သာသနာေတာ္ဘြဲ႕တံဆိပ္ဆုခ်ီးျမႇင့္ခံရသူ ေနအိမ္မွဗုဒၶ႐ုပ္ပြားေတာ္ မ်က္လုံးတစ္လုံးပြင့္လာ
Zawgyi
သာသနာေတာ္ ဘြဲ႕တံဆိပ္ဆုခ်ီးျမႇင့္ခံရသူ ေနအိမ္မွ ဗုဒၶ႐ုပ္ပြားေတာ္ မ်က္လုံးတစ္လုံးပြင့္လာ
ႏိုင္ငံေတာ္မွာ သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ားခ်ီးျမႇင့္ခံထားရသူတစ္ဦးျဖစ္တဲ့ ေဒါက္တာလွဝင္း ေအာင္ရဲ႕ ေနအိမ္မွာ ကိန္းဝပ္စံပၸာယ္ေတာ္မူေနေသာ ေက်ာက္စိမ္းဆင္းတုေတာ္မွာ မ်က္လုံးေတာ္ပြင့္ၿပီး ၿပဳံးေတာ္မူလာတာေၾကာင့္ အမ်ားျပည္သူမ်ားဖူးေတြ႕ႏိုင္ေစဖို႔
ေဒါက္တာလွဝင္းေအာင္က သူ႔ရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာကေန တဆင့္ပူေဇာ္ခြင့္ရႏိုင္ဖို႔ တင္ေပးထားခဲ့ပါတယ္။အဆိုပါေက်ာက္စိမ္းဆင္းတုေတာ္ျမတ္မွာ ေက်ာက္ စိမ္းတုံးတစ္တုံးတည္းကေန တစ္ဆက္တည္းထုလုပ္ပူ ေဇာ္ထားျခင္းျဖစ္ၿပီး
ဉာဏ္ေတာ္၃၆လက္မ၊ အလ်ား ၂၈လက္မ ထုလုပ္ပူေဇာ္ထားတာျဖစ္ၿပီး ေရာင္းခ်ဖို႔အစီ အစဥ္မရွိဘူးလို႔လည္း ေျပာၾကားထားတာျဖစ္ပါတယ္။သာသနာေတာ္ဆိုင္ရာ ဘြဲ႕တံဆိပ္ေတာ္မ်ားရရွိထားတဲ့ ေဒါက္တာလွဝင္းေအာင္မွာ ဘစိုးဥေက်ာက္မ်က္ရတနာဆိုင္ကို
ဖြင့္လွစ္ထားသူတစ္ေယာက္ျဖစ္ၿပီး လတ္တ ေလာ မွာလည္း အြန္လိုင္းမွ ေက်ာက္စိမ္းဆင္းတုမ်ားနဲ႔ အႏုပညာလက္မႈပစၥည္းမ်ားကိုေရာင္းခ်ေပးျခင္း၊ ဘုရားမ်ားကို မဲေဖာက္ေပးျခင္းႏႈင့္ ေက်ာက္စိမ္းဆင္းတုေတာ္မ်ားကို မဲေဖာက္လႉတန္းေပးျခင္းမ်ားကို လည္း ေဆာင္႐ြက္ေနတဲ့ သူတစ္ေယာက္ျဖစ္ပါတယ္။ယခုကဲ့သို႔ေက်ာက္စိမ္းဆင္းတုေတာ္ မ်က္လုံးေတာ္ဖြင့္မည့္ေန႔မွာလည္း
ကိုဗစ္၁၉ေရာဂါကာကြယ္ရန္အတြက္ မက္စ္တစ္ေသာင္းခန္႔လႉတန္းရန္ျပင္ဆင္ၿပီးပစၥည္းမ်ားေ႐ႊ႕ေျပာင္းေနစဥ္မွာ ဝိုင္းဝန္းကူညီေနတဲ့ကေလးမ်ားက စတင္ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ အသိေပးထားပါတယ္။ “ဆရာေက်ာက္စိမ္းဘုရားႀကီးက ၿပဳံးၿပီးမ်က္လုံးေတာ္ ကဖြင့္ၾကည့္ေနတယ္” ဆိုၿပီး ဝမ္းသာအားရေျပာျပေနခ်ိန္မွ
ေဒါက္တာလွဝင္းေအာင္ကလည္း အႏၲရယ္ကင္း ပရိတ္ေတာ္မ်ား ႐ြတ္ဖတ္ေနခ်ိန္နဲ႔တိုက္ဆိုင္ေနတယ္လို႔လည္း အသိေပးေျပာၾကားထားတာျဖစ္ပါတယ္။ေက်ာက္စိမ္းဆင္းတုေတာ္ျမတ္ႀကီးကိုလည္းမႏၲေလးၿမိဳ႕မွ တဆင့္ဝယ္ယူလာတဲ့သူရွိပါေသာ္လည္း ထူးဆန္း တဲ့ အိပ္မက္မ်ားလည္းမက္ခဲ့တာေၾကာင့္
အခုခ်ိန္မွာေတာ့ ျပန္လည္ေရာင္းခ်ဖို႔ အစီအစီမရွိေတာ့ဘူးလို႔လည္း ေျပာၾကားထားတာျဖစ္ပါတယ္။ဒီလိုျဖစ္တာကို သူ႔အေနနဲ႔ အတိတ္ေကာင္းနိမိတ္ေကာင္းမ်ားျဖစ္တယ္လို႔ ယူဆၿပီး ၇ရက္သားသမီးမ်ားအား လုံးလည္း ဆုေတာင္းေႂတြပည့္ေစဖို႔နဲ႔
က်န္းမာ၊ခ်မ္းသာပါေစေၾကာင္း ေမတၱာမ်ားပို႔ပါတယ္လို႔ ေျပာၾကားထား ၿပီး အားလုံးဖူးေမွ်ာ္ၾကည္ညိဳႏိုင္ၾကေစဖို႔ မ်က္လုံးေတာ္ဖြင့္ၿပီး ၿပဳံးေတာ္မူေနတဲ့ ေက်ာက္စိမ္းဆင္းတု ေတာ္ျမတ္ ရဲ႕ ပုံမ်ားကို တင္ေပးထားတာပဲျဖစ္ပါတယ္။
