အိမ်ထောင်ရေး၊အလုပ်၊ငွေကြေးကိစ္စ၊စီးပွားရေးများအဆင်ပြေစေရန်ယတြာ
Zawgyi
တနင်္လင်္ာသားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
ရာဟုသားသမီးများ
Unicode
အိမ်ထောင်ရေး၊အလုပ်၊ငွေကြေးကိစ္စ၊စီးပွားရေးများအဆင်ပြေစေရန်
အိမ်ထောင်မိသားစုတစ်ခုတွင် စီးပွားရေး၊ ငွေရေးကြေးရေးကိစ္စ အဆင်မပြေပါကလည်း စိတ်သောကဖြစ်စေရာကြုံတွေ့ရတက်သည်။ ယခုဖော်ပြပါ ယတြာသည် အိမ်ထောင်ရေးသာမက အလုပ်အကိုင်၊ စီးပွားရေးကိစ္စပါအဆင်ပြေနိုင်သောယတြာဖြစ်ပါသည်။ခုနှစ်ရက်သားသမီးများအတွက် မေတ္တာစေတနာအပြည့်ထားပြီး ဆရာမင်းသုခကိုယ်တိုင်ရေးသားတွက်ချက်၍ထိရောက်သော ယတြာကောင်း တစ်ခုတင်ပေးလိုက်ပါပြီ်။
တနင်္ဂနွေသားသမီးများ
မိမိမွေးနေ့ နံနက် ၉နာရီ ၄၅မိနစ်မှာ အုန်းညွန့် (6)ညွန့်၊ ရွက်လှ (၁၇)ညွန့်၊ မေမြို့ပန်း (၁၉)ပွင့် (သို့မဟုတ်)ပျဉ်းမ(၁၉)ရွက် ဘုရားတွင် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
တနင်္လၤာသားသမီးများ
မိမိမွေးနေ့ နံနက် ၉နာရီ ၁၅မိနစ်မှာ ကံ့ကော်(၁၅)ညွန့်၊ သပြေ(၂၁)ညွန့်၊ သင်္ဘောသီး(၁)လုံးအား အိမ်ဘုရားတွင်ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
အင်္ဂါသားသမီးများ
မိမိမွေးနေ့ နံနက် ၉နာရီ ၂၀မိနစ်မှာ နှင်းဆီ(၁၀)ပွင့်၊ ဇီးညွန့် (သို့မဟုတ်) ဇော်စိမ်းညွန့် (၈)ညွန့်၊ သပြေ(၂၁)ညွန့်အားအိမ်ဘုရားတွင်ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
ဗုဒ္ဓဟူးသားသမီးများ
မိမိမွေးနေ့ နံနက် 8နာရီ ၃၀မိနစ်မှာ အုန်းညွန့် (၆)ညွန့်၊ ရွက်လှ(၁၇)ညွန့်၊ နှင်းဆီ(၁၀)ပွင့်၊ သစ်သီး(၅)လုံးအားအိမ်ဘုရားတွင်ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
ကြာသပတေးသားသမီးများ
မိမိမွေးနေ့ နံနက် ၉နာရီ ၁၉မိနစ်မှာ ကံကော်(၁၅)ညွန့်၊ နှင်းဆီပန်း(၁၉)ပွင့်၊ နွားနို့ (၃)ခွက်အား အိမ်ဘုရားတွင်ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
သောကြာသားသမီးများ
မိမိမွေးနေ့ နံနက် ၉နာရီတိတိမှာ ပန်းအဖြူရောင်(၂၁)ပွင့်၊ သပြေ (၂၁)ညွန့်၊ သစ်သီး(၂၁)လုံး သောကြာဂြိုဟ်နံဘုရားတွင် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
စနေသားသမီးများ
မိမိမွေးနေ့ (၇)နာရီတိတိမှာ ပန်းအနီရောင်(၁၀)ပွင့်၊ ထန်း၊ ဓနိ၊ ဒေါနတစ်မျိုးမျိုး (၁၀)ညွန့်၊ ရွက်လှ (၁၀)ညွန့်အားဘုရားတွင် ကပ်လှူပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
ရာဟုသားသမီးများ
မိမိမွေးနေ့ ညနေ(၅)နာရီ ၁၅မိနစ်မှာ ပန်းအဝါရောင် (၁၈)ပွင့်၊ သြဇာသီး(သို့မဟုတ်) ပန်းသီး(၁၈)လုံး၊ ဖယောင်းတိုင်(၃)တိုင်၊အမွှေးတိုင် (၃)တိုင်အား ထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းလိုက်ပါ။
မိတ်ဆွေများအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ဘဝမှာအခက်ခဲမရှိ အောင်မြင်သောနေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေ။ခရက်ဒစ်