ဆုေတာင္းအလြန္ျပည့္တဲ့ဘုရားႏွင့္ရဟႏၲာဆြမ္းကပ္နည္း
Zawgyi
ဇန္နဝါရီလ တစ္လတည္းသာျပဳလုပ္လို႔ရတဲ့” ဆုေတာင္းအလြန္ျပည့္တဲ့ ဘုရားႏွင့္ရဟႏၲာ ဆြမ္းကပ္နည္း ”
ဆုေတာင္းအလြန္ျပည့္တဲ့ ဘုရားႏွင့္ရဟႏၲာ ဆြမ္းကပ္နည္း
လြန္ခဲ့ေသာ ၁၃ ႏွစ္.လသာ တ႐ုတ္တန္းမွာစာသင္စဥ္ကေပါ့တပည့္တစ္ေယာက္ရဲ႕အေမ ဆီက ဆြမ္းကပ္နည္းရခဲ့တာပါ.မနက္ ၆ နာရီ စာသင္ဖို႔ ခေလးအိမ္ကိုေရာက္ေတာ့ အေမလုပ္သူက ၿပဳံးေပ်ာ္႐ႊင္လန္းေနလို႔။
ဘာျဖစ္လို႔လဲ အစ္မေရ.ဆိုေတာ့က်မအိမ္ကို ရဟႏၲာႂကြလို႔ပါ.ေျခရာခ်ထားခဲ့တယ္.ဘယ္မွာလဲ ေျခရာက်မကိုလည္း ဖူးခြင့္ေပးပါဆိုေတာ့အခုမရွိေတာ့ဘူးဆရာမ ထိုင္မယ့္ေနရာမွဆြမ္းကပ္တာအေနကထိုင္ မွာေျခရာခ်ခဲ့တာ.ဆရာမ စာသင္ရမယ္ဆိုေတာ့
အေနကထိုင္ဖယ္လိုက္ရၿပီေလ အဲ့ဆြမ္းကပ္နည္းကို က်မကိုလည္းေပးပါေနာ္.အစ္မေရာ ဘယ္ကရတာလဲဟင္လို႔ ကိုယ္ကေမးေတာ့အထက္အညာမွာေနတဲ့အမ်ိဳးတစ္ေယာက္ဆီကရတာပါအထက္အညာဘက္ မွာ ႐ြာလုံးကြၽတ္ကပ္ၾကတာတဲ့
ယုံၾကည္မႈနဲ႔ကပ္ၾကေပမယ့္ လက္ေတြ႕ဆန္မွ ယုံခ်င္သူမ်ားလည္းရွိၾကလို႔ ရဟန္းမ်ားထိုင္မယ့္ အေနကထိုင္ေတြကို ပိတ္ျဖဴအခင္းမ်ားခင္းၾကပါတယ္.ေထာင့္ေလးေထာင့္ကိုလည္း တင္းေနေအာင္ ဆြဲဆန္႔ထားၾကပါတယ္
ကင္မရာေတြလည္းခ်ိန္ထားပါတယ္ဆြမ္းကပ္တဲ့အခါမွာ တန္ခိုးျပတာကိုမ်က္ဝါးထင္ထင္ ဖူးေတြ႕ရပါေတာ့တယ္.ေတာရေဆာက္တည္တဲ့ရဟန္းမ်ားျဖစ္ၾကေတာ့အခင္းပိတ္မွာ ႐ႊံ ေျခရာေတြ အထင္းသားခ်ထားခဲ့ပါတယ္
ဆမ္းပြဲေတြ ေတာ္ေတာ္မ်ားမ်ား ေလ်ာ့သြားပါတယ္.ဆိုတဲ့အေၾကာင္းဗီဒီယိုမွတ္တမ္းေတြၾကည့္ရေတာ့မွ မယုံသူမ်ားလည္း ယုံသြားၾကပါတယ္.ထူးျခားတာက တစ္ႏွစ္လုံးမွာ ဇန္နဝါရီလ တစ္လ တည္းသာ ဆြမ္းကပ္ရျခင္းပါ.
ကိုယ္ဆြမ္းကပ္နည္း သိခဲ့ရတာက ဇန္နဝါရီလ၃၀ရက္ေန႔.အဲ့ဒီ့ေန႔မွာပဲ ေစ်းဝယ္ၿပီး ေနာက္တစ္ေန႔အ႐ုဏ္ ဆြမ္းကပ္ဖို႔ ျပင္ဆင္ပါတယ္ဆြမ္းကပ္ၿပီးေနာက္ ပီတိျဖစ္ခဲ့ရပါတယ္ အေနကထိုင္မွာ ေျခရာခ်ထားခဲ့လို႔ပါ ဆြမ္းကပ္တုန္းက ကိုယ္ေလ တရားနဲ႔ယွဥ္ေသာ
ဆု ေတာင္း ၁၀ ခုေတာင္းခဲ့ပါတယ္.အဲ့လိုဆြမ္းကပ္ၿပီးေနာက္ လူမႈကိစၥေတြရႈပ္ေနတာနဲ႔ေနာက္ႏွစ္ဆြမ္းကပ္ဖို႔ သတိျပန္မရလိုက္တာ ၁၀ႏွစ္ၾကာသြားပါတယ္၁၀ ႏွစ္ၾကာၿပီးမွ ဆြမ္းကပ္ခဲ့တဲ့ မွတ္တမ္းဒိုင္ယာရီျပန္ေတြ႕လိုက္ရေတာ့ ကိုယ့္မ်က္စိ ကိုယ္မယုံႏိုင္ေအာင္ျဖစ္သြားပါတယ္
ဆုေတာင္း ၁၀ခုမွာ ၉ခုျပည့္ခဲ့ၿပီး ဗုဒၶဂါယာ သြားဖို႔ ဆုတစ္ခုပဲျပည့္ဖို႔က်န္ပါေတာ့တယ္ ဒါကလည္း မၾကာခင္ျပည့္မွာပါSingle mother ဘဝ အစ ကိုယ့္အသက္ ၃၁ႏွစ္အထိ ျမန္မာျပည္အႏွံ႔ဘုရားဖူးဆိုလို႔ ပဲခူးဘုရား ေမာ္လၿမိဳင္ဘုရားေလာက္သာဖူးခဲ့ရပါတယ္
.အစ္မမိသားစုနဲ႔အတူေနရေတာ့ သူတို႔မိသားစုေတြ ဘုရားဖူးထြက္ရင္ ကိုယ္က ႏို႔စို႔သားေလးနဲ႔အိမ္ေစာင့္က်န္ခဲ့ရပါတယ္ အိမ္မွာက ေၾကာင္ ၁၅ေကာင္အစာေကြၽးဖို႔ရွိေတာ့ ကိုယ္တို႔သားအမိက မလိုက္ရပါဘူး.
