ပိုက္ဆံစုနည္း ဗ်ဴဟာ

Zawgyi

ပိုက္ဆံစု နည္းဗ်ဴဟာ

ပုိက္ဆံစုတယ္ဆုိတာ ရည္မွန္းခ်က္တစ္ခုထားၿပီး ေရရွည္တည္ေဆာက္ထားသင့္တဲ့ အေလ့အက်င့္ တစ္ခု ျဖစ္ပါတယ္။ ေငြေၾကးေအာင္ျမင္မႈမွာ ပုိက္ဆံဘယ္ေလာက္ဝင္တယ္ဆုိတာထက္ ဘယ္ေလာက္စုႏုိင္တယ္ ဆုိတာက ပုိအေရးႀကီးပါတယ္။

လူေတြက မဝင္ေသးတဲ့ပုိက္ဆံကုိ ေမ်ွာ္ကုိးၿပီး အေၾကြးယူတတ္ၾကတယ္။ ဒါက အဓိက မွားယြင္းေနတဲ့အခ်က္ပဲ။ ကြ်န္ေတာ္တုိ႔ေတြ ပုိက္ဆံစုေနတဲ့အခ်ိန္မွာ ဘယ္လုိဗ်ဴဟာေတြ သုံးရမလဲဆုိတာ အခ်က္က်က်တင္ျပခ်င္ပါတယ္။

၁။ သုံးၿပီးမွ မစုေလနဲ႔။

လစာထုတ္တာနဲ႔ လုိခ်င္တဲ့ပစၥည္းေတြကုိ ဝယ္ၿပီးမွ ပုိက္ဆံစုတတ္ၾကတယ္။ တကယ္တမ္းေတာ့ လစဥ္စု ေဆာင္းမယ့္ ပုိက္ဆံပမာဏကို သတ္မွတ္စုေဆာင္းၿပီးမွသာ လုိအပ္တဲ့အရာေတြကုိ ဝယ္သင့္ပါတယ္။ လစာထုတ္တာနဲ႔ ပထမဆုံးလုပ္ရမွာက စုေဆာင္းမယ့္ပုိက္ဆံကုိ သီးသန္႔ခ်န္ထားသင့္ပါတယ္။

၂။ တံဆိပ္စြဲ မထားေလနဲ႔။

ဆယ္သိန္းေလာက္ရွိတဲ့ iPhone ဝယ္မယ့္အစား အတန္အသင့္သုံးလုိ႔ေကာင္းတဲ့ ႏွစ္သိန္းတန္စမတ္ဖုန္း တစ္လုံးကုိ ဝယ္ၿပီး က်န္တဲ့ရွစ္သိန္းကုိ စုေဆာင္းလုိက္တာက ပုိအဓိပၸာယ္ရွိပါတယ္။

နာမည္ႀကီးတံဆိပ္ရဲ႕ ေနာက္မွာ လုိက္ေနတာထက္ အရည္အေသြးေကာင္းတဲ့ ပစၥည္းကုိ သုံးသင့္တဲ့သေဘာပါ။ ဆုိင္ထုိင္မယ္ ဆုိရင္ နာမည္ႀကီးဆုိင္မွာထုိင္တာထက္ အစားအေသာက္ေကာင္းတဲ့ဆုိင္မွာ ထုိင္တာက ပုိအရသာရွိသလုိ ေငြကုန္လည္း သက္သာေစပါတယ္။

၃။ အေသးအဖြဲေလးေတြကုိ ဂရုစုိက္ပါ။

အေအးဘူးဝယ္ေသာက္လုိက္လုိ႔ ငါးရာပဲကုန္တာ တစ္ခါတေလမွာ ဘာမွမျဖစ္ေပမယ့္ ႀကိမ္ဖန္မ်ားလာရင္ “ဆိတ္ဖန္မ်ား အနာျဖစ္” တတ္ပါတယ္။ ဥပမာ – စတိုးဆိုင္ေတြက ေပးလိုက္တဲ့ ႂကြတ္ၾကြတ္အိတ္ေတြကို လႊင့္မပစ္ဘဲနဲ႔ အမႈိက္ထည့္တဲ့အိတ္လုပ္မယ္ဆုိရင္ အမႈိက္အိတ္ကုန္ေငြ သက္သာတဲ့သေဘာပါ။

