ကိုယ္ျပန္လာလို႔မရေတာ့ဘူးေလ ကိုယ္အေဝးႀကီးသြားေနရၿပီ
Zawgyi
ကိုယ္ျပန္လာလို႔မရေတာ့ဘူးေလ ကိုယ္အေဝးႀကီးသြားေနရၿပီ
သြားေတာ့မယ္ သိမ့္ေရ ကိုယ့္ခေလးေလးေရ
ေႏြဦးဟာ ပန္းေတြမေႂကြပဲ က်ည္ဆံေတြတဖြဲဖြဲ
ကိုယ့္ေသြးေတြနဲ႔ တြန္းပို႔ခဲ့တဲ့ ေတာ္လွန္ေရးေလ
ဂ႐ုစိုက္ပါကလြဲၿပီး ကိုယ္ေျပာလို႔မရေတာ့တဲ့စကားေတြ
သိမ့္ၾကားမွာေပါ့ သိမ့္အားငယ္ေနမလား
သိမ့္ကိုမ်က္ရည္က်ေစခဲ့လို႔ အားနာတယ္
ကိုယ္ျပန္မေရာက္ေတာ့တာကို ခြင့္လႊတ္ေပးပါ
အတူတူရင္ဆိုင္ဖို႔ဆုံးျဖတ္ထားခဲ့ေပမယ့္ ကိုယ္မပါလာေတာ့တဲ့ခရီးကို
တစ္ေယာက္ေယာက္နဲ႔ ဆက္ေလွ်ာက္ေပးပါကြယ္
ဖုန္းေတြအၾကာႀကီးမေျပာႏိုင္ေတာ့ဘူး မဟုတ္ဘူး
ကိုယ္တို႔ဖုန္းနဲ႔ေတာင္ ဆက္သြယ္ခြင့္မရေတာ့ဘူး
လူႀကီးမင္းေခၚဆိုတယ္လီဖုန္းမွာ ဆိုတဲ့ အသံေတြၾကားတိုင္း
သိမ့္စိတ္မေကာက္နဲ႔ေတာ့ေနာ္
သိမ့္ေရ ေနာက္ဘဝေတြက်ရင္
တကယ္ေပါင္းၾကမယ္ေနာ္ ကိုယ္မရွိရင္မျဖစ္ဘူးဆိုတဲ့ ခေလးေလး
ဒီေႏြဦးၿပီးရင္ သိမ့္ငိုေတာ့မလား စိတ္မဆိုးနဲ႔ေနာ္
ကိုယ္ျပန္လာလို႔မရေတာ့ဘူးေလ ကိုယ္အေဝးႀကီးသြားေနရၿပီ
ခ်စ္ရတဲ့သိမ့္နဲ႔ အေဝးႀကီးဆီ သိမ့္ေရ
ရက္စက္မႈေတြၾကားမွာ ျပဳတ္က်သြားတဲ့ လက္ကေလးကို သတိရတိုင္းမငိုနဲ႔ေနာ္ ကိုယ္လာေခ်ာ့လို႔မရေတာ့ဘူး
ရီလိုက္ရင္ ပန္းေတြပြင့္တဲ့ သိမ့္ ကိုယ္အဲ့ဒီပန္းေတြကို မခူးႏိုင္ေတာ့ဘူး
ကိုယ့္ကိုခြင့္လႊတ္ကြာ စိတ္မပူနဲ႔လို႔ေျပာၿပီး ျပန္မလာေတာ့တဲ့ ကိုယ့္ကို စိတ္မေကာက္ဖို႔ ကိုယ္ေျပာခ်င္ေသးတယ္
သိမ့္ေရ ဒီတစ္ခါကိုယ္တို႔တကယ္ခြဲရတာတဲ့ ဘယ္ေလာက္ရက္စက္တဲ့ ကံတရားလဲ
စိတ္ပူတယ္ အစစအရာရာဂ႐ုစိုက္ၿပီး ကိုယ္ခင္းတဲ့လမ္းေပၚ
ေတာ္လွန္ေရးကို တြန္းပို႔ေပးပါကြယ္ ကိုယ့္အတြက္ သိမ့္ဂုဏ္ယူေနမယ္လို႔
ကိုယ္ေမွ်ာ္လင့္မိတယ္ သိမ့္ေရ ကိုယ္သြားၿပီ ဟိုးအေဝးႀကီးထိ ………….။
Crd
Unicode
