“ နာမည္ႀကီးေနတဲ့မိုးေကာင္းမွေက်ာက္စိမ္းေတာင္အေၾကာင္း ”
Zawgyi
“ နာမည္ႀကီးေနတဲ့ မိုးေကာင္းမွ ေက်ာက္စိမ္းေတာင္ အေၾကာင္း ”
ဒီေန႔ ေက်ာက္စိမ္းေတာင္ကို သြားရတဲ့ အေၾကာင္းရင္းက သတင္းမွန္နဲ႔ ထူးျခားတဲ့ အေၾကာင္းကိစၥနဲ႔ ေရာက္ျဖစ္သြားျခင္းပါ။ ေက်ာက္စိမ္း ထြက္တဲ့ ေတာင္က ေက်ာက္မီးေတာင္လို႔ ေခၚပါတယ္ မိုးေကာင္းၿမိဳ႕နယ္ အင္းၾကင္းကုန္း ေက်း႐ြာေခ်ာင္းဝ ( အင္းေတာ္ႀကီး )
အေနာက္ဘက္သြားတဲ့ လမ္းကေန႔ ၆ မိုင္ခရီးကို ေတာင္တက္၊ ေတာင္ဆင္း ခပ္ၾကမ္းၾကမ္း ဆိုင္ကယ္ စီးရပါမယ္ တစ္ခ်ိဳ႕ေနရာ အဆင္းေဇာက္သလို႔ အတက္မတ္ပါတယ္၊ ၎ေက်ာက္သည္ကညင္ၿမိဳင္ ေက်း႐ြာမွာ မဟုတ္ပါ၊
ကညင္ၿမိဳင္မွ ေတာင္ဘက္သို႔ ျပ ည္ေထာင္စု လမ္းမအတိုင္း သြားရပါတယ္၊ ၿပီးမွပင္ေဘာအနီးက အင္းၾကင္းကုန္း ေက်း႐ြာ ကိုေရာက္ရင္ ေခ်ာင္းဝဘက္ လမ္းကေန သြားရျခင္း ျဖစ္ပါသည္။ အင္းၾကင္းကုန္မွ ၆ မိုင္ေလာက္
ခရီးႏွင့္ၿပီးမွ ဇလြန္ကြင္း ေရာက္ရင္ လမ္းဘယ္ဘက္မွ အခင္းတဲ မ်ားေတြ႕ရင္ ဦးေအာင္ခိုင္+ မခင္ခ်ိဳဦးတဲကိုေမးၿပီး ခရီးဆက္ ႏိူင္ပါသည္။ ေတာင္တက္ဖို႔ တစ္နာရီနီးပါး အခ်ိန္ေပးရပါမ ယ္ ေတာင္ေပၚမွာ သဘာဝဓါတ္ေငြ႕ ထြက္ရွိေနေသာေၾကာင့္
ေဆးလိပ္မီး ေလွ်ာက္မပစ္ဖို႔ ေျပာပါရေစ၊ ေက်ာက္စိမ္းတုံးကို မေတြ႕ရခင္ သဘာဝဓါတ္ေငြ႕ ေျမႀကီးထဲမွာ ထြက္ေနတာကို ေတြ႕ရပါလိမ့္မယ္၊ သဘာဝဓါတ္ေငြ႕ထြက္တဲ့ ေနရာရဲ႕ ဘယ္ဘက္ ေအာက္ဆင္းရင္ ေက်ာက္မ႑ပ္ ေခၚ
ေက်ာက္စိမ္း ေတာင္ကို ေတြ႕ရမွာပါ။ ကာလာအေနအထားက ေက်ာက္စိမ္းနဲ႔အေတာ္တူပါတယ္၊ သို႔ေပသည္ ေက်ာက္စိမ္း အႏြယ္ဝင္ မဟုတ္ပါ။ေက်ာက္စိမ္းမွပေထာ့ ၊ ပလြမ့္အဆင့္ကိုေတာင္မမီပါ၊ အဓိက ထြက္ေနတာကသဘာဝ ဓါတ္ေငြ႕
ပါ တစ္ေတာင္လုံး ေနရာ ေတာ္ေတာ္ မ်ားမ်ား မွာ ထြက္ေနတာပါ။တာဝန္ရွိသူမ်ားအျမန္ဆုံးထိန္း သိမ္းကာကြယ္ဖို႔လဲ ေျပာၾကားလို႔ပါတယ္။ တစ္စိမ့္စိမ့္ကို ထြက္ေနလို႔ပါ။ ဒါေၾကာင့္ ေက်ာက္မီး ေတာင္ဟုေခၚပါသည္။ အဂၤလိပ္ ေခတ္က( ဒုတိယကမာၻစစ္ ) ေက်ာက္မ႑ပ္ ေဘးက ေတာင္မွာ
စစ္စခန္း တည္ေဆာက္ ထားေသာ စခန္းကုန္းရွိေနပါတယ္၊ ( ေဒသခံ အေျပာရ) သံတို၊ သံစ အ မ်ား အျပားရွိ ေနေသးတယ္ ေျပာျပပါတယ္။ ဒီေန႔ည အိမ္ျပန္ခရီးက ည ၉ နာရီ ေက်ာ္ပါတယ္၊ ခုမွ ေက်ာက္စိမ္း ေတာင္ကိစၥ ဖြင့္ခ် ျပခ်င္လို႔
ေရာက္ေရာက္ခ်င္း ရွင္းျပရျခင္း ျဖစ္ပါသည္ လို က္ပါ ပို႔ေဆာင္ ေပးေသာ ဦးစိန္ေအာင္ အင္းၾကင္း ကုန္ ေက်း႐ြာဦးစိုးစိုး အုပ္ခ်ဳပ္ေရးမႈး အင္းၾကင္းကုန္ ေက်း႐ြာတို႔အား ေက်းဇူးတင္ ရွိပါသ ည္။ #ေစာမင္းျဖဴ# မိုးေကာင္း ေက်ာက္စိမ္းေတာင္# အင္းၾကင္းကုန္း ေက်း႐ြာ ကခ်င္ ျပည္ နယ္, ၁၃/၁/၂၀၂၁
