Zawgyi
Crd: ဝေဒင်္ဂ
Unicode
သောကြာသားသမီးကို ချစ်သူတော်မယ် ဆိုရင်
သောကြာ သားသမီးလေးတွေကတော့ အရိုးသားဆုံး သူလေးတွေပါ။ သူတို့ဟာ အရာရာကို အလေးအနက် ထားတတ်ကြတယ်။ အပျင်း မကြီးတတ်ဘူး။ အစား မမက်ဘူး။ တခါတလေတော့ စကားပြောရင် တဖက်လူ နားညီးအောင် ပြောတတ်ကြတယ်။
မိသားစုအပေါ် အမြဲ အနစ်နာခံ တတ်တဲ့ သူတွေပါ။ သူတို့ဟာ ဘဝကို ရဲရဲဝင့်ဝင့် ရင်ဆိုင်ရဲ ကြတယ်။ စိတ်တို လွယ်သလို စိတ်ပြေလည်း လွယ်တယ်။ ဒေါသမကြီးပေမဲ့ အငြိုးအတေး ကြီးတတ်ကြတယ်။
တစ်ခုခုဆို ခံစားတတ်လွန်းတယ်။ မျက်ရည်လွယ်တယ်။ ကိုယ် ခံစားရတာတွေကို ဘယ်သူ့မှ ပြောမပြဘဲ တစ်ယောက်ထဲ ကျိတ်ခံစားတတ်တဲ့ သူမျိုး။သိုသိုသိပ်သိပ် နေတတ်ကြတယ်။
လောဘမကြီးဘူး။ အချစ်ကြီးသလောက် အချစ်ရေးမှာ ကံမကောင်းဘူး။ ကိုယ်ချစ်တဲ့သူက ကိုယ့်ကို အမြဲ စိတ်ဆင်းရဲ စေတတ်တယ်။ ခေတ်မှီမှီ နေခြင်းထက် ရိုးရိုးလေး နေတာကို ပိုသဘောကျ တတ်တယ်။
ဒါပေမဲ့ သူ့နေရာနဲ့သူ ဝတ်တတ် စားတတ်တယ်။ မုသား မပြောတတ်ဘူး။ သူငယ်ချင်းတွေ ထဲမှာလည်း အမြဲ အနစ်နာ ခံတတ်တယ်။ ချစ်သူပဲ ဖြစ်ဖြစ် မိသားစုပဲ ဖြစ်ဖြစ် သူငယ်ချင်း အပေါင်းအသင်းပဲ ဖြစ်ဖြစ် အမြဲ သူတို့ကပဲ အနစ်နာခံ တတ်ကြတယ်။
အချစ်ဦးမှာ ကံအရမ်း ဆိုးတတ်တယ်။ တစ်ယောက်တည်း နေရတာကို သဘောကျတယ်။ သီချင်းလေးတွေကသာ သူတို့ရဲ့ အဖော်ဖြစ်တယ်။ စိတ်ကူးယဉ် တတ်တယ်။ တစ်ခုခုဆိုလည်း အရမ်း စိုးရိမ်လွန် တတ်တယ်။
သောကြာ သားသမီးလေးတွေရဲ့ အထူးခြားဆုံးက အနစ်နာ ခံနိုင်တာပါ။
Crd: ဝေဒင်္ဂ