ေဆးဖက္ဝင္အေကာင္တစ္ပိုင္း၊ႏြယ္ပင္တစ္ပိုင္းရွီးပဒီးရဲ႕အံ့ဖြယ္အက်ိဳးေက်းဇူးမ်ား

Zawgyi

ေဆးဖက္ဝင္ အေကာင္တစ္ပိုင္း၊ႏြယ္ပင္တစ္ပိုင္း ရွီးပဒီးရဲ႕အံ့ဖြယ္အက်ိဳးေက်းဇူးမ်ား

ေရခဲေတာင္ေပၚမွာ ေပါက္ဖြားၿပီး ေဆးဘက္ဝင္ တန္ဖိုးႀကီးလွတဲ့ ရွီးပဒီးလို႔ေခၚၾကေသာ အေကာင္တစ္ပိုင္း၊ ႏြယ္ပင္တစ္ပိုင္း အေၾကာင္းကို လက္လွမ္းမီသေလာက္ ရွာေဖြၾကည့္ထားတာေလး ေဖာ္ျပခ်င္ပါတယ္။

ေရခဲေတြ ဖုံးလြမ္းေနတဲ့ ေတာင္တန္းႀကီးေတြမွာ ေဆးဘက္ဝင္တဲ့ ရွားပါးသစ္ပင္မ်ားနဲ႔ တိရိစာၦန္မ်ားကို ေတြ႕ရွိရပါတယ္။ဆာင္းမွာ ပိုးေကာင္၊ ေႏြမွာ သစ္ပင္ လို႔ ေခၚၾကတဲ့ ထူးထူးဆန္းဆန္း ျဖစ္ေပၚလာတဲ့ ဒီ ရွီးပဒီးဟာ အလြန္ျမင့္မားတဲ့ ေရခဲေတာင္ေတြမွာသာ ေတြ႕ရွိရပါတယ္။

ေပေပါင္း မ်ားစြာ ျမင့္မားတဲ့ ေရခဲေတာင္ေတြ ရွိရာ ေဒသျဖစ္တဲ့ ဟိမဝႏၲာ ေတာင္တန္း ျဖာဆင္းရာ တ႐ုတ္၊ တိဘက္၊ နီေပါ၊ ဘူတန္နဲ႔ ျမန္မာျပည္ေျမာက္ဖ်ား ေရခဲေတာင္တန္းေတြမွာ ေတြ႕ရွိႏိုင္ပါတယ္။

တ႐ုတ္ တိုင္းရင္း ေဆးဝါးေတြမွာ ထည့္သြင္းေဖာ္စပ္ၾကပီး ေဈးလည္း အလြန္ႀကီးတဲ့ ေဆးဘက္ဝင္ အမ်ိဳးအစား ျဖစ္ပါတယ္။ပိုးႏြယ္ရွင္ေခၚ ရွီးပဒီးျဖစ္ေပၚလာပုံက ထူးထူးဆန္းဆန္းလို႔ ေျပာရမွာပါဘဲ။

အေကာင္မျဖစ္ခင္ သေႏၶသားေလာင္း ျဖစ္တဲ့ ပိုးဥေကာင္ေလးေတြဟာ ေဆာင္းရာသီအခ်ိန္မွာ အလြန္ ေအးလြန္းတာေၾကာင့္ ေျမႀကီးထဲမွာ ေဆးဘက္ဝင္ မဂ်စ္ဥ၊ ခန္းေတာက္ျမစ္ တို႔ကိုစားသုံးၿပီး ေဆာင္းခိုေနခဲ့ပါတယ္။

အဲဒီလို ေဆာင္းခိုေနတဲ့အခ်ိန္မွာ ပိုးေလာင္းေကာင္ေလးေတြဟာ ေျမႀကီးေအာက္မွာ ၿငိမ္သက္ေနေသာ္လည္း ကပ္ပါးမႈိတစ္မ်ိဳးရဲ႕ တြယ္ကပ္ၿငိတြယ္ျခင္းခံရၿပီး ၎ ကပ္ပါးမႈိဟာ ပိုးေလာင္းေကာင္ေလးေတြကို ဖုံးလႊမ္း သြားခဲ့ၿပီး ေႏြရာသီေရာက္ခ်ိန္မွာ

ပိုးေလာင္းေကာင္ေလးမ်ားရဲ႕ ဦးေခါင္းေပၚကေန ျမက္ပင္နဲ႔ ဆင္တဲ့ ဦးခ်ိဳသဖြယ္ အေညႇာင့္ကေလး ထြက္လာခဲ့ပါတယ္။ အဲဒီ အေညႇာင့္ကေလးေတြဟာ ၅စင္တီမီတာကေန ၁၅စင္တီမီတာအထိ ရွည္လ်ားစြာ ထြက္ေပၚလာတတ္ပါတယ္။