ဒါေၾကာင့္ဆြမ္းကပ္ေတာ့ ျမန္မာျပည္အႏွံ႔ဘုရားဖူးခရီးကို စိတ္ကူးရတိုင္းထြက္ရပါလို၏ နိဗၺာန္ေရာက္ေၾကာင္းတရားေတြကိုဆရာေကာင္း၏လမ္းၫႊန္မႈျဖင့္ မဂ္ဆိုက္ဖိုလ္ဆိုက္ေရာက္ေအာင္က်င့္ႏိုင္ရပါလို၏.
အရွင္ဘုရားတို႔ရရွိထားေသာ တရားထူးတရားျမတ္ကို တပည့္ေတာ္လည္း ဤ႐ုပ္ဤခႏၶါျဖင့္ က်င့္ႀကံႀကိဳးစားအားထုတ္ႏိုင္ရပါလို၏.ဗုဒၶဂါယာ ဘုရားဖူးသွားရပါလို၏.လို႔အထူး ဆုေတာင္းခဲ့ပါတယ္.သည့္ေနာက္ပိုင္း ဆုေတာင္းျပည့္လိုက္တာမ်ားက
မဂၤလာဒါနပရဟိတအဖြဲ႕ရဲ႕ အက်ိဳးေတာ္ေဆာင္လုပ္ခဲ့ၿပီးေနာက္ ၂လတစ္ခါ ၃လတစ္ခါ ျမန္မာျပည္အႏွံ႔ ဘုရားဖူး ဝါဆိုသကၤန္းကပ္ ကထိန္သကၤန္းကပ္ ခရီးမ်ားကို ကားေရွ႕ခန္းကေန စရိတ္ၿငိမ္းလိုက္ပါခြင့္ရခဲ့သည္မွာ တ႐ုတ္ျပည္အထိပင္ေရာက္ခဲ့ပါတယ္
ထို႔ေနာက္တပည့္ ေတြနဲ႔ဆက္စပ္မိၿပီး ေအာင္သုခရိပ္သာကို ရက္ရွည္တရားစခန္းဝင္ တရားအားထုတ္ခြင့္ရခဲ့ပါတယ္.သည္လို ဆုေတာင္းျပည့္တဲ့ဆြမ္းကပ္နည္းကို တပည့္မိသားစုေတြကို ဆက္လက္ျဖန္႔ေဝတာ သူတို႔လည္းဆုေတာင္းေတြျပည့္ေၾကာင္းျပန္ၾကားခဲ့ရပါတယ္
ထင္မွတ္တဲ့ေနရာေတြက ေငြေတြဝင္လာေၾကာင္းတပည့္တစ္ေယာက္ရဲ႕မိဘက ကမ္း႐ိုးသြားကုန္တင္ သၤေဘာတစ္စီးဝယ္ဖို႔ လုပ္တာ သိန္း၅၀၀၀ ဆိုေတာ့ မဝယ္ႏိုင္ျဖစ္ေနတယ္ဆြမ္းကပ္ၿပီးဆုေတာင္းေတာ့. လူတစ္ေယာက္က သၤေဘာေဟာင္းတစ္စီးကို သံအရည္ႀကိဳေစ်းသိန္း ၁၅၀၀ေလာက္နဲ႔လာေရာင္းလို႔ရလိုက္တယ္
အဲ့ဒါကို ျပန္ျပင္ရင္သိန္း၂၅၀၀နဲ႔ သၤေဘာအသစ္တစ္စီးရလိုက္သလိုျဖစ္သြားပါတယ္.ကိုယ္လည္းဆုေတာင္းေတြျပည့္လြန္းတဲ့ ဆြမ္းကပ္နည္းကို ျပည္သူ႔ရင္ျပင္မွာ က်င္းပတဲ့ ႏွစ္ဦးဓမၼသဘင္ တရားပြဲမွာ မိတၱဴကူးၿပီးလိုက္ေဝပါတယ္ တရားပြဲ ၃ ညမွာ အ႐ြက္ေရ ၁၀၀၀ လႉျဖစ္ပါတယ္
မၾကာခင္မွာပဲ ဆြမ္းကပ္သူမ်ားက ဆုေတာင္းျပည့္ေၾကာင္း ဖုန္းဆက္ေျပာၾကားလာေတာ့ ပီတိအလြန္ျဖစ္ခဲ့ရပါတယ္.အဲ့ဆြမ္းကပ္နည္းေျပာခဲ့တဲ့ တပည့္မိသားစုေတြဟာ ဆုေတာင္းေတြျပည့္ခဲ့ၿပီး အခုဆိုလွ်င္ switzerland ႏိုင္ငံတြင္ မိသားစုလိုက္ေျပာင္းေ႐ႊ႕ေနထိုင္ေနၾကပါၿပီ ကဲ ဆုေတာင္းျပည့္တဲ့ ဆြမ္းကပ္နည္းကို ေျပာပါေတာ့မယ္ေနာ္
ႏွစ္တစ္ႏွစ္၏ ဇန္နဝါရီလ တစ္လလုံး သဒၶါသလိုကပ္ႏိုင္သည္ အ႐ုဏ္ဆြမ္း ေန႔ဆြမ္း ႀကိဳက္သလိုကပ္ႏိုင္သည္ဆြမ္းကို သက္သတ္လြတ္ ဟင္းပြဲျပင္ၿပီး ကပ္ရပါမည္ မိမိအိမ္မွာ ဘုန္းႀကီးဆြမ္းကပ္သလိုကပ္ရပါမည္။
သက္သတ္လြတ္ဟင္းပြဲ ၊လက္ဖက္ပြဲ ၊မုန္႔အခ်ိဳပြဲ၊ သစ္သီးပြဲ၊ လက္ဖက္ရည္အခ်ိဳ ၊ေကာ္ဖီအေဖ်ာ္ ၊ေရေႏြး၊ ေသာက္ေတာ္ေရ၊ လက္သုတ္ပဝါ၊ အစုံအလင္ ပါဝင္ေအာင္ကပ္ရမည္ လႈဖြယ္ပစၥည္းအားလုံးသက္သတ္လြတ္ျပင္ဆင္ရပါမည္
မနက္ျဖန္ ဆြမ္းကပ္မည္ဆိုပါကယေန႔လိုည ၉ နာရီ မွာမိမိအိမ္၏အေရွ႕ဘက္တြင္ ဆီမီးတစ္တိုင္ထြန္းၿပီးလက္အုပ္ခ်ီကာ ရဟႏၲာအရွင္ျမတ္မ်ားကို ဆြမ္းစားႂကြဖို႔ပင့္ဖိတ္ရပါမည္.
