႐ုပ္ပ်ိဳကိုယ္ႏုေစမည့္ ရွီးပဒီးပင္ အေၾကာင္း

Zawgyi

ပုံမွာျမင္ရတဲ့ ေဆးျမစ္ကို ေဆာင္းပိုးေႏြျမက္ပင္၊ ပိုးေဆးႏြယ္ရွင္ပင္၊ ရွီးပဒီးပင္ စသျဖင့္ ေခၚဆို ၾက ပါတယ္။ အဂၤလိပ္လို Cordyceps လို႔ေခၚပါတယ္။ Google မွာ ႐ိုက္ၾကည့္လိုက္ရင္ အဲ ဒီေဆးပုံနဲ႔ ေဆးအေၾကာင္းကို စုံလင္စြာ ဖတ္ရႈႏိုင္ၾကပါတယ္။

ျမန္မာလို ေဆာင္းပိုးေႏြျမက္၊ကခ်င္လို ရွီးပဒီးဆိုတဲ့ ဒီအပင္ဟာ ျမန္မာျပည္ေျမာက္ဖ်ား ကခ်င္ျ ပည္နယ္၊ ပူတာအိုေဒသမွ ေပေပါင္း တစ္ေသာင္းေက်ာ္ျမင့္မား၍ ဆီးႏွင္းမ်ား၊ ေရခဲမ်ားဖုံး လြမ္းေ နသည့္ ခါကာဘိုရာဇီေတာင္ထိပ္၊ ဂမ္လန္ရာဇီေတာင္ထိပ္၊ တိဘက္-ျမန္ မာေ

တာင္ထိပ္ႏွင့္ နီေပါႏိုင္ငံ ဧ၀ရတ္ေတာင္ထိပ္တို႔မွာ ေပါက္ဖြားၾကပါတယ္။ ရွီးပဒီးပင္ဟာ ေဆာင္းပိုင္း ၆လမွာ အသက္ရွိတဲ့ပိုးေကာင္အျဖစ္ ရွင္သန္ေနၿပီး လူတို႔၏ က်န္းမာေရးကို မ်ားစြာအေထာက္ အကူေပးေသာ မဂ်စ္ဥ၊ခမ္းေတာက္ျမစ္တို႔ကိုစားသုံးကာ ေႏြပိုင္း ၆ လတြ

င္ ျမက္ပင္အျဖစ္ ေျပာင္းလဲသြားၾကပါတယ္။ ဒါ့ေၾကာင့္ ေဆာင္းပိုးေႏြျမက္လို႔ ေခၚတြင္ၾကပါတယ္။ရွီးပဒီးျမစ္ကိုစားသုံးလွ်င္ ႐ုပ္ပ်ိဳကိုယ္ႏုေစတယ္လို႔ ေဆးပညာရွင္မ်ားက လက္ခံလာၾကၿပီး ကမာၻအနံ႔တြင္ ရွီးပဒီးျဖင့္ထုတ္လုပ္ထားေသာ ကာမအားတိုးေဆးမ်ား၊ ႏွလုံး

အားတိုးေဆးမ်ား၊ အေၾကာအားေဆးမ်ား စသျဖင့္ ေဆးမ်ိဳးစုံကို ထုတ္လုပ္ေနၾကတဲ့အတြက္ ေစ်းကြက္တြင္ အလြ န္ေရာင္းအားေကာင္း၍ ရွားပါးေဆးဖက္၀င္အပင္သို႔ ေရာက္လာေနပါၿပီ။ ပူတာအိုေဒသ ခံအ ခ်ိဳ႕ ရွီးပဒီးဥကိုလိုက္ရွာၿပီး ေရာင္းၾကရာမွာ ယခုအခါမွာ တစ္ဥ

