Zawgyi
၂၁ရာစုလောက်ထိစူပါပါဝါနိုင်ငံဖြစ်လိမ့်မယ်။သံအမတ်ကြီး။အိုးမိုင်ဂေါ့ဘုရားသခင်ကောင်းချီးပေးပါစေ(၁၉၂ဝခုနှစ်ကကမ္ဘာ့စူပါပါဝါသည်အဂ်လိပ် (ဗြိတိန်)နိုင်ငံ ဖြစ်ပြီးထိုအချိန်ကအမေရိကန်သည်ဘက်စုံတိုးတက်အားကောင်းလာသောနိုင်ငံအဖြစ်သာရှိသေးသည်
သောက်ပြီးသောအခါသံအမတ်ကြီးနှင့်အမေရိကန်နိုင်ငံ၏ဖြစ်လာမည့်အနာဂတ်များကိုဆက်လက်ပြောနေလေတော့သတည်းနောက်ရက်တွင်မစ္စတာကိုင်ရိုသည်ဘားမားနိုင်ငံမှကိုးကွယ်သောဘာသာအားလေ့လာကြည့်ရာထိုဘာသာမှာထေရဝါဒဗုဒ္ဓဘာသာဖြစ်မှန်းသိလေသည်
Unicode
ကမ္ဘာကျော်လက္ခဏာဆရာကြီးကိုင်ရိုဟောကိန်းနဲ့အနာဂတ်မြန်မာပြည်ကြီး၏အလွန်းအားရဖွယ်ကောင်းသောအချက်များ
အောက်တွင်Unicodeနှင့်ဖတ်ရှု့နိုင်ပါသည်
ကမ္ဘာကျော်လက္ခဏာဆရာကြီးကိုင်ရိုဟောကိန်းနဲ့အနာဂတ်မြန်မာပြည်ကြီး၏အလွန်းအားရဖွယ်ကောင်းသောအချက်များကမ္ဘာကျော်လက္ခဏာဆရာဖြစ်သောကိုင်ရိုသည်ကမ္ဘာတွင်ဖြစ်ပျက်လာမည့်အရာများကို ကြိုတင်ဟောကိန်းထုတ်ခဲ့ရာမှန်ကန်သဖြင့် အလွန်မှပင်ထင်ရှားကျော်ကြားလေသည်။
တစ်နေ့တွင်မစ္စတာကိုင်ရိုထံသို့အမေရိကန်သံအမတ်ကြီးရောက်ရှိလာလေသည်။ကိုင်ရိုမှခရီးဦးကြိုဆိုနေရာထိုင်ခင်းပေးပြီး သံအမတ်ကြီးနှင့်စကားစမည်ပြောလေသည်ကိုင်ရိုသည်ကားကမ္ဘာ့ခေါင်းဆောင်တော်တော်များများနှင့် ကမ္ဘာ့ရေးရာများကိုဟောကိန်းထုတ်ထားရာမှန်ကန်သဖြင့်နိူင်ငံခေါင်းဆောင်များ၊ဝန်ကြီးများ၊သံအမတ်များဖြင့်သိကျွမ်းလေသည်
သံအမတ်ကြီးလာသောအချိန်သည်ကားပထမကမ္ဘာစစ်ကြီးပြီးသောအချိန်ဖြစ်လေသည်။သံအမတ်ကကိုင်ရိုအားမေးလေသည်မစ္စတာကိုင်ရိုရေတခုလောက်ကူညီပါ။ဘာများလဲသံအမတ်ကြီး ။ အခုကကြီးမားတဲ့ကမ္ဘာစစ်ကြီးပြီးဆုံးခဲ့ပြီလေ။တို့အမေရိကန်တွေမဟာမိတ်ဘက်ကဝင်ကူတိုက်လို့နိဂုံးချုပ်သွားပြီ
