာပါ။

ဟိုေန႔ကေျပာသလို ဇင့္ေသာက္ၿပီး အိပ္ရာက မထႏိုင္ဘူးဆိုတာမ်ိဳးအေျခအေနအထိ ေရာက္သြားတာ မတရားမ်ားေနၿပီဆိုတဲ့သက္ေသပါ။ လူနာ အႏၲရာယ္မ်ားပါတယ္။အြန္လိုင္းကေန ဆရာႀကီးလိုလိုနဲ႔ ဟိုဟာဘယ္ေလာက္ေသာက္ ဒီဟာဘယ္ေလာက္ေသာက္ဆိုၿပီး ေ

ဆးၫႊန္းႀကီး လူတိုင္းတူတူ ၫႊန္းတာမ်ိဳး ဘယ္ေတာ့မွ လုပ္မရပါဘူး။ပိန္တယ္ဝတယ္ ေအာက္ခံေရာဂါရွိတယ္ ဘာမွမသိဘဲ တူတူစြတ္ေပးရင္ ျပႆနာတက္လို႔တက္မွန္းမသိဘဲ ဒုကၡမ်ားတတ္ပါတယ္။ အဲ့လိုၫႊန္းတဲ့သူမ်ားဟာ Ethic က်င့္ဝတ္မရွိသူမ်ား၊ ေဆးမ်ားမ်ား ေရာင္းစားခ်င္တဲ့သူမ်ားလို႔ပဲ ေျပာခ်င္ပါတယ္။

ေဒါက္တာေက်ာ္ေက်ာ္စိုင္း (M.B.,B.S. IM1)

Unicode

ကိုဗစ်ဝင်ပြီလို့ သံသယရှိရင် အသက်အောင့်ကြည့်တဲ့နည်း နှင့် ဆေးရုံသွားစရာ လို/မလို

အခုမြင်နေ ကြားနေရတာကို ကြည့်ရင်..မဖျားဘဲ အနံ့ပျောက်သွားတဲ့သူတွေဟာ ရောဂါပျော့တတ်တယ်၊ ဖျားရင်တောင် ပျော့ပျော့နဲ့ ပြီးသွားတတ်တယ်.. ဖျားနာပြီးမှ အနံ့ပျောက်တဲ့သူတွေဟာ ရောဂါပိုဆိုးတတ်တယ်

ဖျားရုံဖျားပြီး အနံ့မပျောက်တဲ့သူတွေလဲ ရောဂါဆိုးနိုင်တယ်(old strain လို့ယူဆရတယ် ဘယ်သူမှသေချာမသိ)ဒီအတိုင်း Absolute ဖြစ်ကိုမဖြစ်ရမယ်လို့ မဆိုလိုပါ၊ အနံ့အရင်ပျောက်ပြီး မဖျားဘဲဆိုးသွားတဲ့သူတွေလဲရှိမှာပါ.. ကိုယ့်အခြေအနေကိုယ်သိဖို့ပါ။

နောက်တစ်ချက်က သူငယ်ချင်း Dr. Myo Han အကြံပြုထားတာ အတော်လေးကောင်းပါတယ်.. လက်ရှိခေတ်စားနေတာ Pulse Oximeter ပေါ့။ တကယ်လဲ အသုံးဝင်ပါတယ်။ Oxygen level 95% အောက်ရောက်ရင် အောက်ဆီဂျင်ရှူဖို့လိုမယ်ဆိုတော့ တိုင်းနိုင်ရင် ကောင်းတာပေ့ါ

Pulse Oximeter မတိုင်းနိုင်ဘူး မဝယ်နိုင်ဘူးဆို ဘာလုပ်မလဲ။ ဟုတ်ကဲ့ အသက်အောင့်ကြည့်ပါ။ပုံမှန်ချိန်မှာ ဘယ်လောက်ကြာကြာ အောင့်နိုင်လဲ Standard ယူထားပါ။ ၁၀ စက္ကန့်လား ၅ စက္ကန့်လား။

တစ်ယောက်နဲ့ တစ်ယောက်မတူတဲ့အတွက် ကိုယ့်ခံနိုင်ရည် ကိုယ်စစ်ရမှာပါ။အသက်ကြာကြာအောင့်နိုင်တဲ့သူဟာ ကိုဗစ်မှာ ပိုပြီးခံနိုင်ရည်ရှိမယ်လို့ အကြမ်းဖျင်းယူဆရတယ်။

အဆုတ်အားကောင်းပြီး oxygen deprivation ကို ခံနိုင်ရည်ရှိနေအောင် လေ့ကျင့်ထားတဲ့သူတွေပါ။ ရေကူးတာမျိုး ရေငုတ်တာမျိုးလုပ်တတ်တဲ့သူတွေဆို ခံနိုင်ရည်ကောင်းတတ်ပါတယ်။

ကိုဗစ်ဝင်ပြီလို့ သံသယရှိရင် တစ်နေ့ကို ၃ ခါလောက် အသက်အောင့်အောင့်ကြည့်ပါ။ ပုံမှန် standard နဲ့ ယှဉ်ပြီး ပုံမှန်ကြာချိန်လောက် မအောင့်နိုင်ဘဲ မောမောလာပြီဆို သွေးထဲ အောက်ဆီဂျင်ကျနေပြီလို့ ယူဆလို့ရပါတယ်။

