အျဖည့္ခံဆိုတာ ကိုယ္ပါတနဂၤေႏြ
Zawgyi
အျဖည့္ခံဆိုတာ ကိုယ္ပါတနဂၤေႏြ
တနဂၤေႏြသားသမီးမ်ားသည္ လူမွန္းသိတက္စ အ႐ြယ္မွာပင္ အနစ္နာခံရ ေပးဆပ္ရသူမ်ားပင္ျဖစ္ေလသည္။ေမြးခ်င္းမ်ားေသာ မိသားစုတြင္ ပိုမိုသိသာတက္သည္
အ႐ြယ္ေရာက္လာၿပီးေနာက္တြင္လည္း သူငယ္ခ်င္းအေပၚ ၊ မိတ္ေဆြအေပါင္းအသင္းအေပၚ ေပးဆပ္ရ စြန္႔လႊတ္ရ အနစ္နာခံေပါင္းသင္းတက္သူမ်ားပင္ျဖစ္သည္။
အေဖာ္မင္တက္သူ မ်ားဟုေခၚလွ်င္ လြန္မည္မထင္အံ့ကိုယ့္အေပၚမေကာင္းေသာ မိတ္ေဆြမ်ားကိုလည္းအလြယ္တကူႏွင့္မစြန္႔လႊတ္တက္ေပ။
ေနာက္ဆုံးအခ်ိန္ထိ စိတ္ရင္းအမွန္ႏွင့္ေပါင္းသင္းကာ မျဖစ္ႏိုင္ေတာ့သည့္ေနာက္ဆုံးအေျခအေနေရာက္မွသာ ျပတ္စဲဖို႔စဥ္းစားဆုံးျဖတ္တက္သူမ်ားပင္ျဖစ္သည္။
သို႔ေသာ္ တိုက္ဆိုင္တိုင္း ထိုသူငယ္ခ်င္း ၊ မိတ္ေဆြမ်ားအား သတိတရရွိေနဆဲ ထိုမိတ္ေဆြမ်ား ေကာင္းေၾကာင္း ေျပာေနဆဲပင္။ဤမွ်အထိကို အစြဲအလမ္းသံေယာဇာဥ္ႀကီးတက္ၾက၏။
အခ်စ္ေရးတြင္လည္း အခ်စ္ဆုံးသူမွ ေပးသြားေသာဒဏ္ရာမ်ားအား ရင္ဝယ္ပိုက္ရင္း သတိရတိုင္း ထိုဒဏ္ရာမ်ားအား ထုတ္ထုတ္ၾကည့္ေနသူမ်ားသာျဖစ္၏။
မိမိဘာသာ တစ္ဦးထဲဘဝကို တည္တည္ၿငိမ္ၿငိမ္ျဖတ္သန္းမည္ဟု ရည္႐ြယ္ဆုံးျဖတ္ခဲ့ၿပီးမွ အတင္းဇြတ္တိုးဝင္လာေသာ သူမ်ားေၾကာင့္ပင္ ႏွလုံးသားေရးမွာ ခဏခဏ အရႈပ္အေထြးျဖစ္ကုန္ၾကရ၏။
မိမိ မခ်စ္ခ်င္ေသာအခ်ိန္ ထိုသူအေပၚခ်စ္ရန္ စိတ္မပါေသာအခ်ိန္တြင္ ထိုသူမွာ သဲသဲလႈပ္ခ်စ္ျပၿပီးမိမိျပန္လည္ ခ်စ္မိေသာအခ်ိန္ေရာက္မွထိုသူ၏ အျပဳအမူမွာ ေအးစက္သြားေသာ အခ်စ္ေရးမ်ိဳးကိုလည္း ေတြ႕ႀကဳံခံစားရမည့္ ကံပါလာသူမ်ားသာျဖစ္ေလသည္။
အလုပ္အကိုင္ႏွင့္ေငြေၾကးပိုင္းဆိုင္ရာတြင္ တနဂၤေႏြ သားသမီးမ်ားေလာက္ ကံေကာင္းေသာသူမရွိေပ။ေငြေၾကး အခက္အခဲတစ္စုံတစ္ရာေပၚလာသည္ႏွင့္ အျခားတစ္ေနရာမွ ေငြရေပါက္ရလမ္းမ်ား အကူအညီမ်ား အလိုလိုရရွိခဲ့သည္သာျဖစ္၏
အလုပ္လုပ္ရာတြင္ မည္သည့္ကိစၥမဆို မိမိကိုယ္တိုင္လုပ္ရမွ စိတ္ေၾကနပ္သည္သာျဖစ္သည္။ တစ္ပါးသူအား မတက္သာမွသာ အကူအညီေတာင္း ခိုင္းေစတက္ေပသည္။မ်ားေသာအားျဖင့္ ကိုယ္ပိုင္အေတြးအေခၚ အယူအဆႏွင့္ လမ္းသစ္ေဖာက္တက္သည္။
