မိမိေနအိမ္ကို နမိတ္ေကာင္း ေဆာင္ယူေစရန္ ျပဳလုပ္သင့္ေသာ အရာမ်ား
Zawgyi
မိမိေနအိမ္ကို နမိတ္ေကာင္း ေဆာင္ယူေစရန္ ျပဳလုပ္သင့္ေသာ အရာမ်ား
“ ေရွးထုံးလည္း မပယ္ႏွင့္၊ ေဈးသုံးလည္း မလြယ္ႏွင့္ “ ဟူေသာ ဆို႐ိုးစကား အတိုင္းပင္။ အခ်ိဳ႕ေသာ အယူအဆမ်ားသည္ ပစ္ပယ္ထား၍ မရသလို၊ ဂ႐ုမစိုက္မိေသာေၾကာင့္ ေဘးျဖစ္သြားရေသာ သာဓက မ်ားစြာရွိခဲ့ဖူးပါသည္။
မိမိတို႔ ေနထိုင္ရာ အိမ္ၿခံဝန္းသည္ ဘုန္းက်က္သေရႏွင့္ ျပည့္စုံေနမွသာ အိမ္သားမ်ား၏ စီးပြားေရး၊ က်န္းမာေရးႏွင့္ ပညာေရးကအစ တိုးတက္ ေအာင္ျမင္ႏိုင္မည္ဟု ေရွးကတည္းက ဆို႐ိုးရွိခဲ့ၾကေပသည္။
ထို႔ေၾကာင့္ မိမိေနအိမ္ကို က်က္သေရရွိေစရန္ ျပဳလုပ္သင့္ေသာ အခ်က္မ်ားႏွင့္၊ ေဆာင္ရန္ ေရွာင္ရန္ အေၾကာင္းအရာမ်ားအား ေဖာ္ျပေပးလိုက္ပါသည္။
(၁) မွန္အကြဲမ်ားကို လႊင့္ပစ္ပါ။
ၾကည့္မွန္ အကြဲမ်ားျဖစ္ေစ၊ ျပတင္းေပါက္မွန္ႏွင့္ အျခားေသာ အကြဲအရွ ပစၥည္းမ်ား အိမ္ေပၚတြင္ ရွိေနျခင္းသည္ သင့္အိမ္ကို မေကာင္းေသာ နမိတ္ဆိုးမ်ား ဖိတ္ေခၚသကဲ့သို႔ ျဖစ္ေနတတ္ေသာေၾကာင့္ ကြဲအက္ေနေသာ မွန္မ်ား ရွိပါက ခ်က္ခ်င္း လႊင့္ပစ္သင့္ပါသည္။
(၂) နာရီအစုတ္မ်ားအား မျပဳျပင္ဘဲ မထားပါႏွင့္။
တိုင္ကပ္နာရီဟူသည္ တစ္အိမ္သားလုံး ျမင္ရေစရန္ လူတစ္ရပ္ေက်ာ္ေသာ ခပ္ျမင့္ျမင့္ နံရံေပၚတြင္ ခ်ိတ္တင္ေလ့ရွိေသာ အရာျဖစ္ၿပီး၊ ထိုနာရီ ပ်က္သြားသည့္အခါ အိမ္သားအားလုံး၏ အျမင့္၌ ပ်က္ဆီးေသာ အရာတစ္ခု ရွိေနသည့္ နမိတ္ျဖစ္ေသာေၾကာင့္ ထိုနာရီအပ်က္မ်ားအား အိမ္တြင္ရွိပါက ခ်က္ခ်င္း ျပဳျပင္သင့္ပါသည္။
(၃) ဘုရားစင္ကို အၿမဲသန႔္ရွင္းေအာင္ ဂ႐ုျပဳပါ။
ဘုရားစင္အား ၁ပတ္ ၂ႀကိမ္ခန႔္ ၊ ႐ုပ္ပြားေတာ္မ်ားအား ၁လ (၁) ႀကိမ္ခန႔္ ပုံမွန္ သန႔္ရွင္းေရး လုပ္ေပးျခင္းသည္ သင့္အိမ္ရွိ လာဘ္လာဘမ်ား ပြင့္လန္းေစရန္ အေထာက္အကူ ျပဳေစၿပီး၊ နတ္ျဗဟၼာမ်ား ခ်စ္ခင္ေစေသာ အေလ့အက်င့္တစ္ခု ျဖစ္ပါသည္။
(၄) အိပ္ယာအား ပုံမွန္ သိမ္းပါ။
ရႈပ္ပြေနေသာ အိပ္ယာသည္ လူမႈေရး ျပသနာ ရႈပ္ေထြးေစသည့္ နမိတ္ျဖစ္တတ္ေသာေၾကာင့္ မနက္ခင္းတြင္ အိပ္ရာအား သပ္သပ္ရပ္ရပ္ ျဖစ္ေအာင္ ဂ႐ုတစိုက္ သိမ္းဆည္းေပးပါ။
