အဝလြန္သူမ်ား ဗိုက္ေခါက္ထူလာေသာ သူမ်ားအတြက္ ေဆးနည္းေကာင္း
Zawgyi
အဝလြန္သူမ်ား ဗိုက္ေခါက္ထူလာေသာ သူမ်ားအတြက္ ေဆးနည္းေကာင္း
အဝလြန္သူမ်ား၊ ဗိုက္ေခါက္ထူၿပီးလာေသာ အမ်ိဳးသမီးမ်ားအတြက္ ပထမဦးစြာ ေရွာက္႐ြက္ၾကမ္းမ်ားကို ရွာထားပါ။ ပုလင္းတစ္လုံးစီတြင္ ႐ိုး႐ိုး သၾကားသုံးဇြန္း (ဟင္းစားဇြန္း) စီထည့္ရပါမည္။ ပုလင္းမ်ား တစ္လုံးစီတြင္ ေရွာက္ ၉ ႐ြက္စီ ထည့္ေပးပါ။
ေရက်က္ေအးမ်ား ပုလင္းထဲသို႔ အျပည့္ထည့္ၿပီး အဆို႔ပိတ္လ်က္ ေနပူတြင္ ကိုးရက္လွန္းေပးပါ။ ကိုးရက္ေစ့လွ်င္ ေဆးဝါးအျဖစ္ သုံးႏိုင္ပါၿပီ။
နံနက္ တစ္ႀကိမ္၊ ညတစ္ႀကိမ္ အဆိုပါ ေရွာက္႐ြက္ ေဆးရည္ပုလင္းကိုလႈပ္ၿပီးလက္ဖက္ရည္ အၾကမ္းပန္းကန္ တစ္ဝက္ခန႔္ကိုမွန္မွန္ ေသာက္သုံးသြားေပးပါ။ တစ္လႏွစ္လ ရွိေသာအခါ အမ်ိဳးသမီးမ်ား ခါးေသးရင္ခ်ီၿပီး အဆီပို ဗိုက္႐ႊဲမႈမ်ား က်သြား၍ အသားအေရ စစ္သြားပါမည္။ အဆီက် ဓာတ္စာေဆးမ်ားစားျခင္းထက္ စိတ္ခ်ရေသာ ႐ိုးရာ ေဆးနည္း ျဖစ္ပါသည္။
မွန္မွန္ ေသာက္သုံးျခင္းျဖင့္ အသည္း အဆီဖုံးျခင္းႏွင့္ ႏွလုံး အဆီပိတ္ျခင္း တို႔မွလည္း သက္သာ ေပ်ာက္ကင္းေစပါသည္။ လစဥ္ ျမန္မာ လဆန္းတစ္ရက္ေန႔၌ ေရွာက္႐ြက္ႏွစ္႐ြက္၊ သုံး႐ြက္ကိုရွာၿပီး စားျဖစ္ေအာင္ စားထားရန္ အမွာရွိသည္။
ထို႔သို႔စားေပးျခင္းျဖင့္ ေလေရာဂါမ်ား မဝင္ေရာက္ႏိုင္၊ ေလထိုး၊ ေလေအာင့္၊ ေလငန္းေရာဂါမ်ား မဝင္ေရာက္ႏိုင္။ေလငန္း ေရာဂါရွင္မ်ား ေရွာက္႐ြက္၊ င႐ုတ္ေကာင္းႏွင့္ ၾကက္သြန္ျဖဴတို႔ျဖင့္ ဟင္းခါးခ်က္ကာ ေန႔စဥ္ ေသာက္သုံးေပးျခင္းျဖင့္ ေလငန္း ေရာဂါမွ သက္သာ ေပ်ာက္ကင္း ေစပါသည္။crd
Unicode
အဝလွန်သူများ ဗိုက်ခေါက်ထူလာသော သူများအတွက် ဆေးနည်းကောင်း
အဝလွန်သူများ၊ ဗိုက်ခေါက်ထူပြီးလာသော အမျိုးသမီးများအတွက် ပထမဦးစွာ ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ ပုလင်းတစ်လုံးစီတွင် ရိုးရိုး သကြားသုံးဇွန်း (ဟင်းစားဇွန်း) စီထည့်ရပါမည်။ ပုလင်းများ တစ်လုံးစီတွင် ရှောက် ၉ ရွက်စီ ထည့်ပေးပါ။
ရေကျက်အေးများ ပုလင်းထဲသို့ အပြည့်ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။ ကိုးရက်စေ့လျှင် ဆေးဝါးအဖြစ် သုံးနိုင်ပါပြီ။
နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါ ရှောက်ရွက် ဆေးရည်ပုလင်းကိုလှုပ်ပြီးလက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကိုမှန်မှန် သောက်သုံးသွားပေးပါ။ တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍ အသားအရေ စစ်သွားပါမည်။ အဆီကျ ဓာတ်စာဆေးများစားခြင်းထက် စိတ်ချရသော ရိုးရာ ဆေးနည်း ဖြစ်ပါသည်။
မှန်မှန် သောက်သုံးခြင်းဖြင့် အသည်း အဆီဖုံးခြင်းနှင့် နှလုံး အဆီပိတ်ခြင်း တို့မှလည်း သက်သာ ပျောက်ကင်းစေပါသည်။ လစဉ် မြန်မာ လဆန်းတစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက်ကိုရှာပြီး စားဖြစ်အောင် စားထားရန် အမှာရှိသည်။
ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မဝင်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မဝင်ရောက်နိုင်။လေငန်း ရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ် သောက်သုံးပေးခြင်းဖြင့် လေငန်း ရောဂါမှ သက်သာ ပျောက်ကင်း စေပါသည်။crd