ထီေပါက္ေေစသာ သုံးဂါထာ

Zawgyi

ထီေပါက္ေစႏိုင္ေသာ နည္းလမ္းမ်ား ( မသိသူေက်ာ္သြား သိသူေဖာ္စား )

ယကၠန္းစင္ေတာင္ဆရာေတာ္ဘုရားႀကီး၏ သိဒၶိေအာင္ပုတီးစိပ္နည္း

(၁) သိဒၶိ ဘဂဝါ အရဟံ ၊ဗုေဒၶါ ေမ သတၱပါကာရံ ၊ ဗုဒၶံ သရဏံ ဂစာၦမိ။

(၂) သိဒၶိ ဘဂဝါ အရဟံ ၊ ဓေမၼာ ေမ သတၱပါကာရံ ၊ဓမၼံ သရဏံ ဂစာၦမိ။

(၃) သိဒၶိိ ဘဂဝါ အရဟံ ၊ သံေဃာ ေမ သတၱပါကာရံ ၊သံဃံ သရဏံ ဂစာၦမိ။

ဂါထာ(၃)ပုဒ္လုံးဆံႈးမွ ပုတီး (၁)လုံးခ် (၉)ပတ္ သက္ေစ့(မိမိစြမ္းႏိုင္သမွ်) (၉) ရက္ ….(၄၅)ရက္စသည္ျဖင့္ အဓိ႒ာန္တင္ႏိုင္သည္။

အနက္

(၁) အရဟံ- ပူေဇာ္မႈအထူးကို ခံယူေတာ္မူထိုက္ေသာ, ဘဂဝါ – ဘုန္းေတာ္သခင္ ျမတ္စြာဘုရားရွင္သည္ သိဒၶိ – ကိစၥျပဳဖြယ္ အသြယ္သြယ္ႏွင့္

ႀကီးငယ္ ေကာင္းက်ိဳး အမ်ိဳးမ်ိဳးကို ၿပီးေစေတာ္မူႏိုင္၏။ ဗုေဒၶါ – ျမတ္စြာဘုရားသည္ ေမ – တပည့္ေတာ္၏ သတၱပါကာရံ – ဝန္းရံပတ္ဝိုင္း တံတိုင္း(၇)ထပ္ ကာလတ္သည့္အလား မမွားပုံေသ ျဖစ္ေတာ္မူပါေပ၏။

ဗုဒၶံံ – ျမတ္စြာဘုရားကို သရဏံ- ကိုးကြယ္ လဲေလ်ာင္း ပုန္းေအာင္းမွီခိုရာ ဟူ၍ ဂစာၦမိ – မွီဝဲဆည္းကပ္ သိမွတ္ပါ၏။

(၂) အရဟံံ – ပူေဇာ္မႈအထူးကို ခံယူေတာ္မူထိုက္ေသာ ဘဂဝါ – ဘုန္းေတာ္သခင္ ျမတ္စြာဘုရားရွွင္သည္ သိဒၶိ – ကိစၥျပဳဖြယ္အသြယ္သြယ္ႏွင့္ ႀကီးငယ္ေကာင္းက်ိဳး အမ်ိဳးမ်ိဳးကို ၿပီးေစေတာ္မူႏိုင္၏။ ဓေမၼာ – တရားေတာ္ျမတ္သည္ ေမ – တပည့္ေတာ္၏

သတၱပါကာရံ ံ- ဝန္းရံပတ္ဝိုင္း တံတိုင္း(၇)ထပ္ကာလတ္သည့္အလား မမွားပုံေသျဖစ္ေတာ္မူပါေပ၏။ဓမၼံ – တရားေတာ္ျမတ္ကို သရဏံ – ကိုးကြယ္ လဲေလ်ာင္း ပုန္းေအာင္းမွီခိုရာဟူ၍ ဂစာၦမိ – မွီဝဲဆည္းကပ္သိမွတ္ပါ၏။

(၃) အရဟံ -ပူေဇာ္မႈအထူးကို ခံယူေတာ္မူထိုက္ေသာ ဘဂဝါ – ဘုန္းေတာ္သခင္ ျမတ္စြာဘုရားရွင္သည္ သိဒၶိ – ကိစၥျပဳဖြယ္ အသြယ္သြယ္ႏွင့္ ႀကီးငယ္ေကာင္းက်ိဳး အမ်ိဳးမ်ိဳးကို ၿပီးေစေတာ္မူႏိုင္၏။

