ပုဇြန္တုပ္ႀကိဳက္သူေတြကို စိတ္ပ်က္ေစမယ့္သတင္း

Zawgyi

ပုဇြန္တုပ္ႀကိဳက္သူေတြကို စိတ္ပ်က္ေစမယ့္သတင္း

Mirror သတင္းဌာနကေန ေဈးကြက္ထဲကို ေန႔စဥ္လိုလိုေရာက္ရွိေနတဲ့ ပုဇြန္ထုတ္ပိုးမႈပုံစံေတြကို ေဖာ္ထုတ္ခဲ့ပါတယ္။ ပုဇြန္ဟာ ပင္လယ္စာတစ္မ်ိးျဖစ္ၿပီး ႏိုင္ငံတိုင္းလိုလို အျမတ္တႏိုးနဲ႔ တန္ဖိုးထားၿပီး ေဈးႀကီးေပး စားသုံးေနၾကတဲ့ အစားအစာ ျဖစ္ပါတယ္။

အေကာင္ႀကီးသြားတာနဲ႔အမွ် ေဈပိုေကာင္းေလ့ရွိတာကေတာ့ ပုဇြန္ ျဖစ္ပါတယ္။၎ပုဇြန္ေတြကို ေဈးကြက္ထဲ တင္ပို႔ျခင္းမျပဳမီမွာ ပုဇြန္ေတြ အေလးခ်ိန္စီးဖို႔၊ အခ်ိန္ၾကာသည္အထိ ပုပ္သိုးမႈမရွိေစဖို႔၊ အ႐ြယ္အစား ႀကီးမားၿပီး ေဈးေကာင္းရေစဖို႔ ရည္႐ြယ္ၿပီး

ေဆးထိုးအပ္ကို အသုံးျပဳကာ ဂ်ယ္လီေဆးအမ်ိဳးမ်ိဳးနဲ႔ Carboxymethyl ဓာတုေဗဒေဆးရည္ေတြ ထိုးထည့္ကာ စီမံၾကပါတယ္။အရင္ဦးဆုံး ပုဇြန္ရဲ႕ အျမႇီးထဲကို ေဆးထိုးထည့္ၿပီး၊ ေနာက္ ခႏၶာကိုယ္ဗိုက္ထဲကိုလည္း ေဆးထိုးထည့္ပါတယ္။

ၿပီးလွ်င္ ပုွဇြန္ပါးဟပ္လို႔ေျပာလို႔ရမယ့္ ေနရာေအာက္ကိုလည္း ေဆးထိုးထည့္ပါတယ္။ ဒီနည္းနဲ႔ အေလးခ်ိန္ 1.15 ကီလိုဂရမ္မွ 1.2 ကီလိုအထိ အေလးခ်ိန္ ရေအာင္ လုပ္လို႔ရတယ္လို႔ သိရပါတယ္။

အဆိုပါ လုပ္ေဆာင္ပုံကို Vietnamese TV ကေန တရားဝင္ျပသခဲ့တာလို႔ သိရၿပီး ျပည္သူလူထုအေနနဲ႔ ေရွာင္ရွားႏိုင္ေစဖို႔ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။ ဗြီဒီယိုထဲမွာပါတဲ့ ပုဇြန္ေတြကေတာ့ Tiger Prawn လို႔ လူသိမ်ားတဲ့ ပုဇြန္အမ်ိဳးအစားျဖစ္ၿပီ

Carboxymethyl cellulose သို႔မဟုတ္ CMC လို႔ အမည္ရတဲ့ ဓာတုေဗဒေဆးကိုလည္း တြင္တြင္က်ယ္က်ယ္ ထိုးထည့္ေလ့ရွိတယ္လို႔ သိရပါတယ္။ဗီယက္နမ္ႏိုင္ငံမွာေတာ့ အဲဒီ Tiger Prawn ကို ၾသစေတးလွ်ေဈးကြက္ကို အဓိကတင္ပို႔ေလ့ရွိၿပီး