၄။ ႏွစ္ပတ္ေစာင့္တဲ့ ဗ်ဴဟာသုံးၾကည့္ပါ။

ပစၥည္းတစ္ခု ဝယ္ခ်င္တယ္ဆုိရင္ ခ်က္ခ်င္း မဝယ္ေသးပါနဲ႔ဦး။ ႏွစ္ပတ္ေလာက္ ေစာင့္လုိက္ပါ။ ႏွစ္ပတ္ေလာက္ၾကာေတာ့မွ ကုိယ္ကလည္း တကယ္လုိခ်င္တယ္ေနတယ္၊ ပစၥည္းကလည္း လုိအပ္ေန တယ္ဆုိေတာ့မွ ဝယ္လုိက္ပါ။ ေစာင့္ေနတဲ့အေတာအတြင္းမွာ တျခားလူဝယ္လုိ႔ ကုန္သြားမွာစိတ္မပူပါနဲ႔။ ပိုေကာင္းပိုလွတဲ့ ပစၥည္းေတြ ဆိုင္မွာေရာက္ေနပါၿပီ။

၅။ အင္တာနက္ ေလ်ာ့သုံးပါ။

ကုိယ့္အလုပ္ဟာ အင္တာနက္နဲ႔မသက္ဆုိင္ဘူးဆုိရင္ တစ္ေန႔မွာ တစ္နာရီထက္ ပုိမသုံးပါနဲ႔။ အင္တာနက္ကုိ ရုိးရုိးသုံးတာထက္စာရင္ ကိုယ့္ဘဝအတြက္ အက်ိဳးရွိနိုင္မယ့္အရာေတြကို ေလ့လာဖို႔ အတြက္ သံုးေစခ်င္ပါတယ္။

၆။ လုိအပ္တာလား လုိခ်င္တာလား။

လူေတြဟာ ကုိယ့္အတြက္ တကယ္မလုိအပ္တဲ့ပစၥည္းေတြကုိမွ လုိခ်င္ေနမိတတ္တယ္။ “မလုိအပ္တဲ့ အရာေတြကုိ ဝယ္မိရင္ လုိအပ္တာေတြ ထုတ္ေရာင္းရမယ္” ဆုိတဲ့ ဝါရင့္ဘန္႔ဖတ္ရဲ႕စကားအတုိင္းပဲ ဆႏၵေနာက္ မလုိက္မိပါေစနဲ႔။

ေနာက္ဆုံးအေရးႀကီးတာက ပုိက္ဆံစုတဲ့အခါမွာ ရည္မွန္းခ်က္ထားၿပီး စုတတ္ဖုိ႔ပဲ။ ဘာေၾကာင့္ ပိုက္ဆံစု ရတယ္ ဆိုတဲ့အေၾကာင္းျပခ်က္ ခိုင္လံုဖို႔လိုပါတယ္။

Unicode

ပိုက်ဆံစု နည်းဗျူဟာ

ပိုက်ဆံစုတယ်ဆိုတာ ရည်မှန်းချက်တစ်ခုထားပြီး ရေရှည်တည်ဆောက်ထားသင့်တဲ့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။ ငွေကြေးအောင်မြင်မှုမှာ ပိုက်ဆံဘယ်လောက်ဝင်တယ်ဆိုတာထက် ဘယ်လောက်စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်။

လူတွေက မဝင်သေးတဲ့ပိုက်ဆံကို မျှော်ကိုးပြီး အကြွေးယူတတ်ကြတယ်။ ဒါက အဓိက မှားယွင်းနေတဲ့အချက်ပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လိုဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျတင်ပြချင်ပါတယ်။

၁။ သုံးပြီးမှ မစုလေနဲ့။

လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံစုတတ်ကြတယ်။ တကယ်တမ်းတော့ လစဉ်စု ဆောင်းမယ့် ပိုက်ဆံပမာဏကို သတ်မှတ်စုဆောင်းပြီးမှသာ လိုအပ်တဲ့အရာတွေကို ဝယ်သင့်ပါတယ်။ လစာထုတ်တာနဲ့ ပထမဆုံးလုပ်ရမှာက စုဆောင်းမယ့်ပိုက်ဆံကို သီးသန့်ချန်ထားသင့်ပါတယ်။