ပင့္ဖိတ္ရန္မွာ
” ဤအိမ္ ေဂဟာ၏ အရပ္ ၈ မ်က္ႏွာတြင္သီတင္းသုံး စံျမန္းလွ်က္ရွိကုန္ေသာ ဤ႐ုပ္ဤခႏၶါျဖင့္ နိဗၺာန္သို႔စံဝင္ၾကမည့္ ရဟႏၲာ အရွင္ျမတ္ႀကီးတို႔ဘုရား…မနက္ျဖန္(ေန႔စြဲအတိအက်ေဖာ္ျပပါ) နံနက္ ၅ နာရီတြင္ ျမတ္စြာဘုရားရွင္ ကိုယ္ေတာ္ျမတ္ႀကီးကို အမႉးထားလွ်က္
ရဟႏၲာ ကိုယ္ေတာ္ျမတ္ႀကီး ၁ပါး.. ၂ ပါး(မိမိႏိုင္သေလာက္ပင့္ႏိုင္ပါသည္)ကို အ႐ုဏ္ဆြမ္း ကပ္လိုပါသည္.(ေန႔ဆြမ္းကပ္လိုပါက ေန႔လည္ ၁၁နာရီ တြင္ကပ္ပါ) သို႔ပါ၍ တပည့္ေတာ္( ဆြမ္းကပ္မည့္သူနာမည္အျပည့္အစုံေဖာ္ျပပါ)ႏွင့္ ကံစပ္မည့္ ရဟႏၲာ ၁ပါး ၂ပါး စသည္ တို႔သည္
တပည့္ေတာ္တို႔၏ အိမ္ေဂဟာ ျဖစ္သည့္ ( အိမ္လိပ္စာ အျပည့္အစုံ ေဖာ္ျပပါ)သို႔ မနက္ျဖန္ ၅နာရီတြင္ အ႐ုဏ္ဆြမ္း စားႂကြေရာက္ေတာ္မူပါရန္ ႐ိုေသစြာပင့္ဖိတ္အပ္ပါသည္ဘုရား
ဆက္လက္၍ – အိမ္ေရွ႕တြင္အေမႊးတိုင္တစ္တိုင္ထြန္းညႇိပူေဇာ္ၿပီး ဤအိမ္ကိုေစာင့္ေရွာက္ေတာ္မူၾကသည့္ အိမ္ေစာင့္နတ္ႏွင့္တကြ ျမင္အပ္မျမင္အပ္ ပုဂၢိဳလ္မ်ားဆြမ္းကပ္မည့္သူ(ဦး/ေဒၚ)တို႔ႏွင့္ဆက္စပ္ ပတ္သက္ၾကေသာ သိုက္ပိုင္းဆိုင္ရာပုဂၢိဳလ္မ်ား၊ နတ္ပိုင္းဆိုင္ရာပုဂၢိဳလ္မ်ား၊ဓါတ္ပိုင္းဆိုင္ရာပုဂၢိဳလ္မ်ား၊ဝိဇၨာပိုင္းဆိုင္ရာ ပုဂၢိဳလ္မ်ား ႏွင့္တကြ
ဤအိမ္တည္ရွိရာနယ္ေျမကို အပိုင္စားရေတာ္မူေသာ ၿမိဳ႕ေတာ္ရွင္ ႐ြာေတာ္ရွင္ ၿမိဳ႕ပိုင္ နယ္ပိုင္ ကြင္းပိုင္ ႐ုကၡစိုး ဘုမၼာစိုး အာကာသစိုး ေျမေစာင့္နတ္ ေရေစာင့္နတ္ သာသနာေတာ္ေစာင့္နတ္ အရပ္ ၄ မ်က္ႏွာကို ေစာင့္ေရွာက္ေတာ္မူကုန္ေသာ စတုေလာကပါလနတ္မင္းႀကီးမ်ား
သမာေဒဝနတ္ေကာင္း နတ္ျမတ္မ်ား တာဝတႎသာနတ္ျပည္ရွိ အဘ ဘိုးေတာ္သိၾကားမင္းႏွင့္ ျဗဟၼာမင္းႀကီးမ်ား ပါမက်န္ .ဤ(ေန႔သား ဦး/ေဒၚ)တို႔က ႐ိုေသစြာ ဖိတ္ၾကားအပ္ပါသည္.မနက္ျဖန္ခါ နံနက္ ၅ နာရီတြင္ ဤ႐ုပ္ဤခႏၶါျဖင့္ နိဗၺာန္သို႔စံဝင္ၾကမည့္ ရဟႏၲာႀကီး ( ကိုယ္ကပ္မည့္အပါး အေရအတြက္ေဖာ္ျပပါ)ကို အ႐ုဏ္ဆြမ္းကပ္ပါမည္.
