သူေမာင္းလာတဲ့နာေရးနိဗၺာန္ယာဥ္နဲ႔ ကား (၅) စီးဆင့္တိုက္ခဲ့ေပမယ့္လည္း အသက္အႏၲရာယ္က လြတ္ေျမာက္ခဲ့တဲ့ ဦးေက်ာ္သူ

Zawgyi

သူေမာင္းလာတဲ့နာေရးနိဗၺာန္ယာဥ္နဲ႔ ကား (၅) စီးဆင့္တိုက္ခဲ့ေပမယ့္လည္း အသက္အႏၲရာယ္က လြတ္ေျမာက္ခဲ့တဲ့ ဦးေက်ာ္သူ

ဒီေန႔မွာေတာ့ႏိုင္ငံေက်ာ္မင္းသားႀကီးတစ္ေယာက္ျဖစ္တဲ့ ဦးေက်ာ္သူဟာသူေမာင္းလာတဲ့နာေရးနိဗၺာန္ယာဥ္အပါဝင္ ကားငါးစီးဆင့္ကာယာဥ္တိုက္မႈျဖစ္ပြားခဲ့တယ္လို႔သိရပါတယ္။

အဲဒီအေၾကာင္းကိုေတာ့ဦးေက်ာ္သူက”ကားငါးစီးဆင့္ကာဆင့္ကာတိုက္ေသာ္ျငားဘာမွမပူပါနဲ႔။ ဘာမွမျဖစ္ဘူး။ဗုဒၶဘုရားႏွလုံးသားမွာရွိတယ္။ဘုန္းဘုန္းဘုရားလည္မွာဆြဲထားတယ္။

ယေန႔ နာေရးကူညီမႈလမ္းေၾကာင္းေရေဝးသုႆန္သို႔အသြား လမ္းတစ္ေနရာရွိျဖတ္လမ္းရွိေသာေနရာတြင္ ပင္မကားမ်ားရွင္းပါကတစ္ဖက္လမ္းသို႔ကူးရန္အတြက္ တန္းစီေစာင့္ေနေသာကားေလးတစ္စီးႏွင့္

လိုက္ထရပ္ကားအားေနာက္မွအေဝးေျပးခရီးသယ္တင္ကားတစ္စီးမွတိုက္လိုက္၍ ေရွ႕ဆုံးတြင္ရပ္ေနေသာကားမွာတစ္ဆင့္ခ်င္းတိုက္ခံရၿပီးကြၽန္ေတာ္ေမာင္းလာသည့္နာေရးနိဗၺာန္ယာဥ္အား

ေရွ႕ေဘးမွေဆာင့္တိုက္လိုက္၍မိမိမွေရွာင္လိုက္ေသာ္လည္း မိမိ၏ညာဖက္ရွိဘတ္စ္ကားတစ္စီး၏ ေနာက္ပိုင္းေဘးဖက္ကိုမိမိမွတစ္ဆင့္တိုက္မိေတာ့သည္။ လူမ်ားဘာမွ်မျဖစ္ေသာ္လည္း

တိုက္ခံရသည့္ကားငယ္(ေရွ႕/ေနာက္)၊ လိုက္ထရပ္(ေရွ႕/ေနာက္)၊ နာကူယာဥ္ေရွ႕(ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး(ေနာက္ဖက္ဘယ္ဖက္ျခမ္းပြန္း)အသီးသီးထိသြားခဲ့သည္။ ကားငါးစီးဆင့္ကာဆင့္ကာတိုက္ခံရသည့္ျဖစ္ရပ္ပင္ျဖစ္ေတာ့သည္။

မိမိမွလမ္းမွန္၊ပုံမွန္ေမာင္းေသာ္ျငား တစ္ဖက္မွအႏၲရာယ္သည္မည္ကဲ့သို႔လာမည္ကို အထူးသတိထားရန္အသိတရားတစ္ခုရွိခဲ့ရသည္။ နိဗၺာန္ယာဥ္ေပၚ ပါလာေသာ ဘဝကူးသြားသည့္႐ုပ္ခႏၶာအား အသင္းမွနိဗၺာန္ယာဥ္တစ္စီးအားအျမန္ေခၚ၍

ေဘာ္ဒီအားေျပာင္းေ႐ႊ႕ကာ ေရေဝးသုႆန္သို႔ပို႔ေဆာင္သၿဂႋဳလ္ေပးမႈအား တာဝန္မပ်က္၊တာဝန္ေၾကစြာလုပ္ေဆာင္ေပးခဲ့ပါသည္။အသင္းသို႔ျပန္အေရာက္ သုခေဆးခန္းမွတာဝန္ရွိသူမ်ားမွ အတင္းေခၚေဆာင္၍မိမိအား အာထရာေဆာင္းစက္ျဖင့္

