
Zawgyi




အစီရင်





Unicode

လေးညှင်းမီးလက် စီးပွါးတက်အစီရင်

စီးပွါးရေးအဆင်မပြေဖြစ်နေသူတွေ ငွေကြေးအကြပ်အတည်းနဲ့ကြုံနေရသူတွေလာဘ်ပိတ်ကံပိတ်ဖြစ်နေသူတွေအတွက် …

ငွေကြေးအခက်အခဲတွေပြေလည်ပြီး ငွေဝင်လာဘ်ရွှင် စီးပွါးတက်စေမယ့် အစီရင်လေးတခုဒါနပြုပါ့မယ်…။

အစီရင်

ပထမဦးစွာ မြေခွက်(သို့) ကြေးခွက်ထဲ နှမ်းဆီ (သို့) မုန်ညှင်းဆီထည့်လေးညှင်း၁ပွင့်ထည့် …ဂွမ်းဖြင့်မီးဇာလုပ်ပြီး နေအိမ်ဘုရားမှာ နေ့စဉ် မနက်၁ကြိမ်ည၁ကြိမ် ထွန်းလှုပူဇော်ပါဗျာ…။

ငွေကြေးအခက်အခဲတွေ ပြေလည်စေပြီးငွေဝင်လာဘ်ရွှင် စီးပွါးတက်စေဖို့ လေးလေးနက်နက်တောင်းဆုပြုပေးပါ။

သေချာတာက နေ့စဉ်ရက်ဆက် မနက်၁ကြိမ် ည၁ကြိမထွန်းလှုပူဇော်နေရင် …၁ရက်ထက်၁ရက် ငွေကြေးကိစ္စတွေ စီးပွါးပွင့်လန်းမှုတွေမှာသိသိသာသာ အောင်မြင်လာမှာပါဗျာ…။

ငွေဝင်လာဘ်ရွှင် စီးပွါးတိုး၍ အောင်မြင်သောဘဝပိုင်ဆိုင်ရရှိပါစေဗျာ။