သံေဃာ- သံဃာေတာ္ျမတ္သည္ ေမ – တပည့္ေတာ္၏ သတၱပါကာရံ -ဝန္းရံပတ္ဝိုင္း တံတိုင္း(၇)ထပ္ ကာလတ္သည့္အလား မမွားပုံေသျဖစ္ေတာ္မူပါေပ၏။

သံဃံံ – သံဃာေတာ္ျမတ္ကို သရဏံ – ကိုးကြယ္ လဲေလ်ာင္း ပုန္းေအာင္း မွီခိုရာဟူ၍ ဂစာၦမိ – မွီဝဲဆည္းကပ္သိမွတ္ပါ၏။

(မိမိႏိုင္သေလာက္ အဓိ႒ာန္တင္ၿပီး မပ်က္မကြက္ က်င့္ႀကံ ပုတီးစိပ္ ပြားမ်ားႏိုင္ပါက ကံေတြပြင့္ ကံေတြျမင့္ၿပီး သက္ရွည္ က်န္းမာ စီးပြားတိုး ထီေတြေပါက္ ထီေပါက္သလို မေမွ်ာ္လင့္ဘဲ ေငြေၾကးမ်ား ရရွိဝင္ေစႏိုင္ပါသည္။)

ဒီပုတီးစိပ္ကို လူသိမ်ားပါတယ္။ ဒါေပမယ့္ ေဖာ္ျပပါ အက်ိဳးထူးမ်ား ရရွိႏိုင္တယ္ဆိုတာ လူသိနည္းပါတယ္။

စာအုပ္ေတာ္ေတာ္မ်ားမ်ားမွာလည္း မေဖာ္ျပထားပါဘူး။ ဆရာေတာ္တစ္ပါးက မိမိ တပည့္ တကာမ်ားကို ခ်ီးျမႇင့္ၿပီး လက္ေတြ႕စမ္းသပ္ၿပီးမွ ဒီလိုအက်ိဳးထူးေတြရႏိုင္ပါသည္ ဆိုၿပီး ေဖာ္ထုတ္ထားတာပါ ။

(၁) သစ္သီး ၃- မ်ိဳး (၂) ပန္း ၃-မ်ိဳး (၃) ဆြမ္း ၃-ပြဲ (၄) ေသာက္ေတာ္ေရခ်မ္း ၃-ခြက္ (၅) ဆီမီး ၃-တိုင္ (၆) အေမႊးတိုင္ ၃-တိုင္ လႉဒါန္းပါ။

(ယုံၾကည္သူမ်ားအဖို႔)

အဓိ႒ာန္ မစမီ ျမတ္စြာဘုရားအမႉ းထား၍ သံဃာေတာ္ဆရာေတာျ္ကီးမ်ား၊ သမၼာေဒဝနတ္ျမတ္နတ္ေကာင္းမ်ား၊အေစာင့္အေရွာက္ပုဂၢိဳလ္မ်ား၊သာသနာေစာင့္နတ္မ်ားအားတိုင္တည္ပါ။

စိပ္ၿပီးပါက လိုရာဆုကိုထပ္ေတာင္းပါ။အမွ်ေဝပါ ၊ ေမတၱာပို႔ပါ။ယုံၾကည္စြာအဓိ႒ာန္ျဖင့္စိပ္ပါ ၊ေကာင္းက်ိဳးအထူးရရွိပါလိမ့္မည္၊

အစြမ္းထက္ျမက္တဲ့ ထီေပါက္ဂါထာ

ေရွးက်မ္းရင္းတစ္ေစာင္မွာ ေဖာ္ျပထားၿပီး အစြမ္းထက္ျမက္တဲ့ဲ ထီေပါက္ဂါထာျဖစ္ပါတယ္။ ဂါထာရဲ႕ အဓိပၸါယ္အတိုခ်ဳပ္က…“ဗုဒၶျမတ္စြာဘုရားရွိစဥ္က ေကာ႑ေဝန မေထရ္ႀကီးသည္ပထမစာေရးတံမဲကို အၿမဲတမ္း ေပါက္ခဲ့၏။

