ဖခင္ျဖစ္သူက သားကိုအရွက္ခြဲခ်င္လို႔ ႀကံစည္ေနတာ ၾကာၿပီလို႔ ပရိတ္သတ္ေတြသိေအာင္ေျပာျပလိုက္တဲ့ ျမင့္ျမတ္ရဲ႕ မိခင္
Zawgyi
ဖခင္ျဖစ္သူက သားကိုအရွက္ခြဲခ်င္လို႔ ႀကံစည္ေနတာ ၾကာၿပီလို႔ ပရိတ္သတ္ေတြသိေအာင္ေျပာျပလိုက္တဲ့ ျမင့္ျမတ္ရဲ႕ မိခင္
ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္မင္းသားျမင့္ျမတ္ကေတာ့ ေအာင္ျမင္မႈေတြနဲ႔ ထိပ္တန္းကရပ္တည္ႏိုင္တဲ့ မင္းသားတစ္ဦးျဖစ္ေပမယ့္ ပကာသနေတြကင္းကင္းနဲ႔ ေနထိုင္တတ္တဲ့ပုံရိပ္ေလးေတြေၾကာင့္ ပရိသတ္ေတြတစ္ခဲနက္ခ်စ္ခင္အားေပးေနၾကသူပဲ ျဖစ္ပါတယ္ေနာ္..။
ျမင့္ျမတ္ကေတာ့ လတ္တေလာမွာ မိသားစုအတြင္းေရးကိစၥေတြနဲ႔ပတ္သက္ၿပီး ဖခင္ျဖစ္သူေၾကာင့္ ပရိသတ္ေတြရဲ႕အထင္လြဲမႈေတြကို ခံေနရကာ စိတ္မေကာင္းျဖစ္ေနတဲ့အေၾကာင္းေလးကိုလည္း ပရိသတ္ေတြအားလုံး သိရွိၾကမွာပါေနာ္..။
အဆိုပါကိစၥေတြနဲ႔ ပတ္သက္ၿပီးအားေပးနားလည္ၾကတဲ့ပရိသတ္ေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြရွိၾကသလို အေၾကာင္းစုံေသခ်ာမသိဘဲ ေဝဖန္အျပစ္တင္ၾကတဲ့ပရိသတ္ေတြနဲ႔လည္း ရင္ဆိုင္ေနရတဲ့ သားျဖစ္သူအတြက္ ျမင့္ျမတ္ရဲ႕မိခင္က ကိုယ္တိုင္ေရွ႕ထြက္ ေျဖရွင္းလာပါတယ္ေနာ္..။
တစ္ေယာက္တည္းႀကိတ္ခံစားကာ ပရိသတ္ေတြအထင္လြဲတာခံရေနရတဲ့ သားျဖစ္သူကိုမၾကည့္ရက္ေတာ့ဘဲ အမွန္တရားကိုေျဖရွင္းေျပာျပလာတာျဖစ္ၿပီး ဗီဒီယိုဖိုင္ေလးကိုေတာ့ ျမင့္ျမတ္ရဲ႕သူငယ္ခ်င္းျဖစ္သူ ဂ်ဴးဂ်ဴးပန္ထြာက ျပန္လည္ေဝမွ်ထားတာပါ..။
“အမွန္တရား တခုကို ရွင္းျပခဲ့တဲ့ ကိုျမင့္ျမတ္ရဲ႕အေမ …” ဆိုၿပီး သူငယ္ခ်င္းျဖစ္သူ ျမင့္ျမတ္ရဲ႕မိခင္ကိုယ္တိုင္ ရွင္းလင္းေျပာျပထားတဲ့ ဗီဒီယိုဖိုင္ေလးကို ဂ်ဴးဂ်ဴးပန္ထြာက ေဝမွ်တင္ေပးလာတာပဲ ျဖစ္ပါတယ္ေနာ္..။ အဆိုပါ ဗြီဒီယိုဖိုင္ထဲမွာေတာ့ ျမင့္ျမတ္ရဲ႕ မိခင္က အခုလိုပဲ ေျပာျပခဲ့ပါတယ္။
ျမင့္ျမတ္ရဲ႕ မိခင္ေျပာခဲ့တာကေတာ့ ” သားက ငယ္ငယ္ေလးကတည္းက အေမကို ကားပိုင္ အိမ္ပိုင္ထားခ်င္တဲ့စိတ္နဲ႔ ႀကိဳးစားတာ..အေမကို အခုလို ထားခ်င္တယ္ဆိုတဲ့ စိတ္ကေလးနဲ႔ပဲ ေအာင္ျမင္သြားတာပါ။
ျမင့္ျမတ္ရဲ႕ အေဖက ဆိုင္တဆိုင္လုံးကိုေတာင္ ပိုင္တာပါ။ မီဒီယာမွာ taxi ေမာင္းတယ္ဆိုၿပီး အင္တာဗ်ဴး ေျဖတာက သားကို အရွက္ခြဲခ်င္လို႔ပါ။ အဲ့လိုလုပ္ဖို႔ ႀကံစည္ေနတာေတာ့ ၾကၿပီ မေအာင္ျမင္ခဲ့တာေပါ့။
အခုမွ သတင္းသမားကို ကိုယ္တိုင္ေခၚၿပီး အခုလို အင္တာဗ်ဴးေျဖခဲ့တာ။ သားကို အေမတေယာက္အေနနဲ႔ ေျပာခ်င္တာကေတာ့ ဂ႐ုစိုက္စရာကို မလိုဘူး။ စိတ္ဓာတ္မက်နဲ႔ ကိုယ့္အလုပ္ကို ကိုယ္လုပ္ပါ။
ကိုယ့္ပရိတ္သတ္ေတြနဲ႔ ကိုယ္ ေပ်ာ္ေအာင္ေနပါလို႔ ေျပာခ်င္ပါတယ္။ ” ဆိုကာ ဗြီဒီယိုဖိုင္မွာ ျမင့္ျမတ္ရဲ႕ မိခင္ကိုယ္တိုင္ ေျဖၾကားေပးခဲ့တာ ျဖစ္ပါတယ္။ ပရိတ္သတ္ႀကီးရဲ႕ ထင္ျမင္ခ်က္ေလးေတြကိုလည္း မွတ္ခ်က္ေပးခဲ့ပါဦးေနာ္။ ဖတ္ရႈေပးတဲ့ အတြက္ အထူးပဲ ေက်းဇူးတင္ရွိပါတယ္ရွင္။
Unicode
