ေန႔တိုင္းနီးပါး ေနပူထဲမွာ အခ်ိန္အၾကာႀကီး လမ္းေလွ်ာက္ၾကသူမ်ား အတြက္ က်န္းမာေရး အႀကံေပး

Zawgyi

ေန႔တိုင္းနီးပါး ေနပူထဲမွာ အခ်ိန္အၾကာႀကီး လမ္းေလွ်ာက္ၾကသူမ်ား အတြက္ က်န္းမာေရး အႀကံေပး

ေနပူထဲမွာ အခ်ိန္အၾကာႀကီး လမ္းေလွ်ာက္ၾကသူမ်ား အတြက္ က်န္းမာေရး အႀကံေပး”

အခုလို ေန႔တိုင္းနီးပါး ေနပူထဲမွာ လမ္းေလွ်ာက္ေနသူေတြမွာ အမ်ားဆုံး ျဖစ္တတ္တာ ေတြကေတာ့

(၁) အပူရွပ္ျခင္း (Sunstroke)

(၂) လည္ေခ်ာင္းနာျခင္း (Sore Throat)

(၃) ေရဓာတ္ဆုံးရႈံးျခင္း (Dehydration)

(၄) ပင္ပန္း၊ ႏြယ္နယ္လြယ္ျခင္း (Tireness)

(၅) ႂကြက္သားမ်ား ေညာင္းညာ၊ ကိုက္ခဲျခင္း (Muscle Pain)

(၆) ေခါင္းမူး၊ ေခါင္းကိုက္ျခင္း (Headache)

(၇) အန္ခ်င္သလို ခံစားရျခင္း (Nausea)

(၈) အသားအေရ ေနေလာင္ျခင္း (Sunburn)

(၉) ဆီး၊ ဝမ္း၊ ေလခ်ဳပ္ျခင္း (Constipation)အစရွိတဲ့ ေရာဂါ၊ လကၡဏာမ်ားကို ခံစားရတတ္ပါတယ္။

ဘယ္လိုႀကိဳတင္ကာကြယ္သင့္လဲ ?

အေပၚမွာ ေျပာျပေပးသြားတဲ့ အခ်က္ေတြ မျဖစ္ေအာင္ ႀကိဳတင္၊ ကာကြယ္ႏိုင္မယ့္

 နည္းလမ္းမ်ားကေတာ့

(၁) လုံေလာက္စြာ အိပ္စက္ျခင္း (Having Enough Sleep)

– ညအိပ္ခ်ိန္ကို အနည္းဆုံး (၈) နာရီခန္႔ ၾကာေအာင္ အိပ္သင့္ပါတယ္။

(၂) အာဟာရ လုံေလာက္၊ မွ်တစြာ စားေသာက္ျခင္း (Having Nutritional Meal)

– တစ္ေနကုန္ ေနပူထဲမွာ လမ္းေလွ်ာက္ရမွာျဖစ္တဲ့အတြက္ အစားအစာကို လုံေလာက္ေအာင္ စားေပးရပါမယ္။ မနက္စာကို (မျဖစ္မေန) အစာခံေသာအစာမ်ား (ကယ္လိုရီမ်ားေသာ အစားအစာမ်ား) စားေပးရပါမယ္။

– လမ္းမွာ ဗိုက္ဆာရင္ စားဖို႔အတြက္ အပို စားစရာအျဖစ္ (ေပါင္မုန႔္၊ ၾကက္ဥျပဳတ္၊ အခ်ိဳမုန႔္) တစ္ခုခုကို ေဆာင္ထားသင့္ပါတယ္။

(၃) မၾကာခဏ ေရဓာတ္ အားျဖည့္ေပးျခင္း (Frequent Water Intake)

– ေနပူထဲမွာ လမ္ေလွ်ာက္ရတဲ့အခါမွာ ေခြၽးထြက္မ်ားျခင္းေၾကာင့္ ေရဓာတ္ဆုံးရႉံးမႈ (Dehydration) ျဖစ္ႏိုင္ပါတယ္။ ႐ိုး႐ိုးေရကို မၾကာခဏ နည္းနည္းခ်င္းစီ ေသာက္ေပးဖို႔ လိုအပ္ပါတယ္။