ထို႔အတူ ကြၽႏု္ပ္သည္လည္းဤသို႔ ျဖစ္ရပါေစသတည္း” ဟုဆိုထားပါတယ္။ေရွးေဟာင္းေပစာတစ္ခုထဲမွာလည္း ဒီဂါထာရဲ႕ အစြမ္းကိုအထူးအစြမ္းထက္ျမက္ေၾကာင္း ေဖာ္ျပထားတာကို ေတြ႕ရပါတယ္။အခုဂါထာကို ေစတနာေရွ႕ထားလို႔ေဖာ္ျပေပးလိုက္ရပါတယ္။

ဂါထာကို မေဖာ္ျပမီမွာ အရင္ဆုံး ထီေပါက္ခ်င္တယ္ဆိုရင္ သင္ဟာ . .သီလကို ေဆာက္တည္ရပါလိမ့္မယ္။ဂါထာမႏၲန္ေတြရဲ႕ အစြမ္းဆိုတာ႐ြတ္ဖတ္ႏိုင္မႈအစြမ္း၊ကိုယ့္ရဲ႕ ကိုယ္က်င့္တရား စိတ္စြမ္းအားတို႔အေပၚမွာမူတည္ၿပီး….

အစြမ္းထက္ျမက္မႈက တစ္ေယာက္နဲ႔ တစ္ေယာက္မတူဘဲ ပိုႏိုင္၊ ေလွ်ာ့ႏိုင္တာ ရွိပါတယ္။ဒီဂါထာကို သင္ဟာ ႐ြတ္ဖတ္ၿပီး ထီေပါက္ခ်င္တယ္ဆိုရင္လိုက္နာရမယ့္ အခ်က္ေတြေတာ့ ရွိပါတယ္။ လြယ္လြယ္ေတာ့ မရႏိုင္ပါဘူး။

လိုက္နာရမယ့္ ၃ ခ်က္က

၁။ ဒီဂါထာကို တစ္ေန႔အနည္းဆုံး {၁၀၈} လုံးပုတီးတစ္ပတ္ရေအာင္ စိပ္ရပါလိမ့္မယ္။ေန႔စဥ္ မပ်က္မကြက္ စိတ္ရမွာျဖစ္ပါတယ္။

၂။ ပုတီးမစိပ္မွီမွာ ဘုရားေရွ႕မွာ သီလကို ဦးဆုံး ေဆာက္တည္ပါ။

၃။ ေနာက္ဆုံးအခ်က္ကေတာ့ ဒီဂါထာကို ေန႔စဥ္မွန္မွန္ စိပ္သြားၿပီး လစဥ္ ထီထိုးေပးပါက {၆} လအတြင္း ထီေပါက္ႏိုင္ပါတယ္။

ထီေပါက္ဂါထာ

“ဧတဒဂၢံ ဘိေကၡ၀ မမသာ၀ကာနံ၊

ဘိကၡဴ နံ ပဌမံ သလာကံ ဂဏွာာႏၲာနံ။

ယဒိဒံ ကု႑ဓါေနာ၊

ဧေတနံသစၥဝေဇၨန တထာေမေဟာတု သဗၺဒါ။

အနက္အဓိပၸယ္ဖြင့္ဆိုခ်က္

ဘိကၡေဝ၊ ရဟန္းတို႔။ ဧတံ၊ ဤကု႑ဓါနသည္။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ သာဝကျဖစ္ကုန္ေသာ။ ဘိကၡဳနံ၊ ရဟန္းတို႔တြင္။ ပဌမံ၊ ေရွးဦးစြာ။ သလာကံ၊ စာေရးတံဆုကို။ ဂဏွႏၲာနံ၊ ေရတြက္ျခင္းတို႔တြင္။ ယဒိဒံယံေသာ အယံကု႑ဓါေနာ၊အၾကင္အရွင္ကု႑ဓါန မေထရ္သည္။