Crd
Unicode
သာသနာတော် ဘွဲ့တံဆိပ်ဆုချီးမြှင့်ခံရသူ နေအိမ်မှ ဗုဒ္ဓရုပ်ပွားတော် မျက်လုံးတစ်လုံးပွင့်လာ
နိုင်ငံတော်မှာ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များချီးမြှင့်ခံထားရသူတစ်ဦးဖြစ်တဲ့ ဒေါက်တာလှဝင်း အောင်ရဲ့ နေအိမ်မှာ ကိန်းဝပ်စံပ္ပာယ်တော်မူနေသော ကျောက်စိမ်းဆင်းတုတော်မှာ မျက်လုံးတော်ပွင့်ပြီး ပြုံးတော်မူလာတာကြောင့် အများပြည်သူများဖူးတွေ့နိုင်စေဖို့
ဒေါက်တာလှဝင်းအောင်က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ တဆင့်ပူဇော်ခွင့်ရနိုင်ဖို့ တင်ပေးထားခဲ့ပါတယ်။အဆိုပါကျောက်စိမ်းဆင်းတုတော်မြတ်မှာ ကျောက် စိမ်းတုံးတစ်တုံးတည်းကနေ တစ်ဆက်တည်းထုလုပ်ပူ ဇော်ထားခြင်းဖြစ်ပြီး
ဉာဏ်တော်၃၆လက်မ၊ အလျား ၂၈လက်မ ထုလုပ်ပူဇော်ထားတာဖြစ်ပြီး ရောင်းချဖို့အစီ အစဉ်မရှိဘူးလို့လည်း ပြောကြားထားတာဖြစ်ပါတယ်။သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိထားတဲ့ ဒေါက်တာလှဝင်းအောင်မှာ ဘစိုးဥကျောက်မျက်ရတနာဆိုင်ကို
ဖွင့်လှစ်ထားသူတစ်ယောက်ဖြစ်ပြီး လတ်တ လော မှာလည်း အွန်လိုင်းမှ ကျောက်စိမ်းဆင်းတုများနဲ့ အနုပညာလက်မှုပစ္စည်းများကိုရောင်းချပေးခြင်း၊ ဘုရားများကို မဲဖောက်ပေးခြင်းနှုင့် ကျောက်စိမ်းဆင်းတုတော်များကို မဲဖောက်လှူတန်းပေးခြင်းများကို လည်း ဆောင်ရွက်နေတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ယခုကဲ့သို့ကျောက်စိမ်းဆင်းတုတော် မျက်လုံးတော်ဖွင့်မည့်နေ့မှာလည်း
ကိုဗစ်၁၉ရောဂါကာကွယ်ရန်အတွက် မက်စ်တစ်သောင်းခန့်လှူတန်းရန်ပြင်ဆင်ပြီးပစ္စည်းများရွှေ့ပြောင်းနေစဉ်မှာ ဝိုင်းဝန်းကူညီနေတဲ့ကလေးများက စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ အသိပေးထားပါတယ်။ “ဆရာကျောက်စိမ်းဘုရားကြီးက ပြုံးပြီးမျက်လုံးတော် ကဖွင့်ကြည့်နေတယ်” ဆိုပြီး ဝမ်းသာအားရပြောပြနေချိန်မှ
ဒေါက်တာလှဝင်းအောင်ကလည်း အန္တရယ်ကင်း ပရိတ်တော်များ ရွတ်ဖတ်နေချိန်နဲ့တိုက်ဆိုင်နေတယ်လို့လည်း အသိပေးပြောကြားထားတာဖြစ်ပါတယ်။ကျောက်စိမ်းဆင်းတုတော်မြတ်ကြီးကိုလည်းမန္တလေးမြို့မှ တဆင့်ဝယ်ယူလာတဲ့သူရှိပါသော်လည်း ထူးဆန်း တဲ့ အိပ်မက်များလည်းမက်ခဲ့တာကြောင့်
အခုချိန်မှာတော့ ပြန်လည်ရောင်းချဖို့ အစီအစီမရှိတော့ဘူးလို့လည်း ပြောကြားထားတာဖြစ်ပါတယ်။ဒီလိုဖြစ်တာကို သူ့အနေနဲ့ အတိတ်ကောင်းနိမိတ်ကောင်းများဖြစ်တယ်လို့ ယူဆပြီး ၇ရက်သားသမီးများအား လုံးလည်း ဆုတောင်းတြွေပည့်စေဖို့နဲ့
ကျန်းမာ၊ချမ်းသာပါစေကြောင်း မေတ္တာများပို့ပါတယ်လို့ ပြောကြားထား ပြီး အားလုံးဖူးမျှော်ကြည်ညိုနိုင်ကြစေဖို့ မျက်လုံးတော်ဖွင့်ပြီး ပြုံးတော်မူနေတဲ့ ကျောက်စိမ်းဆင်းတု တော်မြတ် ရဲ့ ပုံများကို တင်ပေးထားတာပဲဖြစ်ပါတယ်။
Crd