Unicode
“ နာမည်ကြီးနေတဲ့ မိုးကောင်းမှ ကျောက်စိမ်းတောင် အကြောင်း ”
ဒီနေ့ ကျောက်စိမ်းတောင်ကို သွားရတဲ့ အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိစ္စနဲ့ ရောက်ဖြစ်သွားခြင်းပါ။ ကျောက်စိမ်း ထွက်တဲ့ တောင်က ကျောက်မီးတောင်လို့ ခေါ်ပါတယ် မိုးကောင်းမြို့နယ် အင်းကြင်းကုန်း ကျေးရွာချောင်းဝ ( အင်းတော်ကြီး )
အနောက်ဘက်သွားတဲ့ လမ်းကနေ့ ၆ မိုင်ခရီးကို တောင်တက်၊ တောင်ဆင်း ခပ်ကြမ်းကြမ်း ဆိုင်ကယ် စီးရပါမယ် တစ်ချို့နေရာ အဆင်းဇောက်သလို့ အတက်မတ်ပါတယ်၊ ၎င်းကျောက်သည်ကညင်မြိုင် ကျေးရွာမှာ မဟုတ်ပါ၊
ကညင်မြိုင်မှ တောင်ဘက်သို့ ပြ ည်ထောင်စု လမ်းမအတိုင်း သွားရပါတယ်၊ ပြီးမှပင်ဘောအနီးက အင်းကြင်းကုန်း ကျေးရွာ ကိုရောက်ရင် ချောင်းဝဘက် လမ်းကနေ သွားရခြင်း ဖြစ်ပါသည်။ အင်းကြင်းကုန်မှ ၆ မိုင်လောက်
ခရီးနှင့်ပြီးမှ ဇလွန်ကွင်း ရောက်ရင် လမ်းဘယ်ဘက်မှ အခင်းတဲ များတွေ့ရင် ဦးအောင်ခိုင်+ မခင်ချိုဦးတဲကိုမေးပြီး ခရီးဆက် နိူင်ပါသည်။ တောင်တက်ဖို့ တစ်နာရီနီးပါး အချိန်ပေးရပါမ ယ် တောင်ပေါ်မှာ သဘာဝဓါတ်ငွေ့ ထွက်ရှိနေသောကြောင့်
ဆေးလိပ်မီး လျှောက်မပစ်ဖို့ ပြောပါရစေ၊ ကျောက်စိမ်းတုံးကို မတွေ့ရခင် သဘာဝဓါတ်ငွေ့ မြေကြီးထဲမှာ ထွက်နေတာကို တွေ့ရပါလိမ့်မယ်၊ သဘာဝဓါတ်ငွေ့ထွက်တဲ့ နေရာရဲ့ ဘယ်ဘက် အောက်ဆင်းရင် ကျောက်မဏ္ဍပ် ခေါ်
ကျောက်စိမ်း တောင်ကို တွေ့ရမှာပါ။ ကာလာအနေအထားက ကျောက်စိမ်းနဲ့အတော်တူပါတယ်၊ သို့ပေသည် ကျောက်စိမ်း အနွယ်ဝင် မဟုတ်ပါ။ကျောက်စိမ်းမှပထော့ ၊ ပလွမ့်အဆင့်ကိုတောင်မမီပါ၊ အဓိက ထွက်နေတာကသဘာဝ ဓါတ်ငွေ့
ပါ တစ်တောင်လုံး နေရာ တော်တော် များများ မှာ ထွက်နေတာပါ။တာဝန်ရှိသူများအမြန်ဆုံးထိန်း သိမ်းကာကွယ်ဖို့လဲ ပြောကြားလို့ပါတယ်။ တစ်စိမ့်စိမ့်ကို ထွက်နေလို့ပါ။ ဒါကြောင့် ကျောက်မီး တောင်ဟုခေါ်ပါသည်။ အင်္ဂလိပ် ခေတ်က( ဒုတိယကမ္ဘာစစ် ) ကျောက်မဏ္ဍပ် ဘေးက တောင်မှာ
စစ်စခန်း တည်ဆောက် ထားသော စခန်းကုန်းရှိနေပါတယ်၊ ( ဒေသခံ အပြောရ) သံတို၊ သံစ အ များ အပြားရှိ နေသေးတယ် ပြောပြပါတယ်။ ဒီနေ့ည အိမ်ပြန်ခရီးက ည ၉ နာရီ ကျော်ပါတယ်၊ ခုမှ ကျောက်စိမ်း တောင်ကိစ္စ ဖွင့်ချ ပြချင်လို့
ရောက်ရောက်ချင်း ရှင်းပြရခြင်း ဖြစ်ပါသည် လို က်ပါ ပို့ဆောင် ပေးသော ဦးစိန်အောင် အင်းကြင်း ကုန် ကျေးရွာဦးစိုးစိုး အုပ်ချုပ်ရေးမှုး အင်းကြင်းကုန် ကျေးရွာတို့အား ကျေးဇူးတင် ရှိပါသ ည်။ #စောမင်းဖြူ# မိုးကောင်း ကျောက်စိမ်းတောင်# အင်းကြင်းကုန်း ကျေးရွာ ကချင် ပြည် နယ်, ၁၃/၁/၂၀၂၁