လူသိနည္းေသာ A ေသြးပိုင္ရွင္ေလးမ်ား၏ အားသာခ်က္မ်ား
Zawgyi
လူသိနည္းေသာ A ေသြးပိုင္ရွင္ေလးမ်ား၏ အားသာခ်က္မ်ား
ကမာၻေပၚမွာ စားရင္တိတိက်က် ေကာက္ခံထားတဲ့ A ေသြးပိုင္ရွင္ေပါင္း လူဦးေရဟာ ကမာၻ႔လူဦးေရရဲ႕ ၂၈% ေလာက္အထိ ရွိတယ္လို႔ ေျပာၾကပါတယ္ ။
“O”ေသြးပိုင္ရွင္ေတြၿပီးရင္ လူဦးေရအမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ ေသြးအုပ္စုျဖစ္ပါတယ္။ပညာရွင္ေတြကေတာ့ လူေတြရဲ႕ ေသြးအမ်ိဳးအစားလိုက္၊ ျပဳမူေနထိုင္ပုံ အမူအက်င့္နဲ႔ အေသးစိတ္ ဗီဇဝါသနာတို႔မွာ ကြဲျပားသြားၿပီး၊ ေသြးအုပ္စုတစ္ခုခ်င္းဆီလိုက္ၿပီး ဘယ္လိုပုံစံ ဘယ္လို
အေနအထား ျဖစ္ႏိုင္တယ္ဆိုတာကိုေတာ့ အေျခခံအားျဖင့္ တြက္ခ်က္လို႔ရေၾကာင္း ဆိုပါတယ္။အခု ပိုင္ရွင္ေတြကေတာ့ A ေသြးပိုင္ရွင္ေတြရဲ႕ စိတ္ေနစိတ္ထားနဲ႔ သူတို႔တစ္ေတြရဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ အားနည္းခ်က္ အားသာခ်က္ေတြကို ေျပာျပေပးမွာျဖစ္ပါတယ္
A ေသြးပိုင္ရွင္ေတြရဲ႕ စိတ္ေနစိတ္ထား-
အေနေအးေအးေဆးေဆး ေနၿပီး၊ နားပူမခံခ်င္ၾကသူေတြ ျဖစ္ပါတယ္။ တစ္ခါတေလမွာ သူတို႔ဘာသာ စိတ္ထြက္ေပါက္အေနနဲ႔ သီခ်င္းေတြ လိုလိုခ်င္ခ်င္ ဖြင့္ၿပီးနားေထာင္တာကလြဲရင္
က်န္တဲ့သူေတြဆီက အသံေတြကို သေဘာက် ႏွစ္ၿခိဳက္ၾကသူေတြ မဟုတ္ပါဘူး။ ဒါေပမယ့္ မ်ားေသာအားျဖင့္ မႀကိဳက္တာကို မႀကိဳက္ဘူးလို႔ ေျပာေလ့မရွိပါဘူး။
ေကာင္းကြက္မ်ား-
သူ႔သေဘာသူေန ငါ့သေဘာ ငါေန ေဆာင္တတ္သူေတြပါ။ သြက္လက္ထက္ျမတ္ၾကၿပီး၊ ဉာဏ္ေကာင္းသူေတြ၊ အေမ်ာ္အျမင္ ႀကီးသူေတြ ျဖစ္ပါတယ္။ အၿမဲတမ္း ေအးေအးေဆးေဆးနဲ႔ တည္တည္ၿငိမ္ၿငိမ္ ပုံစံကိုေတြ႕ရၿပီး၊
ရင္ထဲက ခံစားခ်က္အမွန္ကို ခန႔္မွန္းရ ခက္ေစပါတယ္။ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိသူေတြျဖစ္ၿပီး၊ ဘယ္ေတာ့မွ အရႈံးတစ္ခုအတြက္ မ်က္ႏွာတစ္ခ်က္ပ်က္တယ္ဆိုတာ မရွိပါဘူး။
ဆိုးကြက္မ်ား-
ဆိုးတာကေတာ့ တစ္ခါတေလမွာ ေဒါသထြက္လာရင္ ဘာကိုမွဂ႐ုမစိုက္ ခံေျပာ၊ ျပန္ခ် လူမ်ိဳးပါ။ အ႐ြဲ႕တိုက္တတ္တဲ့ အက်င့္ရွိသူေတြျဖစ္ၿပီး၊ တစ္ခါတေလမွာ ဆုံးျဖတ္ခ်က္ေတြအတြက္ ဒြိဟေတြ ပြားတတ္တာေၾကာင့္ အခြင့္အလမ္းေကာင္းေတြ လြဲေခ်ာ္ရတတ္သူေတြပါ။
စိတ္ထဲမွာ အေတးအမွတ္ ႀကီးသလို၊ လမ္းသြားရင္းနဲ႔ ေျခေထာက္နင္းခံရရင္ေတာင္ ျပန္နင္းခ်င္စိတ္ ရွိသူေတြျဖစ္ပါတယ္။ သူေခ်ရင္ ကိုယ္ေခ်တယ္၊
သူေသရင္ ကိုယ္မသြားဘူး၊ စိတ္ထဲက ျပတ္ၿပီဆို ဘူးစင္က ဖ႐ုံမသီးဘူးဆိုသူေတြ ျဖစ္ပါတယ္။ တစ္ျခား ေသြးအမ်ိဳးအစားေတြေၾကာင္းကို ဆက္လက္ ေဖာ္ျပေပးပါဦးမယ္ …။