၂။ တံဆိပ်စွဲ မထားလေနဲ့။

ဆယ်သိန်းလောက်ရှိတဲ့ iPhone ဝယ်မယ့်အစား အတန်အသင့်သုံးလို့ကောင်းတဲ့ နှစ်သိန်းတန်စမတ်ဖုန်း တစ်လုံးကို ဝယ်ပြီး ကျန်တဲ့ရှစ်သိန်းကို စုဆောင်းလိုက်တာက ပိုအဓိပ္ပာယ်ရှိပါတယ်။

နာမည်ကြီးတံဆိပ်ရဲ့ နောက်မှာ လိုက်နေတာထက် အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးသင့်တဲ့သဘောပါ။ ဆိုင်ထိုင်မယ် ဆိုရင် နာမည်ကြီးဆိုင်မှာထိုင်တာထက် အစားအသောက်ကောင်းတဲ့ဆိုင်မှာ ထိုင်တာက ပိုအရသာရှိသလို ငွေကုန်လည်း သက်သာစေပါတယ်။

၃။ အသေးအဖွဲလေးတွေကို ဂရုစိုက်ပါ။

အအေးဘူးဝယ်သောက်လိုက်လို့ ငါးရာပဲကုန်တာ တစ်ခါတလေမှာ ဘာမှမဖြစ်ပေမယ့် ကြိမ်ဖန်များလာရင် “ဆိတ်ဖန်များ အနာဖြစ်” တတ်ပါတယ်။ ဥပမာ – စတိုးဆိုင်တွေက ပေးလိုက်တဲ့ ကြွတ်ကြွတ်အိတ်တွေကို လွှင့်မပစ်ဘဲနဲ့ အမှိုက်ထည့်တဲ့အိတ်လုပ်မယ်ဆိုရင် အမှိုက်အိတ်ကုန်ငွေ သက်သာတဲ့သဘောပါ။

၄။ နှစ်ပတ်စောင့်တဲ့ ဗျူဟာသုံးကြည့်ပါ။

ပစ္စည်းတစ်ခု ဝယ်ချင်တယ်ဆိုရင် ချက်ချင်း မဝယ်သေးပါနဲ့ဦး။ နှစ်ပတ်လောက် စောင့်လိုက်ပါ။ နှစ်ပတ်လောက်ကြာတော့မှ ကိုယ်ကလည်း တကယ်လိုချင်တယ်နေတယ်၊ ပစ္စည်းကလည်း လိုအပ်နေ တယ်ဆိုတော့မှ ဝယ်လိုက်ပါ။ စောင့်နေတဲ့အတောအတွင်းမှာ တခြားလူဝယ်လို့ ကုန်သွားမှာစိတ်မပူပါနဲ့။ ပိုကောင်းပိုလှတဲ့ ပစ္စည်းတွေ ဆိုင်မှာရောက်နေပါပြီ။

၅။ အင်တာနက် လျော့သုံးပါ။

ကိုယ့်အလုပ်ဟာ အင်တာနက်နဲ့မသက်ဆိုင်ဘူးဆိုရင် တစ်နေ့မှာ တစ်နာရီထက် ပိုမသုံးပါနဲ့။ အင်တာနက်ကို ရိုးရိုးသုံးတာထက်စာရင် ကိုယ့်ဘဝအတွက် အကျိုးရှိနိုင်မယ့်အရာတွေကို လေ့လာဖို့ အတွက် သုံးစေချင်ပါတယ်။

၆။ လိုအပ်တာလား လိုချင်တာလား။

လူတွေဟာ ကိုယ့်အတွက် တကယ်မလိုအပ်တဲ့ပစ္စည်းတွေကိုမှ လိုချင်နေမိတတ်တယ်။ “မလိုအပ်တဲ့ အရာတွေကို ဝယ်မိရင် လိုအပ်တာတွေ ထုတ်ရောင်းရမယ်” ဆိုတဲ့ ဝါရင့်ဘန့်ဖတ်ရဲ့စကားအတိုင်းပဲ ဆန္ဒနောက် မလိုက်မိပါစေနဲ့။

နောက်ဆုံးအရေးကြီးတာက ပိုက်ဆံစုတဲ့အခါမှာ ရည်မှန်းချက်ထားပြီး စုတတ်ဖို့ပဲ။ ဘာကြောင့် ပိုက်ဆံစု ရတယ် ဆိုတဲ့အကြောင်းပြချက် ခိုင်လုံဖို့လိုပါတယ်။