အဂၢံံအေဂၢါ၊ အျမတ္ဆုံး ျဖစ္ေတာ္မူ၏။ ဧေတန သစၥဝေဇၹန၊ ဤသို႔ဟုတ္မွန္မေဖါက္ျပန္ေသာ စကားကိုဆိုရျခင္းေၾကာင့္။ ေမ၊ အကြၽႏ္ုပ္အား။တထာ၊ ထိုကု႑ဓါန မေထရ္အလားတူ။သဗၺဒါ၊ အခါခပ္သိမ္း။(ေသာတၳိ ံ၊ ခ်မ္းသာျခင္းသည္)ေဟာတု၊ ျဖစ္ပါေစသတည္း။

ေဖာ္ျပပါဂါထာေတာ္ကို နံနက္ {၉} ေခါက္၊ ည {၉} ေခါက္႐ြတ္ပါက ထီေပါက္ျခင္း၊ ဝင္ေငြေကာင္းျခင္း၊ ထူးခြၽန္ဆုမ်ားရရွိျခင္းအက်ိဳးေက်းဇူးမ်ားကို ခံစားရလိမ့္မည္။

တစ္နည္း ….ထီေပါက္ဂါထာ….

ဗုဒၶံ သရဏံံ ဂစၧာမိ ၊ဓမၼံ သရဏံ ဂစၧာမိ ၊သံဃံ သရဏံ ဂစၧာမိ

ဧတဒဂၢံ ဘိကၡေဝ မမ ၊သာဝကာနံ ဘိကၡဴနံံ ၊ပထမံ သလာကံ ဂဏွႏၲာနံ

ယဒိဒံ ကု႑ဓါနံ ၊ဧေတန သစၥဝေဇၨန တထာ ေမ ၊ေဟာတု သမၺဒါ ။

အသံထြက္

ဗုဒၶံံ သရဏံ ဂစာၦမိ ၊ ဓမၼံ သရဏံ ဂစာၦမိ ၊သံဃံံ သရဏံ ဂစာၦမိ ၊ေအတဒတ္ဂံ ဘိက္ေခ၀ မမ ၊ သာဝကာနံ ဘိက္ခူနံ

ပထမံံ သလာကံ ဂနန္ တာနံံ ၊ယဒိဒံ ဂုဏ္တ ဓာနံ ၊ေအေတန သစ္စဝတ္ေဇန တထာ ေမ ၊ေဟာတု သမ္ဗဒါ ။

အဖိုးမျဖတ္ႏိုင္တဲ့ ဗုဒၶဘာသာ ဂါထာ တစ္ပုဒ္ပါ။အားလုံးပဲ ထီေပါက္ကံကို ဆြတ္ခူးႏိုင္ၾကပါေစ။သိန္းဆုေတြ ေပါက္ၾကပါေစ။ခရစ္ဒစ္

Unicode

ထီပေါက်စေနိုင်သော နည်းလမ်းများ ( မသိသူကျော်သွား သိသူဖော်စား )

ယက္ကန်းစင်တောင်ဆရာတော်ဘုရားကြီး၏ သိဒ္ဓိအောင်ပုတီးစိပ်နည်း

(၁) သိဒ္ဓိ ဘဂဝါ အရဟံ ၊ဗုဒ္ဓေါ မေ သတ္တပါကာရံ ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။

(၂) သိဒ္ဓိ ဘဂဝါ အရဟံ ၊ ဓမ္မော မေ သတ္တပါကာရံ ၊ဓမ္မံ သရဏံ ဂစ္ဆာမိ။

(၃) သိဒ္ဓိ ဘဂဝါ အရဟံ ၊ သံဃော မေ သတ္တပါကာရံ ၊သံဃံ သရဏံ ဂစ္ဆာမိ။

ဂါထာ(၃)ပုဒ်လုံးဆှုံးမှ ပုတီး (၁)လုံးချ (၉)ပတ် သက်စေ့(မိမိစွမ်းနိုင်သမျှ) (၉) ရက် ….(၄၅)ရက်စသည်ဖြင့် အဓိဋ္ဌာန်တင်နိုင်သည်။

