
Zawgyi












Crd-Original Post

Unicode

သူရဲကောင်းလေးညီညီအောင်ထက်နိုင် ကျဆုံးသွားတဲ့နေရာလေးမှာ ထူးဆန်းစွာနဲ့ ညတိုင်းလာပြီး ထိုင်နေတတ်တဲ့ ကြောင်လေးတစ်ကောင်

ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက စတင်လိုက်တဲ့ ဒီအခြေအနေကြီးကတော့ ပြည်သူတွေရဲ့စိတ်ထဲကို ဒီနေ့အချိန်ထိတိုင် လွှမ်းမိုးထားဆဲဖြစ်ပါတယ်ပြည်သူလူထုကလည်း အမှန်တရားအတွက်ရင်ဆိုင်နေကြတာဖြစ်လို့၊အားမလျော့ကြသေးဘဲ

အကုန်လုံး စည်းစည်းလုံးလုံးရှိနေကြဆဲပဲဖြစ်ပါတယ်ဒီတစ်လကျော်အတွင်းမှာဆိုရင်လူထုလှုပ်ရှားမှုတွေမှာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေလည်းအယောက် ၅၀ ကျော် ရှိနေပြီဖြစ်လို့ ပြည်သူလူထု

ကတော့ကျန်ရစ်သူမိသားစုတွေနဲ့ထပ်တူထပ်မျှ မ်းနည်းပူဆွေးနေရတာဖြစ်ပါတယ်ပြည်သူတွေကလည်းကျန်ရစ်သူမိသားစုဝင်တွေကို အားပေးစကားတွေနဲ့ နှစ်သိမ့်ပြီး ကူညီစောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က လှည်းတန်းမှာ ဝမ်းဗိုက်ကို ကျည်ဆံထိပြီး ဆုံးသွားတဲ့ သူရဲကောင်း ညီညီအောင်ထက်နိုင် ဆိုရင် ၂၃နှစ်ပဲရှိပါသေးတယ် ညီညီဆုံးသွားတဲ့ နေရာလေးမှာ ပြည်သူတွေက

ဆီမီးတွေထွန်းပေးပြီးပန်းလေးတွေပါပြင်ဆင်ပေးထားကြတာဖြစ်ပါတယ်အခုလိုမျိုးငယ်ငယ်ရွယ်ရွယ်နဲ့အနာဂတ်ရဲ့ကြယ်ပွင့်လေးဆုံးရှုံးသွားရတာကြောင့်မိသားစုဝင်တွေကလည်း ရမ်းခံစားခဲ့ရတာဖြစ်ပါတယ် ညီညီ့ရဲ့အမွှာအစ်ကိုကလည်း၊

သူ့ရဲ့တစ်ဦးတည်းသောညီလေးကိုအရမ်းချစ်ပြီး အတူရှိစဉ်တုန်းက အမှတ်တရတွေကို ပြန်တွေးကာ သတိရနေတာဖြစ်ပါတယ် ကျဆုံးသွားတဲ့သူရဲကောင်းလေး ညီညီကတော့ တိရိစ္ဆာန်လေးတွေကိုလည်းကြင်နာတတ်တာ၊

ကြောင့် ကြောင် လေးတစ်ကောင်ကိုလည်း မွေးထားတာဖြစ်ပါတယ်ညီညီမွေးထားတဲ့ကြောင်လေးဆိုရင် သခင်မရှိတော့တဲ့အချိန်မှာဓာတ်ပုံလေးအရှေ့ကိုသာသွားပြီးအိပ်နေတာဖြစ်ပါတယ်အခုဆိုရင်လည်းလှည်းတန်းက၊

ညီညီဆုံးသွားတဲ့ နေရာလေးမှာ ကြောင်လေးတစ်ကောင် ညတိုင်းလာနေတာဖြစ်ပါတယ် ကြောင်လေးကတော့ အဲ့နေရာလေးမှာ ငှိမငြှိမလြေးသာထိုင်ပြီး အဖော်ပြုပေးသလိုဖြစ်ပါတယ်။

ဘဝတစ်ပါးကို ပြောင်းသွားပြီဖြစ်တဲ့ ညီညီကိုတော့ ပြည်သူလူထုက ယနေ့အချိန်ထိတိုင်အောက်မေ့သတိရနေဆဲဖြစ်ပြီး သူဆုံးသွားတဲ့ နေရာလေးမှာလည်း ပန်းလေးတွေကို အမြဲမပျက်ထားပေးကြတာဖြစ်ပါတယ်။

အခုလိုအချိန်ပေးပြီး ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သော နေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Crd-Original Post