Unicode
လူသိနည်းသော A သွေးပိုင်ရှင်လေးများ၏ အားသာချက်များ
ကမ္ဘာပေါ်မှာ စားရင်တိတိကျကျ ကောက်ခံထားတဲ့ A သွေးပိုင်ရှင်ပေါင်း လူဦးရေဟာ ကမ္ဘာ့လူဦးရေရဲ့ ၂၈% လောက်အထိ ရှိတယ်လို့ ပြောကြပါတယ် ။
“O”သွေးပိုင်ရှင်တွေပြီးရင် လူဦးရေအများဆုံး ပိုင်ဆိုင်ထားတဲ့ သွေးအုပ်စုဖြစ်ပါတယ်။ပညာရှင်တွေကတော့ လူတွေရဲ့ သွေးအမျိုးအစားလိုက်၊ ပြုမူနေထိုင်ပုံ အမူအကျင့်နဲ့ အသေးစိတ် ဗီဇဝါသနာတို့မှာ ကွဲပြားသွားပြီး၊ သွေးအုပ်စုတစ်ခုချင်းဆီလိုက်ပြီး ဘယ်လိုပုံစံ ဘယ်လို
အနေအထား ဖြစ်နိုင်တယ်ဆိုတာကိုတော့ အခြေခံအားဖြင့် တွက်ချက်လို့ရကြောင်း ဆိုပါတယ်။အခု ပိုင်ရှင်တွေကတော့ A သွေးပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထားနဲ့ သူတို့တစ်တွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အားနည်းချက် အားသာချက်တွေကို ပြောပြပေးမှာဖြစ်ပါတယ်
A သွေးပိုင်ရှင်တွေရဲ့ စိတ်နေစိတ်ထား-
အနေအေးအေးဆေးဆေး နေပြီး၊ နားပူမခံချင်ကြသူတွေ ဖြစ်ပါတယ်။ တစ်ခါတလေမှာ သူတို့ဘာသာ စိတ်ထွက်ပေါက်အနေနဲ့ သီချင်းတွေ လိုလိုချင်ချင် ဖွင့်ပြီးနားထောင်တာကလွဲရင်
ကျန်တဲ့သူတွေဆီက အသံတွေကို သဘောကျ နှစ်ခြိုက်ကြသူတွေ မဟုတ်ပါဘူး။ ဒါပေမယ့် များသောအားဖြင့် မကြိုက်တာကို မကြိုက်ဘူးလို့ ပြောလေ့မရှိပါဘူး။
ကောင်းကွက်များ-
သူ့သဘောသူနေ ငါ့သဘော ငါနေ ဆောင်တတ်သူတွေပါ။ သွက်လက်ထက်မြတ်ကြပြီး၊ ဉာဏ်ကောင်းသူတွေ၊ အမျော်အမြင် ကြီးသူတွေ ဖြစ်ပါတယ်။ အမြဲတမ်း အေးအေးဆေးဆေးနဲ့ တည်တည်ငြိမ်ငြိမ် ပုံစံကိုတွေ့ရပြီး၊
ရင်ထဲက ခံစားချက်အမှန်ကို ခန့်မှန်းရ ခက်စေပါတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူတွေဖြစ်ပြီး၊ ဘယ်တော့မှ အရှုံးတစ်ခုအတွက် မျက်နှာတစ်ချက်ပျက်တယ်ဆိုတာ မရှိပါဘူး။
ဆိုးကွက်များ-
ဆိုးတာကတော့ တစ်ခါတလေမှာ ဒေါသထွက်လာရင် ဘာကိုမှဂရုမစိုက် ခံပြော၊ ပြန်ချ လူမျိုးပါ။ အရွဲ့တိုက်တတ်တဲ့ အကျင့်ရှိသူတွေဖြစ်ပြီး၊ တစ်ခါတလေမှာ ဆုံးဖြတ်ချက်တွေအတွက် ဒွိဟတွေ ပွားတတ်တာကြောင့် အခွင့်အလမ်းကောင်းတွေ လွဲချော်ရတတ်သူတွေပါ။
စိတ်ထဲမှာ အတေးအမှတ် ကြီးသလို၊ လမ်းသွားရင်းနဲ့ ခြေထောက်နင်းခံရရင်တောင် ပြန်နင်းချင်စိတ် ရှိသူတွေဖြစ်ပါတယ်။ သူချေရင် ကိုယ်ချေတယ်၊
သူသေရင် ကိုယ်မသွားဘူး၊ စိတ်ထဲက ပြတ်ပြီဆို ဘူးစင်က ဖရုံမသီးဘူးဆိုသူတွေ ဖြစ်ပါတယ်။ တစ်ခြား သွေးအမျိုးအစားတွေကြောင်းကို ဆက်လက် ဖော်ပြပေးပါဦးမယ် …။