အျမန္လမ္းမွာ မသမာ သူေတြရဲ႕လုပ္ရပ္ တစ္ခုေၾကာင့္ ကားအက္စီးဒင့္ ျဖစ္ခဲ့တဲ့ သ႐ုပ္ေဆာင္အဆိုေတာ္ ထြန္းထြန္း

Zawgyi

အျမန္လမ္းမွာ မသမာ သူေတြရဲ႕လုပ္ရပ္ တစ္ခုေၾကာင့္ ကားအက္စီးဒင့္ ျဖစ္ခဲ့တဲ့ သ႐ုပ္ေဆာင္အဆိုေတာ္ ထြန္းထြန္း

အျမန္လမ္းေပၚက ရည္႐ြယ္ခ်က္ရွိရွိ လူသတ္ၾကသူမ်ားအျမန္လမ္းမိုင္တိုင္ (226)ဝန္းက်င္ မေန႔က 9.1.2021ရက္ ည(10:30)အခ်ိန္ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔အဆိုေတာ္ သ႐ုပ္ေဆာင္ထြန္းထြန္း(Example)ေမာင္းႏွင္လာေသာ Alphard အျဖဴေရာင္ယာဥ္သည္

အျမန္လမ္းမိုင္တိုင္ 226 အေရာက္အတက္အဆင္း လမ္းေပ်ာက္သည့္ေနရာတြင္(ခန္႔မွန္း) အရွည္ ေျခာက္ေပ အခ်င္း ငါးလက္မ ေျခာက္လက္မ ရွိေသာ သစ္လုံးတစ္လုံးအားအျမန္လမ္း လမ္းအလယ္တြင္ ကန္႔လန္႔ ပိတ္ထားမႈအား ႐ုတ္တစ္ရပ္ေတြ႕ရွိလိုက္ရသျဖင့္

ကီလို ၁၀၀အရွိန္ျဖင့္ ထြန္းထြန္းေမာင္းႏွင္လာေသာယာဥ္မွာ သစ္လုံးကိုရသေလာက္ေရွာင္တိန္းရင္းကားဘယ္ဘက္ဘီး ကားဝမ္းဗိုက္တို႔ႏွင့္တိုက္မိသျဖင့္ ကားဘီးေပါက္ ဂီယာေဘာက္ကြဲတိုက္ေလာက္ေကြး ကားေအာက္ပိုင္းတစ္ခုလုံး သစ္လုံးျဖင့္ ပြတ္တိုက္မိခဲ့ပါသည္။

ထိုအခ်ိန္ ကားမရပ္ဘဲ ေရွ႕ဘီးအေပါက္ျဖင့္ေလးဖာလုံေလာက္ ဆက္ေမာင္းႏွင္ၿပီးမွကားရပ္ကာ ေရွ႕ဘီး ျမန္ျမန္လဲၿပီးကားဆက္ေမာင္းလာခဲ့ပါတယ္ကားေပၚစီးနင္းလိုက္ပါလာတဲ့ အမ်ိဳးသား

(၂)ေယာက္လုံး ဒဏ္ရာရရွိမႈ မရွိခဲ့ေပမဲ့အျမန္လမ္း မိုင္တိုင္ 230 အေရာက္တြင္ကားမွာ ေမာင္းမရေတာ့ပဲ စက္ေသသြားခဲ့ပါသည္။ည(10.55)မိနစ္တြင္ ကြၽန္ေတာ္တို႔ထံ ဖုန္းဝင္လာၿပီးမနက္အေရးႀကီးအလုပ္ ကိစၥတစ္ခုရွိေၾကာင္းႏွင့္

လမ္းမွသစ္လုံးအား အရွိန္ႏွင့္ တက္နင္းမိေၾကာင္းဖုန္းဆက္အကူအညီေတာင္းလာပါသျဖင့္အသင္းမွ အေရးေပၚ ကယ္ဆယ္ေရးယာဥ္တစ္စီးျဖင့္ ခ်က္ခ်င္းထြက္ခြါ၍ အေရးေပၚသြားေရာက္ကူညီခဲ့ရပါသည္။