ထို႔ေၾကာင့္ ဤအိမ္၏ မိသားစုတို႔ႏွင့္အတူ တကြ ဆြမ္းအတူကပ္လႈရန္ သာဓု ေခၚဆိုရန္ ႂကြေရာက္ၾကဖို႔အေမႊးတိုင္ထြန္းကာ ဖိတ္ၾကားအပ္ပါသည္.အ႐ုဏ္ဆြမ္းကပ္မည့္နံနက္ေစာေစာတြင္ -ဘုရားေက်ာင္းေဆာင္မွာ ဘုရားအတြက္ ဆြမ္း အခ်ိဳပြဲ ေရေတာ္ ပန္းေတာ္ ဆီမီးအျပည့္အစုံျပင္ရသလို ဘုရားခန္းေဆာင္တြင္ စားပြဲခင္းၿပီးရဟန္း ဆြမ္းစားဖို႔ထပ္ၿပီးျပင္ဆင္ရပါမည္
အိမ္မွာ ဘုန္းႀကီးဆြမ္းကပ္သလို အျပည့္အစုံ ပါဝင္ရပါမည္.ကပ္မည့္ လႉဖြယ္ပစၥည္းအားလုံး သက္သတ္လြတ္ျဖစ္ဖို႔အေရးႀကီးပါသည္.ဆြမ္းပြဲျပင္ဆင္ျခင္းကို ၄ နာရီ ၄၅ မိနစ္ေလာက္မွာ အၿပီးျပင္ဆင္ထားပါ အားလုံးၿပီးစီးသြားၿပီဆိုပါကဆြမ္းကပ္ဖို႔ စိတ္ေရာကိုယ္ပါသက္ေတာင့္သက္သာျဖစ္ဖို႔ ၅မိနစ္ ၁၀မိနစ္ ႀကိဳၿပီးအေမာေျဖထားပါတရားမွတ္ၿပီးေစာင့္ေနႏိုင္လွ်င္အေကာင္းဆုံးျဖစ္သည္
ကိုယ္ဆိုလွ်င္တစ္ေယာက္တည္းနံနက္ ၃နာရီကတည္းက စၿပီး ျပင္ဆင္ခ်က္ျပဳတ္ေနလိုက္တာ ၅နာရီအတိမွာ ၿပီးပါတယ္ အေမာေျဖခ်ိန္ေတာင္မရပါဘူး ဆြမ္းကပ္ေတာ့ ေဟာဟဲဆိုက္ေနပါေတာ့တယ္ ဒါေၾကာင့္အေမာေျဖခ်ိန္ထားပါ
နံနက္ ၅နာရီ အတိတြင္ နတ္ေတြကို ထပ္ပင့္ပါ နတ္မ်ားႏွင့္တကြ ၅ ပါးသီလခံယူပါ.ခင္ပြန္းႀကီး ၁၀ ပါးကန္ေတာ့ပါ.ဘုရားကို ဆြမ္းကပ္ပါ.ၿပီးလွ်င္ ရဟႏၲာကို ဆြမ္းစားပြဲ မ,ၿပီးကပ္လႉပါ.ရဟန္းဆြမ္းစားေနစဥ္ တရား၁၅မိနစ္ မွတ္ေနတာမ်ိဳး.ေမတၱာသုတ္႐ြတ္ ပဌာန္းပူေဇာ္တာမ်ိဳး.ဂုဏ္ေတာ္ပုတီး ၉ပတ္စိပ္တာမ်ိဳးပရိတ္ႀကီး ၁၁သုတ္႐ြတ္တာမ်ိဳး လုပ္ေနလို႔ရပါတယ္.
ေမတၱာ အထူးပို႔ပါ
၁၅ မိနစ္ .မိနစ္ ၂၀..နာရီဝက္ ၾကာၿပီးေနာက္ျပဳသမွ် ကုသိုလ္ေတြ သစၥာဆိုၿပီး ေလးေလးနက္နက္ ဆုေတာင္းပါ.အျဖစ္သင့္ဆုံးႏွင့္..အျဖစ္ႏိုင္ဆုံးဆုဆိုပါက အျမန္ျပည့္တတ္ပါသည္.အားလုံးၿပီးပါက အမွ်ေဝပါ. နတ္ေတြျပန္ပို႔ပါ..(တပည့္ တစ္ေယာက္ရဲ႕ မိခင္ျပန္ေျပာျပတာေလးတင္ျပခ်င္လို႔ပါ
ဆရာမရယ္ ဆြမ္းကပ္ခ်ိန္မွာ ဘုရားခန္းအဝင္ ဝမွာ ခ်ိတ္ထားတဲ့ ေခါင္းေလာင္းဆည္းလည္းေလးဟာ လူတစ္ရပ္အျမင့္ေလာက္မွာ ရွိတာ လူဝင္တဲ့အခ်ိန္တိုင္းမွာတိုက္မိၿပီး အသံျမည္ေနၾကတပည့္အိမ္က အဲကြန္းအၿမဲဖြင့္ထားလို႔တံခါးပိတ္ထားပါတယ္.ေလမတိုက္ပါဘူး.
