” ေမေမက ေတာ္လွန္ေရးအတြက္ အျဖဴ၊အစိမ္းေလးဝတ္ၿပီး ေျမျဖဴကိုင္တဲ့လက္နဲ႔အသက္ေပးခဲ့တာပါ ခေလးေရ ”
Zawgyi
” ေမေမက ေတာ္လွန္ေရးအတြက္ အျဖဴ၊အစိမ္းေလးဝတ္ၿပီး ေျမျဖဴကိုင္တဲ့လက္နဲ႔အသက္ေပးခဲ့တာပါ ခေလးေရ ”
ေမေမက အျဖဴအစိမ္းဝတ္ အာဇာနည္တစ္ေယာက္ပါ။ တစ္ႏိုင္ငံလုံးက ေမေမ့အတြက္ ဂုဏ္ယူေနၾကပါတယ္။ငါ့ညီမေလး အားတင္းထားေပးပါ။ ေမေမတို႔ေပးလိုက္ရတဲ့ အသက္ေတြနဲ႔ တန္ေအာင္ ဒီေကာင္ေတြကို အႏိုင္တိုက္ေပးမွာမို႔ ၿပိဳလဲမသြားပါနဲ႔ဦး။
အစ္မတို႔အားလုံး ခေလးမေလးနဲ႔ အတူရွိေနမွာပါ။(၂၈၊ ေဖေဖာ္ဝါရီတုန္းက ပညာေရးသပိတ္ကို အၾကမ္းဖက္ၿဖိဳခြဲရာက အသက. ္ေ ပးလိုက္ရတဲ့ ဆရာမႀကီး ေဒၚတင္ႏြဲ႕ရီရဲ႕ သမီးေလးပါ)
မိသားစုမွာမိဘျဖစ္တဲ့အေမ မရွိေတာ့တာ ဘယ္လိုေနမလဲ။မေန႔ကအေမ့မ်က္ႏွာေလး ၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔အိမ္မွာသမီးတို႔အတူရွိၾကတယ္ေနာ္။ဒီေန.့ေတာ့ အေမကသမီးတို႔ကို ႏႈတ္ဆက္ခဲ့ၿပီလား ေမေမ။ေမေမ ခ်က္ေကြၽးတဲ့ ဟင္း၊ထမင္းေလးေတြကို သမီးတို႔စားခ်င္ေနေသးတယ္ေမေမ။
ေမေမ ရယ္သမီးအရမ္းသတိရတယ္ ေမေမေျပေနဆူေနတဲ့ စကားေလးေတြသမီးၾကားလို႔မဝေသးဘူးေမေမ။အေမဟာ သားသမီးတိုင္းအတြက္ အရွားပါးဆုံးအဖိုးတန္ရတနာပါ။အေမရွိေနစဥ္ အေမစကားနားေထာင္၊အေမေျပာသမွ်နာခံေပးၾကပါ
သားတို႔သမီးတို႔ေရ၊မင္းတို႔အေမဟာ အတၱႀကီးတဲ့မိန္းမသားႀကီးျဖစ္ေပမယ့္ မင္းတို႔အတြက္ေတာ့ အေကာင္းဆုံးေတြကိုမွ ေျပာျပေပးတဲ့ လမ္းျပေပးတဲ့ အလင္းေရာင္ဖန္စင္းရွင္ပါ။ေျပာစရာစကားလုံးရွာမေတြ႕ေတာ့ထိ မ်က္ရည္ေတြစီးဆင္းလာတဲ့ သမီးေလးမ်က္နာမ်ိဳးေလးေတြ ဘယ္ေလာက္ျမင္ေစခ်င္ၾကေသးတာလဲ?
Unicode
” မေမေက တော်လှန်ရေးအတွက် အဖြူ၊အစိမ်းလေးဝတ်ပြီး မြေဖြူကိုင်တဲ့လက်နဲ့အသက်ပေးခဲ့တာပါ ခလေးရေ ”
မေမေက အဖြူအစိမ်းဝတ် အာဇာနည်တစ်ယောက်ပါ။ တစ်နိုင်ငံလုံးက မေမေ့အတွက် ဂုဏ်ယူနေကြပါတယ်။ငါ့ညီမလေး အားတင်းထားပေးပါ။ မေမေတို့ပေးလိုက်ရတဲ့ အသက်တွေနဲ့ တန်အောင် ဒီကောင်တွေကို အနိုင်တိုက်ပေးမှာမို့ ပြိုလဲမသွားပါနဲ့ဦး။
အစ်မတို့အားလုံး ခလေးမလေးနဲ့ အတူရှိနေမှာပါ။(၂၈၊ ဖေဖော်ဝါရီတုန်းက ပညာရေးသပိတ်ကို အကြမ်းဖက်ဖြိုခွဲရာက အသက. ်ေ ပးလိုက်ရတဲ့ ဆရာမကြီး ဒေါ်တင်နွဲ့ရီရဲ့ သမီးလေးပါ)
မိသားစုမှာမိဘဖြစ်တဲ့အမေ မရှိတော့တာ ဘယ်လိုနေမလဲ။မနေ့ကအမေ့မျက်နှာလေး ပြုံးပြုံးရွှင်ရွှင်နဲ့အိမ်မှာသမီးတို့အတူရှိကြတယ်နော်။ဒီနေ.့တော့ အမေကသမီးတို့ကို နှုတ်ဆက်ခဲ့ပြီလား မေမေ။မေမေ ချက်ကျွေးတဲ့ ဟင်း၊ထမင်းလေးတွေကို သမီးတို့စားချင်နေသေးတယ်မေမေ။
မေမေ ရယ်သမီးအရမ်းသတိရတယ် မေမေပြေနေဆူနေတဲ့ စကားလေးတွေသမီးကြားလို့မဝသေးဘူးမေမေ။အမေဟာ သားသမီးတိုင်းအတွက် အရှားပါးဆုံးအဖိုးတန်ရတနာပါ။အမေရှိနေစဉ် အမေစကားနားထောင်၊အမေပြောသမျှနာခံပေးကြပါ
သားတို့သမီးတို့ရေ၊မင်းတို့အမေဟာ အတ္တကြီးတဲ့မိန်းမသားကြီးဖြစ်ပေမယ့် မင်းတို့အတွက်တော့ အကောင်းဆုံးတွေကိုမှ ပြောပြပေးတဲ့ လမ်းပြပေးတဲ့ အလင်းရောင်ဖန်စင်းရှင်ပါ။ပြောစရာစကားလုံးရှာမတွေ့တော့ထိ မျက်ရည်တွေစီးဆင်းလာတဲ့ သမီးလေးမျက်နာမျိုးလေးတွေ ဘယ်လောက်မြင်စေချင်ကြသေးတာလဲ?