အနက်

(၁) အရဟံ- ပူဇော်မှုအထူးကို ခံယူတော်မူထိုက်သော, ဘဂဝါ – ဘုန်းတော်သခင် မြတ်စွာဘုရားရှင်သည် သိဒ္ဓိ – ကိစ္စပြုဖွယ် အသွယ်သွယ်နှင့်

ကြီးငယ် ကောင်းကျိုး အမျိုးမျိုးကို ပြီးစေတော်မူနိုင်၏။ ဗုဒ္ဓေါ – မြတ်စွာဘုရားသည် မေ – တပည့်တော်၏ သတ္တပါကာရံ – ဝန်းရံပတ်ဝိုင်း တံတိုင်း(၇)ထပ် ကာလတ်သည့်အလား မမှားပုံသေ ဖြစ်တော်မူပါပေ၏။

ဗုဒ္ဓံံ – မြတ်စွာဘုရားကို သရဏံ- ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာ ဟူ၍ ဂစ္ဆာမိ – မှီဝဲဆည်းကပ် သိမှတ်ပါ၏။

(၂) အရဟံံ – ပူဇော်မှုအထူးကို ခံယူတော်မူထိုက်သော ဘဂဝါ – ဘုန်းတော်သခင် မြတ်စွာဘုရားရှင်သည် သိဒ္ဓိ – ကိစ္စပြုဖွယ်အသွယ်သွယ်နှင့် ကြီးငယ်ကောင်းကျိုး အမျိုးမျိုးကို ပြီးစေတော်မူနိုင်၏။ ဓမ္မော – တရားတော်မြတ်သည် မေ – တပည့်တော်၏

သတ္တပါကာရံ ံ- ဝန်းရံပတ်ဝိုင်း တံတိုင်း(၇)ထပ်ကာလတ်သည့်အလား မမှားပုံသေဖြစ်တော်မူပါပေ၏။ဓမ္မံ – တရားတော်မြတ်ကို သရဏံ – ကိုးကွယ် လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ ဂစ္ဆာမိ – မှီဝဲဆည်းကပ်သိမှတ်ပါ၏။

(၃) အရဟံ -ပူဇော်မှုအထူးကို ခံယူတော်မူထိုက်သော ဘဂဝါ – ဘုန်းတော်သခင် မြတ်စွာဘုရားရှင်သည် သိဒ္ဓိ – ကိစ္စပြုဖွယ် အသွယ်သွယ်နှင့် ကြီးငယ်ကောင်းကျိုး အမျိုးမျိုးကို ပြီးစေတော်မူနိုင်၏။

သံဃော- သံဃာတော်မြတ်သည် မေ – တပည့်တော်၏ သတ္တပါကာရံ -ဝန်းရံပတ်ဝိုင်း တံတိုင်း(၇)ထပ် ကာလတ်သည့်အလား မမှားပုံသေဖြစ်တော်မူပါပေ၏။

သံဃံံ – သံဃာတော်မြတ်ကို သရဏံ – ကိုးကွယ် လဲလျောင်း ပုန်းအောင်း မှီခိုရာဟူ၍ ဂစ္ဆာမိ – မှီဝဲဆည်းကပ်သိမှတ်ပါ၏။

(မိမိနိုင်သလောက် အဓိဋ္ဌာန်တင်ပြီး မပျက်မကွက် ကျင့်ကြံ ပုတီးစိပ် ပွားများနိုင်ပါက ကံတွေပွင့် ကံတွေမြင့်ပြီး သက်ရှည် ကျန်းမာ စီးပွားတိုး ထီတွေပေါက် ထီပေါက်သလို မမျှော်လင့်ဘဲ ငွေကြေးများ ရရှိဝင်စေနိုင်ပါသည်။)

ဒီပုတီးစိပ်ကို လူသိများပါတယ်။ ဒါပေမယ့် ဖော်ပြပါ အကျိုးထူးများ ရရှိနိုင်တယ်ဆိုတာ လူသိနည်းပါတယ်။

စာအုပ်တော်တော်များများမှာလည်း မဖော်ပြထားပါဘူး။ ဆရာတော်တစ်ပါးက မိမိ တပည့် တကာများကို ချီးမြှင့်ပြီး လက်တွေ့စမ်းသပ်ပြီးမှ ဒီလိုအကျိုးထူးတွေရနိုင်ပါသည် ဆိုပြီး ဖော်ထုတ်ထားတာပါ ။

