Zawgyi
Crd Orignail Writer
Unicode
ပထမဆုံး ရဟန်းဘဝခံယူခွင့်ရတဲ့ ဘုန်းကြီးကျောင်းအတွက် မတည်ငွေ သိန်းတစ်ရာကျပ်အလှူပြုခဲ့တဲ့ ပိုင်တံခွန်
သရုပ်ဆောင် မော်ဒယ်လ်မင်းသားချောလေး ပိုင်တံခွန်ကတော့ မွန်မြတ်တဲ့အလှူဒါနအတွက် သူကိုယ်တိုင် အလှူပြုရင်း ပရိသတ်တွေကိုပါ လှုံ့ဆော်လိုက်ပြန်ပါတယ်။ ဒါကတော့ ” ကျနော်က ဒီဘုန်းကြီးကျောင်းလေးမှာ ဆံချပြီး ရဟန်းဘဝရခဲ့တာပါ။
အဓိက က ကျောင်းလေးက ဆင်းရဲတဲ့ အတွက် ဒီနေရာမှာ သာသနာလုပ်ငန်းတွေ လုပ်ပေးချင်တဲ့ ဆန္ဒ ကြောင့် တခြားကျောင်းမှာ မဝတ်ပဲ ကျနော်ဒီမှာ ရဟန်းဝတ်ခဲ့တာပါ။
ဒီဘုန်ကြီးကျောင်းလေးက အလှူရှင် အရမ်းနည်းပါးတဲ့အပြင် ရဟန်းနေဖို့ အဆောင် ၊ ထမင်းစားဆောင် ၊ တရားချတဲ့အ ဆောင်၊ စာသင်ဆောင်၊ ရဟန်းတွေ အတွက် အရေးကြီးဆုံးဖြစ်တဲ့ သိမ်ကျောင်းဆောင် ရယ်လို့ ကျောင်းဝင်းထဲမှာ မရှိပါဘူး။
သိမ်မရှိတော့ တခြားဘုန်းကြီးကျောင်းမှာ ကျနော်သိမ်ဝင်ရပါတယ်။ ဆရာတော်ကလည်း မေတ္တာကြီးမားသလို ဘယ်သူ့ဆီမှာမှ အလှူလည်းမခံခဲ့ပါဘူး ။
ကျနော်က ရဟန်းအဖြစ်နဲ့ ဒီကျောင်းလေးမှာ တစ်ရက်ပဲ ကုသို လ်ရေးတွေ လုပ်ဖြစ်ခဲ့တယ် ပြီးတော့မှ တယောက်တည်း တ ရားအားထုတ်ချင်လို့ မြဝတီမြို့ကို ထွက်သွားပြီး သစ်တံခါးဆရာတော်ဘုရားကြီးဆီမှာ ရဟန်းဘဝနဲ့ ကုသိုလ်ရေးတွေ လု ပ်ပြီး တရားအားထုတ်ခဲ့ပါတယ်။
မြဝတီမသွား ခင်မှာလည်း ဆရာတော်ကို ပြောခဲ့ပါတယ် တပည့်တော် လူထွက်လာရင် ဒီကျောင်းကို အစစအရာရာ ပြည့်စုံအောင် မတည်ပြီး လှူဒါန်းပေးမယ်လို့ တယောက်တည်းမနိုင်ရင်လည်။
ပရိသတ်တွေကိုလည်း နိဗ္ဗာန်ဆော်ပေးမယ်လို့ ပြောခဲ့ပါတယ် အခု ဒီဘုန်းကြီးကျောင်းလေးအတွက် ပထမအနေနဲ့ သိမ်ကျေ ာင်းတိုက်ကို အရင်ဆုံး ဆောက်လုပ်လှူဒါန်းပေးခြင်တဲ့အတွ က် ကျနော်ကစပြီး အလှူငွေကျပ် သိန်းတစ်ရာ မတည်လိုပါတယ်။
ပရိသတ်တွေ ကိုလည်း သံသရာ မှာ ကျနော်နဲ့ ရေစက်အတူတူ ပါအောင် ငွေ ၁၀၀၀ / ၁၀၀၀၀ ကစ ပါဝင်လှူဒါန်းပေးပါလို့ နိဗ္ဗာန်ဆော်ပါရစေခင်မျာ ” ဆိုပြီး ရေးသားတင်ပေးလာတာဖြစ်လို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်…..။
Crd Orignail Writer