ကို က်ပ္ေငြ တစ္ေသာင္းခြဲသို႔ေ ရာ က္ေနၿပီး တစ္ပိႆာကို အေမရိကန္ေဒၚလာ US 30000 အထိရွိတယ္လို႔ သိရပါတယ္။ကိုရီးယား၊ ဂ်ပန္၊ တ႐ုတ္၊ ထိုင္း၊ အိႏၵိယ၊ ေဟာင္ေကာင္၊ ထိုင္၀မ္တို႔မွလည္း ရွီးပဒီးဥျဖင့္ အားတိုးေဆးမ်ိဳးစုံကို ထုတ္လုပ္ေနၾကတဲ့အတြက္ ေစ်းကြက္

တြင္ ေရာင္းအားျမင့္တက္ နေၾကာင္း လည္း ၾကားသိရပါတယ္။ နီေပါ၊ တိဘက္၊ တ႐ုတ္တို႔မွထြက္ရွိတဲ့ ရွီးပဒီးထက္ ျမန္မာျပည္ေျ မာက္ပိုင္းမွ ထြက္ရွိတဲ့ ရွီးပဒီးဥမ်ားက ေဆးစြမ္းပိုမိုထက္ျမက္သည့္အတြက္ ေစ်းႏႈန္းမွာလည္း အျမင့္ဆုံးလို႔ သိရပါတယ္။

ကခ်င္ျပည္မွ ဆို႐ိုးစကားတစ္ခုမွာ“ ႏြယ္ျမက္သစ္ပင္ ေဆးဖက္၀င္၊ မသိသူေက်ာ္လႊား သိသူေဖၚစား၊ ႐ုပ္ကေလးရယ္ပ်ိဳေစလို မေနာေျမကိုခို” လို႔ ဆိုထားပါတယ္။

ေဆးသံုးဆဲြပံု

၄င္းရွီးပဒီးဥသည္ အလြန္ခါးသက္တဲ့ အရသာရွိတဲ့အတြက္ အရက္ထဲစိမ္ထားၿပီး ေသာက္ရ ပါတယ္။ အခ်ိဳ႕ကေတာ့ အမႈန္႔ျပဳလုပ္၍ ၄င္းေဆးမႈန္႔ကို အနည္းငယ္စီ စားသုံးေပးၾကပါတယ္။

သဘာ၀ကေပးတဲ့ ေဆးဖက္၀င္အပင္မ်ားျဖင့္ က်န္းမာစြာ အသက္ရွည္ႏိုင္ၾကပါေစေၾကာင္း ေရးသားမွ်ေဝေပးလိုက္ပါတယ္။ခရက္ဒစ္

Unicode

ပုံမှာမြင်ရတဲ့ ဆေးမြစ်ကို ဆောင်းပိုးနွေမြက်ပင်၊ ပိုးဆေးနွယ်ရှင်ပင်၊ ရှီးပဒီးပင် စသဖြင့် ခေါ်ဆို ကြ ပါတယ်။ အင်္ဂလိပ်လို Cordyceps လို့ခေါ်ပါတယ်။ Google မှာ ရိုက်ကြည့်လိုက်ရင် အဲ ဒီဆေးပုံနဲ့ ဆေးအကြောင်းကို စုံလင်စွာ ဖတ်ရှုနိုင်ကြပါတယ်။

မြန်မာလို ဆောင်းပိုးနွေမြက်၊ကချင်လို ရှီးပဒီးဆိုတဲ့ ဒီအပင်ဟာ မြန်မာပြည်မြောက်ဖျား ကချင်ြ ပည်နယ်၊ ပူတာအိုဒေသမှ ပေပေါင်း တစ်သောင်းကျော်မြင့်မား၍ ဆီးနှင်းများ၊ ရေခဲများဖုံး လွမ်းေ နသည့် ခါကာဘိုရာဇီတောင်ထိပ်၊ ဂမ်လန်ရာဇီတောင်ထိပ်၊ တိဘက်-မြန် မာေ