– ေခါင္းမူးတတ္သူ၊ ေခြၽးထြက္မ်ားတတ္သူမ်ား၊ ပင္ပန္းလြယ္သူမ်ားအေနနဲ႔ အားျဖည့္ဓာတ္ဆားရည္ (Hydration Drinks)ေတြျဖစ္တဲ့ Royal-D, Pocari Sweat, 100+ Plus အစရွိတာေတြကို ေသာက္ေပးသင့္ပါတယ္။

– လည္ေခ်ာင္းနာျခင္း၊ အပူရွပ္ျခင္းတို႔ကို ကာကြယ္ရန္ ေရခဲေရ ေသာက္သုံးျခင္းကို ေရွာင္ၾကဥ္သင့္ပါတယ္။

(၄) အေၾကာေလွ်ာ့ေပးျခင္း (Stretching out)

– လမ္းမေလွ်ာက္ခင္နဲ႔ လမ္းေလွ်ာက္ၿပီး ျပန္လာတဲ့အခ်ိန္မွာ (၃-၅ မိနစ္ခန႔္) အေၾကာေလွ်ာ့ ေလ့က်င့္ခန္းျပဳလုပ္ေပးျခင္းျဖင့္ ႂကြက္တက္ျခင္း၊ ကိုယ္ခႏၶာ ေညာင္းညာ၊ကိုက္ခဲျခင္းတို႔ကို သက္သာေစႏိုင္ပါတယ္။

(၅) အစာေျခစနစ္ ေကာင္းမြန္းေအာင္ ေနထိုင္၊ စားေသာက္ျခင္း (Healthy Digestive System)

– ဝမ္းပ်က္ေစမယ့္ ပူေသာ၊ စပ္ေသာ၊ ခ်ဥ္ေသာ အစရွိတဲ့ အစားအစာမ်ားကို ေရွာင္ၾကဥ္ေပးဖို႔ လိုအပ္ပါတယ္။

– ေလခ်ဳပ္၊ ဝမ္းခ်ဳပ္ေစႏိုင္တဲ့ အစားအစာမ်ား (ေကာက္ညႇင္း၊ လက္ဖက္) အစရွိတာေတြကို ပမာဏ အနည္းငယ္သာ စားသင့္ပါတယ္။

– အသီးအ႐ြက္ (ပန္းသီး၊ လိမ္ေမာ္သီး စသည္တို႔) ႏွင့္ အမွ်င္ဓာတ္ပါေစေသာ အ႐ြက္မ်ား (ကစြန္း႐ြက္၊ ပဲပင္ေပါက္ စသည္တို႔) ပိုစားေပးသင့္ပါတယ္။

– ေရမ်ားမ်ား ေသာက္ေပးပါ။ (တစ္ေန႔လွ်င္ ၂ လီတာမွ ၄ လီတာခန႔္)

(၆) Sunscreen ပုံမွန္ လိမ္းေပးျခင္း

-​ေနေလာင္ဒဏ္ကို ကာကြယ္ဖို႔အတြက္ SPF 35 (သို႔) SPF 50 ပါတဲ့ ေနေလာင္ခံ ခရင္မ္ကို ၃ နာရီျခား တစ္ခါေလာက္ လိမ္းေပးသင့္ပါတယ္။ ေနပူထဲသြားလွ်င္ လက္ရွည္အက်ႌ၊ ထီး (သို႔) ဦးထုပ္ ေဆာင္သြားပါ။

ျဖစ္လာရင္ေရာ ဘယ္လိုကုသသင့္လဲ ?

(၁) ေခါင္းကိုက္ျခင္း၊ ဖ်ားနာျခင္း (Headache & Fever)

– အိမ္ျပန္လာတဲ့အခ်ိန္မွာ ေခါင္းကိုက္ျခင္း၊ ေခါင္းမူးျခင္းခံစားရပါက အစာစားၿပီး အိပ္ယာမဝင္ခင္ Biogesic ၁ လုံး ေသာက္ေပးရပါမည္။

– အကယ္၍ ကိုယ္ပူၿပီး အဖ်ားအနည္းငယ္ ရွိပါက အစာစားၿပီး အိပ္ယာမဝင္ခင္ Paracetamol 500 mg ၁ လုံး ေသာက္ေပးရပါမည္။

(၂) ခႏၶာကိုယ္ ႂကြက္သားမ်ား နာက်င္၊ကိုက္ခဲျခင္း (Muscle Pain)

– ခႏၶာကိုယ္ ႂကြက္သားမ်ား နာက်င္၊ကိုက္ခဲမႈ သက္သာေစရန္အတြက္ လိမ္းေဆး (သို႔) ပလတ္စတာမ်ား ရွိပါတယ္။ (Voltex, Tiger Balm & etc.)

