ကံအရမ္းနိမ့္ၿပီး က်န္းမာေရးမွာေသလုေအာင္ေရာဂါသည္းေဝဒနာေတြခံစားေနရတဲ့အခါ ဒီလိုယၾတာလုပ္ပါ

Zawgyi

ကံအရမ္းနိမ့္ၿပီး က်န္းမာေရးမွာေသလုေအာင္ေရာဂါသည္းေဝဒနာေတြခံစားေနရတဲ့အခါ ဒီလိုယၾတာလုပ္ပါ

ျမန္မာ့႐ိုးရာနည္းစစ္စစ္ျဖစ္ၿပီးေတာ့ ဆရာစဥ္ဆက္က်င့္သုံးခဲ့တဲ့ အစြမ္းထက္ယၾတာႀကီးျဖစ္ပါတယ္။ကံဇာတာၿဂိဳလ္စီးလို႔ကံဆိုးမိုးေမွာင္က်ေနတဲ့သူေတြအတြက္အေကာင္းဆုံးအလြယ္အကူဆုံးနဲ႔ အထက္ျမက္ဆုံးသမားစဥ္ယၾတာေကာင္းတစ္ခုျဖစ္တယ္ဆိုတာကေတာ့ မျငင္းႏိုင္ပါဘူး။

စီးပြားေရးမွာေဒဝါလီခံထားရၿပီးခ်ဴးတစ္ျပားမွမရွိခြၽတ္ၿခဳံက်ေနတဲ့အခါ။ လူမႈေရးမွာမိတ္ေဆြေတြအထင္အျမင္လြဲ ခိုက္ရန္ျဖစ္စကားေတြမ်ားကိုယ္ဘယ္ ေလာက္အေကာင္းလုပ္လုပ္အေကာင္းျမင္မခံရပဲကိုယ္တစ္ေယာက္ထဲလို ခံစားအထီးက်န္ေနရတဲ့အခါ။

က်န္းမာေရးမွာေသလုေအာင္ေရာဂါသည္းေဝဒနာေတြခံစားေနရတဲ့အခ်ိန္ ဒီကိုယ္ထားကိုယ္စားယၾတာကိုလုပ္ေပးဖို႔အႀကံေပးခ်င္ပါတယ္။

ယၾတာျပဳလုပ္နည္း

လုပ္မယ္ဆိုရင္ကာယကံရွင္ရဲ႕ နံသင့္ အသားသစ္ကိုင္းတစ္ကိုင္းကို ကာယ ကံရွင္ရဲ႕အရပ္နဲ႔တိုင္းျဖတ္ပါ။

နႏြင္း(စႏြင္း) အရည္လိမ္းပါ။

ကာယကံရွင္ရဲ႕ဆံပင္ကိုျဖစ္ၿပီးသစ္ရဲ႕အဖ်ားမွာခ်ည္ပါ။

ကာယကံရွင္ရဲ႕လက္သည္းကိုညႇပ္ၿပီး သစ္ရဲ႕အလယ္မွာခ်ည္ပါ။

ကာယကံရွင္ရဲ႕ေျခသည္းကိုညႇပ္ၿပီး သစ္အရင္းမွာခ်ည္ပါ။

ခ်ည္တဲ့အခါမွာကာယကံရွင္ရဲ႕ အဝတ္ အစားရဲ႕အဝတ္စနဲ႔ ေျခသည္းတစ္ထုတ္ လက္သည္းတစ္ထုတ္ဆံပင္တစ္ထုတ္ ထုတ္ၿပီးမွခ်ည္ရပါမယ္။

ခ်ည္ၿပီးတာနဲ႔ကံယကံရွင္နဲ႔အတူ တစ္အိပ္ယာထဲမွာတစ္ညသိပ္ေပးပါ။ေနာက္ေန႔ေနမြန္းမတည့္ခင္ သက္ ဆိုင္ရာအရပ္ေရစပ္တစ္ခုမွာ သြား ေရာက္စြန႔္ပစ္ေပးပါ။သြားပစ္တာကေတာ့ဘယ္သူမဆို သြားပစ္ေပးလို႔ရပါတယ္။