ဒီနောက်ပိုင်းကမ္ဘာကြီးမှာဘာတွေဆက်ဖြစ်မလဲသိချင်တာ။ကိုင်ရိုလည်းနာရီဝက်ခန့်ကြာသော်သံအမတ်ကြီးအားပြောလေသည်သံအမတ်ကြီးခင်ဗျနောက်အနှစ်၂၀လောက်ကြရင်နောက်ထပ်ကမ္ဘာစစ်ကြီးဖြစ်ဦးမယ်။ဒီထက်ပိုကြီးမားမယ်။လူတွေသေကြလိမ့်မယ်။အဲဒီစစ်ပြီးရင်ခင်ဗျားတို့အမေရိကန်ဟာ
၂၁ရာစုလောက်ထိစူပါပါဝါနိူင်ငံဖြစ်လိမ့်မယ်။သံအမတ်ကြီး။အိုးမိုင်ဂေါ့ဘုရားသခင်ကောင်းချီးပေးပါစေ(၁၉၂ဝခုနှစ်ကကမ္ဘာ့စူပါပါဝါသည်အဂ်လိပ် (ဗြိတိန်)နိူင်ငံ ဖြစ်ပြီးထိုအချိန်ကအမေရိကန်သည်ဘက်စုံတိုးတက်အားကောင်းလာသောနိုင်ငံအဖြစ်သာရှိသေးသည်
သံအမတ်ကြီး။ဆက်ပြောပါဦးမစ္စတာကိုင်ရိုရေ။ကိုင်ရို။အိုး….နောက်တခုထူးခြားတာရှိသေးတယ်သံအမတ်ကြီးဘာများလဲမစ္စတာကိုင်ရို။ခင်ဗျားတို့အမေရိကန်ကစူပါပါဝါနိူင်ငံဖြစ်သလိုစူပါပါဝါလူသားတစ်ဦးလည်းပေါ်ထွက်လာလိမ့်မယ်။ဘယ်လိုလူသားလဲကိုင်ရိုအမေရိကန်ကနေထွက်ပေါ်လာမှာလား
မဟုတ်ဘူးဗျဘားမား(မြန်မာ)ကနေထွက်ပေါ်လာလိမ့်မယ်။ထိုအချိန်ကမြန်မာပြည်အားဘားမားဟုခေါ်ကြလေသည်။ဘယ်လိုစူပါပါဝါလူသားလည်းမစ္စတာကိုင်ရိုကမ္ဘာ့လူသားတွေရဲ့စိတ်နှလုံးကိုအေးချမ်းစေပြီးပူပန်မှု့တွေကို ဖြေဖျောက်ပေးမယ့်လူသားပါ။ကမ္ဘာကြီးကိုကောင်းကျိုးပြုမယ့်လူသားပါ
ဘာသာရေးနဲ့လည်းဆက်နွယ်နေတယ်ဗျ။သူဟာကောင်းမြတ်စစ်မှန်တဲ့သဘာဝတရားကြီးကိုကမ္ဘာ့လူသားတွေထိတွေ့သိခွင့်ရအောင်ဖြန့်ပေးလိမ့်မယ်၂၁ ရာစုအလယ်(၂၀၅၀)လောက်ရောက်ရင်အဲဒီလူသားဟာ ဘားမားနိူင်ငံရဲ့သမ္မတဖြစ်လာလိမ့်မယ်။သူသမ္မတဖြစ်ရင်ဘားမားဟာဘုန်းမီးတောက်လိမ့်မယ်
အရမ်းကိုတိုးတက်ချမ်းသာကြွယ်ဝလာမယ်။စက်မှု့လက်မှု့ စီးပွားရေးစစ်ရေး ပညာရေး အပြင်တခြားသောအရာတွေပါ ကမ္ဘာ့ထိပ်တန်းဖြစ်လာမယ်သူ့အုပ်ချုပ်တဲ့ဘားမားပြည်ဟာပညာတတ်တွေလူတော်တွေ အများကြီးပေါ်ထွက်လာဦးမယ်။အဖိုးတန်ကျောက်မျက်ရတနာ တွေအလျှံအပယ်ထွက်လာမယ်
