တိမ္းေရွာင္ေနတဲ့ ၿခိမ့္ေကကို အဖမ္းခံလိုက္ၿပီလို႔ ဒိန္းေဒါင္ေျပာ
Zawgyi
တိမ္းေရွာင္ေနတဲ့ ၿခိမ့္ေကကို အဖမ္းခံလိုက္ၿပီလို႔ ဒိန္းေဒါင္ေျပာ
သဘာဝေဘးစီမံပုဒ္မနဲ႔ အေရးယူခံထားရၿပီးေရွာင္ေနတဲ့ ၿခိမ့္ေကကိုက အဖမ္းခံလိုက္ၿပီလို႔ ဟာသ သ႐ုပ္ေဆာင္ ဒိန္းေဒါင္က အခုလိုေရးသားေဖာ္ျပထားပါတယ္။
“မင္းငါ့စကားနားေထာင္ၿပီးအဖမ္းခံလိုက္တဲ့အတြက္ေက်နပ္တယ္ လိုအပ္ရင္တက္ႏိုင္သေလာက္ကူညီမယ္စိတ္ခ်” ဟု ဒိန္းေဒါင္က သူ႔ေဖ့ဘြတ္စာမ်က္ႏွာမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။
ဒီကိစၥနဲ႔ပတ္သက္လို႔ ထုတ္ျပန္ထားတဲ့ ေဒသႏၲရအမိန႔္ ကိုဗစ္နဲ႔ပတ္သက္တဲ့ ၫႊန္ၾကားခ်က္ေတြကို လိုက္နာရန္ပ်က္ကြက္ခဲ့လို႔ ဦးေဆာင္က်င္းပခဲ့သူ ဦးေဇာ္မင္းထိုက္၊ အဆိုေတာ္ ၿခိမ့္ေကကို တို႔ကို သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဥပေဒအရ အေရးယူသြားမွာျဖစ္ၿပီး
ရပ္ေက်းအုပ္ခ်ဳပ္ေရးမႈးကိုလည္း အေရးယူသြားမွာျဖစ္ကာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈးကိုေတာ့ အခ်ိန္မွီသတင္းပို႔ရန္ပ်က္ကြက္ခဲ့လို႔ သတိေပးမွတ္တမ္း လက္မွတ္ေရးထိုးေစမွာျဖစ္တဲ့အေၾကာင္းကို ခ႐ိုင္အုပ္ခ်ဳပ္ေရးမႈးလက္မွတ္ထိုးထားတဲ့ ဒီဇင္ဘာလ ၄ ရက္ေန႔ ရက္စြဲပါ ေၾကးနန္းစာ တစ္ေစာင္ လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။
ျမစ္သားၿမိဳ႕နယ္က ေက်း႐ြာတစ္ခုမွာ လူ ၅၀ ေလာက္ဖိတ္ၿပီး ေမြးေန႔ပြဲက်င္းပခဲ့လို႔ ဦးေဆာင္က်င္းပသူနဲ႔ ၿခိမ့္ေကကို ကိုသဘာဝေဘးစီမံပုဒ္မနဲ႔ ဒီဇင္ဘာလဆန္းပိုင္းကအေရးယူေဆာင္႐ြက္ထားတာျဖစ္ပါတယ္။
Facebook ဆယ္လီ ၿခိမ့္ေကကိုက “ကြၽန္ေတာ္ကအိမ္မွာအငယ္ဆုံးလူပ်ိဳေလး မိဘႏွစ္ပါးကို ကိုယ္ရတဲ့အႏုပညာေၾကးေလးေတြနဲ႔ ေထာက္ပံေနတဲ့သားလိမ္မာေလးပါ ကြၽန္ေတာ္မုန္းတဲ့သူေတြေရာ ခ်စ္တဲ့သူေတြေရာကြၽန႔္ေတာ္အကုန္လုံးကိုညီအကိုေမာင္ႏွမေတြလိုဘဲအရမ္းခ်စ္ပါတယ္
ဒီအျပစ္အရမ္းႀကီးမွန္းကြၽန္ေတာ္သိပါတယ္ ခြင့္လႊတ္မရမွန္လည္းကြၽန္ေတာ္သိပါတယ္ ဒီတႀကိမ္တခါေတာ့ ကြၽန္ေတာ္ကိုနာလည္ခြင့္လြတ္ေပးၾကပါလို ကြၽန္ေတာ္အေမနဲ႔အေဖနဲ႔မခြဲႏိုင္လိုပါ ကြၽန္ေတာ္လက္ဆယ္ျဖာထိပ္မွာမိုးၿပီ ရွိခိုးဦးခ်ေတာင္ပန္းပါတယ္
ကြၽန္ေတာ္ကိုခြင္လြတ္ၾကပါေနာ္” လို႔ သူရဲ႕လူမႈကြန္ယက္ စာမ်က္ႏွာကတဆင့္ ဒီဇင္ဘာ ၆ရက္က ေရးသားထားခဲ့ပါတယ္။သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒပုဒ္မ ၂၅/၃၀ (က) နဲ႔ အေရးယူထားတယ္လို႔သိရတယ္။
ေမြးေန႔ပြဲကိုဦးေဆာင္က်င္းပတဲ့ ဦးေဇာ္မင္းထိုက္ဟာ သမီးျဖစ္သူရဲ႕ ၁၁ ႏွစ္ျပည့္ေမြးေန႔ကို ဒီဇင္ဘာ ၃ ရက္ ညေန ၆ နာရီက ျမစ္သားၿမိဳ႕နယ္ မင္းဝန္ေက်း႐ြာ တလင္းျပင္မွာ လူ ၅၀ ေလာက္နဲ႔ ေဖ်ာ္ေျဖပြဲက်င္းပခဲ့တာလို႔ သိရပါတယ္။