ပိုလွ်ံရင္ ျပည္တြင္းကိုျပန္လည္ေရာင္းခ်တယ္လို႔ သိရပါတယ္။ ဒါ့အျပင္ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ကိုလည္း တင္ပို႔ေလ့ရွိၿပီး ဒီနည္းကိုပဲ တြင္တြင္က်ယ္က်ယ္ သုံးၾကတယ္လို႔ သိရပါတယ္။

Unicode

ပုဇွန်တုပ်ကြိုက်သူတွေကို စိတ်ပျက်စေမယ့်သတင်း

Mirror သတင်းဌာနကနေ ဈေးကွက်ထဲကို နေ့စဉ်လိုလိုရောက်ရှိနေတဲ့ ပုဇွန်ထုတ်ပိုးမှုပုံစံတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ပုဇွန်ဟာ ပင်လယ်စာတစ်မျိးဖြစ်ပြီး နိုင်ငံတိုင်းလိုလို အမြတ်တနိုးနဲ့ တန်ဖိုးထားပြီး ဈေးကြီးပေး စားသုံးနေကြတဲ့ အစားအစာ ဖြစ်ပါတယ်။

အကောင်ကြီးသွားတာနဲ့အမျှ ဈေပိုကောင်းလေ့ရှိတာကတော့ ပုဇွန် ဖြစ်ပါတယ်။၎င်းပုဇွန်တွေကို ဈေးကွက်ထဲ တင်ပို့ခြင်းမပြုမီမှာ ပုဇွန်တွေ အလေးချိန်စီးဖို့၊ အချိန်ကြာသည်အထိ ပုပ်သိုးမှုမရှိစေဖို့၊ အရွယ်အစား ကြီးမားပြီး ဈေးကောင်းရစေဖို့ ရည်ရွယ်ပြီး

ဆေးထိုးအပ်ကို အသုံးပြုကာ ဂျယ်လီဆေးအမျိုးမျိုးနဲ့ Carboxymethyl ဓာတုဗေဒဆေးရည်တွေ ထိုးထည့်ကာ စီမံကြပါတယ်။အရင်ဦးဆုံး ပုဇွန်ရဲ့ အမြှီးထဲကို ဆေးထိုးထည့်ပြီး၊ နောက် ခန္ဓာကိုယ်ဗိုက်ထဲကိုလည်း ဆေးထိုးထည့်ပါတယ်။

ပြီးလျှင် ပုှဇွန်ပါးဟပ်လို့ပြောလို့ရမယ့် နေရာအောက်ကိုလည်း ဆေးထိုးထည့်ပါတယ်။ ဒီနည်းနဲ့ အလေးချိန် 1.15 ကီလိုဂရမ်မှ 1.2 ကီလိုအထိ အလေးချိန် ရအောင် လုပ်လို့ရတယ်လို့ သိရပါတယ်။

အဆိုပါ လုပ်ဆောင်ပုံကို Vietnamese TV ကနေ တရားဝင်ပြသခဲ့တာလို့ သိရပြီး ပြည်သူလူထုအနေနဲ့ ရှောင်ရှားနိုင်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဗွီဒီယိုထဲမှာပါတဲ့ ပုဇွန်တွေကတော့ Tiger Prawn လို့ လူသိများတဲ့ ပုဇွန်အမျိုးအစားဖြစ်ပြီ

Carboxymethyl cellulose သို့မဟုတ် CMC လို့ အမည်ရတဲ့ ဓာတုဗေဒဆေးကိုလည်း တွင်တွင်ကျယ်ကျယ် ထိုးထည့်လေ့ရှိတယ်လို့ သိရပါတယ်။ဗီယက်နမ်နိုင်ငံမှာတော့ အဲဒီ Tiger Prawn ကို သြစတေးလျှဈေးကွက်ကို အဓိကတင်ပို့လေ့ရှိပြီး

ပိုလျှံရင် ပြည်တွင်းကိုပြန်လည်ရောင်းချတယ်လို့ သိရပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ကိုလည်း တင်ပို့လေ့ရှိပြီး ဒီနည်းကိုပဲ တွင်တွင်ကျယ်ကျယ် သုံးကြတယ်လို့ သိရပါတယ်။