မနက္ကေျပးရင္းလႊားရင္ က်ဴးေက်ာ္ရပ္ကြက္ေရာက္ေတာ့က်ဴးေက်ာ္အာဝါဒီးေတြပဲလို႔ ေတြးခဲ့မိတဲ့ကိုယ့္ကိုကိုယ္ေတာင္႐ြံမိတယ္

Zawgyi

မနက္ကေျပးရင္းလႊားရင္ က်ဴးေက်ာ္ရပ္ကြက္ေရာက္ေတာ့က်ဴးေက်ာ္အာဝါဒီးေတြပဲလို႔ ေတြးခဲ့မိတဲ့ကိုယ့္ကိုကိုယ္ေတာင္႐ြံမိတယ္

မနက္ကေျပးရင္းလႊားရင္ က်ဴးေက်ာ္ရပ္ကြက္..ေရာက္ေတာ ပိတ္မိသြားပီ ဘယ္မွကူးလို႔မရေတာ့တဲ့အေျခအေနေရာက္သြားတယ္ ဟိုဘက္ကူးတဲ့အေပါက္ကလည္းပိတ္ထားတယ္။

အဲ့ဒီက်ဴးေက်ာ္ရပ္ကြက္မွာပဲခဏပုန္းေနခဲ့ရတယ္။အဲ့အခ်ိန္ကဗိုက္ဆာ အိပ္ေရးလည္းမဝ သူတို႔ေဖ်ာ္တိုက္တဲ့ေကာ္ဖီေသာက္ရတယ္ ေန႔လည္ေရာက္ေတာ့လဲသူတို႔ကပဲခ်က္ေကြၽးတဲ့ထမင္းကိုစားခဲ့ရတယ္။

အသားတုပဲဟင္း၊ ငါးေျခာက္ေၾကာ္၊ ၾကက္ဥေၾကာ္ ရယ္ တကယ္အရသာရွိတယ္ သူတို႔မ်က္ႏွာမွာလည္းေစတနာပီတိေတြျမင္ရတယ္ ထမင္းစားၿပီးေတာ့လွဲၿပီးနားခ်င္တဲအလြတ္ေလးရွိတယ္တဲ့ နားၾကမလားတဲ့ စိတ္ခ်ပါ ကြၽန္ေတာ္တို႔ရပ္ကြက္ကလုံၿခဳံပါတယ္တဲ့..

သူေတာင္းစား ေတြပဲေနၾကတာတဲ့..ဘယ္သူမွအဖက္မလုပ္ၾကပါဘူးတဲ့..ဟုတ္တယ္ဗ်ာ ကြၽန္ေတာ္တို႔အဆင္ေျပေနတုန္းကသူတို႔ကို ေစာက္ဖက္ေတာင္လုပ္ခဲ့တာမဟုတ္ဘူး။

က်ဴးေက်ာ္အာဝါဒီးေတြပဲလို႔ ေတြးခဲ့မိတဲ့ကိုယ့္ကိုကိုယ္ေတာင္႐ြံမိတယ္ သူတို႔မွာကြၽန္ေတာ္တို႔ထက္ျမင့္ျမတ္တဲ့စိတ္ထားေတြအျပည့္အဝရွိတာ ဒီေန႔ျမင္ခဲ့ရတယ္…

ကြၽန္ေတာ္တို႔ကိုလာေခၚထုတ္ေပးတဲ့ကားလာတဲ့အခ်ိန္မွာေတာ့ တိုက္အိမ္အႀကီးႀကီးေပၚကလူေတြရဲ႕ယုတ္ညံမႈကိုလည္းျမင္ခဲ့ရတယ္ ဂိတ္တံခါးေလးဖြင့္ေပးဖို႔ေတာင္းပန္တာေတာင္မဖြင့္ေပးခဲ့ဘူး ေနာက္ဆုံး အုတ္တံတိုင္းကိုေက်ာ္တက္ခဲ့ရတယ္။

ခက္ခက္ခဲခဲ ဓားသြားဆူးႀကိဳးေတြအျပည့္တပ္ထားတဲ့အုတ္တံတိုင္းေပၚႀကိဳးနဲ႔တြယ္တက္ ဓားသြားေတြရွ ျဖစ္တဲ့အထိတက္ခဲ့ရတယ္ အဲ့မွာကြဲကြဲျပားျပားသိလိုက္ရတာက စိတ္ဓာတ္ေတြက မိုးနဲ႔ေျမလိုကြာျခားၾကတာပဲ

အဲ့ဒီတံခါးမဖြင့္ေပးတဲ့အိမ္ကေတာ့ မွတ္မွတ္ရရ ငယ္ငယ္ကတည္းကသိတာ D2 ပိုင္ရွင္ရဲ႕အိမ္ပါ ေတာ္လွန္ေရးႀကီးၿပီးမွေတြ႕ၾကတာေပါ့ဗ်ာ ထမင္းေႂကြး ေနစရာေပးခဲ့တဲ့ျမင့္ျမတ္တဲစိတ္ဓာတ္ပိုင္ရွင္က်ဴးေက်ာ္က ေက်းဇူးရွင္ေတြကိုလည္းေတာ္လွန္ေရးႀကီးၿပီးတဲ့အခါေတြ႕ခ်င္ပါေသးတယ္ဗ်ာ