သို႔ေသာ္.ဆြမ္းကပ္ခ်ိန္မွာ ရဟႏၲာႂကြ လာလို႔ ဆည္းလည္း အသံတစ္ခါျမည္ပါတယ္.အမွ်ေဝၿပီး ရဟႏၲာျပန္ႂကြေတာ့တစ္ခါ ဆည္လည္းျမည္ပါတယ္ ဆရာမရယ္ ရဟႏၲာက က်မ ကပ္တဲ့ဆြမ္းကို တကယ္ႂကြၿပီး အလႉခံခဲ့တာပဲ.ရဟႏၲာက က်မတို႔အိမ္ကို တကယ္ႂကြလာတယ္လို႔ ေတြးလိုက္တိုင္း ပီတိျဖစ္ရပါတယ္ရွင္..တဲ့)
ကဲ..fri တို႔လည္း ကိုယ့္လို ဆုေတာင္းျပည့္ခ်င္ရင္.အခု ဇန္နဝါရီ လမွာ ဆြမ္းကပ္ႏိုင္ေစရန္ ေစတနာ ေရွ႕ထား လို႔ တင္ျပေပးလိုက္ပါတယ္ေနာ္
ထူးျခားတဲ့ တန္ခိုးျပမႈေတြ ရွိရင္လည္း ေဖာ္ျပေပးၾကပါေနာ္ fri တို႔ေရ….တစ္ေယာက္နဲ႔တစ္ေယာက္ တန္ခိုးျပပုံျခင္းမတူတတ္ၾကပါဘူး….တစ္ခ်ိဳ႕ဆို ဘုရားခန္းထဲကို စူးရွတဲ့အလင္းတန္းေတြဝင္လာတာမ်ိဳး ေတြ႕ရတတ္ပါတယ္…
သမာဓိအားေကာင္းသူေတြက ဆြမ္းကပ္ေနတုန္း တရားထိုင္ေနစဥ္မွာ ရဟႏၲာသီတင္းသုံးေနတာကို ဖူးျမင္ၾကရပါတယ္…မိတ္ေဆြတစ္ေယာက္ကေတာ့ ေလွာ္ကားဥယ်ာဥ္ ေလာက္က်ယ္တဲ့ သူ႔ၿခံထဲမွာ ဆြမ္းကပ္တာ ေၾကးစည္တီးသံ သာဓုေခၚသံေတြ ပဲ့တင္ထပ္ ေနလို႔ ပီတိမ်ားစြာ ျဖစ္ခဲ့ရေၾကာင္း ျပန္ေျပာလာပါတယ္
Daw Moet Moet Myint. Crd
Unicode
ဇန်နဝါရီလ တစ်လတည်းသာပြုလုပ်လို့ရတဲ့” ဆုတောင်းအလွန်ပြည့်တဲ့ ဘုရားနှင့်ရဟန္တာ ဆွမ်းကပ်နည်း ”
ဆုတောင်းအလွန်ပြည့်တဲ့ ဘုရားနှင့်ရဟန္တာ ဆွမ်းကပ်နည်း
လွန်ခဲ့သော ၁၃ နှစ်.လသာ တရုတ်တန်းမှာစာသင်စဉ်ကပေါ့တပည့်တစ်ယောက်ရဲ့အမေ ဆီက ဆွမ်းကပ်နည်းရခဲ့တာပါ.မနက် ၆ နာရီ စာသင်ဖို့ ခလေးအိမ်ကိုရောက်တော့ အမေလုပ်သူက ပြုံးပျော်ရွှင်လန်းနေလို့။
ဘာဖြစ်လို့လဲ အစ်မရေ.ဆိုတော့ကျမအိမ်ကို ရဟန္တာကြွလို့ပါ.ခြေရာချထားခဲ့တယ်.ဘယ်မှာလဲ ခြေရာကျမကိုလည်း ဖူးခွင့်ပေးပါဆိုတော့အခုမရှိတော့ဘူးဆရာမ ထိုင်မယ့်နေရာမှဆွမ်းကပ်တာအနေကထိုင် မှာခြေရာချခဲ့တာ.ဆရာမ စာသင်ရမယ်ဆိုတော့
အနေကထိုင်ဖယ်လိုက်ရပြီလေ အဲ့ဆွမ်းကပ်နည်းကို ကျမကိုလည်းပေးပါနော်.အစ်မရော ဘယ်ကရတာလဲဟင်လို့ ကိုယ်ကမေးတော့အထက်အညာမှာနေတဲ့အမျိုးတစ်ယောက်ဆီကရတာပါအထက်အညာဘက် မှာ ရွာလုံးကျွတ်ကပ်ကြတာတဲ့
ယုံကြည်မှုနဲ့ကပ်ကြပေမယ့် လက်တွေ့ဆန်မှ ယုံချင်သူများလည်းရှိကြလို့ ရဟန်းများထိုင်မယ့် အနေကထိုင်တွေကို ပိတ်ဖြူအခင်းများခင်းကြပါတယ်.ထောင့်လေးထောင့်ကိုလည်း တင်းနေအောင် ဆွဲဆန့်ထားကြပါတယ်
ကင်မရာတွေလည်းချိန်ထားပါတယ်ဆွမ်းကပ်တဲ့အခါမှာ တန်ခိုးပြတာကိုမျက်ဝါးထင်ထင် ဖူးတွေ့ရပါတော့တယ်.တောရဆောက်တည်တဲ့ရဟန်းများဖြစ်ကြတော့အခင်းပိတ်မှာ ရွှံ ခြေရာတွေ အထင်းသားချထားခဲ့ပါတယ်
ဆမ်းပွဲတွေ တော်တော်များများ လျော့သွားပါတယ်.ဆိုတဲ့အကြောင်းဗီဒီယိုမှတ်တမ်းတွေကြည့်ရတော့မှ မယုံသူများလည်း ယုံသွားကြပါတယ်.ထူးခြားတာက တစ်နှစ်လုံးမှာ ဇန်နဝါရီလ တစ်လ တည်းသာ ဆွမ်းကပ်ရခြင်းပါ.
