အခက္အခဲ အၾကပ္အတည္းအမ်ိဳးမ်ိဳးကို ( ၇ ) ရက္အတြင္းလြတ္ေျမာက္ေစႏိုင္တဲ့ ဂါထာေတာ္

Zawgyi

တနဂၤေႏြေန႔ကေန စၿပီး အဓိဌာန္ဝင္ပါ။တနဂၤေႏြေန႔.တနဂၤေႏြေထာင့္ေမတၱာသုတ္ေတာ္၆ေခါက္၊တနဂၤေႏြေန႔ဖြားျမတ္စြာဘုရားရွင္အေပါင္းကိုရည္မွန္းၿပီးကန္ေတာ့ပါ။မိမိကုသိုလ္အလုပ္အားလုံးၿပီးစီးသည့္အခါတနဂၤေႏြၿဂိဳဟ္နတ္မင္းႀကီးကိုအမႈးထားၿပီးေဝေနယ်တို႔ကိုေမတၱာပို႔အေမွ်််ဝပါ။

တနလၤာေန႔ေသာၾကာေထာင့္ေမတၱာသုတ္ေတာ္၂၁ေခါက္၊ေသာၾကာေန႔ဖြားျမတ္စြာဘုရားရွင္အေပါင္းကိုရည္မွန္းၿပီးကန္ေတာ့ပါ။မိမိကုသိုလ္အလုပ္အားလုံးၿပီးစီးသည့္အခါေသာၾကာၿဂိဳဟ္နတ္မင္းႀကီးကိုအမႈးထားၿပီးေဝေနယ်တို႔ကိုေမတၱာပို႔အမွ်ေဝပါ။စသည္ျဖင့္အထက္ပါအတိုင္းအတိုခ်ဳံးခြင့္ျပဳပါခင္ဗ်ာ အဂၤါေန႔ ရာဟုေထာင့္ေမတၱာသုတ္ေတာ္၁၂ေခါက္၊ဗုဒၶဟူးေန႔ၾကာသာပေတးေထာင့္၊ေမတၱာသုတ္ေတာ္၁၉ေခါက္၊

ၾကာသပေတးေန႔..စေနေထာင့္.၊ေမတၱာသုတ္ေတာ္..၁၀ေခါက္၊ေသာၾကာေန႔…ဗုဒၶဟူးေထာင့္၊ ေမတၱာသုတ္ေတာ္..၁၇ေခါက္….၊စေနေန႔အဂၤါေထာင့္၊ေမတၱာသုတ္ေတာ္ ၈ေခါက္၊တနဂၤေႏြေန႔တနလၤာေထာင့္ေမတၱာသုတ္ေတာ္၁၅ေခါက္။ေမတၱာသုတ္ေတာ္အဓိဌာန္ၿပီးပါၿပီ။တနဂၤေႏြေန႔မွာတနဂၤေႏြေထာင့္ကေနစၿပီးအဓိဌာန္ဝင္လာခဲ့တာပါ။

တနဂၤေႏြေန႔မွာပဲတနလၤာေထာင့္မွာအဓိဌာန္ပထမအဆင့္ၿပီးသြားတာပါ။လုပ္ႏိုင္ရင္ ဆက္တိုက္ ထိုေန႔မွာပဲေမာရသုတ္ေတာ္ကိုအထက္ပါအတိုင္းပဲတနဂၤေႏြေထာင့္ကေနစၿပီးအဓိဌာန္ဆက္ဝင္သြားပါမယ္။အထက္ကေရးေပးထားသည့္အစဥ္အတိုင္းပဲ…ေမတၱာသုတ္ေတာ္ေနရာမွာေမာရသုတ္ေတာ္ကိုအစားထိုး႐ြတ္ဖတ္သြားၿပီး

 

ဆိုင္ရာေန႔ဖြားဘုရားရွင္ေတြကိုလည္းနည္းတူကန္ေတာ့ဆိုင္ရာၿဂိဳဟ္မင္းေတြကိုလည္းထုံးစံအတိုင္းအမွ်ေပးေဝၿပီး….ဆက္တိုက္ဆက္သြားပါ။႐ြတ္ရင္းဖတ္ရင္းနဲ႔မိမိသည္….တစ္ရက္ၿပီးတစ္ရက္ဘုရားေစတီကိုလက္ဝဲရစ္လွည့္ၿပီးပူေဇာ္သြားေနတာကို သတိျပဳမိလာႏိုင္ပါတယ္။

ဒီအဓိဌာန္ကို တစ္ကယ္အခက္အခဲ ႀကဳံေနသူမ်ားသာ လုပ္သင့္ပါတယ္။ အလုပ္အကိုင္ ပိုမိုေကာင္းခ်င္လို႔ ေငြပိုဝင္ခ်င္လို႔ အစရွိသျဖင့္….ေလာဘျဖင့္လုံးဝမလုပ္သင့္ပါ။

