Zawgyi
Unicode
ထူးခြားငွေဝင် ဂမ္ဘီရအစီရင် ၂ပတ်အတွင်းအကျိုးထူးသည်
ထူးခြားငွေဝင်ဂမ္ဘီရအစီရင်၂ပတ်အတွင်းအကျိုးထူးသည်အရင်နယ်လှည့်ဟောပြောစဉ်ကငွေဝင်ချင်ပါတယ်လို့အကူအညီတောင်းခံလာတာနဲ့ငွေဝင်စေတဲ့ယတြာအစီရင်များစွာထဲက
အချိန်တိုအတွင်းငွေဝင်စေတဲ့အောက်ကဂမ္ဘီရငွေဝင်အစီရင်လေးနဲ့ကူညီစောင်မပေးခဲ့တာပါအခုလိုလူတိုင်းငွေကြေးကြပ်တည်းမှုတွေနဲ့ရင်ဆိုင်နေရချိန်ဒီအစီရင်လေးကိုအမှတ်ရလို့အဆင်ပြေစေဖို့စေတနာနဲ့ဒါနပြုလိုက်ပါတယ်
ဒီအစီရင်လေးက ထူးထူးခြားခြားကိုငွေဝင်စေတယ်ဗျဘယ်လိုနည်းလမ်းတွေနဲ့ဘယ်လောက်အတိုင်းအတာဝင်မယ်ဆိုတာသာ တဦးနဲ့တဦးကံဇာတာအနိမ့်အမြင့်အခြေအနေတွေမတူတဲ့အတွက်မပြောနိင်တာပါလုပ်ကြည့်ပါ
ထူးခြားမှုနဲ့ပတ်သတ်ပြီးအပြည့်အဝတာဝန်ယူပါတယ်အစီရင်ပြုလုပ်နည်းလေးကရိုးရိုးရှင်းရှင်းလေးပါငှက်ပျောရွက်ကို အနေတော်ညှပ်ယူရေဆေးသန့်စင်ပြီးအောက်မှာပုံပါအတိုင်းဆော့ပင်အပြာရောင်ဖြင့်ရေးဆွဲရပါ့မယ်ပြီးလျှင်
လေးထောင့်ကွက်အလယ်မှာမတ်စေ့တင်ပြီးထိုမတ်စေ့ပေါ်ဖရောင်းတိုင်၁တိုင်စိုက်ထွန်းလှုပူဇော်ပါမိမိနေအိမ်ဘုရားမှာပဲထွန်းလှုပူဇော်ရပါ့မယ်နေ့ရက်အချိန်သတ်မှတ်ချက်မရှိလို့အဆင်ပြေသလိုထွန်းလှုပူဇော်နိင်ပါတယ်ထွန်းလှုပူဇော်ပြီး
ရင်တော့ဥုံပထဗျာအာကာသေပဗ္ဗတေစေဝဥဒကေဝနေယံယံပတ္တံပဝါဒေမိသဗ္ဗလာဘသိဒ္ဓိဥပေတုံမေဂါထာကို၂၇ခေါက်ရွတ်ဖတ်ပူဇော်ပါငွေဝင်စေဖို့လာဘ်ရွှင်စေဖို့ဆုတောင်းဖို့လည်းမမေ့နဲ့ပေါ့ဗျာဒီအစီရင်ကိုနေ့စဉ်ပြုလုပ်ပေးပါအချိန်တို
အတွင်းထူးထူးခြားခြားငွေဝင်ပါလိမ့်မယ်ဆရာကိုမင်းနိုင်နှင့်တကွ သင်ဆရာမြင်ဆရာကြားဆရာများအားအစဉ်ရှိခိုးဦးခိုက်လျက်ဆရာဟိန်းB.A(P s y:)(ဗေဒင်နှင့်ဂမ္ဘီရယတြာအစီရင်ပညာ)09-259059505/09-777337919