သူတစ္ပါး မႀကံစည္ မေတြးေခၚေသာ အေတြးအျမင္မ်ားျဖင့္ ဘဝတိုးတက္ေရး ေအာင္ျမင္မႈရေအာင္စြမ္းေဆာင္ႏိုင္သူမ်ားသာျဖစ္သည္။နိဂုံးခ်ဳပ္အေနျဖင့္ တနဂၤေႏြသားသမီးမ်ားသည္ အခ်စ္ေရးတြင္လည္း ကိုယ္ေကာင္းသေလာက္ ကိုယ့္အျပန္ျပန္မေကာင္းသူမ်ား
လူမႈေရး မိတ္ေဆြအေပါင္းအသင္း သူငယ္ခ်င္းမ်ားတြင္လည္း ကိုယ္ေကာင္းသေလာက္ ကိုယ့္အေပၚ ျပန္မေကာင္းသူမ်ား စာနာ နားလည္မေပးႏိုင္သူမ်ားႏွင့္သာေတြ႕ႀကဳံတက္ရသည္။
အလုပ္အကိုင္ ေငြေၾကးပိုင္းတြင္ ကံအထူးေကာင္းေနေသာေၾကာင့္ သက္ေတာင့္သက္သာ လြယ္လြယ္ကူကူျဖင့္ ရာထူးရရွိျခင္း ၊ ေငြေၾကးရလြယ္ျခင္းတို႔ရွိမည္။
မိသားစုေရးရာကိစၥတြင္ ငယ္စဥ္မွာ မိမိ၏အေတြးအျမင္ မိမိ၏ေျပာစကားမွာ အေရးမပါခဲ့သေလာက္ အသက္အ႐ြယ္ရလာေလေလ မိမိအား မိသားစုမွပို၍ ပို၍ အားကိုးလာေလေလ ျဖစ္လိမ့္မည္။
မိတ္ေဆြတို႔ ဘဝျဖစ္စဥ္ႏွင့္ တိုက္ဆိုင္မယ္ မွန္ကန္မယ္ဆိုလွ်င္ like & share လုပ္ၿပီး ေဝမွ်ေပးပါဦး။
Unicode
အဖြည့်ခံဆိုတာ ကိုယ်ပါတနင်္ဂနွေ
တနင်္ဂနွေသားသမီးများသည် လူမှန်းသိတက်စ အရွယ်မှာပင် အနစ်နာခံရ ပေးဆပ်ရသူများပင်ဖြစ်လေသည်။မွေးချင်းများသော မိသားစုတွင် ပိုမိုသိသာတက်သည်
အရွယ်ရောက်လာပြီးနောက်တွင်လည်း သူငယ်ချင်းအပေါ် ၊ မိတ်ဆွေအပေါင်းအသင်းအပေါ် ပေးဆပ်ရ စွန့်လွှတ်ရ အနစ်နာခံပေါင်းသင်းတက်သူများပင်ဖြစ်သည်။
အဖော်မင်တက်သူ များဟုခေါ်လျှင် လွန်မည်မထင်အံ့ကိုယ့်အပေါ်မကောင်းသော မိတ်ဆွေများကိုလည်းအလွယ်တကူနှင့်မစွန့်လွှတ်တက်ပေ။
နောက်ဆုံးအချိန်ထိ စိတ်ရင်းအမှန်နှင့်ပေါင်းသင်းကာ မဖြစ်နိုင်တော့သည့်နောက်ဆုံးအခြေအနေရောက်မှသာ ပြတ်စဲဖို့စဉ်းစားဆုံးဖြတ်တက်သူများပင်ဖြစ်သည်။
သို့သော် တိုက်ဆိုင်တိုင်း ထိုသူငယ်ချင်း ၊ မိတ်ဆွေများအား သတိတရရှိနေဆဲ ထိုမိတ်ဆွေများ ကောင်းကြောင်း ပြောနေဆဲပင်။ဤမျှအထိကို အစွဲအလမ်းသံယောဇာဉ်ကြီးတက်ကြ၏။
အချစ်ရေးတွင်လည်း အချစ်ဆုံးသူမှ ပေးသွားသောဒဏ်ရာများအား ရင်ဝယ်ပိုက်ရင်း သတိရတိုင်း ထိုဒဏ်ရာများအား ထုတ်ထုတ်ကြည့်နေသူများသာဖြစ်၏။