ဟိုတစ္ခါကြၽန္ေတာ္တင္ေပးဖူးသည့္အလုပ္အကိုင္ရရွိေစသည့္အဓိဌာန္မ်ိဳးကဲ့သို႔ မဟုတ္ပါ။ အဲဒီ့အဓိဌာန္ကေတာ့ အလုပ္မရွိလု႔ိ့ပဲ ျဖစ္ျဖစ္….အလုပ္ပိုေကာင္းခ်င္လို႔ပဲ ျဖစ္ျဖစ္ဝင္ႏိုင္ေလေကာင္းေလပါပဲ။

ဒီအဓိဌာန္ကေတာ့တစ္ကယ္အက်ပ္အတည္းဆိုက္ၿပီးျပႆနာေပါင္းစုံတက္ေနသည့္အေျခအေနမ်ိဳးေရာက္ေနသည့္သူေတြအတြက္သီးသန႔္ျဖစ္ပါတယ္။ပိုမိုထက္ျမက္ခ်င္သူမ်ားသန႔္ရွင္းေရးကုသိုလ္ေလးနဲ႔တြဲၿပီးလုပ္ပါ။

ကံေႂကြးဝဋ္ေႂကြးမဟုတ္ခဲ့ရင္ေတာ့သိသိသာသာကိုပဲအဓိဌာန္ျပည့္ေျမာက္ၿပီးတစ္ပတ္ခန႔္အတြင္းမွာကို..အခက္အခဲမ်ားေျပေလ်ာ့သြားတတ္ပါတယ္ခင္ဗ်ား။

 

လက္ေတြ႕လည္း လူအမ်ားကိုကြၽန္ေတာ္ၫႊန္ေပးေနသည့္အဓိဌာန္ဝင္နည္းေလးသာျဖစ္ပါတယ္။ကြၽန္ေတာ္ကိုယ္တိုင္လည္း …ဒုကၡသုကၡသိပ္ေရာက္လာရင္ ဘုရားမွတစ္ပါး…ကိုးကြယ္ရာမရွိ၊တရားမွတစ္ပါး….ကိုးကြယ္ရာမရွိ၊သံဃာမွတစ္ပါး…ကိုးကြယ္ရာမရွိပါခင္ဗ်ား။ကိုယ္လုပ္မွကိုယ္ရႏိုင္သလို

တစ္ကယ္ျဖစ္ခ်င္တစ္ကယ္လုပ္ႏိုင္ဖို႔သာလိုအပ္ပါေၾကာင္း..အခက္အခဲအက်ပ္အတည္းတို႔မွလြတ္ေျမာက္ၾကပါေစသတည္း။ဤပညာဒါနကုသိုလ္သည္ျဖစ္ေလရာဘဝတိုင္းတြင္တပည့္ေတာ္အားအခက္အခဲအက်ပ္အတည္းဆိုက္ေရာက္သည္တိုင္းတြင္မ်ားမၾကာမီလြတ္ေျမာက္ေစသည့္အေထာက္အပံ့ေကာင္းျဖစ္ပါေစသတည္း။Credit:mmcelesmedia

Unicode

တနင်္ဂနွေနေ့ကနေ စပြီး အဓိဌာန်ဝင်ပါ။တနင်္ဂနွေနေ့.တနင်္ဂနွေထောင့်မေတ္တာသုတ်တော်၆ခေါက်၊တနင်္ဂနွေနေ့ဖွားမြတ်စွာဘုရားရှင်အပေါင်းကိုရည်မှန်းပြီးကန်တော့ပါ။မိမိကုသိုလ်အလုပ်အားလုံးပြီးစီးသည့်အခါတနင်္ဂနွေဂြိုဟ်နတ်မင်းကြီးကိုအမှုးထားပြီးဝေနေယျတို့ကိုမေတ္တာပို့အမျှေျျဝပါ။

တနင်္လာနေ့သောကြာထောင့်မေတ္တာသုတ်တော်၂၁ခေါက်၊သောကြာနေ့ဖွားမြတ်စွာဘုရားရှင်အပေါင်းကိုရည်မှန်းပြီးကန်တော့ပါ။မိမိကုသိုလ်အလုပ်အားလုံးပြီးစီးသည့်အခါသောကြာဂြိုဟ်နတ်မင်းကြီးကိုအမှုးထားပြီးဝေနေယျတို့ကိုမေတ္တာပို့အမျှဝေပါ။စသည်ဖြင့်အထက်ပါအတိုင်းအတိုချုံးခွင့်ပြုပါခင်ဗျာ အင်္ဂါနေ့ ရာဟုထောင့်မေတ္တာသုတ်တော်၁၂ခေါက်၊ဗုဒ္ဓဟူးနေ့ကြာသာပတေးထောင့်၊မေတ္တာသုတ်တော်၁၉ခေါက်၊