တာင်ထိပ်နှင့် နီပေါနိုင်ငံ ဧဝရတ်တောင်ထိပ်တို့မှာ ပေါက်ဖွားကြပါတယ်။ ရှီးပဒီးပင်ဟာ ဆောင်းပိုင်း ၆လမှာ အသက်ရှိတဲ့ပိုးကောင်အဖြစ် ရှင်သန်နေပြီး လူတို့၏ ကျန်းမာရေးကို များစွာအထောက် အကူပေးသော မဂျစ်ဥ၊ခမ်းတောက်မြစ်တို့ကိုစားသုံးကာ နွေပိုင်း ၆ လတွ

င် မြက်ပင်အဖြစ် ပြောင်းလဲသွားကြပါတယ်။ ဒါ့ကြောင့် ဆောင်းပိုးနွေမြက်လို့ ခေါ်တွင်ကြပါတယ်။ရှီးပဒီးမြစ်ကိုစားသုံးလျှင် ရုပ်ပျိုကိုယ်နုစေတယ်လို့ ဆေးပညာရှင်များက လက်ခံလာကြပြီး ကမ္ဘာအနံ့တွင် ရှီးပဒီးဖြင့်ထုတ်လုပ်ထားသော ကာမအားတိုးဆေးများ၊ နှလုံး

အားတိုးဆေးများ၊ အကြောအားဆေးများ စသဖြင့် ဆေးမျိုးစုံကို ထုတ်လုပ်နေကြတဲ့အတွက် ဈေးကွက်တွင် အလွ န်ရောင်းအားကောင်း၍ ရှားပါးဆေးဖက်ဝင်အပင်သို့ ရောက်လာနေပါပြီ။ ပူတာအိုဒေသ ခံအ ချို့ ရှီးပဒီးဥကိုလိုက်ရှာပြီး ရောင်းကြရာမှာ ယခုအခါမှာ တစ်ဥ

ကို ကျပ်ငွေ တစ်သောင်းခွဲသို့ေ ရာ က်နေပြီး တစ်ပိဿာကို အမေရိကန်ဒေါ်လာ US 30000 အထိရှိတယ်လို့ သိရပါတယ်။ကိုရီးယား၊ ဂျပန်၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့မှလည်း ရှီးပဒီးဥဖြင့် အားတိုးဆေးမျိုးစုံကို ထုတ်လုပ်နေကြတဲ့အတွက် ဈေးကွက်

တွင် ရောင်းအားမြင့်တက် နကြောင်း လည်း ကြားသိရပါတယ်။ နီပေါ၊ တိဘက်၊ တရုတ်တို့မှထွက်ရှိတဲ့ ရှီးပဒီးထက် မြန်မာပြည်ေြ မာက်ပိုင်းမှ ထွက်ရှိတဲ့ ရှီးပဒီးဥများက ဆေးစွမ်းပိုမိုထက်မြက်သည့်အတွက် ဈေးနှုန်းမှာလည်း အမြင့်ဆုံးလို့ သိရပါတယ်။

ကချင်ပြည်မှ ဆိုရိုးစကားတစ်ခုမှာ“ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၊ မသိသူကျော်လွှား သိသူဖေါ်စား၊ ရုပ်ကလေးရယ်ပျိုစေလို မနောမြေကိုခို” လို့ ဆိုထားပါတယ်။

ဆေးသုံးဆွဲပုံ

၎င်းရှီးပဒီးဥသည် အလွန်ခါးသက်တဲ့ အရသာရှိတဲ့အတွက် အရက်ထဲစိမ်ထားပြီး သောက်ရ ပါတယ်။ အချို့ကတော့ အမှုန့်ပြုလုပ်၍ ၎င်းဆေးမှုန့်ကို အနည်းငယ်စီ စားသုံးပေးကြပါတယ်။

သဘာဝကပေးတဲ့ ဆေးဖက်ဝင်အပင်များဖြင့် ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေကြောင်း ရေးသားမျှဝေပေးလိုက်ပါတယ်။ခရက်ဒစ်