လမ္းမေပၚက ျပည္သူေတြရဲ႕ က်န္းမားေရး ေစာင့္ေရွာက္မႈမ်ားကို တက္ႏိုင္တဲ့ဘက္ေန ကိုယ္တိုင္ကိုယ္က် အပင္ပန္းခံၿပီး လုပ္ကိုင္ေပးေနတဲ့ ေဝဠဳေက်ာ္

Zawgyi

လမ္းမေပၚက ျပည္သူေတြ ရဲ႕ က်န္းမားေရး ေစာင့္ေရွာက္မႈမ်ားကို တက္ႏိုင္တဲ့ ဘက္ေန ကိုယ္တိုင္ ကိုယ္က် အပင္ပန္းခံၿပီး လုပ္ကိုင္ ေပးေနတဲ့ ေဝဠဳေက်ာ္

ျပည္သူေတြ ေလးစား ခ်စ္ခင္ရတဲ့ ဝါရင့္မင္းသားႀကီး ေဝဠဳေက်ာ္ကေတာ့ လက္ရွိမွာ အႏုပညာ အလုပ္ေတြထက္ ပရဟိတေဖာင္ေဒးရွင္းတစ္ခုကို ဖြဲ႕စည္းၿပီးတကယ့္ကိုမြန္ျမတ္လွတဲ့ လူမႈေရးအက်ိဳးျပဳ လုပ္ငန္းေတြကို အားႀကိဳးမာန္တက္ ဦးေဆာင္ၿပီး လုပ္ကိုင္ေပးေနတဲ့ အႏုပညာရွင္ တစ္ေယာက္ပဲ ျဖစ္ပါတယ္။

သူ႔ရဲ႕ ေဖာင္ေဒးရွင္းအသင္းကေတာ့ အခက္အခဲ ျဖစ္ေနတဲ့ ဘယ္ေနရာ ေဒသမဆို အလႉရွင္ေတြရဲ႕ ကိုယ္စား သြားေရာက္လႉဒါန္းေပးသလိုကိုဗစ္တိုက္ဖ်က္ေရး ကာလေတြမွာလည္း က်န္းမာေရး ဝန္ထမ္းေတြနဲ႔အတူ ေရွ႕တန္းကေန ေန႔မနားညမနား ပါဝင္ လုပ္ကိုင္ေပးခဲ့ၾကပါတယ္။

လတ္တေလာမွာဆိုရင္လည္း လူစုလူေဝး လႈပ္ရွားမႈေတြရွိ တဲ့ ေနရာေတြမွာ ေန႔စဥ္အမွ်ဆိုသလို ေဝဠဳေက်ာ္က သူ႔ရဲ႕ အသင္းသားေတြ နဲ႔အတူ က်န္းမာေရးေစာင့္ေရွာင္မႈေတြေပးခဲ့တာ ေတြ႕ရပါတယ္။

ဒါ့အျပင္ တက္ႏိုင္တဲ့ ဘက္ေန ျပည္သူျပည္သားေတြအတြက္ ကူညီေစာင့္ေရွာက္ေပးခဲ့တဲ့ မွတ္တမ္း တင္ပုံေလးေတြကို ျပန္လည္ေဖာ္ျပေပးပါတယ္။ ယခုမွာလည္း ေဝဠဳေက်ာ္ဟာ မေန႔က လမ္းမေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေနၾကတဲ့ ျပည္သူေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္ေပးခဲ့တာကို ေဖာ္ျပလာခဲ့ပါတယ္။

ဒီပုံေလးေတြကေတာ့ ေဝဠဳေက်ာ္တို႔အသင္းက(ရန္ကုန္) ၾကက္ေျခနီတပ္ဖြဲ႕ေတြနဲ႔ ပူးေပါင္းၿပီး လမ္းေၾကာင္း ႏွစ္ေၾကာင္းျဖစ္တဲ့ မဂၤလာေတာင္ၫႊန္႔ ၿမိဳ႕နယ္ ယုဇနပလာအနီး ႏွင့္ ရန္ကင္းၿမိဳ႕နယ္ ၁၂ လုံးတန္း အနီးအျပင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ စံျပေဈး၊ မီးပြိဳင့္လမ္းဆုံအနီးေတြက ျပည္သူေတြရဲ႕ က်န္းမားေရးအတြက္