– ေသာက္ေဆးအေနနဲ႔ကေတာ့ Biogesic, Para-denk, Paracetamol တို႔ကို ေသာက္သုံးႏိုင္ပါတယ္။

(၃) ေနေလာင္ျခင္း (Sunburn)

– ေနေလာင္သြားေသာ ေနရာတစ္ဝိုက္ကို ရွားေစာင္း လက္ပက္ ဂ်ယ္လ္ (Aloe Vera Gel) လိမ္းေပးသင့္ပါတယ္။ ေနေရာင္ကို တိုက္႐ိုက္ထိေတြ႕ျခင္းမွ ေရွာင္ၾကဥ္ေပးပါ။

အျပင္သြားလွ်င္ ေနေလာင္ခံ ခရင္မ္ (Sunscreen) မျဖစ္မေန လိမ္းၿပီးမွ၊ လက္ရွည္အက်ႌ၊ ထီး (သို႔) ဦးထုပ္ ေဆာင္းသြားသင့္ပါသည္။

(၄) ေလေအာင့္ျခင္း၊ ဝမ္းခ်ဳပ္၊ ဝမ္းပ်က္ျခင္း (Indigestion, Constipation, Diarrhea)

– ေလေအာင့္တတ္သူမ်ားကေတာ့ အစာေၾကေဆး (Air-X, Digene, Kremil S) တို႔ကို ေဆာင္ထားပါ။

– ဝမ္းခ်ဳပ္တတ္သူမ်ားကေတာ့ ဝမ္းမွန္ေစမယ့္ အစားအစာမ်ားကို ပိုစားေပးပါ။ လိုအပ္လွ်င္ ဝမ္းႏႈတ္ေဆး (သို႔) ဝမ္းခ်ဴေဆး အသုံးျပဳပါ။

– ဝမ္းပ်က္တတ္သူမ်ားကေတာ့ ဓာတ္ဆားရည္ အလုံအေလာက္ ေသာက္ေပးၿပီး အစာေပ်ာ့ေပ်ာ့ (ဆန္ျပဳတ္၊ စြပ္ျပဳတ္)တို႔ကို အားျပည့္ေစရန္ စားေသာက္ေပးပါ။

ဒီေလာက္ဆိုရင္ေတာ့ ေတာ္ေတာ္မ်ားမ်ား သိသင့္တဲ့ အခ်က္ေတြ သိရွိသြားလိမ့္မယ္လို႔ ထင္ပါတယ္ခင္မ်ာ။ က်ေနာ္ ေရးထားတဲ့ ဒီ Article Post ေလးက အနည္းနဲ႔အမ်ားေတာ့ အေထာက္အကူေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ ခင္မ်ာ။

ျမန္မာျပည္သူ၊ျပည္သားမ်ား အားလုံး ေဘးအႏၲရာယ္ကင္းရွင္းၿပီး စိတ္က်န္းမာျခင္း၊ ကိုယ္ခ်မ္းသာျခင္းနဲ႔ ျပည္စုံႏိုင္ၾကပါေစခင္မ်ာ…..

Credit DR. KYI CHAN KO

Unicode

နေ့တိုင်းနီးပါး နေပူထဲမှာ အချိန်အကြာကြီး လမ်းလျှောက်ကြသူများ အတွက် ကျန်းမာရေး အကြံပေး

နေပူထဲမှာ အချိန်အကြာကြီး လမ်းလျှောက်ကြသူများ အတွက် ကျန်းမာရေး အကြံပေး”

အခုလို နေ့တိုင်းနီးပါး နေပူထဲမှာ လမ်းလျှောက်နေသူတွေမှာ အများဆုံး ဖြစ်တတ်တာ တွေကတော့

(၁) အပူရှပ်ခြင်း (Sunstroke)

(၂) လည်ချောင်းနာခြင်း (Sore Throat)

(၃) ရေဓာတ်ဆုံးရှုံးခြင်း (Dehydration)

(၄) ပင်ပန်း၊ နွယ်နယ်လွယ်ခြင်း (Tireness)

(၅) ကြွက်သားများ ညောင်းညာ၊ ကိုက်ခဲခြင်း (Muscle Pain)

(၆) ခေါင်းမူး၊ ခေါင်းကိုက်ခြင်း (Headache)

(၇) အန်ချင်သလို ခံစားရခြင်း (Nausea)

(၈) အသားအရေ နေလောင်ခြင်း (Sunburn)

(၉) ဆီး၊ ဝမ်း၊ လေချုပ်ခြင်း (Constipation)အစရှိတဲ့ ရောဂါ၊ လက္ခဏာများကို ခံစားရတတ်ပါတယ်။

ဘယ်လိုကြိုတင်ကာကွယ်သင့်လဲ ?