အဲ့အချိန်ဆို အောက်ဆီဂျင်ရှူမလား ဆေးရုံသွားမလား စဉ်းစားပါ။မဖြစ်မနေ ဆေးရုံသွားရမယ်မရှိပါဘူး။ဆေးရုံသွားရင် ဆေးရုံကျမှ ကူးပြီးသေမှာကြောက်နေကြပြီဆိုတာ ကောင်းကောင်းနားလည်ပါတယ်.. ကိုယ့်ရဲ့ Risk နဲ့ ကိုယ် သေချာချိန်ထိုးစဉ်းစားပါ။

စဉ်းစားလို့ရအောင်လဲ အချက်အလက်တွေပေးထားပါတယ်။ ကိုယ်တိုင်ဆုံးဖြတ်ပြီး ဖြစ်လာတာကိုယ့်ဟာကိုယ်လက်ခံဖို့က အရေးအကြီးဆုံးပါ။

သေမယ့်သူက အိမ်မှာနေလို့ ၁၀၀% သေမယ်ဆို ဆေးရုံရောက်သွားရင် ၉၀% လောက်တော့သေနိုင်ပါတယ်။ ဆေးရုံမှာ ကုသပေးတယ်ဆိုတာ ၁၀% လောက်ကယ်နိုင်အောင် အောက်ဆီဂျင်ပေးတာမျိုးနဲ့ ကြိုးစားတာမျိုးပါ။

ဗိုင်းရပ်စ်မှာ အဓိကကတော့ လူခန္ဓာကိုယ်ကပဲ တိုက်ထုတ်ရမှာဖြစ်ပါတယ်။ဒီတော့ ဆေးရုံသွားမသွားနဲ့ ဆေးရုံသွားဖို့ လိုအပ်မယ့်အခြေအနေတွေကို ကိုယ်တိုင်ချိန်ထိုးဖို့နဲ့ ဆုံးဖြတ်ဖို့ပဲ ပြောချင်တာပါ..Risk များတဲ့အဖွဲ့ ခွဲခြားပုံထပ်ရေးပေးလိုက်ပါတယ်

Risk အန္တရာယ်များသောအုပ်စု သတ်မှတ်ချက် – အသက် ၆၀ အထက် ဆီးချို သွေးတိုး နှလုံး ကင်ဆာ အသည်း ကျောက်ကပ်ရောဂါ အဆုတ်နှင့်ရင်ကြပ်ရောဂါ နှင့် သွေးလေးဖက်နာ၊ Autoimmune ရောဂါကဲ့သို့ ရောဂါကြီး နောက်ခံရှိသူများ၊

အဝလွန်သူများ (BMI over 35) ဆေးလိပ်အလွန်အကျွံသောက်သူ..Risk အန္တရာယ်နည်းသောအုပ်စု သတ်မှတ်ချက် – အသက် ၆၀ အောက် နောက်ခံရောဂါမရှိသူ ပုံမှန်ကိုယ်အလေးချိန်ရှိသူ..နောက်ဆုံးပြောချင်တာ ကိုဗစ်ဝင်ပြီဆိုပြီး သံသယရှိရင်

ဟိုဆေးသောက် ဒီဆေးသောက်ဆိုတာတွေပါ..ဆေးဆိုတာမျိုးက ဘေးထွက်ဆိုးကျိုးများပါတယ်။ ဆရာဝန်တွေက လူနာကိုပေးရင် လူနာအခြေအနေကို အမြဲစောင့်ကြည့်နေရပြီး လိုတိုး ပိုလျော့လုပ်ရတာပါ။

ဟိုနေ့ကပြောသလို ဇင့်သောက်ပြီး အိပ်ရာက မထနိုင်ဘူးဆိုတာမျိုးအခြေအနေအထိ ရောက်သွားတာ မတရားများနေပြီဆိုတဲ့သက်သေပါ။ လူနာ အန္တရာယ်များပါတယ်။အွန်လိုင်းကနေ ဆရာကြီးလိုလိုနဲ့ ဟိုဟာဘယ်လောက်သောက် ဒီဟာဘယ်လောက်သောက်ဆိုပြီး ေ

ဆးညွှန်းကြီး လူတိုင်းတူတူ ညွှန်းတာမျိုး ဘယ်တော့မှ လုပ်မရပါဘူး။ပိန်တယ်ဝတယ် အောက်ခံရောဂါရှိတယ် ဘာမှမသိဘဲ တူတူစွတ်ပေးရင် ပြဿနာတက်လို့တက်မှန်းမသိဘဲ ဒုက္ခများတတ်ပါတယ်။ အဲ့လိုညွှန်းတဲ့သူများဟာ Ethic ကျင့်ဝတ်မရှိသူများ၊ ဆေးများများ ရောင်းစားချင်တဲ့သူများလို့ပဲ ပြောချင်ပါတယ်။

ဒေါက်တာကျော်ကျော်စိုင်း (M.B.,B.S. IM1)