မိမိဘာသာ တစ်ဦးထဲဘဝကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းမည်ဟု ရည်ရွယ်ဆုံးဖြတ်ခဲ့ပြီးမှ အတင်းဇွတ်တိုးဝင်လာသော သူများကြောင့်ပင် နှလုံးသားရေးမှာ ခဏခဏ အရှုပ်အထွေးဖြစ်ကုန်ကြရ၏။
မိမိ မချစ်ချင်သောအချိန် ထိုသူအပေါ်ချစ်ရန် စိတ်မပါသောအချိန်တွင် ထိုသူမှာ သဲသဲလှုပ်ချစ်ပြပြီးမိမိပြန်လည် ချစ်မိသောအချိန်ရောက်မှထိုသူ၏ အပြုအမူမှာ အေးစက်သွားသော အချစ်ရေးမျိုးကိုလည်း တွေ့ကြုံခံစားရမည့် ကံပါလာသူများသာဖြစ်လေသည်။
အလုပ်အကိုင်နှင့်ငွေကြေးပိုင်းဆိုင်ရာတွင် တနင်္ဂနွေ သားသမီးများလောက် ကံကောင်းသောသူမရှိပေ။ငွေကြေး အခက်အခဲတစ်စုံတစ်ရာပေါ်လာသည်နှင့် အခြားတစ်နေရာမှ ငွေရပေါက်ရလမ်းများ အကူအညီများ အလိုလိုရရှိခဲ့သည်သာဖြစ်၏
အလုပ်လုပ်ရာတွင် မည်သည့်ကိစ္စမဆို မိမိကိုယ်တိုင်လုပ်ရမှ စိတ်ကြေနပ်သည်သာဖြစ်သည်။ တစ်ပါးသူအား မတက်သာမှသာ အကူအညီတောင်း ခိုင်းစေတက်ပေသည်။များသောအားဖြင့် ကိုယ်ပိုင်အတွေးအခေါ် အယူအဆနှင့် လမ်းသစ်ဖောက်တက်သည်။
သူတစ်ပါး မကြံစည် မတွေးခေါ်သော အတွေးအမြင်များဖြင့် ဘဝတိုးတက်ရေး အောင်မြင်မှုရအောင်စွမ်းဆောင်နိုင်သူများသာဖြစ်သည်။နိဂုံးချုပ်အနေဖြင့် တနင်္ဂနွေသားသမီးများသည် အချစ်ရေးတွင်လည်း ကိုယ်ကောင်းသလောက် ကိုယ့်အပြန်ပြန်မကောင်းသူများ
လူမှုရေး မိတ်ဆွေအပေါင်းအသင်း သူငယ်ချင်းများတွင်လည်း ကိုယ်ကောင်းသလောက် ကိုယ့်အပေါ် ပြန်မကောင်းသူများ စာနာ နားလည်မပေးနိုင်သူများနှင့်သာတွေ့ကြုံတက်ရသည်။
အလုပ်အကိုင် ငွေကြေးပိုင်းတွင် ကံအထူးကောင်းနေသောကြောင့် သက်တောင့်သက်သာ လွယ်လွယ်ကူကူဖြင့် ရာထူးရရှိခြင်း ၊ ငွေကြေးရလွယ်ခြင်းတို့ရှိမည်။
မိသားစုရေးရာကိစ္စတွင် ငယ်စဉ်မှာ မိမိ၏အတွေးအမြင် မိမိ၏ပြောစကားမှာ အရေးမပါခဲ့သလောက် အသက်အရွယ်ရလာလေလေ မိမိအား မိသားစုမှပို၍ ပို၍ အားကိုးလာလေလေ ဖြစ်လိမ့်မည်။
မိတ်ဆွေတို့ ဘဝဖြစ်စဉ်နှင့် တိုက်ဆိုင်မယ် မှန်ကန်မယ်ဆိုလျှင် like & share လုပ်ပြီး ဝေမျှပေးပါဦး။