အပေါ်မှာ ပြောပြပေးသွားတဲ့ အချက်တွေ မဖြစ်အောင် ကြိုတင်၊ ကာကွယ်နိုင်မယ့်

နည်းလမ်းများကတော့

(၁) လုံလောက်စွာ အိပ်စက်ခြင်း (Having Enough Sleep)

– ညအိပ်ချိန်ကို အနည်းဆုံး (၈) နာရီခန့် ကြာအောင် အိပ်သင့်ပါတယ်။

(၂) အာဟာရ လုံလောက်၊ မျှတစွာ စားသောက်ခြင်း (Having Nutritional Meal)

– တစ်နေကုန် နေပူထဲမှာ လမ်းလျှောက်ရမှာဖြစ်တဲ့အတွက် အစားအစာကို လုံလောက်အောင် စားပေးရပါမယ်။ မနက်စာကို (မဖြစ်မနေ) အစာခံသောအစာများ (ကယ်လိုရီများသော အစားအစာများ) စားပေးရပါမယ်။

– လမ်းမှာ ဗိုက်ဆာရင် စားဖို့အတွက် အပို စားစရာအဖြစ် (ပေါင်မုန့်၊ ကြက်ဥပြုတ်၊ အချိုမုန့်) တစ်ခုခုကို ဆောင်ထားသင့်ပါတယ်။

(၃) မကြာခဏ ရေဓာတ် အားဖြည့်ပေးခြင်း (Frequent Water Intake)

– နေပူထဲမှာ လမ်လျှောက်ရတဲ့အခါမှာ ချွေးထွက်များခြင်းကြောင့် ရေဓာတ်ဆုံးရှူံးမှု (Dehydration) ဖြစ်နိုင်ပါတယ်။ ရိုးရိုးရေကို မကြာခဏ နည်းနည်းချင်းစီ သောက်ပေးဖို့ လိုအပ်ပါတယ်။

– ခေါင်းမူးတတ်သူ၊ ချွေးထွက်များတတ်သူများ၊ ပင်ပန်းလွယ်သူများအနေနဲ့ အားဖြည့်ဓာတ်ဆားရည် (Hydration Drinks)တွေဖြစ်တဲ့ Royal-D, Pocari Sweat, 100+ Plus အစရှိတာတွေကို သောက်ပေးသင့်ပါတယ်။

– လည်ချောင်းနာခြင်း၊ အပူရှပ်ခြင်းတို့ကို ကာကွယ်ရန် ရေခဲရေ သောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၄) အကြောလျှော့ပေးခြင်း (Stretching out)

– လမ်းမလျှောက်ခင်နဲ့ လမ်းလျှောက်ပြီး ပြန်လာတဲ့အချိန်မှာ (၃-၅ မိနစ်ခန့်) အကြောလျှော့ လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့် ကြွက်တက်ခြင်း၊ ကိုယ်ခန္ဓာ ညောင်းညာ၊ကိုက်ခဲခြင်းတို့ကို သက်သာစေနိုင်ပါတယ်။

(၅) အစာခြေစနစ် ကောင်းမွန်းအောင် နေထိုင်၊ စားသောက်ခြင်း (Healthy Digestive System)

– ဝမ်းပျက်စေမယ့် ပူသော၊ စပ်သော၊ ချဉ်သော အစရှိတဲ့ အစားအစာများကို ရှောင်ကြဉ်ပေးဖို့ လိုအပ်ပါတယ်။

– လေချုပ်၊ ဝမ်းချုပ်စေနိုင်တဲ့ အစားအစာများ (ကောက်ညှင်း၊ လက်ဖက်) အစရှိတာတွေကို ပမာဏ အနည်းငယ်သာ စားသင့်ပါတယ်။

– အသီးအရွက် (ပန်းသီး၊ လိမ်မော်သီး စသည်တို့) နှင့် အမျှင်ဓာတ်ပါစေသော အရွက်များ (ကစွန်းရွက်၊ ပဲပင်ပေါက် စသည်တို့) ပိုစားပေးသင့်ပါတယ်။