ေဒသခံေတြရဲ႕ အဆိုအရေတာ့ အဲဒီအခ်ိန္ဟာ ပိုးေကာင္ဘဝကေန ႏြယ္ပင္အျဖစ္ ရွင္သန္ခ်ိန္ျဖစ္တယ္လို႔ ေျပာဆိုၾကပါတယ္။ ဒါေၾကာင့္လည္း ေရခဲခ်ိန္မွာ ပိုးေကာင္၊ ေရခဲေတြ အရည္ေပ်ာ္ၿပီး ေျမႀကီးေတြ ျမင္ရခ်ိန္မွာေတာ့ အပင္ ျဖစ္လာတယ္လို႔ ဆိုပါတယ္။

၎ေရခဲမ်ား အရည္ေပ်ာ္ခ်ိန္မွာ ေျမေအာက္က ပိုးေလာင္းေကာင္ေလးေတြရဲ႕ ဦးေခါင္းကေန အပင္ေလး ထြက္လာတဲ့အခါ ေဒသခံ ေတာင္ေပၚသားမ်ားက ရွာေဖြ စုေဆာင္း ေကာက္ယူ ၾကပါတယ္။

ေတာင္ေပၚေဒသေတြမွာ ေရွးယခင္ကတည္းက ေဆးဘက္ဝင္တယ္လို႔ သိခဲ့ၾကတာေၾကာင့္လည္း ၎ ပိုးေကာင္ေလးမ်ားကို ရွာေဖြ စုေဆာင္းသူမ်ားျပားလွပါတယ္။ က်န္းမာေရး အတြက္ အလြန္ အက်ိဳးျပဳၿပီး ေဆးဘက္ဝင္လွတဲ့ ရွီးပဒီး ပိုးေကာင္ေလးေတြဟာ

ေဈးေကာင္းရပါတယ္ရွီးပဒီးေခၚ ပိုးႏြယ္ေလးရဲ႕ အစြမ္းထက္ ေဆးဘက္ဝင္မႈေတြက ေတာ္ေတာ္ကိုမ်ားျပားပါတယ္။ အရသာမွာ ခ်ိဳၿပီးဆိမ့္တဲ့အရသာရွိတယ္ ဆိုပါတယ္။၎ရွီးပဒီး ပိုးေကာင္ေလးေတြကို အေျခာက္လွမ္းၿပီး အမႈန႔္ျပဳလုပ္ကာ ေရာင္းခ်တတ္ၾကပါတယ္။

အာဟာရဓာတ္ ပါဝင္မႈ မ်ားျပားတဲ့အတြက္ ဖ်ားနာၿပီး နလံထစလူနာေတြ အျမန္ဆုံး က်န္းမာေရး ေကာင္းမြန္လာေစျခင္း ေက်ာက္ကပ္ကို ေကာင္းမြန္ေစျခင္း၊ ေက်ာက္ကပ္ရဲ႕ လုပ္ငန္းေဆာင္တာမ်ား ေခ်ာေမြ႕ေစျခင္း

ဓာတ္မတည့္ျခင္းကို သက္သာေစျခင္း၊ ေခ်ာင္းဆိုး၊ ရင္ၾကပ္ေရာဂါမ်ားကို သက္သာေစျခင္း ကင္ဆာျဖစ္ပြားျခင္းကို ေလ်ာ့နည္းေစျခင္း ေသြးဥမ်ားကိုတိုးပြားေစျခင္း ေသြးရည္ၾကည္အတြက္ ပ႐ိုတိန္းမ်ား ျဖစ္ေပၚေစျခင္း၊ ေသြးဖိအား မ်ားျခင္း၊

နည္းျခင္းကို ပုံမွန္အတိုင္း ျဖစ္ေစႏိုင္ျခင္း အမ်ိဳးသားမ်ားအတြက္ ခြန္အားတိုးပြားေစျခင္း ကိုယ္ခံအားကို ျမင့္မားေစျခင္း၊ အဆုပ္ရဲ႕လုပ္ငန္းေဆာင္တာမ်ားကို ေကာင္းမြန္ေစျခင္း အမ်ိဳးသမီးမ်ား ဓမၼတာေကာင္းမြန္ေစျခင္း ၊