Unicode
တိမ်းရှောင်နေတဲ့ ခြိမ့်ကေကို အဖမ်းခံလိုက်ပြီလို့ ဒိန်းဒေါင်ပြော
သဘာဝဘေးစီမံပုဒ်မနဲ့ အရေးယူခံထားရပြီးရှောင်နေတဲ့ ခြိမ့်ကေကိုက အဖမ်းခံလိုက်ပြီလို့ ဟာသ သရုပ်ဆောင် ဒိန်းဒေါင်က အခုလိုရေးသားဖော်ပြထားပါတယ်။
“မင်းငါ့စကားနားထောင်ပြီးအဖမ်းခံလိုက်တဲ့အတွက်ကျေနပ်တယ် လိုအပ်ရင်တက်နိုင်သလောက်ကူညီမယ်စိတ်ချ” ဟု ဒိန်းဒေါင်က သူ့ဖေ့ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့် ကိုဗစ်နဲ့ပတ်သက်တဲ့ ညွှန်ကြားချက်တွေကို လိုက်နာရန်ပျက်ကွက်ခဲ့လို့ ဦးဆောင်ကျင်းပခဲ့သူ ဦးဇော်မင်းထိုက်၊ အဆိုတော် ခြိမ့်ကေကို တို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး
ရပ်ကျေးအုပ်ချုပ်ရေးမှုးကိုလည်း အရေးယူသွားမှာဖြစ်ကာ မြို့နယ်အုပ်ချုပ်ရေးမှုးကိုတော့ အချိန်မှီသတင်းပို့ရန်ပျက်ကွက်ခဲ့လို့ သတိပေးမှတ်တမ်း လက်မှတ်ရေးထိုးစေမှာဖြစ်တဲ့အကြောင်းကို ခရိုင်အုပ်ချုပ်ရေးမှုးလက်မှတ်ထိုးထားတဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ ရက်စွဲပါ ကြေးနန်းစာ တစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
မြစ်သားမြို့နယ်က ကျေးရွာတစ်ခုမှာ လူ ၅၀ လောက်ဖိတ်ပြီး မွေးနေ့ပွဲကျင်းပခဲ့လို့ ဦးဆောင်ကျင်းပသူနဲ့ ခြိမ့်ကေကို ကိုသဘာဝဘေးစီမံပုဒ်မနဲ့ ဒီဇင်ဘာလဆန်းပိုင်းကအရေးယူဆောင်ရွက်ထားတာဖြစ်ပါတယ်။
Facebook ဆယ်လီ ခြိမ့်ကေကိုက “ကျွန်တော်ကအိမ်မှာအငယ်ဆုံးလူပျိုလေး မိဘနှစ်ပါးကို ကိုယ်ရတဲ့အနုပညာကြေးလေးတွေနဲ့ ထောက်ပံနေတဲ့သားလိမ်မာလေးပါ ကျွန်တော်မုန်းတဲ့သူတွေရော ချစ်တဲ့သူတွေရောကျွန့်တော်အကုန်လုံးကိုညီအကိုမောင်နှမတွေလိုဘဲအရမ်းချစ်ပါတယ်
ဒီအပြစ်အရမ်းကြီးမှန်းကျွန်တော်သိပါတယ် ခွင့်လွှတ်မရမှန်လည်းကျွန်တော်သိပါတယ် ဒီတကြိမ်တခါတော့ ကျွန်တော်ကိုနာလည်ခွင့်လွတ်ပေးကြပါလို ကျွန်တော်အမေနဲ့အဖေနဲ့မခွဲနိုင်လိုပါ ကျွန်တော်လက်ဆယ်ဖြာထိပ်မှာမိုးပြီ ရှိခိုးဦးချတောင်ပန်းပါတယ်
ကျွန်တော်ကိုခွင်လွတ်ကြပါနော်” လို့ သူရဲ့လူမှုကွန်ယက် စာမျက်နှာကတဆင့် ဒီဇင်ဘာ ၆ရက်က ရေးသားထားခဲ့ပါတယ်။သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅/၃၀ (က) နဲ့ အရေးယူထားတယ်လို့သိရတယ်။
မွေးနေ့ပွဲကိုဦးဆောင်ကျင်းပတဲ့ ဦးဇော်မင်းထိုက်ဟာ သမီးဖြစ်သူရဲ့ ၁၁ နှစ်ပြည့်မွေးနေ့ကို ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီက မြစ်သားမြို့နယ် မင်းဝန်ကျေးရွာ တလင်းပြင်မှာ လူ ၅၀ လောက်နဲ့ ဖျော်ဖြေပွဲကျင်းပခဲ့တာလို့ သိရပါတယ်။