(၁) သစ်သီး ၃- မျိုး (၂) ပန်း ၃-မျိုး (၃) ဆွမ်း ၃-ပွဲ (၄) သောက်တော်ရေချမ်း ၃-ခွက် (၅) ဆီမီး ၃-တိုင် (၆) အမွှေးတိုင် ၃-တိုင် လှူဒါန်းပါ။

(ယုံကြည်သူများအဖို့)

အဓိဋ္ဌာန် မစမီ မြတ်စွာဘုရားအမှူ းထား၍ သံဃာတော်ဆရာတောြ်ကီးများ၊ သမ္မာဒေဝနတ်မြတ်နတ်ကောင်းများ၊အစောင့်အရှောက်ပုဂ္ဂိုလ်များ၊သာသနာစောင့်နတ်များအားတိုင်တည်ပါ။

စိပ်ပြီးပါက လိုရာဆုကိုထပ်တောင်းပါ။အမျှဝေပါ ၊ မေတ္တာပို့ပါ။ယုံကြည်စွာအဓိဋ္ဌာန်ဖြင့်စိပ်ပါ ၊ကောင်းကျိုးအထူးရရှိပါလိမ့်မည်၊

အစွမ်းထက်မြက်တဲ့ ထီပေါက်ဂါထာ

ရှေးကျမ်းရင်းတစ်စောင်မှာ ဖော်ပြထားပြီး အစွမ်းထက်မြက်တဲ့ဲ ထီပေါက်ဂါထာဖြစ်ပါတယ်။ ဂါထာရဲ့ အဓိပ္ပါယ်အတိုချုပ်က…“ဗုဒ္ဓမြတ်စွာဘုရားရှိစဉ်က ကောဏ္ဍဝေန မထေရ်ကြီးသည်ပထမစာရေးတံမဲကို အမြဲတမ်း ပေါက်ခဲ့၏။

ထို့အတူ ကျွနု်ပ်သည်လည်းဤသို့ ဖြစ်ရပါစေသတည်း” ဟုဆိုထားပါတယ်။ရှေးဟောင်းပေစာတစ်ခုထဲမှာလည်း ဒီဂါထာရဲ့ အစွမ်းကိုအထူးအစွမ်းထက်မြက်ကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။အခုဂါထာကို စေတနာရှေ့ထားလို့ဖော်ပြပေးလိုက်ရပါတယ်။

ဂါထာကို မဖော်ပြမီမှာ အရင်ဆုံး ထီပေါက်ချင်တယ်ဆိုရင် သင်ဟာ . .သီလကို ဆောက်တည်ရပါလိမ့်မယ်။ဂါထာမန္တန်တွေရဲ့ အစွမ်းဆိုတာရွတ်ဖတ်နိုင်မှုအစွမ်း၊ကိုယ့်ရဲ့ ကိုယ်ကျင့်တရား စိတ်စွမ်းအားတို့အပေါ်မှာမူတည်ပြီး….

အစွမ်းထက်မြက်မှုက တစ်ယောက်နဲ့ တစ်ယောက်မတူဘဲ ပိုနိုင်၊ လျှော့နိုင်တာ ရှိပါတယ်။ဒီဂါထာကို သင်ဟာ ရွတ်ဖတ်ပြီး ထီပေါက်ချင်တယ်ဆိုရင်လိုက်နာရမယ့် အချက်တွေတော့ ရှိပါတယ်။ လွယ်လွယ်တော့ မရနိုင်ပါဘူး။

လိုက်နာရမယ့် ၃ ချက်က

၁။ ဒီဂါထာကို တစ်နေ့အနည်းဆုံး {၁၀၈} လုံးပုတီးတစ်ပတ်ရအောင် စိပ်ရပါလိမ့်မယ်။နေ့စဉ် မပျက်မကွက် စိတ်ရမှာဖြစ်ပါတယ်။