ကိုယ်ဆွမ်းကပ်နည်း သိခဲ့ရတာက ဇန်နဝါရီလ၃၀ရက်နေ့.အဲ့ဒီ့နေ့မှာပဲ ဈေးဝယ်ပြီး နောက်တစ်နေ့အရုဏ် ဆွမ်းကပ်ဖို့ ပြင်ဆင်ပါတယ်ဆွမ်းကပ်ပြီးနောက် ပီတိဖြစ်ခဲ့ရပါတယ် အနေကထိုင်မှာ ခြေရာချထားခဲ့လို့ပါ ဆွမ်းကပ်တုန်းက ကိုယ်လေ တရားနဲ့ယှဉ်သော
ဆု တောင်း ၁၀ ခုတောင်းခဲ့ပါတယ်.အဲ့လိုဆွမ်းကပ်ပြီးနောက် လူမှုကိစ္စတွေရှုပ်နေတာနဲ့နောက်နှစ်ဆွမ်းကပ်ဖို့ သတိပြန်မရလိုက်တာ ၁၀နှစ်ကြာသွားပါတယ်၁၀ နှစ်ကြာပြီးမှ ဆွမ်းကပ်ခဲ့တဲ့ မှတ်တမ်းဒိုင်ယာရီပြန်တွေ့လိုက်ရတော့ ကိုယ့်မျက်စိ ကိုယ်မယုံနိုင်အောင်ဖြစ်သွားပါတယ်
ဆုတောင်း ၁၀ခုမှာ ၉ခုပြည့်ခဲ့ပြီး ဗုဒ္ဓဂါယာ သွားဖို့ ဆုတစ်ခုပဲပြည့်ဖို့ကျန်ပါတော့တယ် ဒါကလည်း မကြာခင်ပြည့်မှာပါSingle mother ဘဝ အစ ကိုယ့်အသက် ၃၁နှစ်အထိ မြန်မာပြည်အနှံ့ဘုရားဖူးဆိုလို့ ပဲခူးဘုရား မော်လမြိုင်ဘုရားလောက်သာဖူးခဲ့ရပါတယ်
.အစ်မမိသားစုနဲ့အတူနေရတော့ သူတို့မိသားစုတွေ ဘုရားဖူးထွက်ရင် ကိုယ်က နို့စို့သားလေးနဲ့အိမ်စောင့်ကျန်ခဲ့ရပါတယ် အိမ်မှာက ကြောင် ၁၅ကောင်အစာကျွေးဖို့ရှိတော့ ကိုယ်တို့သားအမိက မလိုက်ရပါဘူး.
ဒါကြောင့်ဆွမ်းကပ်တော့ မြန်မာပြည်အနှံ့ဘုရားဖူးခရီးကို စိတ်ကူးရတိုင်းထွက်ရပါလို၏ နိဗ္ဗာန်ရောက်ကြောင်းတရားတွေကိုဆရာကောင်း၏လမ်းညွှန်မှုဖြင့် မဂ်ဆိုက်ဖိုလ်ဆိုက်ရောက်အောင်ကျင့်နိုင်ရပါလို၏.
အရှင်ဘုရားတို့ရရှိထားသော တရားထူးတရားမြတ်ကို တပည့်တော်လည်း ဤရုပ်ဤခန္ဓါဖြင့် ကျင့်ကြံကြိုးစားအားထုတ်နိုင်ရပါလို၏.ဗုဒ္ဓဂါယာ ဘုရားဖူးသှားရပါလို၏.လို့အထူး ဆုတောင်းခဲ့ပါတယ်.သည့်နောက်ပိုင်း ဆုတောင်းပြည့်လိုက်တာများက
မင်္ဂလာဒါနပရဟိတအဖွဲ့ရဲ့ အကျိုးတော်ဆောင်လုပ်ခဲ့ပြီးနောက် ၂လတစ်ခါ ၃လတစ်ခါ မြန်မာပြည်အနှံ့ ဘုရားဖူး ဝါဆိုသင်္ကန်းကပ် ကထိန်သင်္ကန်းကပ် ခရီးများကို ကားရှေ့ခန်းကနေ စရိတ်ငြိမ်းလိုက်ပါခွင့်ရခဲ့သည်မှာ တရုတ်ပြည်အထိပင်ရောက်ခဲ့ပါတယ်
ထို့နောက်တပည့် တွေနဲ့ဆက်စပ်မိပြီး အောင်သုခရိပ်သာကို ရက်ရှည်တရားစခန်းဝင် တရားအားထုတ်ခွင့်ရခဲ့ပါတယ်.သည်လို ဆုတောင်းပြည့်တဲ့ဆွမ်းကပ်နည်းကို တပည့်မိသားစုတွေကို ဆက်လက်ဖြန့်ဝေတာ သူတို့လည်းဆုတောင်းတွေပြည့်ကြောင်းပြန်ကြားခဲ့ရပါတယ်
ထင်မှတ်တဲ့နေရာတွေက ငွေတွေဝင်လာကြောင်းတပည့်တစ်ယောက်ရဲ့မိဘက ကမ်းရိုးသွားကုန်တင် င်္သဘောတစ်စီးဝယ်ဖို့ လုပ်တာ သိန်း၅၀၀၀ ဆိုတော့ မဝယ်နိုင်ဖြစ်နေတယ်ဆွမ်းကပ်ပြီးဆုတောင်းတော့. လူတစ်ယောက်က င်္သဘောဟောင်းတစ်စီးကို သံအရည်ကြိုဈေးသိန်း ၁၅၀၀လောက်နဲ့လာရောင်းလို့ရလိုက်တယ်
အဲ့ဒါကို ပြန်ပြင်ရင်သိန်း၂၅၀၀နဲ့ င်္သဘောအသစ်တစ်စီးရလိုက်သလိုဖြစ်သွားပါတယ်.ကိုယ်လည်းဆုတောင်းတွေပြည့်လွန်းတဲ့ ဆွမ်းကပ်နည်းကို ပြည်သူ့ရင်ပြင်မှာ ကျင်းပတဲ့ နှစ်ဦးဓမ္မသဘင် တရားပွဲမှာ မိတ္တူကူးပြီးလိုက်ဝေပါတယ် တရားပွဲ ၃ ညမှာ အရွက်ရေ ၁၀၀၀ လှူဖြစ်ပါတယ်
မကြာခင်မှာပဲ ဆွမ်းကပ်သူများက ဆုတောင်းပြည့်ကြောင်း ဖုန်းဆက်ပြောကြားလာတော့ ပီတိအလွန်ဖြစ်ခဲ့ရပါတယ်.အဲ့ဆွမ်းကပ်နည်းပြောခဲ့တဲ့ တပည့်မိသားစုတွေဟာ ဆုတောင်းတွေပြည့်ခဲ့ပြီး အခုဆိုလျှင် switzerland နိုင်ငံတွင် မိသားစုလိုက်ပြောင်းရွှေ့နေထိုင်နေကြပါပြီ ကဲ ဆုတောင်းပြည့်တဲ့ ဆွမ်းကပ်နည်းကို ပြောပါတော့မယ်နော်
နှစ်တစ်နှစ်၏ ဇန်နဝါရီလ တစ်လလုံး သဒ္ဓါသလိုကပ်နိုင်သည် အရုဏ်ဆွမ်း နေ့ဆွမ်း ကြိုက်သလိုကပ်နိုင်သည်ဆွမ်းကို သက်သတ်လွတ် ဟင်းပွဲပြင်ပြီး ကပ်ရပါမည် မိမိအိမ်မှာ ဘုန်းကြီးဆွမ်းကပ်သလိုကပ်ရပါမည်။
သက်သတ်လွတ်ဟင်းပွဲ ၊လက်ဖက်ပွဲ ၊မုန့်အချိုပွဲ၊ သစ်သီးပွဲ၊ လက်ဖက်ရည်အချို ၊ကော်ဖီအဖျော် ၊ရေနွေး၊ သောက်တော်ရေ၊ လက်သုတ်ပဝါ၊ အစုံအလင် ပါဝင်အောင်ကပ်ရမည် လှုဖွယ်ပစ္စည်းအားလုံးသက်သတ်လွတ်ပြင်ဆင်ရပါမည်
မနက်ဖြန် ဆွမ်းကပ်မည်ဆိုပါကယနေ့လိုည ၉ နာရီ မှာမိမိအိမ်၏အရှေ့ဘက်တွင် ဆီမီးတစ်တိုင်ထွန်းပြီးလက်အုပ်ချီကာ ရဟန္တာအရှင်မြတ်များကို ဆွမ်းစားကြွဖို့ပင့်ဖိတ်ရပါမည်.