ကိုယ်ပြန်လာလို့မရတော့ဘူးလေ ကိုယ်အဝေးကြီးသွားနေရပြီ
သြားတော့မယ် သိမ့်ရေ ကိုယ့်ခလေးလေးရေ
နွေဦးဟာ ပန်းတွေမကြွေပဲ ကျည်ဆံတွေတဖွဲဖွဲ
ကိုယ့်သွေးတွေနဲ့ တွန်းပို့ခဲ့တဲ့ တော်လှန်ရေးလေ
ဂရုစိုက်ပါကလွဲပြီး ကိုယ်ပြောလို့မရတော့တဲ့စကားတွေ
သိမ့်ကြားမှာပေါ့ သိမ့်အားငယ်နေမလား
သိမ့်ကိုမျက်ရည်ကျစေခဲ့လို့ အားနာတယ်
ကိုယ်ပြန်မရောက်တော့တာကို ခွင့်လွှတ်ပေးပါ
အတူတူရင်ဆိုင်ဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ကိုယ်မပါလာတော့တဲ့ခရီးကို
တစ်ယောက်ယောက်နဲ့ ဆက်လျှောက်ပေးပါကွယ်
ဖုန်းတွေအကြာကြီးမပြောနိုင်တော့ဘူး မဟုတ်ဘူး
ကိုယ်တို့ဖုန်းနဲ့တောင် ဆက်သွယ်ခွင့်မရတော့ဘူး
လူကြီးမင်းခေါ်ဆိုတယ်လီဖုန်းမှာ ဆိုတဲ့ အသံတွေကြားတိုင်း
သိမ့်စိတ်မကောက်နဲ့တော့နော်
သိမ့်ရေ နောက်ဘဝတွေကျရင်
တကယ်ပေါင်းကြမယ်နော် ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့ ခလေးလေး
ဒီနွေဦးပြီးရင် သိမ့်ငိုတော့မလား စိတ်မဆိုးနဲ့နော်
ကိုယ်ပြန်လာလို့မရတော့ဘူးလေ ကိုယ်အဝေးကြီးသွားနေရပြီ
ချစ်ရတဲ့သိမ့်နဲ့ အဝေးကြီးဆီ သိမ့်ရေ
ရက်စက်မှုတွေကြားမှာ ပြုတ်ကျသွားတဲ့ လက်ကလေးကို သတိရတိုင်းမငိုနဲ့နော် ကိုယ်လာချော့လို့မရတော့ဘူး
ရီလိုက်ရင် ပန်းတွေပွင့်တဲ့ သိမ့် ကိုယ်အဲ့ဒီပန်းတွေကို မခူးနိုင်တော့ဘူး
ကိုယ့်ကိုခွင့်လွှတ်ကွာ စိတ်မပူနဲ့လို့ပြောပြီး ပြန်မလာတော့တဲ့ ကိုယ့်ကို စိတ်မကောက်ဖို့ ကိုယ်ပြောချင်သေးတယ်
သိမ့်ရေ ဒီတစ်ခါကိုယ်တို့တကယ်ခွဲရတာတဲ့ ဘယ်လောက်ရက်စက်တဲ့ ကံတရားလဲ
စိတ်ပူတယ် အစစအရာရာဂရုစိုက်ပြီး ကိုယ်ခင်းတဲ့လမ်းပေါ်
တော်လှန်ရေးကို တွန်းပို့ပေးပါကွယ် ကိုယ့်အတွက် သိမ့်ဂုဏ်ယူနေမယ်လို့
ကိုယ်မျှော်လင့်မိတယ် သိမ့်ရေ ကိုယ်သွားပြီ ဟိုးအဝေးကြီးထိ ………….။
Crd