ကြာသပတေးနေ့..စနေထောင့်.၊မေတ္တာသုတ်တော်..၁၀ခေါက်၊သောကြာနေ့…ဗုဒ္ဓဟူးထောင့်၊ မေတ္တာသုတတော်..၁၇ခေါက်၊စနေနေ့အင်္ဂါထောင့်၊မေတ္တာသုတ်တော် ၈ခေါက်၊တနင်္ဂနွေနေ့တနင်္လာထောင့်မေတ္တာသုတ်တော်၁၅ခေါက်။မေတ္တာသုတ်တော်အဓိဌာန်ပြီးပါပြီ။တနင်္ဂနွေနေ့မှာတနင်္ဂနွေထောင့်ကနေစပြီးအဓိဌာန်ဝင်လာခဲ့တာပါ။

တနင်္ဂနွေနေ့မှာပဲတနင်္လာထောင့်မှာအဓိဌာန်ပထမအဆင့်ပြီးသွားတာပါ။လုပ်နိုင်ရင် ဆက်တိုက် ထိုနေ့မှာပဲမောရသုတ်တော်ကိုအထက်ပါအတိုင်းပဲတနင်္ဂနွေထောင့်ကနေစပြီးအဓိဌာန်ဆက်ဝင်သွားပါမယ်။အထက်ကရေးပေးထားသည့်အစဉ်အတိုင်းပဲမေတ္တာသုတ်တော်နေရာမှာမောရသုတ်တော်ကိုအစားထိုးရွတ်ဖတ်သွားပြီး

ဆိုင်ရာနေ့ဖွားဘုရားရှင်တွေကိုလည်းနည်းတူကန်တော့ဆိုင်ရာဂြိုဟ်မင်းတွေကိုလည်းထုံးစံအတိုင်းအမျှပေးဝေပြီး….ဆက်တိုက်ဆက်သွားပါ။ရွတ်ရင်းဖတ်ရင်းနဲ့မိမိသည်….တစ်ရက်ပြီးတစ်ရက်ဘုရားစေတီကိုလက်ဝဲရစ်လှည့်ပြီးပူဇော်သွားနေတာကို သတိပြုမိလာနိုင်ပါတယ်။

ဒီအဓိဌာန်ကို တစ်ကယ်အခက်အခဲ ကြုံနေသူများသာ လုပ်သင့်ပါတယ်။ အလုပ်အကိုင် ပိုမိုကောင်းချင်လို့ ငွေပိုဝင်ချင်လို့ အစရှိသဖြင့်….လောဘဖြင့်လုံးဝမလုပ်သင့်ပါ။

ဟိုတစ်ခါကျွန်တော်တင်ပေးဖူးသည့်အလုပ်အကိုင်ရရှိစေသည့်အဓိဌာန်မျိုးကဲ့သို့ မဟုတ်ပါ။ အဲဒီ့အဓိဌာန်ကတော့ အလုပ်မရှိလု့ိ့ပဲ ဖြစ်ဖြစ်….အလုပ်ပိုကောင်းချင်လို့ပဲ ဖြစ်ဖြစ်ဝင်နိုင်လေကောင်းလေပါပဲ။

ဒီအဓိဌာန်ကတော့တစ်ကယ်အကျပ်အတည်းဆိုက်ပြီးပြဿနာပေါင်းစုံတက်နေသည့်အခြေအနေမျိုးရောက်နေသည့်သူတွေအတွက်သီးသန့်ဖြစ်ပါတယ်။ပိုမိုထက်မြက်ချင်သူများသန့်ရှင်းရေးကုသိုလ်လေးနဲ့တွဲပြီးလုပ်ပါ။

ကံကြွေးဝဋ်ကြွေးမဟုတ်ခဲ့ရင်တော့သိသိသာသာကိုပဲအဓိဌာန်ပြည့်မြောက်ပြီးတစ်ပတ်ခန့်အတွင်းမှာကို..အခက်အခဲများပြေလျော့သွားတတ်ပါတယ်ခင်ဗျား။

လက်တွေ့လည်း လူအများကိုကျွန်တော်ညွှန်ပေးနေသည့်အဓိဌာန်ဝင်နည်းလေးသာဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း …ဒုက္ခသုက္ခသိပ်ရောက်လာရင် ဘုရားမှတစ်ပါး…ကိုးကွယ်ရာမရှိ၊တရားမှတစ်ပါး….ကိုးကွယ်ရာမရှိ၊သံဃာမှတစ်ပါး…ကိုးကွယ်ရာမရှိပါခင်ဗျား။ကိုယ်လုပ်မှကိုယ်ရနိုင်သလို

တစ်ကယ်ဖြစ်ချင်တစ်ကယ်လုပ်နိုင်ဖို့သာလိုအပ်ပါကြောင်း..အခက်အခဲအကျပ်အတည်းတို့မှလွတ်မြောက်ကြပါစေသတည်း။ဤပညာဒါနကုသိုလ်သည်ဖြစ်လေရာဘဝတိုင်းတွင်တပည့်တော်အားအခက်အခဲအကျပ်အတည်းဆိုက်ရောက်သည်တိုင်းတွင်များမကြာမီလွတ်မြောက်စေသည့်အထောက်အပံ့ကောင်းဖြစ်ပါစေသတည်း။Credit:mmcelesmedia