ပင့်ဖိတ်ရန်မှာ
” ဤအိမ် ဂေဟာ၏ အရပ် ၈ မျက်နှာတွင်သီတင်းသုံး စံမြန်းလျှက်ရှိကုန်သော ဤရုပ်ဤခန္ဓါဖြင့် နိဗ္ဗာန်သို့စံဝင်ကြမည့် ရဟန္တာ အရှင်မြတ်ကြီးတို့ဘုရား…မနက်ဖြန်(နေ့စွဲအတိအကျဖော်ပြပါ) နံနက် ၅ နာရီတွင် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကို အမှူးထားလျှက်
ရဟန္တာ ကိုယ်တော်မြတ်ကြီး ၁ပါး.. ၂ ပါး(မိမိနိုင်သလောက်ပင့်နိုင်ပါသည်)ကို အရုဏ်ဆွမ်း ကပ်လိုပါသည်.(နေ့ဆွမ်းကပ်လိုပါက နေ့လည် ၁၁နာရီ တွင်ကပ်ပါ) သို့ပါ၍ တပည့်တော်( ဆွမ်းကပ်မည့်သူနာမည်အပြည့်အစုံဖော်ပြပါ)နှင့် ကံစပ်မည့် ရဟန္တာ ၁ပါး ၂ပါး စသည် တို့သည်
တပည့်တော်တို့၏ အိမ်ဂေဟာ ဖြစ်သည့် ( အိမ်လိပ်စာ အပြည့်အစုံ ဖော်ပြပါ)သို့ မနက်ဖြန် ၅နာရီတွင် အရုဏ်ဆွမ်း စားကြွရောက်တော်မူပါရန် ရိုသေစွာပင့်ဖိတ်အပ်ပါသည်ဘုရား
ဆက်လက်၍ – အိမ်ရှေ့တွင်အမွှေးတိုင်တစ်တိုင်ထွန်းညှိပူဇော်ပြီး ဤအိမ်ကိုစောင့်ရှောက်တော်မူကြသည့် အိမ်စောင့်နတ်နှင့်တကွ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်များဆွမ်းကပ်မည့်သူ(ဦး/ဒေါ်)တို့နှင့်ဆက်စပ် ပတ်သက်ကြသော သိုက်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ နတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ဓါတ်ပိုင်းဆိုင်ရာပုဂ္ဂိုလ်များ၊ဝိဇ္ဇာပိုင်းဆိုင်ရာ ပုဂ္ဂိုလ်များ နှင့်တကွ
ဤအိမ်တည်ရှိရာနယ်မြေကို အပိုင်စားရတော်မူသော မြို့တော်ရှင် ရွာတော်ရှင် မြို့ပိုင် နယ်ပိုင် ကွင်းပိုင် ရုက္ခစိုး ဘုမ္မာစိုး အာကာသစိုး မြေစောင့်နတ် ရေစောင့်နတ် သာသနာတော်စောင့်နတ် အရပ် ၄ မျက်နှာကို စောင့်ရှောက်တော်မူကုန်သော စတုလောကပါလနတ်မင်းကြီးများ
သမာဒေဝနတ်ကောင်း နတ်မြတ်များ တာဝတိံသာနတ်ပြည်ရှိ အဘ ဘိုးတော်သိကြားမင်းနှင့် ဗြဟ္မာမင်းကြီးများ ပါမကျန် .ဤ(နေ့သား ဦး/ဒေါ်)တို့က ရိုသေစွာ ဖိတ်ကြားအပ်ပါသည်.မနက်ဖြန်ခါ နံနက် ၅ နာရီတွင် ဤရုပ်ဤခန္ဓါဖြင့် နိဗ္ဗာန်သို့စံဝင်ကြမည့် ရဟန္တာကြီး ( ကိုယ်ကပ်မည့်အပါး အရေအတွက်ဖော်ပြပါ)ကို အရုဏ်ဆွမ်းကပ်ပါမည်.