ႏုပ်ိဳေစျခင္း၊ အေရးအေၾကာင္းမ်ားကို ေပ်ာက္ကင္း သက္သာေစျခင္း အက်ိဳးမ်ားလွတယ္လို႔ သိရပါတယ္။ရွားပါးတာေၾကာင့္ေရာ ၊ ေဆးဘက္ဝင္တာေၾကာင့္အတြက္ပါ တန္ဖိုးႀကီးလွပါတယ္။

ေန႔စဥ္ပုံမွန္ အားေဆး အျဖစ္ ေသာက္သုံး ၾကသူမ်ားလည္း ရွိၾကပါတယ္။ ၎ ပိုးေဆးႏြယ္( ရွီးပဒီး) မ်ားကို တ႐ုတ္၊ ဂ်ပန္၊ ကိုးရီးယားစသည့္ႏိုင္ငံမ်ားက ဝယ္ယူၾကေၾကာင္း သိရပါတယ္။

အခ်ိဳ႕ေသာ အားကစား သမားေတြ ဟာလည္း ကိုယ္ခံစြမ္းအားျမင့္မားၿပီး အေမာအပန္း ခံႏိုင္ဖို႔ရန္အတြက္ ပိုးႏြယ္ပင္ကို အၿမဲတမ္း မွီဝဲ စားသုံးၾကတယ္လို႔ဆိုပါတယ္။

အခ်ိဳ႕ေသာသူေတြက စြပ္ျပဳတ္ထဲ ထည့္ခ်က္ျခင္း၊ ၎ ရွီးပဒီး သက္သက္ကိုလည္း စားသုံးျခင္းမ်ား ျပဳလုပ္တတ္ၾကပါတယ္။ တိဘက္ေဒသေတြမွာ ၎ေဆးပိုးႏြယ္ကို အေျမာက္အျမား ရွာေဖြရရွိၿပီး ေငြေၾကးစီးပြား တိုးတက္လာၾကသူေတြ အမ်ားအျပား ရွိေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

ျမန္မာျပည္ ေျမာက္ဖ်ား ကခ်င္ျပည္နယ္ရဲ႕ ျမင့္မားလွတဲ့ ေရခဲေတာင္ေတြထက္မွာ ရွာေဖြေတြ႕ရွိႏိုင္တဲ့ အေကာင္ တစ္ပိုင္း ႏြယ္ပင္တစ္ပိုင္း ရွီးပဒီး ကို စနစ္တက်ေလ့လာျခင္း၊ သုေတသနျပဳလုပ္ျခင္းမ်ား လုပ္ေဆာင္ၿပီး ယေန႔ ေခတ္စားလွတဲ့ ကိုရီးယားဂ်င္ဆင္းတို႔လို စီးပြားျဖစ္

ေမြးျမဴစိုက္ပ်ိဳးထုတ္လုပ္ႏိုင္မယ္ ဆိုရင္ေတာ့ ေဒသခံေတြအတြက္ သဘာဝ ပတ္ဝန္းက်င္လည္း ထိခိုက္ပ်က္စီးမႈ ႀကီးႀကီးမားမား မရွိတဲ့အျပင္ ဝင္ေငြတိုး႐ုံသာမက၊ အလုပ္အကိုင္ အခြင့္အလမ္း အသစ္ေတြပါ ရရွိတိုးပြားလာစရာ ရွိေၾကာင္း စိတ္ကူးယဥ္ အိပ္မက္မိပါေတာ့တယ္။ သုတဇုန္ ထြန္းလင္း

Unicode

ဆေးဖက်ဝင် အကောင်တစ်ပိုင်း၊နွယ်ပင်တစ်ပိုင်း ရှီးပဒီးရဲ့အံ့ဖွယ်အကျိုးကျေးဇူးများ

ရေခဲတောင်ပေါ်မှာ ပေါက်ဖွားပြီး ဆေးဘက်ဝင် တန်ဖိုးကြီးလှတဲ့ ရှီးပဒီးလို့ခေါ်ကြသော အကောင်တစ်ပိုင်း၊ နွယ်ပင်တစ်ပိုင်း အကြောင်းကို လက်လှမ်းမီသလောက် ရှာဖွေကြည့်ထားတာလေး ဖော်ပြချင်ပါတယ်။

ရေခဲတွေ ဖုံးလွမ်းနေတဲ့ တောင်တန်းကြီးတွေမှာ ဆေးဘက်ဝင်တဲ့ ရှားပါးသစ်ပင်များနဲ့ တိရိစ္ဆာန်များကို တွေ့ရှိရပါတယ်။ဆာင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ကြတဲ့ ထူးထူးဆန်းဆန်း ဖြစ်ပေါ်လာတဲ့ ဒီ ရှီးပဒီးဟာ အလွန်မြင့်မားတဲ့ ရေခဲတောင်တွေမှာသာ တွေ့ရှိရပါတယ်။

