
Zawgyi























Unicode

“တနင်္လာသား သမီးများအတွက် 2021 ခုနှစ် (၁)နှစ်စာ ကံကြမ္မာဟောစာတမ်းနှင့် ဆောင်ရန်ရှောင်ရန်များ”

တနလာင်္သားသမီးများ အိမ်တွင်းရေး|လူမူရေးကိစ္စများကြောင့် ခေါင်းကိုက်ရူပ်ထွေးနေရတတ်ပြီမိမိဆန္ဒမိမိသဘောနဲ့လုပ်ဆောင်ခွင့်မရပဲ|ထိန်းချုပ်များစွာတွေ့ကြုံရတတ်ပါတယ်။

ဒီနှစ်ဟာကိုယ်ပိုင်ဆုံးဖြတ်ချက်|ကိုယ့်စွမ်းကိုယ်စများအသုံးချပြီး ကျော်ဖြတ်နိုင်မှသာ အောင်မြင်မှုရရှိမဲ့နှစ်တစ်နှစ်ပါ။အလုပ်အကိုင်မှာထင်သလောက်အဆင်မပြေပဲ ပြဿနာများ ရူပ်ထွေးနေရတတ်ပါတယ်။

ဒါပေမယ့် ပြဿနာတွေတခုလာတိုင်းပြဿနာနောက်က အောင်မြင်ခြင်းနှင့် လာဘ်လာဘ ပါလာတတ်တာကို သင်မမေ့ပါနဲ့|ထို့ကြောင့်ပြဿနာကိုရဲရင့်စွာစဉ်းစားရင်ဆိုင်သင့်ပါတယ်။

ဖခင်ကျမ်းမာရေးညံနေတတ်ပါတယ်ကျမ်းမာရေးမှာတော့အာရုံကြောအားနည်းခြင်း|ဦးခေါင်းပိုင်းနှင့်ပတ်သက်သောရောဂါ|ကိုက်ခဲခြင်းများဖြစ်တတ်ပြီးအစာအဆိပ်သင့်အစားမှားခြင်းများလည်းဖြစ်တတ်ပါတယ်

ပညာရေးမှာအတော်ကြိုးစားမှတော်ရုံကျပါမယ် အပေါင်းအသင်းကြောင့်အပျက်စီးနေတတ်ပါတယ်အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက်အူတိုမှုများ ပိုမိုပြင်းထန်လာပြီးမကြာခဏ စကားများနေရတတ်ပြီး အကြောင်းတခုကြောင့် ပြန်အဆင်ပြေသွားပါမယ်

စကားများပြီး မခေါ်မပြောရှိပါကကြားလူဝင်တတ်ပြီးပြိုကွဲနိုင်ပါတယ်။(၆)လပိုင်း(၁၀)လပိုင်းများမှာကံကောင်းသောလများဖြစ်လို့လုပ်ငန်းတိုးချဲ့လုပ်ကိုင်သင့်ပါတယ်အိမ်ထောင်သည်များ အိမ်ယာအသစ်ရရှိခြင်း အိမ်အပြောင်းရွှေ့လုပ်ရခြင်းများပေါ်ပေါက်တတ်ပါတယ်

မမျှော်လင့်ပဲ ထီပေါက်တတ်ပါမယ်ငွေကြေးကိစ္စမှာ စုနိုင်မှတော်ရုံကြပါမယ်ယိုပေါက်များနေတတ်ပြီး ဖြစ်နိုင်ရင် မိမိလက်ထဲငွေမထားပဲ ဘဏ်လိုနေရာမျိုး (သို့မဟုတ်) တနေနေရာမှာစုထားသင့်ပါတယ်

ခရီးခဏခဏသွားခြင်ကို တတ်နိုင်သလောက်ရှောင်ပေးပါ။ ခရီးကပြန်လာရင်ဖျားနာခြင်း|ပြဿနာတက်ခြင်းတွေ့ရတတ်ပါမယ် ဒီလိုနှစ်မျိုးမှာ အမှုအခင်းမဖြစ်အောင်နေပါဖြစ်ပါကနောက်နှစ်အထိမပြီးပဲဖြစ်နေတတ်ပါတယ်

ယတြာ – မွေးနေ့တိုင်း ကြေးလင်ပန်းထဲ ပန်းသီး(၅)သစိပ်ကို သကြားဖြူးပြီး အိမ်ဘုရားလှူပေးပါ

အလုပ်အကိုင်ကိစ္စများ အဆင်ပြေစေလိုပါကအာလူး(၁)လုံးပေါ်အလံစိုက်ပြီး အလံတွင် အလုပ်ကိစ္စရေးပြီး အိမ်ဘုရားမှာလှူပေးပါ။

အိမ်ထောင်ရေး အဆင်ပြေစေလိုပါက-အိမ်ထောင်ဘက်၏မွေးနံထောင့်တွင် ရေ(၇)ခွက်| ထီး(၇)လက်လှူပေးပါ။

ငွေကြေးအခက်ခဲပြေလိုလျှင်မွေးနေ့တွင် ငွေ(၁၀၀၀)ပံ့သကူလှူပေးပါ။

ရာထူးတိုးလိုပါက -မွေးနံဒေါင့်မှာ တံခွန်(၃)ခု လှူပြီးဆုတောင်းပါ။

ကံကောင်စေသောအရောင် -ပန်းဆီရောင်နှင့် အဖြူရောင်များ

ကံကောင်းစေသောဂဏန်း(၂)(၄)(၉)

ကံကောင်းစေသောနေ့များကတော့တနလာင်္နေ့ နှင့်ဗုဒ္ဓဟူးနေ့

ကံကောင်းစေသော အချိန်- တနလာင်္နေ့ နံနက်(၉)နာရီမှ(၁၀)နာရီခွဲတွင်း

ကံကောင်းစေသော အဆောင်ရုပ်မှာကြေးခေါင်းလောင်း

တနလာင်္သားသမီးအပေါင်းတစ်နှစ်တာလုံး ကြံစည်တိုင်းအောင်မြင်၍ တောင့်တဆန္ဒများပြည့်စုံကြပါစေ တစ်ခါမေးပြီးတစ်သက်တာ မိတ်ဆွေဖြစ်ရမည်သင်ဆရာ မြင်ဆရာ ကြားဆရာများကို ဂါရဝပြုပါသည်

မိမိ၏ကံကြမ္မာဇာတာကို အသေးစိတ်မေးလိုသူများဆရာ့ထံ ဖုန်းဖြင့်တိုက်ရိုက်မေးလို့ရပါပြီဉာဏ်ပူဇော်ခ နံပါတ်မှာထည့်ပြီးမေးပါ

မန္တလေးမြို့ရောက်လျှင် ဆရာ့ဟောခန်းမှာဗေဒင်အသေးစိတ် မေးနိုင်ပါသည်ဆရာကျော်ဇောဟိန်း၃၄လမ်း-၇၃လမ်းနှင့်၇၄လမ်းကြား-မောရဂီဝါရပ်ကွက်-မန္တလေးမြို့Ph09256029906Ph09766470530