ထို့ကြောင့် ဤအိမ်၏ မိသားစုတို့နှင့်အတူ တကွ ဆွမ်းအတူကပ်လှုရန် သာဓု ခေါ်ဆိုရန် ကြွရောက်ကြဖို့အမွှေးတိုင်ထွန်းကာ ဖိတ်ကြားအပ်ပါသည်.အရုဏ်ဆွမ်းကပ်မည့်နံနက်စောစောတွင် -ဘုရားကျောင်းဆောင်မှာ ဘုရားအတွက် ဆွမ်း အချိုပွဲ ရေတော် ပန်းတော် ဆီမီးအပြည့်အစုံပြင်ရသလို ဘုရားခန်းဆောင်တွင် စားပွဲခင်းပြီးရဟန်း ဆွမ်းစားဖို့ထပ်ပြီးပြင်ဆင်ရပါမည်
အိမ်မှာ ဘုန်းကြီးဆွမ်းကပ်သလို အပြည့်အစုံ ပါဝင်ရပါမည်.ကပ်မည့် လှူဖွယ်ပစ္စည်းအားလုံး သက်သတ်လွတ်ဖြစ်ဖို့အရေးကြီးပါသည်.ဆွမ်းပွဲပြင်ဆင်ခြင်းကို ၄ နာရီ ၄၅ မိနစ်လောက်မှာ အပြီးပြင်ဆင်ထားပါ အားလုံးပြီးစီးသွားပြီဆိုပါကဆွမ်းကပ်ဖို့ စိတ်ရောကိုယ်ပါသက်တောင့်သက်သာဖြစ်ဖို့ ၅မိနစ် ၁၀မိနစ် ကြိုပြီးအမောဖြေထားပါတရားမှတ်ပြီးစောင့်နေနိုင်လျှင်အကောင်းဆုံးဖြစ်သည်
ကိုယ်ဆိုလျှင်တစ်ယောက်တည်းနံနက် ၃နာရီကတည်းက စပြီး ပြင်ဆင်ချက်ပြုတ်နေလိုက်တာ ၅နာရီအတိမှာ ပြီးပါတယ် အမောဖြေချိန်တောင်မရပါဘူး ဆွမ်းကပ်တော့ ဟောဟဲဆိုက်နေပါတော့တယ် ဒါကြောင့်အမောဖြေချိန်ထားပါ
နံနက် ၅နာရီ အတိတွင် နတ်တွေကို ထပ်ပင့်ပါ နတ်များနှင့်တကွ ၅ ပါးသီလခံယူပါ.ခင်ပွန်းကြီး ၁၀ ပါးကန်တော့ပါ.ဘုရားကို ဆွမ်းကပ်ပါ.ပြီးလျှင် ရဟန္တာကို ဆွမ်းစားပွဲ မ,ပြီးကပ်လှူပါ.ရဟန်းဆွမ်းစားနေစဉ် တရား၁၅မိနစ် မှတ်နေတာမျိုး.မေတ္တာသုတ်ရွတ် ပဌာန်းပူဇော်တာမျိုး.ဂုဏ်တော်ပုတီး ၉ပတ်စိပ်တာမျိုးပရိတ်ကြီး ၁၁သုတ်ရွတ်တာမျိုး လုပ်နေလို့ရပါတယ်.
မေတ္တာ အထူးပို့ပါ
၁၅ မိနစ် .မိနစ် ၂၀..နာရီဝက် ကြာပြီးနောက်ပြုသမျှ ကုသိုလ်တွေ သစ္စာဆိုပြီး လေးလေးနက်နက် ဆုတောင်းပါ.အဖြစ်သင့်ဆုံးနှင့်..အဖြစ်နိုင်ဆုံးဆုဆိုပါက အမြန်ပြည့်တတ်ပါသည်.အားလုံးပြီးပါက အမျှဝေပါ. နတ်တွေပြန်ပို့ပါ..(တပည့် တစ်ယောက်ရဲ့ မိခင်ပြန်ပြောပြတာလေးတင်ပြချင်လို့ပါ
ဆရာမရယ် ဆွမ်းကပ်ချိန်မှာ ဘုရားခန်းအဝင် ဝမှာ ချိတ်ထားတဲ့ ခေါင်းလောင်းဆည်းလည်းလေးဟာ လူတစ်ရပ်အမြင့်လောက်မှာ ရှိတာ လူဝင်တဲ့အချိန်တိုင်းမှာတိုက်မိပြီး အသံမြည်နေကြတပည့်အိမ်က အဲကွန်းအမြဲဖွင့်ထားလို့တံခါးပိတ်ထားပါတယ်.လေမတိုက်ပါဘူး.
သို့သော်.ဆွမ်းကပ်ချိန်မှာ ရဟန္တာကြွ လာလို့ ဆည်းလည်း အသံတစ်ခါမြည်ပါတယ်.အမျှဝေပြီး ရဟန္တာပြန်ကြွတော့တစ်ခါ ဆည်လည်းမြည်ပါတယ် ဆရာမရယ် ရဟန္တာက ကျမ ကပ်တဲ့ဆွမ်းကို တကယ်ကြွပြီး အလှူခံခဲ့တာပဲ.ရဟန္တာက ကျမတို့အိမ်ကို တကယ်ကြွလာတယ်လို့ တွေးလိုက်တိုင်း ပီတိဖြစ်ရပါတယ်ရှင်..တဲ့)
ကဲ..fri တို့လည်း ကိုယ့်လို ဆုတောင်းပြည့်ချင်ရင်.အခု ဇန်နဝါရီ လမှာ ဆွမ်းကပ်နိုင်စေရန် စေတနာ ရှေ့ထား လို့ တင်ပြပေးလိုက်ပါတယ်နော်
ထူးခြားတဲ့ တန်ခိုးပြမှုတွေ ရှိရင်လည်း ဖော်ပြပေးကြပါနော် fri တို့ရေ….တစ်ယောက်နဲ့တစ်ယောက် တန်ခိုးပြပုံခြင်းမတူတတ်ကြပါဘူး….တစ်ချို့ဆို ဘုရားခန်းထဲကို စူးရှတဲ့အလင်းတန်းတွေဝင်လာတာမျိုး တွေ့ရတတ်ပါတယ်…
သမာဓိအားကောင်းသူတွေက ဆွမ်းကပ်နေတုန်း တရားထိုင်နေစဉ်မှာ ရဟန္တာသီတင်းသုံးနေတာကို ဖူးမြင်ကြရပါတယ်…မိတ်ဆွေတစ်ယောက်ကတော့ လှော်ကားဥယျာဉ် လောက်ကျယ်တဲ့ သူ့ခြံထဲမှာ ဆွမ်းကပ်တာ ကြေးစည်တီးသံ သာဓုခေါ်သံတွေ ပဲ့တင်ထပ် နေလို့ ပီတိများစွာ ဖြစ်ခဲ့ရကြောင်း ပြန်ပြောလာပါတယ်
Daw Moet Moet Myint. Crd