(၅) ဖိနပ္အစုတ္၊ ထီးအစုတ္မ်ား မထားရပါ။
မိမိအိမ္တြင္ ဖိနပ္အစုတ္၊ ထီးအစုတ္မ်ား ရွိေနျခင္းသည္လည္း က်န္းမာေရးကို ညံ့ဖ်င္းေစသည့္ မေကာင္းေသာ နမိတ္ ျဖစ္တတ္ေသာေၾကာင့္ ထိုပစၥည္းမ်ားအား အိမ္တြင္ မရွိေအာင္ ဂ႐ုစိုက္ၿပီး အပ်က္အဆီးမ်ားအား ျပန္လည္ေကာင္းမြန္ေအာင္ ျပဳျပင္ေပးပါ။
(၆) မနက္ခင္းတြင္ အေသးအမႊားကိစၥမ်ားအား မညည္းညဴပါႏွင့္။
ေန႔တစ္ေန႔၏ မဂၤလာယူခ်ိန္ျဖစ္ေသာ မနက္ခင္းအစပိုင္းတြင္ မိမိ၏ အဆင္မေျပမႈမ်ားအား ညည္းတြားျခင္း၊ အိမ္သားမ်ား ဆူပူႀကိမ္းေမာင္းျခင္းသည္ တစ္ေနကုန္ လာဘ္တိတ္ေသာ အျဖစ္ ရွိတတ္ေသာေၾကာင့္ မနက္ခင္းေရာက္ပါက အတတ္ႏိုင္ဆုံး စိတ္ကို ၾကည္လင္ေအာင္ ထားၿပီး ကိစၥအဝဝကို ေအးခ်မ္းစြာ ျပဳလုပ္ေပးပါ။
ေရွးလူႀကီးမ်ား၏ လမ္းၫႊန္ခ်က္မ်ားသည္ ကိုယ္တိုင္ မ်က္စိျဖင့္ မျမင္ရေသာ္ျငား၊ ယုံသင့္ယုံအပ္ေသာ အေလ့အထမ်ား ျဖစ္ေသာေၾကာင့္ သတိမူကာ ျပဳလုပ္ျခင္းျဖင့္ က်က္သေရတိုးပြားေသာ အိမ္ၿခံဝန္းတစ္ခုအား ပိုင္ဆိုင္ႏိုင္မည္ ျဖစ္ေပသည္။
Unicode
မိမိနေအိမ်ကို နမိတ်ကောင်း ဆောင်ယူစေရန် ပြုလုပ်သင့်သော အရာများ
“ ရှေးထုံးလည်း မပယ်နှင့်၊ ဈေးသုံးလည်း မလွယ်နှင့် “ ဟူသော ဆိုရိုးစကား အတိုင်းပင်။ အချို့သော အယူအဆများသည် ပစ်ပယ်ထား၍ မရသလို၊ ဂရုမစိုက်မိသောကြောင့် ဘေးဖြစ်သွားရသော သာဓက များစွာရှိခဲ့ဖူးပါသည်။
မိမိတို့ နေထိုင်ရာ အိမ်ခြံဝန်းသည် ဘုန်းကျက်သရေနှင့် ပြည့်စုံနေမှသာ အိမ်သားများ၏ စီးပွားရေး၊ ကျန်းမာရေးနှင့် ပညာရေးကအစ တိုးတက် အောင်မြင်နိုင်မည်ဟု ရှေးကတည်းက ဆိုရိုးရှိခဲ့ကြပေသည်။
ထို့ကြောင့် မိမိနေအိမ်ကို ကျက်သရေရှိစေရန် ပြုလုပ်သင့်သော အချက်များနှင့်၊ ဆောင်ရန် ရှောင်ရန် အကြောင်းအရာများအား ဖော်ပြပေးလိုက်ပါသည်။
(၁) မှန်အကွဲများကို လွှင့်ပစ်ပါ။
ကြည့်မှန် အကွဲများဖြစ်စေ၊ ပြတင်းပေါက်မှန်နှင့် အခြားသော အကွဲအရှ ပစ္စည်းများ အိမ်ပေါ်တွင် ရှိနေခြင်းသည် သင့်အိမ်ကို မကောင်းသော နမိတ်ဆိုးများ ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေတတ်သောကြောင့် ကွဲအက်နေသော မှန်များ ရှိပါက ချက်ချင်း လွှင့်ပစ်သင့်ပါသည်။
