အိမ္ေတာ္ရာ ေစတီေတာ္ျမတ္ႀကီးမွ ေရာင္ျခည္ေတာ္ကြန႔္ျမဴးျပီး ေျမေစာင့္နတ္ရုပ္ထုမွ အလိုအေလ်ာက္ ေရစက္ေရေပါက္က်ျခင္းမ်ား ျဖစ္ေပၚ

Zawgyi

အိမ္ေတာ္ရာ ေစတီေတာ္ျမတ္ႀကီးမွ ေရာင္ျခည္ေတာ္ကြန႔္ျမဴခင္း၊ ေျမေစာင့္နတ္ရုပ္ထုမွ အလိုအေလ်ာက္ ေရစက္ေရေပါက္က်ျခင္းမ်ား ျဖစ္ေပၚ

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ သီရိေဟမာအေရွ႕ရပ္ကြက္၊ ၂၇x၂၈ လမ္းၾကား၊ ၈၈x၈၉ လမ္းၾကားရွိ ပုဂံမင္းတည္ထားကိုးကြယ္ေတာ္မူခဲ့ေသာ မဟာေလာကရံသီ အိမ္ေတာ္ရာ ေစတီေတာ္ျမတ္ႀကီးႏွင့္

အရံေစတီတို႔မွ ဒီဇင္ဘာလ ၂၉ရက္ေန႔(နတ္ေတာ္လျပည့္ေန႔) မြန္းလြဲပိုင္းက အလင္းတန္းမ်ားထြက္ေပၚျခင္း၊ ဝသုေျႏၵနတ္႐ုပ္တု၏ ဆံပင္အဖ်ားမွ ေရစက္ေရေပါက္က်ျခင္းမ်ား ထူးျခား တိုက္ဆိုင္စြာ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

“ေဂါပက႐ုံးက လွ်ပ္စစ္အကူဝန္ထမ္း ဦးရဲဝင္းေအာင္ က ထမင္းစားဖို႔ အိမ္ျပန္စဥ္မွာ ဝသုေျႏၵ နတ္႐ုပ္တု ေအာက္ေျခမွာ ေရအိုင္ေနလို႔ ၾကည့္တဲ့အခါမွာ႐ုပ္တုရဲ႕ ဆံပင္အဖ်ားကေန ေရစက္ေရေပါက္ေတြ ေအာက္ကို က်ေနတာ စတင္ေတြ႕ရွိလို႔ ကြၽန္ေတာ့္ဆီ အေၾကာင္းၾကားပါတယ္။

ေနာက္ၿပီး ေဂါပကအဖြဲ႕ ဥကက႒ ကေနတဆင့္ ဆရာေတာ္ႀကီးမ်ားထံ ဆက္လက္ေလွ်ာက္ထားခဲ့ပါတယ္”ဟု ေဂါပကအဖြဲ႕ ႐ုံးအဖြဲ႕မႉး ဦးၫြန႔္ၿမိဳင္က ေျပာၾကားသည္။

အဆိုပါ ဝသုေျႏၶ႐ုပ္တုသည္ ဘုရားဝင္းအတြင္း ပြင့္ေတာ္မူဘုရားအနီးတြင္ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၃၀ ထက္မနည္းက တည္ရွိခဲ့ၿပီး ျပန္လည္မြမ္းမံထားရွိကာအျမင့္ ၃ေပခန႔္ရွိ အဂၤေတျဖင့္ ထုလုပ္ထားျခင္းျဖစ္ေၾကာင္းသိရသည္။

”႐ုပ္တုရဲ႕ ေအာက္ေျခမွာ ေရပိုက္ရွိတယ္လို႔ အရင္ဘုရားဝန္ထမ္းအခ်ိဳ႕က ေျပာတာရွိလို႔႐ုပ္တု ပတ္ဝန္းက်င္ကိုရွာၾကည့္ေပမယ့္ ေရပိုက္သြယ္တန္းထားမႈ မေတြ႕ရဘူး။တကယ္လို႔ ေရပိုက္က ထြက္တယ္ဆိုလဲ ေဘးေတြ ပန္းထြက္ရမွာ။

