အိမ္ေရွ႕ေမႊးတိုင္ထြန္းလိုက္တာက သရဲေတြ အိမ္ထဲဝင္လာႏိုင္တယ္လို႔ ခြင့္…
Zawgyi
အိမ္ေရွ႕ေမႊးတိုင္ထြန္းလိုက္တာက သရဲေတြ အိမ္ထဲဝင္လာႏိုင္တယ္လို႔ ခြင့္…
ပုံမွန္အားျဖင့္ ကိုယ့္အိမ္က ဘုရားစင္မွာ ဆြမ္းေတာ္တင္ထားတာက ႂကြက္ကပဲ လာႏွိုက္စားနိုင္တယ္။
သရဲက လာႏွိုက္မစားနိုင္ဘူး။ဒါေပမယ့္ အိမ္ေရွ႕ေမႊးတိုင္ထြန္းလိုက္တာက သရဲေတြ အိမ္ထဲဝင္လာနိုင္တယ္လို႔ ခြင့္ျပဳေပးလိုက္တဲ့ သေကၤတျဖစ္တယ္။ျမင္အပ္ မျမင္အပ္ဆိုတဲ့ထဲမွာ သရဲေတြလည္းပါတယ္။
ေနစရာရွိတဲ့သူကေတာ့ သာဓုေခၚစရာရွိတာေခၚ၊ စားစရာရွိတာ စားၿပီး ကိုယ့္ေနရာကို ျပန္သြားမွာပဲ။ေနစရာမရွိတဲ့ ခပ္ဆိုးဆိုး သရဲေတြက မျပန္ပဲ အိမ္ထဲ ေနေနခဲ့မယ္။ ေတာက အမ်ိဳးေတြ အလည္ေခၚတယ္။
အလုပ္အကိုင္ အဆင္ေျပတဲ့အမ်ိဳးက လည္ပတ္ဘုရားဖူးၿပီး ျပန္သြားတယ္။ အလုပ္အကိုင္ အဆင္မေၿပ စားဝတ္ေနေရး ၾကပ္တည္းေနတဲ့အမ်ိဳးက မျပန္ေတာ့ဘူးေလ။အဲဒီသေဘာအတိုင္းပဲ။
အိမ္ရွင္က ေခၚထားတဲ့သရဲျဖစ္ေနလို႔ အိမ္ေစာင့္နတ္ကလည္း ႏွင္ထုတ္နိုင္စြမ္း မရွိေတာ့ဘူး။ သက္သတ္လြတ္ကပ္လို႔ သရဲမႀကိဳက္ဘူး ဆိုၾကေသးတယ္။သရဲက ငတ္ေနတဲ့ သတၱဝါအမ်ိဳးအစားမို႔ ရတာအကုန္စားတာ။သတ္သတ္လြတ္တာ မလြတ္တာေတြ ေရြးမေနဘူး။
သရဲက စုပ္ခြက္ငါးထက္ေတာင္ အစားပက္စက္ေသးတယ္။ ဓမၼပဒမွာပါတဲ့ သရဲေတြႀကိဳက္တဲ့ အစားအစာစာရင္းအရသစ္သီးကလြဲရင္ ထမင္းျဖဴကအစ သရဲကႀကိဳက္တယ္။
ဆြမ္း စသည္ ေလ်ာ့ေနတာ ေျခရာက်န္ခဲ့တာက သရဲက ေနာက္ထပ္ ထပ္စားရေအာင္လို႔ ခြင္ဖန္တာ ျဖစ္ဖို႔မ်ားတယ္။ေနာက္ၿပီးေတာ့ အထက္အညာ ရြာတစ္ရြာက ရခဲ့တဲ့နည္းဆိုၿပီး ေရးထားတယ္။အက္အညာမွာကသရဲေမြးၿပီး လုပ္စားေနၾကတဲ့ ဘုန္းႀကီးေတြ လူေတြရွိတယ္။
ေမြးထားတဲ့သရဲနဲ႔ ေမြးထားသူနဲ႔ ဇာတ္တိုက္ၿပီး လုပ္စားေနၾကတာ။သရဲေမြးထားသူေတြက ဘုန္းႀကီးေနေန လူေနေန ေနာက္ပိုင္းမွာ သူေမြးထားတဲ့သရဲက ျပန္သတ္လို႔ ေသၾကတာခ်ည္းပါပဲ။
ေမႊးတိုင္မထြန္းပဲျမင္အပ္ မျမင္အပ္ စသည္ ထည့္မဖိတ္ပဲ ရဟႏၲာပဲ ရိုးရိုးပင့္ၾကည့္ ဘယ္ဆြမ္းမွမေလ်ာ့ဘူး။ ဘယ္ေျခရာမွ မက်န္ခဲ့ဘူး။မူရင္းေရးသားေသာ ဆရာေတာ္ Ashin Khema Nanda (မိုးသု) အား ေလးစားၾကည္ညိဳစြာ ခရက္ဒစ္ေပးပါသည္။
