Zawgyi
Unicode
“တနင်္ဂနွေသားသမီးများအတွက် ၂၀၂၁ခုနှစ် (၁)နှစ်စာ ကံကြမ္မာဟောစာတမ်းနှင့်ဆောင်ရန်ရှောင်ရန်များ”
တနင်္ဂနွေသားသမီးများ ယခုနှစ်တွင် မိသားစုထဲသို့ မျိုးဆက်သစ်ရောက်လာတတ်ပါတယ်။စိတ်ကူးဆုံးဖြတ်ထားသောအလုပ်အကိုင်များလုပ်ဖြစ်မဲ့အချိန်ပါ။
အရာရာ မထင်မှတ်ထားတဲ့အပြောင်းလဲများစွာ ကြုံတွေ့ရပြီး မိတ်ဆွေအပေါင်းသင်းကြား ကူညီဖြေရှင်းမူများပြုလုပ်ပေးရပါမယ်။ မိမိအရမ်းယုံကြည်ရသူ မိမိအပေါ်လှည့်စားခြင်ခံရတတ်ပါတယ်။
အလုပ်များကောင်းသာပြောင်းလဲခြင်းဘက်တဖြေးဖြေးရောက်ရှိလာပါမယ်။ငွေကြေးဟာ ငွေရွှွင်ပေမဲ့ စုမိဖို့တော့ အတာ်ခက်ခဲမယ့်နှစ်အပိုင်းခြားပါ။
လူမှုရေးကိစ္စများကြောင့် ငွေကုန်ကျမှုများနေရတတ်ပါတယ်။ ဘာလုပ်လုပ်တခါနဲ့ မအောင်မြင်ပဲ|ထပ်ခါထပ်ခါ ပြုလုပ်ရသဖြင့် စိတ်တိုစိတ်အလိုမကျမှုများ တွေ့ရမဲ့နှစ်လဲဖြစ်ပါတယ်။
(၄)လပိုင်း(၅)လပိုင်းများတွင် ခရီးဝေးထွက်ရတတ်ပြီး မိတ်ဆွေအသစ် စီးပွားဖက်ကောင်းများ ရရှိတတ်ပါတယ်။ဝန်ထမ်းများ လှေနံနှစ်ဖက်နင်းရတတ်ပြီး ဟိုပြောင်းဒီပြောင်းများနေရတတ်ပါတယ်။
ကျမ်းမာရေးက- ကျောက်ကပ်ရောဂါနှင့် သွေးသားဒုက္ခပေးတတ်ပြီး မထင်မှတ်ပဲ သွေးထွက်သံယိုဖြစ်တတ်ပါတယ်။သတိထားပါ။ရပ်ဝေးမှ မိတ်ဆွေအပေါင်းသင်း နားရေးသတင်းကြားရတတ်ပါသည်။
ပညာရေး- စာမေးပွဲနီးမှခြေချော်လက်ချော်ဖြစ်တတ်ခြင်းနေထိုင်မကေင်းခြင်းဖြင့်များ ဖြတတ်လို့ သတိထားပါ။
အချစ်ရေး-ချစ်သူမရှိသူများ အချစ်ရေးအားကောင်းနေပြီး ချစ်သူရတတ်ပါတယ်။ လက်ရှိချစ်သူရှိသူများ လူကြီးမိဘများသိရှိပြီး မင်္ဂလာသတင်းနားထောင်ရတတ်ပြီး အိမ်ထောင်ကျတတ်ပါတယ်။
အိမ်ထောင်ရေး-အိမ်ထောင်ရှင်များ ပျော်ရွှင်မှုများတွေ့ရတတ်ပြီး အလုပ်အကိုင်များ အောင်မြင်လာရင်သတိထားပါ။မိန်းမအဖျက်ဝင်ပြီး အိမ်ထောင်ရေးမှာ မျက်ရည်ကျရတတ်ပါတယ်။ယတြာ -တနင်္ဂနွေနေ့များတွင် အုန်းရည် အိမ်ဘုရားလှူပါ။
အလုပ်အကိုင် အဆင်ပြေစေလိုပါက-သောကြာထောင့် တနင်္ဂနွေထောင့် တနလာင်္ထောင့်ရှိ ဂြိုဟ်ရှစ်ခွင်ဘုရားမှာ ဖယောင်းတိုင် အမွှေးတိုင် ရေလှူပြီးဆုတောင်းပါ။
အိမ်ထောင်ရေးအဆင်ပြေစေလိုပါက -အိမ်ထောင်သည်နှစ်ဦး၏ မွေးနံအညွန့်ပန်းနှစ်မျိုးကို ဖန်ခွက်ထဲထည့်ပြီး မိမိအိမ်ဘုရားစင်မှာပါ။
ငွေကြေးကိစ္စအဆင်ပြေစေလိုပါက-ငါးလွှတ်ပြီး|ဌက်စာကျွေးပေးပါ
ရာထူးတိုးအတွက် တနင်္ဂနွေနေ့နံနက် အိမ်ဘုရားမှာပျားရည်(၃)ခွက်လှူပေးပါ။
ကံကောင်းစေသောဂဏန်းတွဲများကတော့-၁/၅/၇
ကံကောင်းစေသောရက်များကတော့-တနင်္ဂနွေနေ့|ကြသပတေးနေ့
ကံကောင်စေသောအရောင်-နီညိုရောင်| အဖြူအရောင်များ။
ကံကောင်စေသောအချိန် -တနင်္ဂနွေနေ့ မနက်(၆-၃၀)မှ မနက်(၁၀း၃၀)အတွင်း
ကံကောင်းစေသော အဆောင်ရုပ်- ရွှေချထားသော အိုးစည်
တနင်္ဂနွေသားသမီးအပေါင်း တစ်နှစ်တာလုံးကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများ ပြည့်စုံကြပါစေ…တစ်ခါမေးပြီးတစ်သက်တာ မိတ်ဆွေဖြစ်ရမည်။သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဂါရဝပြုပါသည်။
မိမိ၏ကံကြမ္မာ ဇာတာကို အသေးစိတ်မေးလိုသူများဆရာ့ထံ ဖုန်းဖြင့်တိုက်ရိုက်မေးလို့ရပါပြီ….ဆရာကျော်ဇောဟိန်း ၃၄လမ်း-၇၃လမ်းနှင့်၇၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့။Ph09256029906 ။ Ph09766470530။