ေအာက္ကေန အေပၚကို တက္သြားၿပီးမွ ဆံပင္အဖ်ားကေန ျပန္က်ဖို႔ဆိုတာက မျဖစ္ႏိုင္ဘူး။ၿပီးေတာ့ ႐ုပ္တုနားမွာေရစင္တစ္ခုရွိေတာ့ အဲဒီေရစင္က လာတဲ့ ပိုက္ေတြထဲကေနမ်ား က်ႏိုင္သလားဆိုၿပီး ေရပိုက္ေခါင္းေတြ ပိတ္ၾကည့္ေပမယ့္ ေရစက္က က်ေနတုန္းပဲ

ေရစက္ေတြက ေတာက္ေလ်ာက္ က်ေနတာမ်ိဳးမဟုတ္ဘူး။ေရစက္ေရေပါက္ က်တဲ့ပုံစံက အေပၚကေန ေအာက္ကို ဆံပင္အဖ်ားကေန ေရစက္ခ်သလိုမ်ိဳး တစ္စက္ခ်င္း က်ေနတာ။ က်တဲ့ေရက ဘာအမႈန္အမႊားမွ မပါဘဲ သန႔္ေနတာ။

၁၅ မိနစ္ေလာက္ က်လိုက္ ၂ မိနစ္ေလာက္ ရပ္သြားလိုက္။ ၿပီးေတာ့ တစ္ခါ ျပန္က်လိုက္ ျဖစ္ေနတာ။ ႐ုပ္တုအေပၚပိုင္းမွာလည္း စိုေနတာမ်ိဳး မရွိဘူး။ ေရထြက္ႏိုင္ေလာက္တဲ့ အေပါက္ရွိမလားဆိုၿပီး သံေခ်ာင္းအေသးနဲ႔ ထိုးရွာေသးတယ္ မေတြ႕ရဘူး” ဟု ဦးၫြန႔္ၿမိဳင္က ဆက္လက္ေျပာၾကားသည္။

ထို႔ျပင္ ေရစက္ေရေပါက္ က်ေၾကာင္း ေတြ႕ရွိသည့္အခ်ိန္ႏွင့္ တိုက္ဆိုင္စြာ မဟာေလာကရံသီ အိမ္ေတာ္ရာေစတီေတာ္ျမတ္ႀကီး၏ ငွက္ျမတ္နားေတာ္ႏွင့္ဘုရားပရဝုဏ္ အေရွ႕ေျမာက္ေထာင့္ရွိ စလင္းၿမိဳ႕စားမင္းသမီး တည္ထားခဲ့ေသာ ေစတီေတာ္၏ စိန္ဖူးေတာ္ တို႔မွ

အလင္းတန္းမ်ား ထြက္ေပၚေနသည္ကိုဘုရားဝင္းျပင္ပရွိ လူမ်ားႏွင့္ ဘုရားအတြင္းရွိ ေဂါပကအဖြဲ႕ဝင္မ်ား၊ ဝန္ထမ္းမ်ားက ဖူးေတြ႕ခဲ့ရၿပီး မွတ္တမ္းဗီဒီယို႐ိုက္ကူးကာ လူမႈကြန္ယက္ေပၚတြင္ တင္ထားေၾကာင္းလည္း သိရသည္။

ေရစက္ေရေပါက္မ်ား က်သည္ဆိုသည့္ အတိတ္နိမိတ္သည္ ေအးခ်မ္းျခင္း၊ ၾကည္လင္သန႔္ရွင္းျခင္း ဟူသည့္ သေဘာကို ေဆာင္သည့္အတြက္မႏၲေလးၿမိဳ႕အပါအဝင္ ျမန္မာႏိုင္ငံေတာ္တစ္ခုလုံး ေအးခ်မ္းမည့္ အတိတ္နိမိတ္အျဖစ္ ယူဆေၾကာင္းလည္း ေျပာၾကားသည္။

ယင္းသို႔ ထူးျခားမႈမ်ား ျဖစ္ေပၚရာသို႔ ေစတီေတာ္ဩဝါဒါစရိယ ၿမိဳ႕နယ္သံဃနာယကအဖြဲ႕ ဥကၠ႒ မိုးေကာင္းတိုက္၊အလယ္ေ႐ႊေက်ာင္း ဆရာေတာ္ ဘဒၵႏၲ ဓမၼဒီပတ်ာလကၤာရ ႏွင့္ ေစတီေတာ္ ထိန္းသိမ္းေစာင့္ေရွာက္ေရး အဖြဲ႕ဝင္ ဆရာေတာ္မ်ား၊ေဂါပကအဖြဲ႕