ဖခင်ဖြစ်သူက သားကိုအရှက်ခွဲချင်လို့ ကြံစည်နေတာ ကြာပြီလို့ ပရိတ်သတ်တွေသိအောင်ပြောပြလိုက်တဲ့ မြင့်မြတ်ရဲ့ မိခင်
ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားမြင့်မြတ်ကတော့ အောင်မြင်မှုတွေနဲ့ ထိပ်တန်းကရပ်တည်နိုင်တဲ့ မင်းသားတစ်ဦးဖြစ်ပေမယ့် ပကာသနတွေကင်းကင်းနဲ့ နေထိုင်တတ်တဲ့ပုံရိပ်လေးတွေကြောင့် ပရိသတ်တွေတစ်ခဲနက်ချစ်ခင်အားပေးနေကြသူပဲ ဖြစ်ပါတယ်နော်..။
မြင့်မြတ်ကတော့ လတ်တလောမှာ မိသားစုအတွင်းရေးကိစ္စတွေနဲ့ပတ်သက်ပြီး ဖခင်ဖြစ်သူကြောင့် ပရိသတ်တွေရဲ့အထင်လွဲမှုတွေကို ခံနေရကာ စိတ်မကောင်းဖြစ်နေတဲ့အကြောင်းလေးကိုလည်း ပရိသတ်တွေအားလုံး သိရှိကြမှာပါနော်..။
အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီးအားပေးနားလည်ကြတဲ့ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေရှိကြသလို အကြောင်းစုံသေချာမသိဘဲ ဝေဖန်အပြစ်တင်ကြတဲ့ပရိသတ်တွေနဲ့လည်း ရင်ဆိုင်နေရတဲ့ သားဖြစ်သူအတွက် မြင့်မြတ်ရဲ့မိခင်က ကိုယ်တိုင်ရှေ့ထွက် ဖြေရှင်းလာပါတယ်နော်..။
တစ်ယောက်တည်းကြိတ်ခံစားကာ ပရိသတ်တွေအထင်လွဲတာခံရနေရတဲ့ သားဖြစ်သူကိုမကြည့်ရက်တော့ဘဲ အမှန်တရားကိုဖြေရှင်းပြောပြလာတာဖြစ်ပြီး ဗီဒီယိုဖိုင်လေးကိုတော့ မြင့်မြတ်ရဲ့သူငယ်ချင်းဖြစ်သူ ဂျူးဂျူးပန်ထွာက ပြန်လည်ဝေမျှထားတာပါ..။
“အမှန်တရား တခုကို ရှင်းပြခဲ့တဲ့ ကိုမြင့်မြတ်ရဲ့အမေ …” ဆိုပြီး သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့မိခင်ကိုယ်တိုင် ရှင်းလင်းပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဂျူးဂျူးပန်ထွာက ဝေမျှတင်ပေးလာတာပဲ ဖြစ်ပါတယ်နော်..။ အဆိုပါ ဗွီဒီယိုဖိုင်ထဲမှာတော့ မြင့်မြတ်ရဲ့ မိခင်က အခုလိုပဲ ပြောပြခဲ့ပါတယ်။
မြင့်မြတ်ရဲ့ မိခင်ပြောခဲ့တာကတော့ ” သားက ငယ်ငယ်လေးကတည်းက အမေကို ကားပိုင် အိမ်ပိုင်ထားချင်တဲ့စိတ်နဲ့ ကြိုးစားတာ..အမေကို အခုလို ထားချင်တယ်ဆိုတဲ့ စိတ်ကလေးနဲ့ပဲ အောင်မြင်သွားတာပါ။
မြင့်မြတ်ရဲ့ အဖေက ဆိုင်တဆိုင်လုံးကိုတောင် ပိုင်တာပါ။ မီဒီယာမှာ taxi မောင်းတယ်ဆိုပြီး အင်တာဗျူး ဖြေတာက သားကို အရှက်ခွဲချင်လို့ပါ။ အဲ့လိုလုပ်ဖို့ ကြံစည်နေတာတော့ ကြပြီ မအောင်မြင်ခဲ့တာပေါ့။
အခုမှ သတင်းသမားကို ကိုယ်တိုင်ခေါ်ပြီး အခုလို အင်တာဗျူးဖြေခဲ့တာ။ သားကို အမေတယောက်အနေနဲ့ ပြောချင်တာကတော့ ဂရုစိုက်စရာကို မလိုဘူး။ စိတ်ဓာတ်မကျနဲ့ ကိုယ့်အလုပ်ကို ကိုယ်လုပ်ပါ။
ကိုယ့်ပရိတ်သတ်တွေနဲ့ ကိုယ် ပျော်အောင်နေပါလို့ ပြောချင်ပါတယ်။ ” ဆိုကာ ဗွီဒီယိုဖိုင်မှာ မြင့်မြတ်ရဲ့ မိခင်ကိုယ်တိုင် ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရဲ့ ထင်မြင်ချက်လေးတွေကိုလည်း မှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးတဲ့ အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။