သြားပစ္တဲ့အခါမွာဘာေန႔သားနာမည္ေမာင္ဘယ္သူဦးဘယ္သူရဲ႕ဘာေန႔သမီး မဘယ္သူေဒၚဘယ္သူရဲ႕မေကာင္းတဲ့အညံ့ မေကာင္းတဲ့ကံခံစားေနရတဲ့ ေရာဂါေဝဒနာစိတ္ဆင္းရဲကိုယ္ဆင္းရဲမွန္သမွ်ေပ်ာက္ကင္းခ်မ္းပါပါေစလို႔ ဆု ေတာင္းေပးရပါမယ္။

ျပဳလုပ္ရမယ့္ေနရာကေတာ့ ကာယကံရွင္ရဲ႕ဘုမၼိအရပ္ပါ။ ေဗဒင္ေဝါဟာရနဲ႔ မနီးစပ္တဲ့သူေတြနားမလည္တဲ့သူမ်ားအတြက္ဘုမၼိအရပ္ကိုေျပာျပေပးပါမယ္။

တနဂၤေႏြ သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္အိမ္ေတာင္ဘက္

တနလၤာ သားသမီးမ်ားအတြက္ဘုမၼိအရပ္သည္အိမ္အေနာက္ေတာင္အရပ္

အဂၤါ သားသမီးမ်ားအတြက္ဘုမၼိအရပ္သည္အိမ္အေနာက္အရပ္

ဗုဒၶဟူးသားသမီးမ်ားအတြက္ဘုမၼိအရပ္သည္ အိမ္အေနာက္ေျမာက္အရပ္

ၾကာသာပေတး သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေရွ႕ေျမာက္အရပ္

ေသာၾကာ သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေရွ႕ေတာင္အပ္

စေန သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္ေျမာက္အရပ္

ရာဟု သားသမီးမ်ားအတြက္ ဘုမၼိအရပ္သည္ အိမ္အေရွ႕အရပ္

အရပ္မ်က္ႏွာယူရာမွာ ေနထြက္ရာအေရွ႕ ေနဝင္ရာအေနာက္ စသျဖင့္သာ အရပ္ကိုယူရပါမည္။အိမ္ရဲ႕ေနာက္ေဖး မ်က္ ႏွာစာျပဳရာအရပ္ႏွင့္ယူလို႔မရပါမသက္ဆိုင္ပါသတိျပဳေပးၾကပါ။

၇ ရက္သားသမီးမ်ားအဆိုးမ်ားေပ်ာက္ ၍အေကာင္းမ်ားေရာက္ၾကပါေစ

Credit

Unicode

ကံအရမ်းနိမ့်ပြီး ကျန်းမာရေးမှာသေလုအောင်ရောဂါသည်းဝေဒနာတွေခံစားနေရတဲ့အခါ ဒီလိုယတြာလုပ်ပါ

မြန်မာ့ရိုးရာနည်းစစ်စစ်ဖြစ်ပြီးတော့ ဆရာစဉ်ဆက်ကျင့်သုံးခဲ့တဲ့ အစွမ်းထက်ယတြာကြီးဖြစ်ပါတယ်။ကံဇာတာဂြိုလ်စီးလို့ကံဆိုးမိုးမှောင်ကျနေတဲ့သူတွေအတွက်အကောင်းဆုံးအလွယ်အကူဆုံးနဲ့ အထက်မြက်ဆုံးသမားစဉ်ယတြာကောင်းတစ်ခုဖြစ်တယ်ဆိုတာကတော့ မငြင်းနိုင်ပါဘူး။

စီးပွားရေးမှာဒေဝါလီခံထားရပြီးချူးတစ်ပြားမှမရှိချွတ်ခြုံကျနေတဲ့အခါ။ လူမှုရေးမှာမိတ်ဆွေတွေအထင်အမြင်လွဲ ခိုက်ရန်ဖြစ်စကားတွေများကိုယ်ဘယ် လောက်အကောင်းလုပ်လုပ်အကောင်းမြင်မခံရပဲကိုယ်တစ်ယောက်ထဲလို ခံစားအထီးကျန်နေရတဲ့အခါ။

ကျန်းမာရေးမှာသေလုအောင်ရောဂါသည်းဝေဒနာတွေခံစားနေရတဲ့အချိန် ဒီကိုယ်ထားကိုယ်စားယတြာကိုလုပ်ပေးဖို့အကြံပေးချင်ပါတယ်။

