ဆရာဝန္အေယာင္ေဆာင္ၿပီးေဆးခန္းဖြင့္ေဆးကုေနသူကိုဖမ္းဆီး
Zawgyi
ဆရာဝန္အေယာင္ေဆာင္ၿပီး ေဆးခန္းဖြင့္ ေဆးကုေနသူကို ဖမ္းဆီး
ရပ္ကြက္အတြင္း၌ ေဆးခန္းဖြင့္လွစ္ကာ စီးပြားေရးလုပ္ေနေသာ ဆရာဝန္အေယာင္ေဆာင္သူကို ျပည္သူ႔ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ဖမ္းဆီးအေရးယူလိုက္သည့္ ျဖစ္စဥ္ တစ္ခု ၃ မိုင္ၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိပါတယ္။
ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္၊ ၃ မိုင္ၿမိဳ႕၊ (၄) ရပ္ကြက္တြင္ ေဒါက္တာေဝၿဖိဳးေအာင္ ဆိုသူဖြင့္လွစ္ထားေသာ ေဆးခန္းမွာ ကုသခြင့္လိုင္စင္မရွိေၾကာင္း သတင္းရရွိခ်က္အရ နယ္ေျမပိုင္ရဲတပ္ဖြဲ႕က စုံစမ္းေဖာ္ထုတ္ခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရပါတယ္။
ေဒါက္တာေဝၿဖိဳးေအာင္မွာ တရားဝင္ေဆးကုခြင့္လိုင္စင္ ရွိ/မရွိ ႏွင့္ ေဆးခန္းဖြင့္လွစ္ေရာင္းခ်ခြင့္ လိုင္စင္ ရွိ/မရွိတို႔ကို စစ္ေဆးျပန္ၾကားေပးပါရန္ ၃ မိုင္ၿမိဳ႕၊ ကုတင္ (၂၀၀)ဆံ့ ျပည္သူ႔ေဆး႐ုံႀကီး၌တာဝန္ထမ္းေဆာင္ေနေသာ ခ႐ိုင္က်န္းမာေရးဦးစီးမႉးထံသို႔ ဇန္နဝါရီ ၃ ရက္၊ ရက္စြဲပါစာျဖင့္ စစ္ေဆးေပးရန္အလို႔ငွာ ေပးပို႔ခဲ့ရာ၌
ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာခ႐ိုင္၊ ကုတင္(၂၀၀)ေဆး႐ုံႀကီးအတြင္း လက္ရွိတာဝန္ထမ္းေဆာင္ေနၾကေသာ ဆရာဝန္မ်ားအထဲ၌ ေဒါက္တာေဝၿဖိဳးေအာင္ အ မည္ ပါ ဆရာဝန္မပါရွိေၾကာင္း ခ႐ိုင္က်န္းမာေရးဦးစီးမႉး၏ ျပန္ၾကားစာကို ဇန္နဝါရီလ ၅ ရက္၌ ရဲတပ္ဖြဲ႕ကလက္ခံရရွိခဲ့ေၾကာင္း သိရပါတယ္။
ရရွိသည့္အခ်က္မ်ားအရ ေဆးကုသေရာင္းခ်ခြင့္မရွိဘဲ ဆရာဝန္ အေယာင္ေဆာင္ၿပီး ေဒသခံျပည္ သူမ်ားအား ေဆးကုသေပး ေနေသာ ေဒါက္တာဟုဆိုသူ ေဝၿဖိဳး ေအာင္ ( ခ) စည္သူ (၂၇)ႏွစ္ကို ဖမ္းဆီးၿပီး ၎ဖြင့္လွစ္ထားေသာ ေဆးခန္းကို ပိတ္ေစလ်က္ ပစၥည္းမ်ားကိုလည္း သက္ေသအျဖစ္ ရဲတပ္ဖြဲ႕က သိမ္းဆည္းကာ ျမန္ မာ ႏိုင္ငံေဆးေကာင္စီ ဥပေဒပုဒ္မ – ၅၈ ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ၃ မိုင္ၿမိဳ႕ရဲတပ္ဖြဲ႕ထံမွ သိရပါတယ္။
Unicode
ဆရာဝန်အယောင်ဆောင်ပြီး ဆေးခန်းဖွင့် ဆေးကုနေသူကို ဖမ်းဆီး
ရပ်ကွက်အတွင်း၌ ဆေးခန်းဖွင့်လှစ်ကာ စီးပွားရေးလုပ်နေသော ဆရာဝန်အယောင်ဆောင်သူကို ပြည်သူ့ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးအရေးယူလိုက်သည့် ဖြစ်စဉ် တစ်ခု ၃ မိုင်မြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါတယ်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ၃ မိုင်မြို့၊ (၄) ရပ်ကွက်တွင် ဒေါက်တာဝေဖြိုးအောင် ဆိုသူဖွင့်လှစ်ထားသော ဆေးခန်းမှာ ကုသခွင့်လိုင်စင်မရှိကြောင်း သတင်းရရှိချက်အရ နယ်မြေပိုင်ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရပါတယ်။
ဒေါက်တာဝေဖြိုးအောင်မှာ တရားဝင်ဆေးကုခွင့်လိုင်စင် ရှိ/မရှိ နှင့် ဆေးခန်းဖွင့်လှစ်ရောင်းချခွင့် လိုင်စင် ရှိ/မရှိတို့ကို စစ်ဆေးပြန်ကြားပေးပါရန် ၃ မိုင်မြို့၊ ကုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌တာဝန်ထမ်းဆောင်နေသော ခရိုင်ကျန်းမာရေးဦးစီးမှူးထံသို့ ဇန်နဝါရီ ၃ ရက်၊ ရက်စွဲပါစာဖြင့် စစ်ဆေးပေးရန်အလို့ငှာ ပေးပို့ခဲ့ရာ၌
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ကုတင်(၂၀၀)ဆေးရုံကြီးအတွင်း လက်ရှိတာဝန်ထမ်းဆောင်နေကြသော ဆရာဝန်များအထဲ၌ ဒေါက်တာဝေဖြိုးအောင် အ မည် ပါ ဆရာဝန်မပါရှိကြောင်း ခရိုင်ကျန်းမာရေးဦးစီးမှူး၏ ပြန်ကြားစာကို ဇန်နဝါရီလ ၅ ရက်၌ ရဲတပ်ဖွဲ့ကလက်ခံရရှိခဲ့ကြောင်း သိရပါတယ်။
ရရှိသည့်အချက်များအရ ဆေးကုသရောင်းချခွင့်မရှိဘဲ ဆရာဝန် အယောင်ဆောင်ပြီး ဒေသခံပြည် သူများအား ဆေးကုသပေး နေသော ဒေါက်တာဟုဆိုသူ ဝေဖြိုး အောင် ( ခ) စည်သူ (၂၇)နှစ်ကို ဖမ်းဆီးပြီး ၎င်းဖွင့်လှစ်ထားသော ဆေးခန်းကို ပိတ်စေလျက် ပစ္စည်းများကိုလည်း သက်သေအဖြစ် ရဲတပ်ဖွဲ့က သိမ်းဆည်းကာ မြန် မာ နိုင်ငံဆေးကောင်စီ ဥပဒေပုဒ်မ – ၅၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ၃ မိုင်မြို့ရဲတပ်ဖွဲ့ထံမှ သိရပါတယ်။