ဥကၠ႒ ဦးေအာင္လင္းေအး၊ အတြင္းေရးမႉး ဦးဝင္းေအာင္၊ တြဲဖက္အတြင္းေရးမႉး ဦးေအာင္ႏိုင္ဦး တို႔ႏွင့္ အဖြဲ႕ဝင္မ်ားလာေရာက္၍ ၾကည့္ရႈစစ္ေဆးခဲ့သည္။

လက္ရွိအခ်ိန္တြင္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ တိုင္းေဒသႀကီးအစိုးရအဖြဲ႕တို႔၏ ကိုဗစ္-၁၉ ကာကြယ္ထိန္းခ်ဳပ္ေရးၫႊန္ၾကားခ်က္မ်ားအရဘုရားဝင္းအတြင္းသို႔ တာဝန္ရွိသူမွအပ မည္သူ႔ကိုမွ် ဝင္ခြင့္မျပဳေၾကာင္း သိရသည္။

Credit tartay

Unicode

အိမ်တော်ရာ စေတီတော်မြတ်ကြီးမှ ရောင်ခြည်တော်ကွန့်မြူခင်း၊ မြေစောင့်နတ်ရုပ်ထုမှ အလိုအလျောက် ရေစက်ရေပေါက်ကျခြင်းများ ဖြစ်ပေါ်

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇x၂၈ လမ်းကြား၊ ၈၈x၈၉ လမ်းကြားရှိ ပုဂံမင်းတည်ထားကိုးကွယ်တော်မူခဲ့သော မဟာလောကရံသီ အိမ်တော်ရာ စေတီတော်မြတ်ကြီးနှင့်

အရံစေတီတို့မှ ဒီဇင်ဘာလ ၂၉ရက်နေ့(နတ်တော်လပြည့်နေ့) မွန်းလွဲပိုင်းက အလင်းတန်းများထွက်ပေါ်ခြင်း၊ ဝသုန္ဒြေနတ်ရုပ်တု၏ ဆံပင်အဖျားမှ ရေစက်ရေပေါက်ကျခြင်းများ ထူးခြား တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ဂေါပကရုံးက လျှပ်စစ်အကူဝန်ထမ်း ဦးရဲဝင်းအောင် က ထမင်းစားဖို့ အိမ်ပြန်စဉ်မှာ ဝသုန္ဒြေ နတ်ရုပ်တု အောက်ခြေမှာ ရေအိုင်နေလို့ ကြည့်တဲ့အခါမှာရုပ်တုရဲ့ ဆံပင်အဖျားကနေ ရေစက်ရေပေါက်တွေ အောက်ကို ကျနေတာ စတင်တွေ့ရှိလို့ ကျွန်တော့်ဆီ အကြောင်းကြားပါတယ်။

နောက်ပြီး ဂေါပကအဖွဲ့ ဥကကဋ္ဌ ကနေတဆင့် ဆရာတော်ကြီးများထံ ဆက်လက်လျှောက်ထားခဲ့ပါတယ်”ဟု ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးညွန့်မြိုင်က ပြောကြားသည်။

အဆိုပါ ဝသုန္ဓြေရုပ်တုသည် ဘုရားဝင်းအတွင်း ပွင့်တော်မူဘုရားအနီးတွင် လွန်ခဲ့သော နှစ်ပေါင်း ၃၀ ထက်မနည်းက တည်ရှိခဲ့ပြီး ပြန်လည်မွမ်းမံထားရှိကာအမြင့် ၃ပေခန့်ရှိ အင်္ဂတေဖြင့် ထုလုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။

”ရုပ်တုရဲ့ အောက်ခြေမှာ ရေပိုက်ရှိတယ်လို့ အရင်ဘုရားဝန်ထမ်းအချို့က ပြောတာရှိလို့ရုပ်တု ပတ်ဝန်းကျင်ကိုရှာကြည့်ပေမယ့် ရေပိုက်သွယ်တန်းထားမှု မတွေ့ရဘူး။တကယ်လို့ ရေပိုက်က ထွက်တယ်ဆိုလဲ ဘေးတွေ ပန်းထွက်ရမှာ။