ပေပေါင်း များစွာ မြင့်မားတဲ့ ရေခဲတောင်တွေ ရှိရာ ဒေသဖြစ်တဲ့ ဟိမဝန္တာ တောင်တန်း ဖြာဆင်းရာ တရုတ်၊ တိဘက်၊ နီပေါ၊ ဘူတန်နဲ့ မြန်မာပြည်မြောက်ဖျား ရေခဲတောင်တန်းတွေမှာ တွေ့ရှိနိုင်ပါတယ်။

တရုတ် တိုင်းရင်း ဆေးဝါးတွေမှာ ထည့်သွင်းဖော်စပ်ကြပီး ဈေးလည်း အလွန်ကြီးတဲ့ ဆေးဘက်ဝင် အမျိုးအစား ဖြစ်ပါတယ်။ပိုးနွယ်ရှင်ခေါ် ရှီးပဒီးဖြစ်ပေါ်လာပုံက ထူးထူးဆန်းဆန်းလို့ ပြောရမှာပါဘဲ။

အကောင်မဖြစ်ခင် သန္ဓေသားလောင်း ဖြစ်တဲ့ ပိုးဥကောင်လေးတွေဟာ ဆောင်းရာသီအချိန်မှာ အလွန် အေးလွန်းတာကြောင့် မြေကြီးထဲမှာ ဆေးဘက်ဝင် မဂျစ်ဥ၊ ခန်းတောက်မြစ် တို့ကိုစားသုံးပြီး ဆောင်းခိုနေခဲ့ပါတယ်။

အဲဒီလို ဆောင်းခိုနေတဲ့အချိန်မှာ ပိုးလောင်းကောင်လေးတွေဟာ မြေကြီးအောက်မှာ ငြိမ်သက်နေသော်လည်း ကပ်ပါးမှိုတစ်မျိုးရဲ့ တွယ်ကပ်ငြိတွယ်ခြင်းခံရပြီး ၎င်း ကပ်ပါးမှိုဟာ ပိုးလောင်းကောင်လေးတွေကို ဖုံးလွှမ်း သွားခဲ့ပြီး နွေရာသီရောက်ချိန်မှာ

ပိုးလောင်းကောင်လေးများရဲ့ ဦးခေါင်းပေါ်ကနေ မြက်ပင်နဲ့ ဆင်တဲ့ ဦးချိုသဖွယ် အညှောင့်ကလေး ထွက်လာခဲ့ပါတယ်။ အဲဒီ အညှောင့်ကလေးတွေဟာ ၅စင်တီမီတာကနေ ၁၅စင်တီမီတာအထိ ရှည်လျားစွာ ထွက်ပေါ်လာတတ်ပါတယ်။

ဒေသခံတွေရဲ့ အဆိုအရတော့ အဲဒီအချိန်ဟာ ပိုးကောင်ဘဝကနေ နွယ်ပင်အဖြစ် ရှင်သန်ချိန်ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါကြောင့်လည်း ရေခဲချိန်မှာ ပိုးကောင်၊ ရေခဲတွေ အရည်ပျော်ပြီး မြေကြီးတွေ မြင်ရချိန်မှာတော့ အပင် ဖြစ်လာတယ်လို့ ဆိုပါတယ်။

၎င်းရေခဲများ အရည်ပျော်ချိန်မှာ မြေအောက်က ပိုးလောင်းကောင်လေးတွေရဲ့ ဦးခေါင်းကနေ အပင်လေး ထွက်လာတဲ့အခါ ဒေသခံ တောင်ပေါ်သားများက ရှာဖွေ စုဆောင်း ကောက်ယူ ကြပါတယ်။

တောင်ပေါ်ဒေသတွေမှာ ရှေးယခင်ကတည်းက ဆေးဘက်ဝင်တယ်လို့ သိခဲ့ကြတာကြောင့်လည်း ၎င်း ပိုးကောင်လေးများကို ရှာဖွေ စုဆောင်းသူများပြားလှပါတယ်။ ကျန်းမာရေး အတွက် အလွန် အကျိုးပြုပြီး ဆေးဘက်ဝင်လှတဲ့ ရှီးပဒီး ပိုးကောင်လေးတွေဟာ

ဈေးကောင်းရပါတယ်ရှီးပဒီးခေါ် ပိုးနွယ်လေးရဲ့ အစွမ်းထက် ဆေးဘက်ဝင်မှုတွေက တော်တော်ကိုများပြားပါတယ်။ အရသာမှာ ချိုပြီးဆိမ့်တဲ့အရသာရှိတယ် ဆိုပါတယ်။၎င်းရှီးပဒီး ပိုးကောင်လေးတွေကို အခြောက်လှမ်းပြီး အမှုန့်ပြုလုပ်ကာ ရောင်းချတတ်ကြပါတယ်။