ယတြာပြုလုပ်နည်း

လုပ်မယ်ဆိုရင်ကာယကံရှင်ရဲ့ နံသင့် အသားသစ်ကိုင်းတစ်ကိုင်းကို ကာယ ကံရှင်ရဲ့အရပ်နဲ့တိုင်းဖြတ်ပါ။

နနွင်း(စနွင်း) အရည်လိမ်းပါ။

ကာယကံရှင်ရဲ့ဆံပင်ကိုဖြစ်ပြီးသစ်ရဲ့အဖျားမှာချည်ပါ။

ကာယကံရှင်ရဲ့လက်သည်းကိုညှပ်ပြီး သစ်ရဲ့အလယ်မှာချည်ပါ။

ကာယကံရှင်ရဲ့ခြေသည်းကိုညှပ်ပြီး သစ်အရင်းမှာချည်ပါ။

ချည်တဲ့အခါမှာကာယကံရှင်ရဲ့ အဝတ် အစားရဲ့အဝတ်စနဲ့ ခြေသည်းတစ်ထုတ် လက်သည်းတစ်ထုတ်ဆံပင်တစ်ထုတ် ထုတ်ပြီးမှချည်ရပါမယ်။

ချည်ပြီးတာနဲ့ကံယကံရှင်နဲ့အတူ တစ်အိပ်ယာထဲမှာတစ်ညသိပ်ပေးပါ။နောက်နေ့နေမွန်းမတည့်ခင် သက် ဆိုင်ရာအရပ်ရေစပ်တစ်ခုမှာ သွား ရောက်စွန့်ပစ်ပေးပါ။သွားပစ်တာကတော့ဘယ်သူမဆို သွားပစ်ပေးလို့ရပါတယ်။

သွားပစ်တဲ့အခါမှာဘာနေ့သားနာမည်မောင်ဘယ်သူဦးဘယ်သူရဲ့ဘာနေ့သမီး မဘယ်သူဒေါ်ဘယ်သူရဲ့မကောင်းတဲ့အညံ့ မကောင်းတဲ့ကံခံစားနေရတဲ့ ရောဂါဝေဒနာစိတ်ဆင်းရဲကိုယ်ဆင်းရဲမှန်သမျှပျောက်ကင်းချမ်းပါပါစေလို့ ဆု တောင်းပေးရပါမယ်။

ပြုလုပ်ရမယ့်နေရာကတော့ ကာယကံရှင်ရဲ့ဘုမ္မိအရပ်ပါ။ ဗေဒင်ဝေါဟာရနဲ့ မနီးစပ်တဲ့သူတွေနားမလည်တဲ့သူများအတွက်ဘုမ္မိအရပ်ကိုပြောပြပေးပါမယ်။

တနင်္ဂနွေ သားသမီးများအတွက် ဘုမ္မိအရပ်သည်အိမ်တောင်ဘက်

တနင်္လာ သားသမီးများအတွက်ဘုမ္မိအရပ်သည်အိမ်အနောက်တောင်အရပ်

အင်္ဂါ သားသမီးများအတွက်ဘုမ္မိအရပ်သည်အိမ်အနောက်အရပ်

ဗုဒ္ဓဟူးသားသမီးများအတွက်ဘုမ္မိအရပ်သည် အိမ်အနောက်မြောက်အရပ်

ကြာသာပတေး သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အရှေ့မြောက်အရပ်

သောကြာ သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အရှေ့တောင်အပ်

စနေ သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်မြောက်အရပ်

ရာဟု သားသမီးများအတွက် ဘုမ္မိအရပ်သည် အိမ်အရှေ့အရပ်

အရပ်မျက်နှာယူရာမှာ နေထွက်ရာအရှေ့ နေဝင်ရာအနောက် စသဖြင့်သာ အရပ်ကိုယူရပါမည်။အိမ်ရဲ့နောက်ဖေး မျက် နှာစာပြုရာအရပ်နှင့်ယူလို့မရပါမသက်ဆိုင်ပါသတိပြုပေးကြပါ။

၇ ရက်သားသမီးများအဆိုးများပျောက် ၍အကောင်းများရောက်ကြပါစေ

Credit