











Unicode

ဖေဖော်ဝါရီ ၁၁ ရက်မှာ မကာရရာသီခွင်ထဲ ဂြိုဟ် ၆ လုံး ပူးယှဉ်ပါမယ်

ဖေဖော်ဝါရီ ၁၁ ရက်မှာ မကာရရာသီခွင်ထဲ ဂြိုဟ် ၆ လုံး ပူးယှဉ်ပါမယ်။ တပြိုင်တည်းမှာပဲ အဆိပ်ယုဂ် လို့ ခေါ်တဲ့ (ရာဟုကိတ်က ဂြိုဟ်တွေအားလုံးကို ဖမ်းကြတ်တဲ့) ဖြစ်စဉ်လည်း ရှိနေပါမယ်။

ဒီတော့ ဘာတွေ ဖြစ်မလဲ ဆိုရင် မြန်မာအပါအဝင် တစ်ကမ္ဘာလုံးမှာ ဖေဖော်ဝါရီ ၁၂ က စပြီး ပထဝီနိုင်ငံရေးရာ အပြောင်း အလဲကြီးတွေ ဖြစ်ပေါ်လာမယ်လို့ ယူဆပါတယ်။

ဒီအပြောင်း အလဲကြီးတွေကလည်း ဖြစ်ပြီးရင် နှစ်ပေါင်းများစွာ တည်တံ့နေမှာ ဖြစ်လို့ ဒီတစ်ကြိမ်မှာ ရလာမယ့် အခွင့်အရေးကို အကေ ာင်းဆုံး အသုံးချဖို့ လိုပါလိမ့်မယ်။

အထူးသဖြင့် ဒီလ ၁၀ ရက်နဲ့ ၂၅ ရက်ကြားမှာ အဖြေရလဒ်တ စ်ခုပေါ်တဲ့အထိ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို မမှိတ်မသုန် ယုံ ကြည်ချက်နဲ့ အရောက်လှမ်းကြဖို့ တိုက်တွန်းလိုပါတယ်။

ဂြိုဟ်နေဂြိုဟ်ထားကတော့ အရွေ့ တစ်ခုဆီ တွန်းပို့နေပြီး ကျန်တာကတော့ တိုင်းပြည်နဲ့ ခေါင်းဆောင်များရဲ့ ဇာတာတွေပေါ် မူတ ည်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ်တုန်းကလည်း မကာရရာသီမှာပဲ ဂြိုဟ် ၇ လုံး ပူးယှဉ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက စူပါပါဝါ ဖြစ်တဲ့ ဆိုဗီယ က်နဲ့ အမေရိကန်ကြားမှာ ကျူးဘားအရေးကြောင့် တတိယက မ္ဘာစစ် ဖြစ်မတတ် အခြေအနေ ဆိုးဝါးခဲ့ပြီး

နောက်ပိုင်းမှာလည်း စစ်အေးခေတ်ကို ဆယ်စုနှစ်များစွာ ဖြတ်သန်းခဲ့ရပါတယ်။အဲဒီ ၁၉၆၂ ခုနှစ်က မြန်မာနိုင်ငံမှာလည်း စစ်တပ်က အာဏာ သိမ်းခဲ့လို့ နှစ်ပေါင်းများစွာ နာလန်မထူနိုင်အောင် ဒုက္ခတွေ မျ ားခဲ့ပြီး

အာဏာရှင်စနစ်လည်း သက်ဆိုးရှည်ခဲ့ပါတယ်။ ဒါကြောင့် ထူးခြားတဲ့ ဂြိုဟ်ပူးဖြစ်စဉ်မှာ ခင်ဗျားတို့ကျုပ်တို့တွေ ဘယ်လမ်းကို ပေါက်အောင် ဖောက်မလဲ၊ ဘယ်ခရီးကို အဆုံးထိ လျှောက်မလဲ … ဆုံးဖြတ်ကြပါစို့ဗျာ။

ဒီပို့စ်ကို လွတ်လပ်စွာ မျှဝေကူးယူဖော်ပြ ကိုးကားနိုင်ပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ဒီမြေမှာ အောင်ပွဲခံနိုင်ပါစေ ၊ ဒီမြေမှာ အဓွန့်ရှည် တည်တံ့ပါစေ…

( crd#ဗေဒင်သုတ – Baydin Thyuta )