အာဟာရဓာတ် ပါဝင်မှု များပြားတဲ့အတွက် ဖျားနာပြီး နလံထစလူနာတွေ အမြန်ဆုံး ကျန်းမာရေး ကောင်းမွန်လာစေခြင်း ကျောက်ကပ်ကို ကောင်းမွန်စေခြင်း၊ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာများ ချောမွေ့စေခြင်း

ဓာတ်မတည့်ခြင်းကို သက်သာစေခြင်း၊ ချောင်းဆိုး၊ ရင်ကြပ်ရောဂါများကို သက်သာစေခြင်း ကင်ဆာဖြစ်ပွားခြင်းကို လျော့နည်းစေခြင်း သွေးဥများကိုတိုးပွားစေခြင်း သွေးရည်ကြည်အတွက် ပရိုတိန်းများ ဖြစ်ပေါ်စေခြင်း၊ သွေးဖိအား များခြင်း၊

နည်းခြင်းကို ပုံမှန်အတိုင်း ဖြစ်စေနိုင်ခြင်း အမျိုးသားများအတွက် ခွန်အားတိုးပွားစေခြင်း ကိုယ်ခံအားကို မြင့်မားစေခြင်း၊ အဆုပ်ရဲ့လုပ်ငန်းဆောင်တာများကို ကောင်းမွန်စေခြင်း အမျိုးသမီးများ ဓမ္မတာကောင်းမွန်စေခြင်း ၊

နုပျိုစေခြင်း၊ အရေးအကြောင်းများကို ပျောက်ကင်း သက်သာစေခြင်း အကျိုးများလှတယ်လို့ သိရပါတယ်။ရှားပါးတာကြောင့်ရော ၊ ဆေးဘက်ဝင်တာကြောင့်အတွက်ပါ တန်ဖိုးကြီးလှပါတယ်။

နေ့စဉ်ပုံမှန် အားဆေး အဖြစ် သောက်သုံး ကြသူများလည်း ရှိကြပါတယ်။ ၎င်း ပိုးဆေးနွယ်( ရှီးပဒီး) များကို တရုတ်၊ ဂျပန်၊ ကိုးရီးယားစသည့်နိုင်ငံများက ဝယ်ယူကြကြောင်း သိရပါတယ်။

အချို့သော အားကစား သမားတွေ ဟာလည်း ကိုယ်ခံစွမ်းအားမြင့်မားပြီး အမောအပန်း ခံနိုင်ဖို့ရန်အတွက် ပိုးနွယ်ပင်ကို အမြဲတမ်း မှီဝဲ စားသုံးကြတယ်လို့ဆိုပါတယ်။

အချို့သောသူတွေက စွပ်ပြုတ်ထဲ ထည့်ချက်ခြင်း၊ ၎င်း ရှီးပဒီး သက်သက်ကိုလည်း စားသုံးခြင်းများ ပြုလုပ်တတ်ကြပါတယ်။ တိဘက်ဒေသတွေမှာ ၎င်းဆေးပိုးနွယ်ကို အမြောက်အမြား ရှာဖွေရရှိပြီး ငွေကြေးစီးပွား တိုးတက်လာကြသူတွေ အများအပြား ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည် မြောက်ဖျား ကချင်ပြည်နယ်ရဲ့ မြင့်မားလှတဲ့ ရေခဲတောင်တွေထက်မှာ ရှာဖွေတွေ့ရှိနိုင်တဲ့ အကောင် တစ်ပိုင်း နွယ်ပင်တစ်ပိုင်း ရှီးပဒီး ကို စနစ်တကျလေ့လာခြင်း၊ သုတေသနပြုလုပ်ခြင်းများ လုပ်ဆောင်ပြီး ယနေ့ ခေတ်စားလှတဲ့ ကိုရီးယားဂျင်ဆင်းတို့လို စီးပွားဖြစ်

မွေးမြူစိုက်ပျိုးထုတ်လုပ်နိုင်မယ် ဆိုရင်တော့ ဒေသခံတွေအတွက် သဘာဝ ပတ်ဝန်းကျင်လည်း ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မရှိတဲ့အပြင် ဝင်ငွေတိုးရုံသာမက၊ အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေပါ ရရှိတိုးပွားလာစရာ ရှိကြောင်း စိတ်ကူးယဉ် အိပ်မက်မိပါတော့တယ်။ သုတဇုန် ထွန်းလင်း