– ရေများများ သောက်ပေးပါ။ (တစ်နေ့လျှင် ၂ လီတာမှ ၄ လီတာခန့်)

(၆) Sunscreen ပုံမှန် လိမ်းပေးခြင်း

-နေလောင်ဒဏ်ကို ကာကွယ်ဖို့အတွက် SPF 35 (သို့) SPF 50 ပါတဲ့ နေလောင်ခံ ခရင်မ်ကို ၃ နာရီခြား တစ်ခါလောက် လိမ်းပေးသင့်ပါတယ်။ နေပူထဲသွားလျှင် လက်ရှည်အင်္ကျီ၊ ထီး (သို့) ဦးထုပ် ဆောင်သွားပါ။

ဖြစ်လာရင်ရော ဘယ်လိုကုသသင့်လဲ ?

(၁) ခေါင်းကိုက်ခြင်း၊ ဖျားနာခြင်း (Headache & Fever)

– အိမ်ပြန်လာတဲ့အချိန်မှာ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းခံစားရပါက အစာစားပြီး အိပ်ယာမဝင်ခင် Biogesic ၁ လုံး သောက်ပေးရပါမည်။

– အကယ်၍ ကိုယ်ပူပြီး အဖျားအနည်းငယ် ရှိပါက အစာစားပြီး အိပ်ယာမဝင်ခင် Paracetamol 500 mg ၁ လုံး သောက်ပေးရပါမည်။

(၂) ခန္ဓာကိုယ် ကြွက်သားများ နာကျင်၊ကိုက်ခဲခြင်း (Muscle Pain)

– ခန္ဓာကိုယ် ကြွက်သားများ နာကျင်၊ကိုက်ခဲမှု သက်သာစေရန်အတွက် လိမ်းဆေး (သို့) ပလတ်စတာများ ရှိပါတယ်။ (Voltex, Tiger Balm & etc.)

– သောက်ဆေးအနေနဲ့ကတော့ Biogesic, Para-denk, Paracetamol တို့ကို သောက်သုံးနိုင်ပါတယ်။

(၃) နေလောင်ခြင်း (Sunburn)

– နေလောင်သွားသော နေရာတစ်ဝိုက်ကို ရှားစောင်း လက်ပက် ဂျယ်လ် (Aloe Vera Gel) လိမ်းပေးသင့်ပါတယ်။ နေရောင်ကို တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပေးပါ။

အပြင်သွားလျှင် နေလောင်ခံ ခရင်မ် (Sunscreen) မဖြစ်မနေ လိမ်းပြီးမှ၊ လက်ရှည်အင်္ကျီ၊ ထီး (သို့) ဦးထုပ် ဆောင်းသွားသင့်ပါသည်။

(၄) လေအောင့်ခြင်း၊ ဝမ်းချုပ်၊ ဝမ်းပျက်ခြင်း (Indigestion, Constipation, Diarrhea)

– လေအောင့်တတ်သူများကတော့ အစာကြေဆေး (Air-X, Digene, Kremil S) တို့ကို ဆောင်ထားပါ။

– ဝမ်းချုပ်တတ်သူများကတော့ ဝမ်းမှန်စေမယ့် အစားအစာများကို ပိုစားပေးပါ။ လိုအပ်လျှင် ဝမ်းနှုတ်ဆေး (သို့) ဝမ်းချူဆေး အသုံးပြုပါ။

– ဝမ်းပျက်တတ်သူများကတော့ ဓာတ်ဆားရည် အလုံအလောက် သောက်ပေးပြီး အစာပျော့ပျော့ (ဆန်ပြုတ်၊ စွပ်ပြုတ်)တို့ကို အားပြည့်စေရန် စားသောက်ပေးပါ။

ဒီလောက်ဆိုရင်တော့ တော်တော်များများ သိသင့်တဲ့ အချက်တွေ သိရှိသွားလိမ့်မယ်လို့ ထင်ပါတယ်ခင်မျာ။ ကျနော် ရေးထားတဲ့ ဒီ Article Post လေးက အနည်းနဲ့အများတော့ အထောက်အကူပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ် ခင်မျာ။

မြန်မာပြည်သူ၊ပြည်သားများ အားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး စိတ်ကျန်းမာခြင်း၊ ကိုယ်ချမ်းသာခြင်းနဲ့ ပြည်စုံနိုင်ကြပါစေခင်မျာ…..

Credit DR. KYI CHAN KO