အောက်ကနေ အပေါ်ကို တက်သွားပြီးမှ ဆံပင်အဖျားကနေ ပြန်ကျဖို့ဆိုတာက မဖြစ်နိုင်ဘူး။ပြီးတော့ ရုပ်တုနားမှာရေစင်တစ်ခုရှိတော့ အဲဒီရေစင်က လာတဲ့ ပိုက်တွေထဲကနေများ ကျနိုင်သလားဆိုပြီး ရေပိုက်ခေါင်းတွေ ပိတ်ကြည့်ပေမယ့် ရေစက်က ကျနေတုန်းပဲ

ရေစက်တွေက တောက်လျောက် ကျနေတာမျိုးမဟုတ်ဘူး။ရေစက်ရေပေါက် ကျတဲ့ပုံစံက အပေါ်ကနေ အောက်ကို ဆံပင်အဖျားကနေ ရေစက်ချသလိုမျိုး တစ်စက်ချင်း ကျနေတာ။ ကျတဲ့ရေက ဘာအမှုန်အမွှားမှ မပါဘဲ သန့်နေတာ။

၁၅ မိနစ်လောက် ကျလိုက် ၂ မိနစ်လောက် ရပ်သွားလိုက်။ ပြီးတော့ တစ်ခါ ပြန်ကျလိုက် ဖြစ်နေတာ။ ရုပ်တုအပေါ်ပိုင်းမှာလည်း စိုနေတာမျိုး မရှိဘူး။ ရေထွက်နိုင်လောက်တဲ့ အပေါက်ရှိမလားဆိုပြီး သံချောင်းအသေးနဲ့ ထိုးရှာသေးတယ် မတွေ့ရဘူး” ဟု ဦးညွန့်မြိုင်က ဆက်လက်ပြောကြားသည်။

ထို့ပြင် ရေစက်ရေပေါက် ကျကြောင်း တွေ့ရှိသည့်အချိန်နှင့် တိုက်ဆိုင်စွာ မဟာလောကရံသီ အိမ်တော်ရာစေတီတော်မြတ်ကြီး၏ ငှက်မြတ်နားတော်နှင့်ဘုရားပရဝုဏ် အရှေ့မြောက်ထောင့်ရှိ စလင်းမြို့စားမင်းသမီး တည်ထားခဲ့သော စေတီတော်၏ စိန်ဖူးတော် တို့မှ

အလင်းတန်းများ ထွက်ပေါ်နေသည်ကိုဘုရားဝင်းပြင်ပရှိ လူများနှင့် ဘုရားအတွင်းရှိ ဂေါပကအဖွဲ့ဝင်များ၊ ဝန်ထမ်းများက ဖူးတွေ့ခဲ့ရပြီး မှတ်တမ်းဗီဒီယိုရိုက်ကူးကာ လူမှုကွန်ယက်ပေါ်တွင် တင်ထားကြောင်းလည်း သိရသည်။

ရေစက်ရေပေါက်များ ကျသည်ဆိုသည့် အတိတ်နိမိတ်သည် အေးချမ်းခြင်း၊ ကြည်လင်သန့်ရှင်းခြင်း ဟူသည့် သဘောကို ဆောင်သည့်အတွက်မန္တလေးမြို့အပါအဝင် မြန်မာနိုင်ငံတော်တစ်ခုလုံး အေးချမ်းမည့် အတိတ်နိမိတ်အဖြစ် ယူဆကြောင်းလည်း ပြောကြားသည်။

ယင်းသို့ ထူးခြားမှုများ ဖြစ်ပေါ်ရာသို့ စေတီတော်ဩဝါဒါစရိယ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ မိုးကောင်းတိုက်၊အလယ်ရွှေကျောင်း ဆရာတော် ဘဒ္ဒန္တ ဓမ္မဒီပတျာလင်္ကာရ နှင့် စေတီတော် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင် ဆရာတော်များ၊ဂေါပကအဖွဲ့

ဥက္ကဋ္ဌ ဦးအောင်လင်းအေး၊ အတွင်းရေးမှူး ဦးဝင်းအောင်၊ တွဲဖက်အတွင်းရေးမှူး ဦးအောင်နိုင်ဦး တို့နှင့် အဖွဲ့ဝင်များလာရောက်၍ ကြည့်ရှုစစ်ဆေးခဲ့သည်။

လက်ရှိအချိန်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးညွှန်ကြားချက်များအရဘုရားဝင်းအတွင်းသို့ တာဝန်ရှိသူမှအပ မည်သူ့ကိုမျှ ဝင်ခွင့်မပြုကြောင်း သိရသည်။

Credit tartay