နမောငါးပိုင်း နတ်တွေဝိုင်း အဓိဋ္ဌာန် ပုတီးစိပ်နည်း

Zawgyi








၁ ~ နမော တဿ

၂ ~ နမော တဿ ဘဂဝေတာ

၃ ~ နမော တဿ အရဟေတာ

၎ ~ နမော တဿ သမ္မာသမ္ဗုဒ္ဓဿ




Unicode

နမောငါးပိုင်း နတ်တွေဝိုင်း အဓိဋ္ဌာန် ပုတီးစိပ်

အကြွေးကျေ ငွေဝင် လာဘ်ရွှင်တဲ့ ပုတီးစိပ်နည်းပါ နမောငါးပိုင်း ဂါထာကို နမောငါးချက် စီးပွားတက် ဂါထာဟုလည်း လူသိများပါသည်။

မိမိအိမ်မှာ လူမြင်သာတဲ့ နေရာမှာ ရှင်ဘုရင်ပုံကပ်ထားပါ မိမိ မွေးနေ့မှာ အိမ်ဘုရားမှာ ကံ့ကော် (၁၅)ညွှန့် ငွေအိုးထဲထည့်ပါ ငွေအိုးဆိုတာ ခက်ခက်ခဲခဲ လိုက်ရှာမနေနဲ့ ငွေရောင်သုတ်ထားတဲ့ အိုးဆိုရပါပြီ။

ခရေ (၂) ညွှန့် ကြေးအိုးထဲထည့်ပါ ကြေးအိုးဆိုတာ ခက်ခက်ခဲခဲ လိုက်ရှာမနေနဲ့ ကြေးသုတ်ထားတဲ့ အိုးဆိုရင်ရပါပြီ။ ရွက်လှ (၁၇) ညွှန့် ရွှေအိုးထဲ ထည့်ပါ ရွှေအိုးဆိုတာလည်း ခက်ခက်ခဲခဲ လိုက်ရှာမနေနဲ့ ရွှေရောင်သုတ်ထားတဲ့ အိုးဆိုရပါပြီ။

ရွှေအိုး၊ ငွေအိုး၊ ကြေးအိုး စီးပွားတိုး ဓာတ်တူနာမ်တူဆေးဖက်ယူ နံတူသတ်ကအသေရ.(ကြိမ်းသေရ)ပေါ့ ရွှေငွေ ဓာတ်ဖွင့်တာပေါ့။ မိမိအိမ်ဘုရားမှာ မနက်/ည ထိုပန်းအိုးတွေနဲ့ ပန်းတွေထိုးပြီး စွဲစွဲမြဲမြဲသာ ရွတ်ဖတ်ပြီး ပုတီးစိပ်တော့ပေါ့ဗျာ။

နမောငါးပိုင်း နတ်တွေဝိုင်းပုတီးစိပ်နည်း

ဤ နမောငါးချက် စီးပွားတက်ဂါထာကို ပုတီးမစိပ်ခင် ဦးစွာ ပထမ သရဏဂုံ သုံးပါးကို အရင်ဆုံး ရွတ်ဆိုပူဇော်ပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ ပြီးလျင်။

၁ ~ နမော တဿ

၂ ~ နမော တဿ ဘဂဝေတာ

၃ ~ နမော တဿ အရဟေတာ

၄ ~ နမော တဿ သမ္မာသမ္ဗုဒ္ဓဿ

၅ ~ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဤ နမောငါးချက် စီးပွားတက်ဂါထာကို ပါဋ္ဌိ ငါးကြောင်း အစအဆုံးဆိုပြီးမှ ပုတီး တစ်လုံးချ၍ စိပ်ပါ ၁၀၈ လုံး ပုတီးကုံးဖြင့် ပုတီးစိပ်ပါ တစ်နေ့ကို ပုတီး ( ၉ ) ပတ် အဓိဌာန် ( ၉ ) ရက်တိတိ စိပ်ပါ။

အကျိုးတရားများကား ထိုသို့ နမောငါးချက် စီးပွားတက် ဂါထာကို ပုတီးစိပ်သောသူဟာ သိသာစွာ စီးပွားတိုး၍ အကျိုးများလာမည် ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။ ခရက်ဒစ်ဂျပ်နောင်းအမ်အမ်.