Medical cover team အျဖစ္ ေဆာင္႐ြက္ေပး ခဲ့တာ ျဖစ္ပါတယ္။ ကဲ…ပရိသတ္ႀကီးေရ တိုင္းျပည္အတြက္ တစ္ေထာင့္တစ္ေနရာကေန ျပည္သူျပည္သားေတြအတြက္လိုအပ္သလိုကူညီေပးခဲ့တဲ့ ေဝဠဳေက်ာ္ ေဖာင္ေဒးရွင္းကို ဒီထက္မက ပိုမိုလုပ္ေဆာင္ႏိုင္ေအာင္ ဆုမြန္ ေကာင္းေတာင္းေပးလိုက္ပါဦး။

Photo Credit – Wai Lu Kyaw foundation fb page

Unicode

လမ်းမပေါ်က ပြည်သူတွေ ရဲ့ ကျန်းမားရေး စောင့်ရှောက်မှုများကို တက်နိုင်တဲ့ ဘက်နေ ကိုယ်တိုင် ကိုယ်ကျ အပင်ပန်းခံပြီး လုပ်ကိုင် ပေးနေတဲ့ ဝေဠုကျော်

ပြည်သူတွေ လေးစား ချစ်ခင်ရတဲ့ ဝါရင့်မင်းသားကြီး ဝေဠုကျော်ကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေထက် ပရဟိတဖောင်ဒေးရှင်းတစ်ခုကို ဖွဲ့စည်းပြီးတကယ့်ကိုမွန်မြတ်လှတဲ့ လူမှုရေးအကျိုးပြု လုပ်ငန်းတွေကို အားကြိုးမာန်တက် ဦးဆောင်ပြီး လုပ်ကိုင်ပေးနေတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။

သူ့ရဲ့ ဖောင်ဒေးရှင်းအသင်းကတော့ အခက်အခဲ ဖြစ်နေတဲ့ ဘယ်နေရာ ဒေသမဆို အလှူရှင်တွေရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးသလိုကိုဗစ်တိုက်ဖျက်ရေး ကာလတွေမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ နေ့မနားညမနား ပါဝင် လုပ်ကိုင်ပေးခဲ့ကြပါတယ်။

လတ်တလောမှာဆိုရင်လည်း လူစုလူဝေး လှုပ်ရှားမှုတွေရှိ တဲ့ နေရာတွေမှာ နေ့စဉ်အမျှဆိုသလို ဝေဠုကျော်က သူ့ရဲ့ အသင်းသားတွေ နဲ့အတူ ကျန်းမာရေးစောင့်ရှောင်မှုတွေပေးခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် တက်နိုင်တဲ့ ဘက်နေ ပြည်သူပြည်သားတွေအတွက် ကူညီစောင့်ရှောက်ပေးခဲ့တဲ့ မှတ်တမ်း တင်ပုံလေးတွေကို ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဝေဠုကျော်ဟာ မနေ့က လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

ဒီပုံလေးတွေကတော့ ဝေဠုကျော်တို့အသင်းက(ရန်ကုန်) ကြက်ခြေနီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမ်းကြောင်း နှစ်ကြောင်းဖြစ်တဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ် ယုဇနပလာအနီး နှင့် ရန်ကင်းမြို့နယ် ၁၂ လုံးတန်း အနီးအပြင် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး၊ မီးပွိုင့်လမ်းဆုံအနီးတွေက ပြည်သူတွေရဲ့ ကျန်းမားရေးအတွက်

Medical cover team အဖြစ် ဆောင်ရွက်ပေး ခဲ့တာ ဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ပြည်သူပြည်သားတွေအတွက်လိုအပ်သလိုကူညီပေးခဲ့တဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းကို ဒီထက်မက ပိုမိုလုပ်ဆောင်နိုင်အောင် ဆုမွန် ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit – Wai Lu Kyaw foundation fb page