(၂) နာရီအစုတ်များအား မပြုပြင်ဘဲ မထားပါနှင့်။
တိုင်ကပ်နာရီဟူသည် တစ်အိမ်သားလုံး မြင်ရစေရန် လူတစ်ရပ်ကျော်သော ခပ်မြင့်မြင့် နံရံပေါ်တွင် ချိတ်တင်လေ့ရှိသော အရာဖြစ်ပြီး၊ ထိုနာရီ ပျက်သွားသည့်အခါ အိမ်သားအားလုံး၏ အမြင့်၌ ပျက်ဆီးသော အရာတစ်ခု ရှိနေသည့် နမိတ်ဖြစ်သောကြောင့် ထိုနာရီအပျက်များအား အိမ်တွင်ရှိပါက ချက်ချင်း ပြုပြင်သင့်ပါသည်။
(၃) ဘုရားစင်ကို အမြဲသန့်ရှင်းအောင် ဂရုပြုပါ။
ဘုရားစင်အား ၁ပတ် ၂ကြိမ်ခန့် ၊ ရုပ်ပွားတော်များအား ၁လ (၁) ကြိမ်ခန့် ပုံမှန် သန့်ရှင်းရေး လုပ်ပေးခြင်းသည် သင့်အိမ်ရှိ လာဘ်လာဘများ ပွင့်လန်းစေရန် အထောက်အကူ ပြုစေပြီး၊ နတ်ဗြဟ္မာများ ချစ်ခင်စေသော အလေ့အကျင့်တစ်ခု ဖြစ်ပါသည်။
(၄) အိပ်ယာအား ပုံမှန် သိမ်းပါ။
ရှုပ်ပွနေသော အိပ်ယာသည် လူမှုရေး ပြသနာ ရှုပ်ထွေးစေသည့် နမိတ်ဖြစ်တတ်သောကြောင့် မနက်ခင်းတွင် အိပ်ရာအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ဂရုတစိုက် သိမ်းဆည်းပေးပါ။
(၅) ဖိနပ်အစုတ်၊ ထီးအစုတ်များ မထားရပါ။
မိမိအိမ်တွင် ဖိနပ်အစုတ်၊ ထီးအစုတ်များ ရှိနေခြင်းသည်လည်း ကျန်းမာရေးကို ညံ့ဖျင်းစေသည့် မကောင်းသော နမိတ် ဖြစ်တတ်သောကြောင့် ထိုပစ္စည်းများအား အိမ်တွင် မရှိအောင် ဂရုစိုက်ပြီး အပျက်အဆီးများအား ပြန်လည်ကောင်းမွန်အောင် ပြုပြင်ပေးပါ။
(၆) မနက်ခင်းတွင် အသေးအမွှားကိစ္စများအား မညည်းညူပါနှင့်။
နေ့တစ်နေ့၏ မင်္ဂလာယူချိန်ဖြစ်သော မနက်ခင်းအစပိုင်းတွင် မိမိ၏ အဆင်မပြေမှုများအား ညည်းတွားခြင်း၊ အိမ်သားများ ဆူပူကြိမ်းမောင်းခြင်းသည် တစ်နေကုန် လာဘ်တိတ်သော အဖြစ် ရှိတတ်သောကြောင့် မနက်ခင်းရောက်ပါက အတတ်နိုင်ဆုံး စိတ်ကို ကြည်လင်အောင် ထားပြီး ကိစ္စအဝဝကို အေးချမ်းစွာ ပြုလုပ်ပေးပါ။
ရှေးလူကြီးများ၏ လမ်းညွှန်ချက်များသည် ကိုယ်တိုင် မျက်စိဖြင့် မမြင်ရသော်ငြား၊ ယုံသင့်ယုံအပ်သော အလေ့အထများ ဖြစ်သောကြောင့် သတိမူကာ ပြုလုပ်ခြင်းဖြင့် ကျက်သရေတိုးပွားသော အိမ်ခြံဝန်းတစ်ခုအား ပိုင်ဆိုင်နိုင်မည် ဖြစ်ပေသည်။