အိမ်ထောင်ရေးအဆင်မပြေသူများအတွက်
Zawgyi
အစီအရင်ပြုလုပ်ပုံ
Unicode
အိမ်ထောင်ရေးအဆင်မပြေသူများ၊အိမ်ထောင်ရေးကွဲနေသူများ၊အိမ်ထောင်ရေးတွင်အခြားတစ်ယောက်နှင့်ဖောက်ပြန်သူများပြုလုပ်ရန်ယတြာ
၇ရက်သားသမီးများအားလုံး ပြုလုပ်လိုရပါသည်။မနက်စောစော ကိုယ်လက်သန့်စင်ပြီးဘုရားဝတ်ပြုမည့်အချိန်တွင်ပြုလုပ်ပါ။
လိုအပ်သောပစ္စည်းများ
မြေနှင့်လုပ်ထားသောဆီမီးခွက်တစ်ခွက်
နှမ်းဆီ သို့မဟုတ် ထောပတ်ဆီ
မိမိအိမ်ထောင်ဖက်အမျိုးသားအဝတ်အစားအသန့်အနည်းငယ်နှင့်မိမိအိမ်ထောင်ဖက်အမျိုးသမီးအဝတ်အစားအသန့်အနည်းငယ်ဖြဲယူရမည်
စနွင်းမှုန့်အနည်းငယ်
ဂွမ်းစပါသောနားဖာကလှော်တံတစ်ချောင်း
မိမိအိမ်ထောင်ဖက်အမျိုးသားနာမည် မိမိအိမ်ထောင်ဖက်အမျိုးသမီးနာမည်
အစီအရင်ပြုလုပ်ပုံ
စနွင်းမှုန့်အနည်းငယ်ကို နှမ်းဆီသို့မဟုတ်ထောပတ်ဆီလိုသလောက်ရော၍မွှေပြီးနောက်မြေဆီမီးခွက်ထဲတွင်မိမိအိမ်ထောင်ဖက်အမျိုးသားနာမည် + မိမိအိမ်ထောင်ဖက်အမျိုးသမီးနာမည်ရေးပြီးအလယ်တွင်အပေါင်းလက္ခဏထည့်ပြီးနားဖာကလှော်တံဖြင့်အဆငပြေသလိုနာမည်ကိုရေးပါ။
ထို့နောက်မိမိအိမ်ထောင်ဖက်အမျိုးသားအဝတ်အစားအသန့်နှင့်မိမိအိမ်ထောင်ဖက်အမျိုးသမီးအဝတ်အစားအသန့်အနည်းငယ်ဖြဲယူထားသောအဝတ်စကိုမီးစပြုလုပ်ရပြီးနှမ်းဆီသို့မဟုတ်ထောပတ်ဆီထည့်၍ဆီးမီးပူဇော်ပြီးလိုရာဆုတောင်းပါ။
မှတ်ချက် – ဆီးမီးခွက်ထဲတွင်နာမည်ပျက်သွားလျှင်အသစ်တစ်ခုထပ်မံပြုလုပ်၍ကပ်လှူပူဇော်ပါ။တစ်ခေါက်ထဲနှင့်အဆင်မပြေလျှင်ထပ်ခါတလဲလဲယုံယုံကြည်ကြည်လုပ်ပါ။
ဒီအစီအရင်တိုင်း နေ့စဉ်ပြုလုပ်သွားမည်ဆိုပါကမိမိအနားမှထွက်ခွာသွားသောအိမ်ထောက်ဖက်မိမိအနားအနှေးနှင့်အမြန်ရောက်ရှိလာပြီးသာယာပျော်ရွှင်ဖွယ်ခိုင်မြဲတဲ့အိမ်ထောင်ရေးတစ်ခုရယူနိုင်မှာဖြစ်ပါသည်။ ခရက်ဒစ်