သူကိုးကွယ်တဲ့ဘာသာတရား(ဗုဒ္ဓဘာသာ)ကိုလည်းကမ္ဘာအနှံဖြန့်ချီလိုက်မယ်။နောက်ဆုံးတစ်ကမ္ဘာလုံးကပ်ဘေးစစ်ဘေးအငတ်ဘေးတွေပြင်းထန်စွာခံစားခဲ့ရလို့လူသားအားလုံးအမှောင်ဖုံးကြောက်လန့်နေချိန်မှာသူကိုးကွယ်တဲ့ဘာသာတရားနဲ့ထိတွေ့ခံစားစေပြီးလူသားတွေကိုအေးချမ်းစေလိမ့်မယ်။လွတ်မြောက်စေလိမ့်မယ်။ကမ္ဘာ့လူသားအားလုံးဟာ
အဲဒီဘာသာတရားရဲ့ စစ်မှန်မှု့ကိုလက်တွေ့ကျင့်သုံးပြီး အဲဒီလူသားကိုလေးစားလာကြလိမ့်မယ်။ထိုလူသား၏ပြောစကားများကိုလည်းတစ်မ္ဘာလုံးကလူတွေလက်ခံ နားထောင်ကြလိမ့်မယ်နောက်ပိုင်းတစ်ကမ္ဘာလုံးဟာဗုဒ္ဓဘာသာ(ထေရဝါဒ)ဖြစ်လာလိမ့်မယ်။ဘားမားဟာလည်းဗုဒ္ဓဘာသာနိူင်ငံများအားလုံးရဲ့ ခေါင်းဆောင်နိူင်ငံဖြစ်လိမ့်မယ်
ကမ္ဘာ့လူသားအားလုံးဘာမားကိုသွားရောက်လေ့လာကြလိမ့်မယ်။နိူင်ငံရေးမှာအမေရိကန်ကစူပါပါဝါဖြစ်ရင်ဘားမားကဘာသာရေးမှာစူပါပါဝါခေါင်းဆောင်ဖြစ်လာမယ်အဲဒီစစ်မှန်တဲ့တရားတွေကနေပြီးကမ္ဘာကြီးမှာစစ်ဘေးကပ်ဘေးအငတ်ဘေးတွေကင်းစင်သွားမယ်
ကင်းစင်ပြီးရင်သဘာဝတရားကြီးတွေပြန်လည်ကောင်းမွန်လာမယ်။သစ်တောသစ်ပင်မြစ်ရေ စမ်းချောင်းပြန်လည်ကောင်းမွန်လာမယ်။ရာသီဥတုကောင်းမွန်မှန်ကန်လာမယ်။ကမ္ဘာကြီးအေးချမ်းလာမယ်
ကမ္ဘာ့လူသားတွေဟာမေတ္တာဓာတ်ကြီးမားလာမယ်။ထိုလူသားမှာလက်နက်တခုပါလိမ့်မယ်။ကမ္ဘာပေါ်ရှိလက်နက်အားလုံးကိုနိဂုံးချုပ်နိူင်တယ်။(မေတ္တာလက်နက်)မစ္စတာကိုင်ရိုမှအမေရိကန်သံအမတ်ကြီးအားထိုအကြောင်းအရာများကိုပြောပြပြီးခဏနားကာကော်ဖီသောက်လေသည်
သောက်ပြီးသောအခါသံအမတ်ကြီးနှင့်အမေရိကန်နိူင်ငံ၏ဖြစ်လာမည့်အနာဂတ်များကိုဆက်လက်ပြောနေလေတော့သတည်းနောက်ရက်တွင်မစ္စတာကိုင်ရိုသည်ဘားမားနိူင်ငံမှကိုးကွယ်သောဘာသာအားလေ့လာကြည့်ရာထိုဘာသာမှာထေရဝါဒဗုဒ္ဓဘာသာဖြစ်မှန်းသိလေသည်
သူ၏ဟောကိန်းအရ၂၁ရာစုအလယ်(၂၀၅၀)တွင်ဘားမားသမ္မတဖြစ်လာမည့်သူအားအမည်ပေးခဲ့လေသည်ထိုအမည်ကား”ဘုရားရှင်၏စစ်မှန်တရားအားကောင်းကျိုးပြုသောမင်း”(မြန်မာအခေါ် ဗုဒ္ဓရာဇာ )ဖြစ်လေတော့သည်(ကိုင်ရိုဟောကိန်းများထဲမှကူးယူဖော်ပြသည်)Crd