၂။ ပုတီးမစိပ်မှီမှာ ဘုရားရှေ့မှာ သီလကို ဦးဆုံး ဆောက်တည်ပါ။

၃။ နောက်ဆုံးအချက်ကတော့ ဒီဂါထာကို နေ့စဉ်မှန်မှန် စိပ်သွားပြီး လစဉ် ထီထိုးပေးပါက {၆} လအတွင်း ထီပေါက်နိုင်ပါတယ်။

ထီပေါက်ဂါထာ

“ဧတဒဂ္ဂံ ဘိက္ခေ၀ မမသာဝကာနံ၊

ဘိက္ခူ နံ ပဌမံ သလာကံ ဂဏှာာန္တာနံ။

ယဒိဒံ ကုဏ္ဍဓါနော၊

ဧတေနံသစ္စဝဇ္ဇေန တထာမေဟောတု သဗ္ဗဒါ။

အနက်အဓိပ္ပယ်ဖွင့်ဆိုချက်

ဘိက္ခဝေ၊ ရဟန်းတို့။ ဧတံ၊ ဤကုဏ္ဍဓါနသည်။ မမ၊ ငါဘုရား၏။ သာဝကာနံ၊ သာဝကဖြစ်ကုန်သော။ ဘိက္ခုနံ၊ ရဟန်းတို့တွင်။ ပဌမံ၊ ရှေးဦးစွာ။ သလာကံ၊ စာရေးတံဆုကို။ ဂဏှန္တာနံ၊ ရေတွက်ခြင်းတို့တွင်။ ယဒိဒံယံသော အယံကုဏ္ဍဓါနော၊အကြင်အရှင်ကုဏ္ဍဓါန မထေရ်သည်။

အဂ္ဂံံအဂ္ဂေါ၊ အမြတ်ဆုံး ဖြစ်တော်မူ၏။ ဧတေန သစ္စဝဇ္ဖေန၊ ဤသို့ဟုတ်မှန်မဖေါက်ပြန်သော စကားကိုဆိုရခြင်းကြောင့်။ မေ၊ အကျွန်ုပ်အား။တထာ၊ ထိုကုဏ္ဍဓါန မထေရ်အလားတူ။သဗ္ဗဒါ၊ အခါခပ်သိမ်း။(သောတ္ထိ ံ၊ ချမ်းသာခြင်းသည်)ဟောတု၊ ဖြစ်ပါစေသတည်း။

ဖော်ပြပါဂါထာတော်ကို နံနက် {၉} ခေါက်၊ ည {၉} ခေါက်ရွတ်ပါက ထီပေါက်ခြင်း၊ ဝင်ငွေကောင်းခြင်း၊ ထူးချွန်ဆုများရရှိခြင်းအကျိုးကျေးဇူးများကို ခံစားရလိမ့်မည်။

တစ်နည်း ….ထီပေါက်ဂါထာ….

ဗုဒ္ဓံ သရဏံံ ဂစ္ဆာမိ ၊ဓမ္မံ သရဏံ ဂစ္ဆာမိ ၊သံဃံ သရဏံ ဂစ္ဆာမိ

ဧတဒဂ္ဂံ ဘိက္ခဝေ မမ ၊သာဝကာနံ ဘိက္ခူနံံ ၊ပထမံ သလာကံ ဂဏှန္တာနံ

ယဒိဒံ ကုဏ္ဍဓါနံ ၊ဧတေန သစ္စဝဇ္ဇေန တထာ မေ ၊ဟောတု သမ္ဗဒါ ။

အသံထွက်

ဗုဒ္ဓံံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊သံဃံံ သရဏံ ဂစ္ဆာမိ ၊အေတဒတ်ဂံ ဘိက်ခေ၀ မမ ၊ သာဝကာနံ ဘိက်ခူနံ

ပထမံံ သလာကံ ဂနန် တာနံံ ၊ယဒိဒံ ဂုဏ်တ ဓာနံ ၊အေတေန သစ်စဝတ်ဇေန တထာ မေ ၊ဟောတု သမ်ဗဒါ ။

အဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓဘာသာ ဂါထာ တစ်ပုဒ်ပါ။အားလုံးပဲ ထီပေါက်ကံကို ဆွတ်ခူးနိုင်ကြပါစေ။သိန်းဆုတွေ ပေါက်ကြပါစေ။ခရစ်ဒစ်