မိမိ၏ႏွလုံးအားစစ္ေဆးပါေတာ့သည္။ ေသြးေပါင္ခ်ိန္ျဖင့္ခ်ိန္ပါေတာ့သည္။ဘာမွမျဖစ္။ဘာမွမေတြ႕။ မိမိတြင္ ဗုဒၶရွိေနသည္။ဘုန္းဘုန္းရွိေနသည္။ မည္သို႔ျဖစ္ေစ ေမာ္ေတာ္ကား၊ဆိုင္ကယ္၊စက္ဘီး၊လမ္းေလွ်ာက္သည့္

ေန႔စဥ္လုပ္ရပ္မ်ားတြင္မိမိသည္ဘယ္ေလာက္မွန္မွန္ဘယ္ေလာက္ေျဖးေျဖး ဘယ္ေလာက္သတိထားထား တစ္ဖက္မွအႏၲရာယ္သည္အခ်ိန္မေ႐ြးထိပ္တိုက္ရင္ဆိုင္ႏိုင္သည္ကိုေတာ့ သိထားသင့္ေတာ့သည္”ဆိုၿပီးေရးသားကာ သူကရဲ႕လူမႈကြန္ရက္စာမ်က္ႏွာကေနပရိသတ္ႀကီးကိုေျပာျပထားခဲ့ပါတယ္။

Unicode

သူမောင်းလာတဲ့နာရေးနိဗ္ဗာန်ယာဉ်နဲ့ ကား (၅) စီးဆင့်တိုက်ခဲ့ပေမယ့်လည်း အသက်အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ ဦးကျော်သူ

ဒီနေ့မှာတော့နိုင်ငံကျော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဦးကျော်သူဟာသူမောင်းလာတဲ့နာရေးနိဗ္ဗာန်ယာဉ်အပါဝင် ကားငါးစီးဆင့်ကာယာဉ်တိုက်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲဒီအကြောင်းကိုတော့ဦးကျော်သူက”ကားငါးစီးဆင့်ကာဆင့်ကာတိုက်သော်ငြားဘာမှမပူပါနဲ့။ ဘာမှမဖြစ်ဘူး။ဗုဒ္ဓဘုရားနှလုံးသားမှာရှိတယ်။ဘုန်းဘုန်းဘုရားလည်မှာဆွဲထားတယ်။

ယနေ့ နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ပင်မကားများရှင်းပါကတစ်ဖက်လမ်းသို့ကူးရန်အတွက် တန်းစီစောင့်နေသောကားလေးတစ်စီးနှင့်

လိုက်ထရပ်ကားအားနောက်မှအဝေးပြေးခရီးသယ်တင်ကားတစ်စီးမှတိုက်လိုက်၍ ရှေ့ဆုံးတွင်ရပ်နေသောကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီးကျွန်တော်မောင်းလာသည့်နာရေးနိဗ္ဗာန်ယာဉ်အား

ရှေ့ဘေးမှဆောင့်တိုက်လိုက်၍မိမိမှရှောင်လိုက်သော်လည်း မိမိ၏ညာဖက်ရှိဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက်ကိုမိမိမှတစ်ဆင့်တိုက်မိတော့သည်။ လူများဘာမျှမဖြစ်သော်လည်း

တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ်ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်းပွန်း)အသီးသီးထိသွားခဲ့သည်။ ကားငါးစီးဆင့်ကာဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။

မိမိမှလမ်းမှန်၊ပုံမှန်မောင်းသော်ငြား တစ်ဖက်မှအန္တရာယ်သည်မည်ကဲ့သို့လာမည်ကို အထူးသတိထားရန်အသိတရားတစ်ခုရှိခဲ့ရသည်။ နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှနိဗ္ဗာန်ယာဉ်တစ်စီးအားအမြန်ခေါ်၍

ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာလုပ်ဆောင်ပေးခဲ့ပါသည်။အသင်းသို့ပြန်အရောက် သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်၍မိမိအား အာထရာဆောင်းစက်ဖြင့်

မိမိ၏နှလုံးအားစစ်ဆေးပါတော့သည်။ သွေးပေါင်ချိန်ဖြင့်ချိန်ပါတော့သည်။ဘာမှမဖြစ်။ဘာမှမတွေ့။ မိမိတွင် ဗုဒ္ဓရှိနေသည်။ဘုန်းဘုန်းရှိနေသည်။ မည်သို့ဖြစ်စေ မော်တော်ကား၊ဆိုင်ကယ်၊စက်ဘီး၊လမ်းလျှောက်သည့်

နေ့စဉ်လုပ်ရပ်များတွင်မိမိသည်ဘယ်လောက်မှန်မှန်ဘယ်လောက်ဖြေးဖြေး ဘယ်လောက်သတိထားထား တစ်ဖက်မှအန္တရာယ်သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင်သည်ကိုတော့ သိထားသင့်တော့သည်”ဆိုပြီးရေးသားကာ သူကရဲ့လူမှုကွန်ရက်စာမျက်နှာကနေပရိသတ်ကြီးကိုပြောပြထားခဲ့ပါတယ်။