Unicode
အိမ်ရှေ့မွှေးတိုင်ထွန်းလိုက်တာက သရဲတွေ အိမ်ထဲဝင်လာနိုင်တယ်လို့ ခွင့်…
ပုံမှန်အားဖြင့် ကိုယ့်အိမ်က ဘုရားစင်မှာ ဆွမ်းတော်တင်ထားတာက ကြွက်ကပဲ လာနှိုက်စားနိုင်တယ်။
သရဲက လာနှိုက်မစားနိုင်ဘူး။ဒါပေမယ့် အိမ်ရှေ့မွှေးတိုင်ထွန်းလိုက်တာက သရဲတွေ အိမ်ထဲဝင်လာနိုင်တယ်လို့ ခွင့်ပြုပေးလိုက်တဲ့ သင်္ကေတဖြစ်တယ်။မြင်အပ် မမြင်အပ်ဆိုတဲ့ထဲမှာ သရဲတွေလည်းပါတယ်။
နေစရာရှိတဲ့သူကတော့ သာဓုခေါ်စရာရှိတာခေါ်၊ စားစရာရှိတာ စားပြီး ကိုယ့်နေရာကို ပြန်သွားမှာပဲ။နေစရာမရှိတဲ့ ခပ်ဆိုးဆိုး သရဲတွေက မပြန်ပဲ အိမ်ထဲ နေနေခဲ့မယ်။ တောက အမျိုးတွေ အလည်ခေါ်တယ်။
အလုပ်အကိုင် အဆင်ပြေတဲ့အမျိုးက လည်ပတ်ဘုရားဖူးပြီး ပြန်သွားတယ်။ အလုပ်အကိုင် အဆင်မပြေ စားဝတ်နေရေး ကြပ်တည်းနေတဲ့အမျိုးက မပြန်တော့ဘူးလေ။အဲဒီသဘောအတိုင်းပဲ။
အိမ်ရှင်က ခေါ်ထားတဲ့သရဲဖြစ်နေလို့ အိမ်စောင့်နတ်ကလည်း နှင်ထုတ်နိုင်စွမ်း မရှိတော့ဘူး။ သက်သတ်လွတ်ကပ်လို့ သရဲမကြိုက်ဘူး ဆိုကြသေးတယ်။သရဲက ငတ်နေတဲ့ သတ္တဝါအမျိုးအစားမို့ ရတာအကုန်စားတာ။သတ်သတ်လွတ်တာ မလွတ်တာတွေ ရွေးမနေဘူး။
သရဲက စုပ်ခွက်ငါးထက်တောင် အစားပက်စက်သေးတယ်။ ဓမ္မပဒမှာပါတဲ့ သရဲတွေကြိုက်တဲ့ အစားအစာစာရင်းအရသစ်သီးကလွဲရင် ထမင်းဖြူကအစ သရဲကကြိုက်တယ်။
ဆွမ်း စသည် လျော့နေတာ ခြေရာကျန်ခဲ့တာက သရဲက နောက်ထပ် ထပ်စားရအောင်လို့ ခွင်ဖန်တာ ဖြစ်ဖို့များတယ်။နောက်ပြီးတော့ အထက်အညာ ရွာတစ်ရွာက ရခဲ့တဲ့နည်းဆိုပြီး ရေးထားတယ်။အက်အညာမှာကသရဲမွေးပြီး လုပ်စားနေကြတဲ့ ဘုန်းကြီးတွေ လူတွေရှိတယ်။
မွေးထားတဲ့သရဲနဲ့ မွေးထားသူနဲ့ ဇာတ်တိုက်ပြီး လုပ်စားနေကြတာ။သရဲမွေးထားသူတွေက ဘုန်းကြီးနေနေ လူနေနေ နောက်ပိုင်းမှာ သူမွေးထားတဲ့သရဲက ပြန်သတ်လို့ သေကြတာချည်းပါပဲ။
မွှေးတိုင်မထွန်းပဲမြင်အပ် မမြင်အပ် စသည် ထည့်မဖိတ်ပဲ ရဟန္တာပဲ ရိုးရိုးပင့်ကြည့် ဘယ်ဆွမ်းမှမလျော့ဘူး။ ဘယ်ခြေရာမှ မကျန်ခဲ့ဘူး။မူရင်းရေးသားသော ဆရာတော် Ashin Khema Nanda (မိုးသု) အား လေးစားကြည်ညိုစွာ ခရက်ဒစ်ပေးပါသည်။