လနီခြင်းအကြောင်း

Zawgyi







Unicode

လူပြည်မှာ သွေး ,မီး ,မီးခိုး 3 ခုပေါ်ရင်/ဆုံရင်လနီတတ်ပါတယ် ရှေးအယူကတော့စစ်ဖြစ်ရင်လနီတတ်တယ်တဲ့ (အခုအခြေနေနဲ့စာဖတ်သူများချိန်ကိုက်ကြည့်ပါ)

လပြည့်ညမှာလနီမှအခြေနေဆိုးတာပါ အခုလပြည့်ညလည်းမဟုတ်ပါ စာဖတ်သူများအလွန်စိုးရိမ်စရာမလိုပါ။လနီရင် သေသောသူများရှင်လိမ့်မည် ဆိုတဲ့အယူလည်းရှိပါတယ် ။

သဘောကမိစ္ဆာ မကောင်းဆိုးဝါးတွေညအခါမှာ လမ်းပေါ်လျောက်သွားနေကြတယ်,ပြန်လည်ရှင်သန်လာကြတယ် ။အခုဆို ကျိန်စာတိုက်ရတာနဲ့ အောက်လမ်းအစီရင်တွေလုပ်ကြတာနဲ့လည်းဆိုင်ပါတယ် ။

လနီတာကြည့်မိရင် သုံးနှစ်ကံဆိုးတတ်တယ်လို့အယူရှိပါတယ် ။ထွက်ကြည့်ချင်ရင်လည်း ထီး ဦးထုပ် အိမ်အမိုးကာအောက်မှာပဲကြည့်ပါ ။ကျွန်‌တော်တော့ သုံးနှစ်ကံဆိုးတတ်တာထက် လနီတာကြည့်မိတဲ့သူက ဘုန်းကံနိမ့်သွားတတ်တာကြောင့် ကျန်းမာရေးညံ့တတ်ပါတယ်

လနီတာအပြင်ထွက်ကြည့်မိသူများပရိတ်ရေသောက်ပါ ။ ညဖက်ခွေးအူသံကြားပါကမလန့်ရ။ ညဖက်အပြင်လုံးဝမထွက်ပါနဲ့။လနီရင်နိုင်ငံတစ်ခုမှာကြီးမားတဲ့ပြောင်းလဲချက်ဖြစ်တတ်ပါတယ် ။

ကျွန်‌တော်တို့လုပ်စရာရှိတာဆက်လုပ်ပါ။ ဒီရက်ပိုင်းကျိန်စာ အောက်လမ်းမလုပ်ကြပါနဲ့ ဘုရားရှိခိုးပါ ဘာသာရေးလုပ်ပါ ။ဓမ္မက အဓမ္မကို အမြဲနိုင်ပါတယ် ။