ေလးစားဖြယ္စိတ္ဓာတ္ပိုင္ရွင္ေတြပါ

Unicode

မနက်ကပြေးရင်းလွှားရင် ကျူးကျော်ရပ်ကွက်ရောက်တော့ကျူးကျော်အာဝါဒီးတွေပဲလို့ တွေးခဲ့မိတဲ့ကိုယ့်ကိုကိုယ်တောင်ရွံမိတယ်

မနက်ကပြေးရင်းလွှားရင် ကျူးကျော်ရပ်ကွက်..ရောက်တော ပိတ်မိသွားပီ ဘယ်မှကူးလို့မရတော့တဲ့အခြေအနေရောက်သွားတယ် ဟိုဘက်ကူးတဲ့အပေါက်ကလည်းပိတ်ထားတယ်။

အဲ့ဒီကျူးကျော်ရပ်ကွက်မှာပဲခဏပုန်းနေခဲ့ရတယ်။အဲ့အချိန်ကဗိုက်ဆာ အိပ်ရေးလည်းမဝ သူတို့ဖျော်တိုက်တဲ့ကော်ဖီသောက်ရတယ် နေ့လည်ရောက်တော့လဲသူတို့ကပဲချက်ကျွေးတဲ့ထမင်းကိုစားခဲ့ရတယ်။

အသားတုပဲဟင်း၊ ငါးခြောက်ကြော်၊ ကြက်ဥကြော် ရယ် တကယ်အရသာရှိတယ် သူတို့မျက်နှာမှာလည်းစေတနာပီတိတွေမြင်ရတယ် ထမင်းစားပြီးတော့လှဲပြီးနားချင်တဲအလွတ်လေးရှိတယ်တဲ့ နားကြမလားတဲ့ စိတ်ချပါ ကျွန်တော်တို့ရပ်ကွက်ကလုံခြုံပါတယ်တဲ့..

သူတောင်းစား တွေပဲနေကြတာတဲ့..ဘယ်သူမှအဖက်မလုပ်ကြပါဘူးတဲ့..ဟုတ်တယ်ဗျာ ကျွန်တော်တို့အဆင်ပြေနေတုန်းကသူတို့ကို စောက်ဖက်တောင်လုပ်ခဲ့တာမဟုတ်ဘူး။

ကျူးကျော်အာဝါဒီးတွေပဲလို့ တွေးခဲ့မိတဲ့ကိုယ့်ကိုကိုယ်တောင်ရွံမိတယ် သူတို့မှာကျွန်တော်တို့ထက်မြင့်မြတ်တဲ့စိတ်ထားတွေအပြည့်အဝရှိတာ ဒီနေ့မြင်ခဲ့ရတယ်…

ကျွန်တော်တို့ကိုလာခေါ်ထုတ်ပေးတဲ့ကားလာတဲ့အချိန်မှာတော့ တိုက်အိမ်အကြီးကြီးပေါ်ကလူတွေရဲ့ယုတ်ညံမှုကိုလည်းမြင်ခဲ့ရတယ် ဂိတ်တံခါးလေးဖွင့်ပေးဖို့တောင်းပန်တာတောင်မဖွင့်ပေးခဲ့ဘူး နောက်ဆုံး အုတ်တံတိုင်းကိုကျော်တက်ခဲ့ရတယ်။

ခက်ခက်ခဲခဲ ဓားသွားဆူးကြိုးတွေအပြည့်တပ်ထားတဲ့အုတ်တံတိုင်းပေါ်ကြိုးနဲ့တွယ်တက် ဓားသွားတွေရှ ဖြစ်တဲ့အထိတက်ခဲ့ရတယ် အဲ့မှာကွဲကွဲပြားပြားသိလိုက်ရတာက စိတ်ဓာတ်တွေက မိုးနဲ့မြေလိုကွာခြားကြတာပဲ

အဲ့ဒီတံခါးမဖွင့်ပေးတဲ့အိမ်ကတော့ မှတ်မှတ်ရရ ငယ်ငယ်ကတည်းကသိတာ D2 ပိုင်ရှင်ရဲ့အိမ်ပါ တော်လှန်ရေးကြီးပြီးမှတွေ့ကြတာပေါ့ဗျာ ထမင်းကြွေး နေစရာပေးခဲ့တဲ့မြင့်မြတ်တဲစိတ်ဓာတ်ပိုင်ရှင်ကျူးကျော်က ကျေးဇူးရှင်တွေကိုလည်းတော်လှန်ရေးကြီးပြီးတဲ့အခါတွေ့ချင်ပါသေးတယ်ဗျာ

လေးစားဖွယ်စိတ်ဓာတ်ပိုင်ရှင်တွေပါ