ည(12:00)နာရီအခ်ိန္တြင္ ကားပ်က္ေနသည့္အျမန္လမ္း မိုင္တိုင္(230)သို႔ေရာက္ရွိၿပီးေမာင္းမရေတာ့သည့္ယာဥ္အား ကရိန္းျဖင့္ ေ႐ႊ႕ေျပာင္းသယ္ေဆာင္ၿပီး ကိုထြန္းထြန္း ကိုေတာ့ မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္းမွကယ္ဆယ္ေရးယာဥ္ျဖင့္ မႏၲေလးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ရပါသည္။

လူႀကီး မိဘမ်ားအေနျဖင့္လည္းအျမန္လမ္းေပၚတြင္ လူသားခ်င္းကိုယ္ခ်င္းစာစိတ္မရွိပဲ ဝမ္းတစ္ထြာအတြက္အစုလိုက္ အၿပဳံလိုက္ မိသားစုလိုက္ သတ္ဖို႔ ဝန္မေလးတဲ့သူေတြ အသင့္ရွိေနၾကတယ္ဆိုတာ

သတိေပးရင္းအျမန္လမ္းေပၚမွ ခရီးသြားလာေနၾကေသာမိဘျပည္သူမ်ားအားလုံး အႏၲရာယ္ကင္းစြာျဖင့္လိုရာခရီးကို ေခ်ာေခ်ာမြန္မြန္ ေရာက္ရွိၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔ သလိုက္ရပါသည္။ခရက္ဒစ္

Unicode

အမြန်လမ်းမှာ မသမာ သူတွေရဲ့လုပ်ရပ် တစ်ခုကြောင့် ကားအက်စီးဒင့် ဖြစ်ခဲ့တဲ့ သရုပ်ဆောင်အဆိုတော် ထွန်းထွန်း

အမြန်လမ်းပေါ်က ရည်ရွယ်ချက်ရှိရှိ လူသတ်ကြသူများအမြန်လမ်းမိုင်တိုင် (226)ဝန်းကျင် မနေ့က 9.1.2021ရက် ည(10:30)အချိန် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့အဆိုတော် သရုပ်ဆောင်ထွန်းထွန်း(Example)မောင်းနှင်လာသော Alphard အဖြူရောင်ယာဉ်သည်

အမြန်လမ်းမိုင်တိုင် 226 အရောက်အတက်အဆင်း လမ်းပျောက်သည့်နေရာတွင်(ခန့်မှန်း) အရှည် ခြောက်ပေ အချင်း ငါးလက်မ ခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအားအမြန်လမ်း လမ်းအလယ်တွင် ကန့်လန့် ပိတ်ထားမှုအား ရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့်

ကီလို ၁၀၀အရှိန်ဖြင့် ထွန်းထွန်းမောင်းနှင်လာသောယာဉ်မှာ သစ်လုံးကိုရသလောက်ရှောင်တိန်းရင်းကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့်တိုက်မိသဖြင့် ကားဘီးပေါက် ဂီယာဘောက်ကွဲတိုက်လောက်ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့်လေးဖာလုံလောက် ဆက်မောင်းနှင်ပြီးမှကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက်မောင်းလာခဲ့ပါတယ်ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား

(၂)ယောက်လုံး ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့အမြန်လမ်း မိုင်တိုင် 230 အရောက်တွင်ကားမှာ မောင်းမရတော့ပဲ စက်သေသွားခဲ့ပါသည်။ည(10.55)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီးမနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့်

လမ်းမှသစ်လုံးအား အရှိန်နှင့် တက်နင်းမိကြောင်းဖုန်းဆက်အကူအညီတောင်းလာပါသဖြင့်အသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဉ်တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍ အရေးပေါ်သွားရောက်ကူညီခဲ့ရပါသည်။

ည(12:00)နာရီအချိန်တွင် ကားပျက်နေသည့်အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီးမောင်းမရတော့သည့်ယာဉ်အား ကရိန်းဖြင့် ရွှေ့ပြောင်းသယ်ဆောင်ပြီး ကိုထွန်းထွန်း ကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းမှကယ်ဆယ်ရေးယာဉ်ဖြင့် မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့ရပါသည်။

လူကြီး မိဘများအနေဖြင့်လည်းအမြန်လမ်းပေါ်တွင် လူသားချင်းကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက်အစုလိုက် အပြုံလိုက် မိသားစုလိုက် သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြတယ်ဆိုတာ

သတိပေးရင်းအမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသောမိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့်လိုရာခရီးကို ချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ သလိုက်ရပါသည်။ခရက်ဒစ်